Sunday, February 2, 2014

မီယာမီမှ Victoria's Secret ကြော်ငြာရိုက်ကွင်း


ကမ္ဘာ့အလှဆုံး အမျိုးသမီးများအဖြစ် ညွှန်းဆိုခံရသည့် အက်ဒရီယာနာလီမာ၊ အလက်ဇန္ဒရို အမ်ဘရိုစီနီတို့ကဲ့သို့ နာမည်ကျော် မော်ဒယ်လ်များသည် Victoria's Secret၏ ရေကူးဝတ်စုံများနှင့်အတူ ယခုသီတင်းပတ်အတွင်း မီယာမီ ကမ်းခြေတစ်ခု၌ အလုပ်များနေခဲ့သည်
Victoria's Secret ၏စူပါမော်ဒယ်လ်များ ကြော်ငြာဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းသည် မီယာမီကို နတ်မိမယ်များ ကျူးကျော်လာသည့် မြင်ကွင်းမျိုးဟု သတင်းများက တင်စားရေးသားခဲ့ကြသည်။ ကမ္ဘာ့အလှဆုံး အမျိုးသမီးများအဖြစ် ညွှန်းဆိုခံရသည့် အက်ဒရီယာနာလီမာ၊ အလက်ဇန္ဒရို အမ်ဘရိုစီနီတို့ကဲ့သို့ နာမည်ကျော် မော်ဒယ်လ်များသည် Victoria's Secret၏ ရေကူးဝတ်စုံများနှင့်အတူ ယခုသီတင်းပတ်အတွင်း မီယာမီ ကမ်းခြေတစ်ခု၌ အလုပ်များနေခဲ့သည်။ အဆိုပါ ကြော်ငြာအစီအစဉ်ကို ဒါရိုက်တာ မိုက်ကယ်ဘေးက တာဝန်ယူ ရိုက်ကူးရခြင်း ဖြစ်သည်။





အသက်(၄၈)နှစ်ရှိ ဒါရိုက်တာ အနေဖြင့် ၎င်းကို အပ်နှံထားသည့် အလုပ်အပေါ် အလွန်ကျေနပ် နှစ်သက်စွာ အာရုံစိုက်နေမည် ဆိုခြင်းကို အငြင်းပွားဖွယ် မရှိချေ။ အလက်ဇန္ဒရာသည် မီးခိုးပြာရောင် ရေကူးဝတ်စုံနှင့် ရှိနေသည်ကို တွေ့ရသည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သူ အလက်ဇန္ဒရာ အနေဖြင့် သူမ၏ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တက်လာမှုကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းယူ တိုက်ဖျက်ခဲ့ပြီးနောက် ယခုအခါတွင်မူ အလွန်အချိုးအစား ပြေပြစ်သည့် ခန္ဓာကိုယ် အလှကို ပြန်လည် တည်ဆောက်ယူထားနိုင်ပြီ ဖြစ်သည်။





အက်ဒရီယာနာကမူ အပြာနှင့်အဖြူ ရောစပ်ထားသည့် ရေကူးဝတ်စုံဖြင့် ရှိနေပြီး သူမတို့ နှစ်ဦးသည် အခြားမော်ဒယ်လ်များနှင့်အတူ ကမ်းခြေဟိုတယ် တစ်ခုရှိ လေသာဆောင်တွင် ဓာတ်ပုံရိုက်နေကြခြင်း ဖြစ်သည်။ ရိုက်ကွင်းတွင် ဘီဟာတီ ပရင်ဆလူနှင့် လိုင်ယက်စ်ရီဘီရိုတို့ကဲ့သို့ မော်ဒယ်လ်များကိုလည်း တွေ့ရသည်။ Transformers ဒါရိုက်တာ မိုက်ကယ်အနေဖြင့်မူ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ဇာတ်လမ်းများအစား အလှအပ အသားပေး ယခုကြော်ငြာအတွက် စိတ်ကူးဉာဏ် ရွှင်လန်းနေဖွယ်ရှိကြောင်းလည်း စာနယ်ဇင်းများက အရွှမ်းဖောက် ရေးသားခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...