Monday, December 23, 2013

ရင်သားကို ပလပ်စတစ်ဆာဂျရီလုပ်တော့မှာလား Demi Lovato


Monday, December 23, 2013

ပလပ်စတစ်ဆာဂျရီလုပ်မယ့်လို့ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Demi Lovato ကအရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Heart Attack သီချင်းရဲ့အဆိုတော်မလေးဟာ အထူးသဖြင့် သူမရဲ့ ရင်သားနှစ်မွှာကြား အရွယ်အစားနဲ့ပါတ်သတ်ပြီးမပျော်ရွှင်နိုင်ဖြစ်နေကြောင်းဝန်ခံလိုက်ပြီး ရင်သားဖြည့်တဲ့ ခွဲစိပ်မှုလုပ်သင့်တယ်လို့ဆိုပါတယ်။

ပလပ်စတစ်ဆာဂျရီလုပ်ဖို့လိုတယ်လို့သူမထင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်ကိုပြောပြဖို့မေးတဲ့အခါ ၂၁နှစ်အရွယ်အဆိုတော်က “အဲဒါကျွန်မပဲဖြစ်မှာ။ ကျွန်မရင်သားနဲ့ပါတ်သတ်ပြီးလုပ်စရာရှိတယ်လေ။ သူတို့ဟာ ခြင်ကိုက်တဲ့ဒဏ်ရာလိုဖြစ်နေတယ်” လို့ Y100 ရေဒီယိုဌာနကိုပြောပါတယ်။

ရာသီနှစ်ခုပါဝင်ခဲ့ပြီး နောက်နှစ် X Factor ပြိုင်ပွဲရဲ့ဒိုင်လူကြီးအလုပ်ကိုဆက်လုပ်မှာမဟုတ်တဲ့ Demi ဟာ သူ့ကိုယ်သူချစ်မြတ်နိုးတတ်အောင်သင်ယူပြီး ၂၀၁၄ခုနှစ်မှာ ကျန်းမာစွာနေထိုင်ချင်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားသွားပါတယ်။

“အနားယူချိန်ဆိုတာကျွန်မအတွက်သိပ်အရေးကြီးပါတယ်။ ကျွန်မလုပ်ခဲ့ဖူးပြီး နှစ်သက်မြတ်နိုးတဲ့အလုပ်တွေကို ဟိုမှာဒီမှာ လုပ်သင့်တယ်လို့ထင်တယ်။ ကျွန်မအလုပ်များပြီဆိုရင် အိပ်ရေးလဲပျက်သလို ကျွန်မတကယ်ကို သန်စွမ်းကြံ့ခိုင်ချင်ပြီး ကျန်းမာရေးလဲကောင်းအောင်နေချင်တယ်လို့ ကျွန်မစဉ်းစားမိပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာအနားယူတာလုပ်ချင်ပါတယ်။ အားအင်တွေပြန်ပြည့်ဖို့ တစ်လအချိန်ယူရမယ်လို့ထင်ပါတယ်။ ပြီးတော့ကျွန်မအဲဒီ့ထက်ပိုပြီးလိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မနယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ကိုလဲဆုံးဖြတ်ခဲ့တယ်” လို့ဆိုပါတယ်။

Ref:starpulse

1 comment:

  1. http://www.trend.com.mm/2013/12/23/news-1237
    ဒါကလည်း မူရင်းလင့်ခ်ပါ။ ဒီမှာလည်း Trend Myanmar ကို credit မပေးထားပြန်ပါဘူး။
    ဒီလိုသာ သူများဦးနှောက်ကို အမြဲတမ်း ဖောက်စားနေမယ်ဆိုရင်တော့ စာဖတ်သူများ မသိနိုင်ပေမယ့် ကျွန်မတို့ site အချင်းချင်းမှာတော့ myawadynews.blogspot ကို အင်မတန် အထင်သေးမိပါတယ်။ တခြားသော story များမှာလည်း ဘယ်လိုကြိုးစားအားထုတ်မှုတွေကြောင့် ရလာသလဲဆိုတာ မသိပေမယ့် ဒီလိုနည်းလမ်းမျိုးပဲ သုံးထားမှာလို့သာ ခြုံငုံယူဆလိုက်ပါတယ်။ တခြား "သစ်ထူးလွင်" ကဲ့သို့သော site များကလည်း ယူသုံးပါတယ်။ သူတို့ကတော့ ၀တ်ကျေတန်းကျေ credit ဆိုတာလေး ပေးထားပါသေးတယ်။ အခု ဒီsite ကတော့ အဆိုးရွားဆုံး ခိုးယူ ကူးချလိုက်တာ ပါပဲ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...