Tuesday, December 3, 2013

Dell မှ ထုတ်လုပ်လိုက်တဲ့ ရုပ်ထွက်အမြင့်မားဆုံး 4K(Ultra HD) မော်နီတာ




ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး Dell ကတော့ ၃၂လက်မ၊ ၂၄လက်မ 4K (Ultra HD) ရုပ်ထွက်အမြင့်စား မော်နီတာတွေကို မိတ်ဆက်ပြသ လိုက်ပါတယ်။
4K ဆိုတာက လက်ရှိမှာ ရုပ်ထွက်အမြင့်မားဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။ ရုပ်ပုံတွေကို HD (High Definition) စနစ်နဲ့ တိုးတက်လာပြီးတဲ့နောက် Full HD, Ultra HD စသဖြင့် ပိုမိုအဆင့်မြင့်ကာ ကြည်လင်ပြတ်သားတဲ့ နည်းပညာတွေလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာခဲ့ပါတယ်။

Dell မှ ယခုထုတ်လုပ်ပြသ လိုက်တဲ့ မော်နီတာတွေဟာ Resolution 3840×2160 Pixels ဖြစ်ပြီးတော့ ၃၁.၅လက်မ၊ ၂၄လက်မ မော်ဒယ်နှစ်မျိုး ဖြစ်ပါတယ်။ ဈေးတွေကတော့ မသေးလှပါဘူး။ ၃၁.၅လက်မ 4K မော်နီတာ တစ်လုံးကို ဒေါ်လာ ၃၅၀၀ ဖြစ်ပြီး ၂၄လက်မ 4K မော်နီတာ တစ်လုံးကိုတော့ ဒေါ်လာ ၁၄၀၀ နဲ့ ဈေးနှုန်းသတ်မှတ် ထားပါတယ်။

ဒေါ်လာ ၃၅၀၀ တန် ၃၁.၅လက်မ 4K မော်နီတာမှာ ဆိုရင် Adjust လုပ်လို့ရတဲ့ Stand လေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် HDMI Port, mini-Display Port, USB 3.0 Port လေးခုနဲ့ Multifunction Card Reader တွေကိုလည်း ထည့်သွင်း ပေးထားတာပါ။ မော်နီတာ နှစ်မျိုးလုံးအတွက် Dell မှ Warranty ၃ နှစ် ပေးထားပြီး မော်နီတာမှာ ထည့်သွင်းဖန်တီးထားတဲ့ Pixel တွေထဲက Pixel တစ်ခုခု ချွတ်ချော်သွားရင်တောင် ကုမ္ပဏီအနေနဲ့ အစားထိုး ပြန်လည်လဲလှယ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိ 4K မော်နီတာတွေဟာ အရည်အသွေးလည်း ကောင်းသလောက် ဈေးကြီးပေမယ့် မကြာခင်မှာ Dell အနေနဲ့ ဈေးနှုန်းပိုမိုသက်သာတဲ့ Display တွေကို ဆက်လက်ထုတ်လုပ် သွားဖို့ အစီအစဉ်ရှိပါတယ်။ ယခုဖော်ပြခဲ့တဲ့ 4K မော်နီတာတွေကိုတော့ www.dell.com မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

Ref: Techspot

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...