Tuesday, December 3, 2013

မန္တလေးမှာချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ ပစ္စည်းတွေ့





မန္တလေးမြို့၊ ဒိုင်းမွန်းပလာဇာ အောက်ထပ် ကားပါကင်မှာ ချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုကို ယနေ့ည ၇နာရီခွဲအချိန်မှာ တွေ့ရှိခဲ့ပါတယ်။

အဲ့သည်ပစ္စည်းကို ဒိုင်းမွန်းပလာဇာဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုင်းရှင်းလင်းရေး တပ်ရင်း(၉၁၀)က မိုင်းရှင်းလင်းရေး တပ်မတော်သားတွေ ည ၇ နာရီ ၅၀ မိနစ်အချိန်မှာ ရောက်ရှိစစ်ဆေးခဲ့ပါတယ်။

အဲ့သည် ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ပစ္စည်းကို တပ်ရင်း(၉၁၀)က ည ၉နာရီ ၃၀ မိနစ်ဝန်းကျင်မှာ တပ်ရင်း ကိုယူဆောင်သွားတယ်။

စစ်ဆေးပြီးမှသာ ချိန်ကိုက်မိုင်းဟုတ်၊ မဟုတ် အတည်ပြုနိုင်မှာဖြစ်တယ် လို့သိ၇ပါတယ်။


( Author ဆွေသက်မြင့် )

Credit : Kumudra

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...