Friday, February 7, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အီးယူ ရင်းနှီးမြှုပ်နှံမှုအချို့ ၀င်လာနိုင်သော်လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့ရနိုင်သည့် Risk Factor များကို ထည့်သွင်းစဉ်းစားနေသည့်အတွက် အများဆုံးရင်းနှီးမြှုပ်နှံမည့် နိုင်ငံစာရင်းတွင် ပါဝင်လာဖွယ်မရှိသေး



အငယ်ထွေး
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အီးယူ-မြန်မာ ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အီးယူ ရင်းနီးမြှုပ်နှံမှုအချို့ ဝင်လာနိုင်သော်လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့ရနိုင်သည့် Risk Factor များကို ထည့်သွင်း စဉ်းစားနေသည့်သဘောရှိသောကြောင့် အများဆုံးရင်းနှီးမြှုပ်နှံမည့် နိုင်ငံစာရင်းတွင် မပါဝင်နိုင်သေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ရရှိသောသတင်းများအရ သိရသည်။

“အီးယူရဲ့ ရင်းနှီးမြှုပ်နှံမှု စဝင်နေတာတော့ ရှိပါတယ်။ အများကြီးတော့ မဝင်သေးပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာလည်း အီးယူရဲ့ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်းတော့ များလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီးယူရဲ့ရင်းနှီးမြှုပ်နှံမှုက Industry မှာ များပါတယ်။
ကျွန်တော်တို့ဆီမှာကျတော့ Infrastructure မကောင်းသေးဘူး။ နောက်တစ်ခုက lnvestment က ကုန်သွယ်ရေးလို လုပ်လို့ မရဘူး။ ကုန်သွယ်ရေးမှာက အခုလာကြည့်တယ်။ ကြိုက်တယ်။ နောက်တစ်ရက် စာချုပ်တယ်။ နောက်တစ်ရက် ငွေချေတယ်။ နောက်တစ်ရက် သင်္ဘောတင်တယ်။ အဲဒါမျိုးလုပ်လို့ရတယ်။ lnvestment က fact finding အရင်လုပ်ကြတယ်။ ပြီးမှ Survey လာလုပ်တယ်။ ဘယ်နေရာမှာလုပ်ရင် ကောင်းမလဲဆိုပြီး၊ ပြီးမှာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ လေ့လာတယ်။ အဲဒါပြီး ဆုံးဖြတ်ပြီးမှ proposal တင်တာပါ။ အဆင့်လေးဆင့်လောက် ရှိတယ်။ နောက်တစ်ခုက ပစ္စည်းဝယ်တာက မှားသွားရင် ပြန်ပြင်လို့ ရတယ်။ Investment က မလွယ်ဘူး။ စွန့်စားရတာ အရမ်းများတယ်။ ဒီတော့ သူ့ရဲ့ သဘာဝအရကိုက တန်းလုပ်လို့ မရဘူး” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံသူများက Risk taking နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း “ Risk နည်းနိုင်သမျှ နည်းအောင်လုပ်ချင်တယ်ဆိုတဲ့ အပိုင်းမှာ Political risk လည်း တစ်ခုအပါအဝင်ဖြစ်သလို နောက်တစ်ခုက legal framework နဲ့ ပတ်သက်တဲ့ Risk ရှိမယ်။ Infrastructure နဲ့ ပတ်သက်တဲ့ Risk တွေရှိမယ်။ နောက်တစ်ခုက labourနဲ့ပတ်သက်ပြီးတော့ ရှိနိုင်တယ်။ Risk ကတော့ မျိုးစုံရှိတာပေါ့။ အဲဒီတော့ Political risk လည်း တစ်ခုအပါအဝင်ဖြစ်ပေမယ့်လို့ သူ့တစ်ခုတည်းတော့ မဟုတ်ဘူး။ ဥပမာ ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကတော့ အရေးကြီးတယ်။ ဥပမာ တရုတ်လိုနိုင်ငံ၊ ဗီယက်နမ်လိုနိုင်ငံမျိုးမှာ တောင်ဝင်နေကြတာပဲ။ အချက်တစ်ခုအနေနဲ့ တော့ပါပါတယ်။ ဒါပေမဲ့ လုံးဝဥဿုံကြီး ဒါကြောင့် မလာဘူးဆိုတာတော့ မဟုတ်ပါဘူး။
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ကျွန်တော်တို့တိုင်းပြည်မှာ မနှစ်က ဖြစ်ခဲ့တာလေးတွေရှိတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေက မကျဘူး။ တိုးလာတယ်”ဟု ၎င်းက ပြောကြားသည်။

“ အီးယူရဲ့အနေအထားကလည်း မနှစ်က fact finding အများကြီးလာပါတယ်။business delication အနေနဲ့ လာတာလည်း ရှိတယ်။ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအနေနဲ့လာတာလည်း ရှိပါတယ်။ အခုလည်းလာနေတာပဲ။ သူတို့ကအခုတော့ fact finding အဆင့် ကနေ အခုတော့ Survey လုပ်တဲ့အဆင့် ရောက်နေပါပြီ။ တချို့လည်း စွန့်စားပြီးဝင်လာကြပြီ။ အခုလောလောဆယ် အခြေအနေကိုပြောရရင်တော့ အီးယူရဲ့ ရင်းနှီးမြ§ုပ်နှံမှု အများစုကတော့ fact finding နဲ့ Survey လုပ်တဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ နောက်တစ်ခုက အီးယူနဲ့ မြန်မာနဲ့ မကြာခင်မှာ Investment Protection Agreement ဆိုပြီးတော့ မကြာခင်မှာစပြီးတော့ ဆွေးနွေးသွားတော့မှာပါ။ တချို့လည်း ဒါကိုစောင့်ကောင်းလည်း စောင့်နေပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မြန်မာနိုင်ငံက သူတို့အတွက် စိမ်းနေတယ်။ လာတဲ့အခါမှာ စွန့်စားရတာတွေကို တပ်နိုင်သမျှ လျော့ချင်တယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် Protection Agreement ရှိတဲ့အခါ သူတို့လုပ်ရတာလည်း စိတ်ချလက်ချ စိတ်ဖြောင့်လက်ဖြောင့်နဲ့ ဝင်ချင်တဲ့သဘောလည်း တွေ့ရတယ်။ ဒါကြောင့် လက်ရှိဘဏ္ဍာရေးနှစ် မှာတော့ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ စာရင်းထဲမှာတော့ အီးယူ မပါလာနိုင်သေးပါဘူး” ဟု ၎င်းက ဆက်လက်သုံးသပ်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏကို လေ့လာကြည့်ပါက ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၂ ဘီလျံသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈၄၂ ဘီလျံ ရှိခဲ့သောကြောင့် တစ်နှစ်နီးပါးကာလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ဒသမ ၃၅၈ ဘီလျံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...