Monday, December 23, 2013

ပြည်နယ်နှင့်တိုင်းအလိုက် လိုင်စင်ရဟိုတယ် ၈၃၄ လုံးရှိပြီး MIC က နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်စီမံကိန်း ၁၅ ခု ထပ်မံခွင့်ပြု

 
Monday, 23 December 2013




ယခုနှစ်အတွင်း MIC က ခွင့်ပြုခဲ့သည့် ရန်ကုန်ဆီဒိုးနားဟိုတယ် စီမံကိန်း အဆင့် ၂ တည်ဆောက်နေမှု (ဓာတ်ပုံ-အောင်မျိုးသန့်)

ပြည်နယ်နှင့်တိုင်းအလိုက် လိုင်စင်ရ ဟိုတယ်အလုံးပေါင်း ၈၃၄ လုံးရှိပြီး MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)က နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်စီမံကိန်း ၁၅ ခုကို ထပ်မံခွင့်ပြုထားကြောင်း သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် စီမံကိန်းခြောက်ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် စီမံကိန်းကိုးခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ၁၅ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာ ၄ ရက်အထိ ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း၌ နိုင်ငံသားနှင့် နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် ဆက်တိုက်ဝင်ရောက် မြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက်လုပ်ကိုင်ရာတွင် စင်ကာပူနိုင်ငံမှ ရာနှုန်းပြည့် မြှုပ်နှံမှုအရ လုပ်ကိုင်မည့် စီမံကိန်း၊ မြန်မာ၊ ဒူဘိုင်းကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည့် စီမံကိန်းနှင့် မြန်မာနှင့် စင်ကာပူကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည့် စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ခရီးသွားဝင်ရောက်မှုမှာ နှစ်စဉ်မြင့်တက်မှု ရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသွားဦးရေ ၀င်ရောက်မှု ပိုမိုမြင့်တက်လာမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် နိုင်ငံခြား လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်နှင့် နိုင်ငံသား လုပ်ငန်းရှင်များမှ ကျပ် ၄၃၃ ဘီလျံကျော် အသီးသီး ၀င်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...