Saturday, December 7, 2013

တားမြစ်ဆေးကျသွားလို့ (၂)နှစ်အပိတ်ခံလိုက်ရတဲ့ စကော့တလန်လက်ဝှေ့သမားကင်နီအန်ဒါဆင်

 
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလအတွင်း ရော်ဘင်ရိဒ်ကို (၅)ချီမြောက်မှာ အလဲထိုးခဲ့ပြီး ဗြိတိန်စူပါမစ် ဒယ်ဝိတ်ချန်ပီယံဆုကို ရယူခဲ့တဲ့ စကော့တလန်လက်ဝှေ့ကျော် ကင်နီအန်ဒါဆင်ဟာ အဲဒီပွဲအပြီးမှာ တားမြစ် ဆေးဝါးသုံးစွဲခြင်းရှိမရှိ ဆေးစစ်ခံထားခဲ့တဲ့ အဖြေဟာ သုံးစွဲထားပါတယ်လို့ သက်ရောက်တဲ့ Positive ထွက် ခဲ့လို့ အခုဆိုရင် (၂)နှစ်တိတိ လက်ဝှေ့ထိုးသတ်ခြင်းပိတ်ပင်ခံလိုက်ရကာ ထိုးသတ်ခွင့်လိုင်စင်လည်း အသိမ်း ခံလိုက်ရပါပြီ။ ကင်နီအန်ဒါဆင်အနေနဲ့ တားမြစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ Amphetamine သုံးစွဲခဲ့ကြောင်း ဆေး စစ်မှုအရ သိရှိလိုက်ရချိန်မှာ ပြန်လည်ဖြေရှင်းလာတာကတော့ သူသောက်မယ့် ကော်ဖီထဲကို ဆေးခတ်ခံခဲ့ရ တာပါတဲ့။ သူ့မန်နေဂျာဖြစ်သူ စတိဗ်ဝုဒ်က ကင်နီဟာ ဒီအမှုကိုခုခံနေခဲ့ရင်း အခုဆိုရင် အရေးနိမ့်သွားခဲ့ပါပြီ။ သူကတော့ ကော်ဖီထဲကို တစ်ယောက်ယောက် Amphetamine ဆေးခတ်ခဲ့တာတဲ့။ ဒါကလက်ခံနိုင်စရာ ဖြစ်ပေမယ့်လည်း တားမြစ်ဆေးအဖွဲ့ဘက်ကတော့ ဒါဟာ သူ့ကိုယ်မှာဖြစ်တဲ့အတွက် သူပဲတာဝန်ယူရမှာဖြစ် ပါတယ်လို့ နောက်ဆုံး အမိန့်ချမှတ်ခဲ့ပါတယ်။ ကင်နီဘက်က ဒီလိုဆင်ခြေပေးနေခဲ့ပေမယ့်လည်း ရော်ဘင်ရိဒ် ကို အနိုင်ယူပြီး တစ်ပတ်အကြာမှာပဲ ဗြိတိန်စူပါမစ် ဒယ်ဝိတ်ချန်ပီယံဆုကို လူမှုရေးပြသနာများကြောင့် စွန့် လွတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဟာ တားမြစ်ဆေးအဖြေPositive ထွက်လာမယ်မှန်းကြိုသိခဲ့လို့များ လားလို့ . . . . .။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...