
ဖိလစ်ပိုင်မှ ကလေးငယ်တစ်ဦး အသုဘချမည့် ဆဲဆဲတွင် ပြန်လည်အသက်ရှင် လာ၊ နောက်ပိုင်း တွင် သေဆုံးသွားခဲ့ - သေဆုံးသည်ဟု ယူဆခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်တော့မည့် သမီးငယ်တစ်ဦးမှာ ပြန်လည်အသက်ရှင်လာသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ပြည်နယ် Aurora မြို့မှ အသက် ၃ နှစ်အရွယ် သမီးငယ်တစ်ဦးမှာ သောကြာနေ့နံနက် ၉ နာရီအချိန်က သေဆုံးသွားခဲ့ပြီဟု အတည်ပြုခဲ့ပြီးနောက် မိဘများက စနေနေ့နေလည် ၁ နာရီအချိန်တွင် မြေမြှုပ်သင်္ဂြိုဟ်ရန်သတ်မှတ်ခဲ့သည်။...