Sunday, January 12, 2014

စံရိပ်ငြိမ် (၅) လမ်းရှိ တိုက်ခန်းခန်း၌ သံပန်းဂဟေဆော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

Sunday, January 12, 2014


မီးလောင်ကျွမ်းရာသို့လာရောက်ငြိမ်းသတ်နေသည့် မီးသတ်ကားတစ်စီး (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


ဇန်န၀ါရီ ၁၁ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(၅)လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် သံပန်းဂဟေဆော်ရာမှ မီးလောင်ကျွမ်းမှုတစ်ရပ် jဖစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု စတင်jဖစ်ပွားစေခဲ့သည့် တိုက်ခန်းမှာ အမှတ်(၄၅) ၆ လွှာ ခြေရင်းခန်းဖြစ်ပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းမှာ တိုက်ခန်းနောက်ဖေးသံပန်းတံခါးအား သံဂဟေဆော်ရာမှ မီးပွားလွင့်စဉ်ပြီး အောက်ထပ်ရှိ အမှိုက်ပုံပေါ်သို့ကျကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုမှာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းရာသို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများ အပါအ၀င် မီးသတ်ကားပေါင်း ၁၁ စီး လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှူး ရဲသူရိန်သိန်းမြင့်က “ရပ်ကွက်ထဲမှာ မီးဘေးအန္တရာယ်ဖြစ်ပွားစေနိုင်တဲ့ လုပ်ငန်းခွင်တွေ လုပ်မယ်ဆိုရင် မီးသတ်တပ်ဖွဲ့သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စတာတွေကို အကြောင်းကြားပြီးမှ လုပ်ရမှာပါ။ ခုတော့ ဒီလိုမဟုတ်ဘူး။ လုပ်ချင်တိုင်းလုပ်ပြီးမှ မီးလောင်မှုဖြစ်တော့ ထွက်ပြေးတယ်။ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေတယ်”ဟု ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအတွက် သံပန်းဂဟေဆော်သူ နိုင်လင်းအောင်အား ကမာရွတ်မြို့မရဲစခန်းက (ပ)၁၃/၂၀၁၄၊ ပြစ် မှုပုဒ် မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...