Friday, February 7, 2014

ဖုန်းထဲကနေကြူနေသူများအတွက် ဖုန်းကတဆင့် ချစ်လာအောင်လုပ်နည်း





မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်လိုစကားလုံးမျိုးတွေနဲ့ မက်ဆေ့(ဂ်ျ)ပို့ပြီး ရင်းနှီးမှုရယူနိုင်မလဲဆိုတဲ့ အချက်လေးဟာ တစ်ဖက်သတ်ချစ်နေရတဲ့ ပျိုမေတွေအတွက်သာမက နှစ်ဦးစလုံးက တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားနေပေမယ့် ဘယ်ကနေဘယ်လိုစပြီး လမ်းကြောင်းထွင်ရမှန်းမသိတဲ့ သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်စေတာမို့ ခုလိုဖော်ပြပေးလိုက်ပါတယ်။

Hey u ;)

ဒီအရေးအသားလေးက ရိုးရှင်းတက်ကြွပြီး ချိုမြိန်ပါတယ်။ ပြုံးနေတဲ့ မျက်နှာပုံလေးကလည်း ရင်းနှီးမှုကိုပြပါတယ်။ ဘယ်အချိန်မှာ ပို့ရမလဲဆိုတော့ မင်းရဲ့ မင်းသားလေး အခန်းထဲဝင်မလာခင် တစ်မိနစ်လောက်အလိုပေါ့။ ဒါမှမင်းသူ့ကိုမြင်ရတဲ့အချိန်ဟာ သူ့ဖုန်းကိုထုတ်ပြီး မင်းမတ်ဆေ့(ဂ်ျ)လေးကို ဖတ်နေချိန်ဖြစ်မှာပါ။ သူဖတ်ပြီးချိန်မှာတော့ မင်းကိုမလွဲမသွေ လှမ်းကြည့်မှာပါ၊ အဲဒီအချိန် မင်းပြုံးပြလိုက်ရင်တော့ သူကလဲ ဟိုင်းလို့ ပြန်နှုတ်ဆက်ဖို့ သေချာပါတယ်။

Morning sleepyhead .. hope you have a great day! Xo

မင်္ဂလာမနက်ခင်းပါဆိုတဲ့ မက်ဆေ့(ဂ်ျ)လေးကပေးတဲ့ အဓိပ္ပာယ်ကတော့ မင်းအိပ်ရာက နိုးနိုးချင်း အရင်ဆုံး သတိရမိတာဟာ သူ့ကိုပါလို့ သဘောရစေပါတယ်။ ပြီးတော့ သူ့ရဲ့ တစ်နေ့တာလုံးအတွက် အစခရီးမှာ မင်းအကြောင်းကို တွေးမိသွားပြီ ဆိုတာပါပဲ။

Would You Rather .. get your foot stuck in a bear trap or hang out with me this weekend?

''ဒီအပတ်ရုံးပိတ်ရက်မှာ ငါနဲ့လျှောက်လည်မလား''လို့ ဆိုချင်တာပါ။ ဒါဟာ သိပ်ချစ်စရာကောင်းတဲ့ မေးနည်းလေးပါ။ ကိုယ့်ဆန္ဒကို တစ်ခါတလေ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောပြဖို့လည်းလိုပါတယ်။ ယောက်ျားလေးတွေက ဒါမျိုးနှစ်သက်ပါတယ်။

Serious issue: cant stop thinking about u.

''လုံးဝသေချာတာတစ်ခုကတော့ ငါမင်းအကြောင်း စဉ်းစားတာကို ရပ်တန့်လို့ မရနိုင်ဘူး'' လို့ဆိုလိုတာပါ။ ဒီမက်ဆေ့(ဂ်ျ)လေးကိုရရင် မင်းချစ်သူ မပြုံးပဲမနေနိုင်ပါဘူး။ အချိန်အကြာကြီး ခွဲနေရသူတွေ ပို့လေ့ရှိတဲ့ မက်ဆေ့(ဂ်ျ)လေးပါ။

ံHey, Its Sara! We met at Sams place on Saturday. I just checked out that band you told me about!

မကြာသေးခင်ကမှ ဆုံခဲ့တဲ့သူတစ်ယောက်ကို ပို့ချင်တယ်ဆိုရင်တော့ အခုလိုမျိုး ရေးကြည့်လိုက်ပါ။ သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေသေးတယ်ဆိုရင်တော့ သင့်ကိုတစ်ခုခု ပြန်ပို့ပါလိမ့်မယ်။

Bored @ home & up for a Sunday Funday?

အခုလို ဟာသနှောတဲ့ အပြောမျိုးလေးနဲ့ တနင်္ဂနွေလိုနေ့မျိုးအတွက် ညစာစားဖော် ရှာနိုင်ပါတယ်။

At Coffee Shop & can't study anymore. Save me?

သင်ခန်းစာတွေလေ့လာပြီးလို့ ငြီးငွေ့နေချိန်မျိုးမှာ ချစ်သူနဲ့ အပန်းဖြေချင်မှာပါ။ ဒါဟာ သင်ပျော်စရာတစ်ခုခုလုပ်ဖို့ စဉ်စားချိန်မှာ သူ့ကိုအရင်စဉ်းစားမိတယ် ဆိုတာကို ပြလိုက်တာပါပဲ။

Good luck tonight .. ull be the hottest guy on the field ;)

ညဘက်မှာ ဂိမ်းကစားတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီမက်ဆေ့(ဂ်ျ)လေးက သင့်အတွက် အချစ်တိုးစေပါတယ်။ သူ့ကို နိုင်စေချင်တဲ့စေတနာတွေကို ဖော်ပြရာရောက်ပြီး တွန်းအားပေးရာလည်း ရောက်ပါတယ်။

Just got to this Concert .. Wish u were here!

သင်ရောက်နေတဲ့နေရာကို သူ့ကို အသိပေးနည်းတစ်မျိုးပါပဲ။ သူ့ကိုလည်းအတူ ရှိစေချင်ကြောင်း ဖော်ပြလိုက်တာပါ။ သူကလည်း အဲဒီမှာပဲ ရှိနေမယ်ဆိုရင်တော့ နောက်တစ်နေ့ နှစ်ဦးသားဆုံတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်ရင်း စကားပြောဖို့ အကြောင်းအရာအသစ်တစ်ခု ရနိုင်ပါတယ်။

Hey bday boy.. whats ur birthday wish? ;)

မွေးနေ့ဆုတောင်းလေး တစ်မျိုးပေါ့။ ပို့နေကျ Hppay Birthday ဆိုတာမျိုး ထက်တော့ ဆန်းသစ်မှာပါ။

Sweet dreams .. ;)

စကားလုံးလေးနှစ်လုံးတည်းပေမယ့် အိပ်ရာဝင်ချိန် သူ့ခေါင်းထဲမှာ သင့်အကြောင်းကိုတွေးရင်း အိပ်ပျော်သွားစေနိုင်ပါတယ်။ သင်ဆုတောင်းပေးသလိုပဲ ကံကောင်းရင် သူရဲ့ချိုမြိန်တဲ့ အိပ်မက်လေးတွေထဲအထိ သင်လိုက်ပါသွားနိုင်မှာပါ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...