Monday, December 23, 2013

ရန်ကုန်မြို့တော်၏ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်း (IGES) မှ ကူညီပေးမည်


Monday, 23 December 2013



ရန်ကုန်မြို့တွင်း တစ်နေရာ၌ အမှိုက်သိမ်းဆည်းနေသည်ကို တွေ့ရစဉ်

ရန်ကုန်မြို့တော်၏ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ တစ်ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရေရှည်စီမံကိန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း IGES (Institute of Global Environmental Strategies) မှ ခေတ်မီနည်းပညာများ၊ လက်တွေ့အသုံးချ ဆောင်ရွက်ချက်များကို အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်းသို့ ကူညီနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် IGES တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ နောက်ဆက်တွဲဖြစ်လာသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်နေသာ လက်ရှိကာလ အခြေအနေတွင် ယခုကဲ့သို့ IGES ၏ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသော ခေတ်မီနည်းပညာများနှင့် လက်တွေ့ဆောင်ရွက်မှုများကို လက်ခံအသုံးချ နိုင်တော့မည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိတစ်နေ့လျှင် အမှိုက်တန် ၁၆၀၀ ကျော်ထွက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီမှ အမှိုက်တန်ချိန် ၁၅၀၀ ကျော်သာ သိမ်းဆည်းနိုင်ကြောင်းနှင့် အခြားနေရာများသို့ ပြန့်ကျဲရောက်ရှိနေသည့် အမှိုက်များကို စီမံခန့်ခွဲနိုင်မှု အားနည်းနေကြောင်း၊ ထို့အတွက် ရန်ကုန်မြို့တော်၏ စွန်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကိုလည်း ဂျပန်နိုင်ငံမှ အရှိန်အဟုန်မြင့် ကူညီပေးသွားရန် ရှိကြောင်းလည်း ယင်းဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြကြောင်းလည်း သတင်းရရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...