Friday, September 27, 2013

“ မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ ”


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပရဟိတလှူဒါန်းချင်သူများအတွက် ကူညီမှု လိုအပ်သောနေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။ ကျွန်တော်တို့ နေထိုင်ရာမြန်မာပြည်မှာလည်းရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေကြဆဲပါ၊အမိအဖမဲ့ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။ ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက် မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။ ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ- * --
ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ? *
ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ? *
ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ? အတူလက်တွဲကူညီကြပါစို့ လား..... ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက်

ချစ်သောရွှေအိမ်စည်



နတ်သမီးဈေးကွက်

"အစ်ကိုကြီး... အင်တာနက်ပေါ်က ဖွဘုတ်ကိုကြည့်ရင်း ကျွန်တော်တစ်ခု သတိထားမိတာရှိတယ်"
လို့ တပည့် မောင်ကြွက်နီက ပြောလာပါတယ်။

"အားအားယားယားကွာ၊ ငါဖြင့် ဘာမှ ထူးတာမတွေ့ပါဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆဲနေတာ၊ အပုပ်ချနေ
တာတွေပဲ တွေ့တာပါ" လို့ ပြန်ဖြေလိုက်တော့ သင်းက-

"ဒါကတော့ ခင်ဗျားကြီးက နိုင်ငံရေးသမားတွေကို ဖရန့် လုပ်ထားတာကိုး။ ကျွန်တော်ဆိုရင်
ကောင်မလေးလှလှလေးတွေပုံပဲ ရွေးပြီး ဖရန့်လုပ်တာ"တဲ့။

"အေး.. ဒါဆိုရင်တော့ မင်းလည်း ဘယ်နေ့ အခြောက်နဲ့ ရည်းစားဖြစ်မလဲ မသိဘူး။ သူတို့က
ကောင်မလေး ချောချောလေးပုံတွေတင်ပြီး အမဲလိုက်နေကြတာ" ပြောမိပြန်လည်း သင်းက
မလျှော့ဘဲ

"ကျွန်တော်က သူတို့ ကိုယ်ရေး ရာဇ၀င်တွေဘာတွေစစ်ပြီးမှ ဖရန့်လုပ်တာပါ။ အဲဒီမှာ မော်ဒယ်
ပေါက်စတချို့က နတ်သမီးတွေဖြစ်နေတာကို သွားတွေ့မိတယ်"လို့ ပြောတာနဲ့ မာဂျေလည်း
မျက်လုံးပြူးသွားပြီး

"ဟုတ်လို့လား မောင်ကြွက်နီရယ်၊ မင်းပြောလိုက်ရင် အထူးအဆန်းချည်းပဲ။ ကဲပြောစမ်းပါဦး။
မင်းက ဘယ်လို လုပ်သိတာလဲ" မေးတော့

"ဒီလိုဗျ၊ ကျွန်တော်နဲ့ ဖွဘုတ်မှာဖရန့် ဖြစ်နေတဲ့ မော်ဒယ်မလေးနှစ်ယောက်ရှိတယ်။ အမြဲတမ်း
သောကြာနေ့ဆိုရင် သူတို့က နေပြည်တော်သွားတယ်။ ဟိုတယ်မှာ တည်းတယ်။ တနင်္လာနေ့
မနက်ဆို ရန်ကုန်ကိုပြန်လာတယ်"

"သူများ သားသမီးကို အိုးစွတ်ခွက်စွပ် မပြောစမ်းပါနဲ့ကွာ။ သူတို့လည်း ဟိုမှာ ရှိုးပွဲတွေ ဘာတွေ
ရှိလို့နေမှာပေါ့။ အဲဒီလိုသွားတာကို မင်းကို သတင်းပို့နေလို့ သိတာလား" မေးတော့

"ဟုတ်ဖူးဗျ။ ကျွန်တော်က ဖွဘုတ်ထဲမှာ လေ့လာနေတာ။ ခင်ဗျားသိတဲ့အတိုင်း ဖွဘုတ်ဆိုတာ
ကိုယ်ဘယ်နားမှာ ဓာတ်ပုံရိုက်တင်တယ်ဆိုတာ တစ်ခါတည်း နေရာအညွှန်းနဲ့ပြတာလေ။ ပြီးတော့
ဒီကလေးမတွေက သူတို့ ဘယ်ရောက်နေပြီ။ ဘယ်ဟိုတယ်မှာဆို အမြဲတင်လေ့ရှိလို့ သတိထား
မိတာ"

"ဒါဆိုလည်း မေးကြည့်လေကွာ။ ဟုတ် မဟုတ်"

"ခင်ဗျားပြောတာ နောက်ကျနေပြီ။ ကျွန်တော်က သမီးတို့ အမြဲတမ်း နေပြည်တော်သွားတယ်
နော်။ ဦးလည်း နေပြည်တော်သွားစရာရှိလို့ လိုက်ကြမလား မေးကြည့်တော့"

"ဘာလဲ၊ ကျွန်မတို့ကို ဘာထင်နေလို့လဲ။ ပါးကျိုးသွားချင်သလားဆိုပြီး မင်းကို ပြန်ရန်တွေ့သွား
တယ်မဟုတ်လား"

"အင်း... ခင်ဗျားပြောရင် လွဲမှလွဲ ပါ့မလားလို့။ အဲဒီကလေးမက ကျွန်မတို့က သူငယ်ချင်း
နှစ်ယောက် တွဲပြီး သွားနေကျ။ ဦးဆိုရင် တစ်ယောက် လေးသိန်းစီပဲ ယူပါ့မယ်။ ဦးသူငယ်ချင်း
တစ်ယောက်လည်း ခေါ်ခဲ့ပေါ့" တဲ့။

"ဟုတ်ရဲ့လား မောင်ကြွက်နီရယ်။ မင်းပြောတာ နားရှိလို့သာ ကြားရတယ်" ဆိုပြီး ပြန်ပြောမိလို့
သင်းက -

"ခင်ဗျား ကွန်ပျူတာ ဖွင့်ဗျာ" တဲ့။ ဒါနဲ့ ကွန်ပျူတာလည်း ဖွင့်ပြီးရော သူက ဖွဘုတ်ထဲက
သူ့အကောင့်ထဲကို ၀င်လိုက်တယ်။ ပြီးတော့ ဟိုရှာဒီရှာလုပ်ပြီး

"ဒီမှာကြည့်၊ ကျွန်တော်ပြောတဲ့ ကလေးမလေးတွေ" တဲ့။ မျက်စိရှိလို့သာ မြင်ရ၊ နားရှိလို့သာ
ကြားရ၊ ဒီလောက် မှုန်နေအောင်ချောတဲ့ ကလေးမလေးနှစ်ယောက်က ဒီလို အလုပ် လုပ်မယ်
မထင်လို့ "ပုံကတော့ ဘယ်သူ့ပုံပြပြရတာပဲကွ။ ဘာလဲ မင်းက ဖွဘုတ်သုံးပြီး သူများတွေကို
နာမည်ဖျက်နေတာလား"ဆိုပြီး သူမခံနိုင်အောင်ပြောလိုက်တော့ သူက ချက်ချင်း
အဲဒီကလေးမလေး တစ်ယောက်ဆီကို

"ဒီတစ်ပတ် သွားဖြစ်တယ်။ ဈေး မလျှော့တော့ဘူးလား" တဲ့။ ဟိုက ဘာပြန်ပြီး စာရိုက်လိုက်သလဲ
ဆိုတော့ "ဦးမို့လို့ လေးသိန်းပဲယူတာ၊ စနေ တနင်္ဂနွေနှစ်ရက်ဆို သမီးတို့က စရိတ်ငြိမ်း ငါးသိန်း
ယူနေကျ။ ဈေးမဆစ်ပါနဲ့ ဦးရယ်။ ပထမဆုံးအခေါက် ဆိုတော့ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ သူများတွေ
ဆိုရင် လေယာဉ်နဲ့တောင် ခေါ်တာ ဦးရဲ့။ ဦးသိတဲ့အတိုင်း ဒီကားလမ်းကြီးက ကြောက်စရာကြီး၊
တော်ကြာတစ်ခုခု ဖြစ်မှ ချေးထုပ်လေးတွေနဲ့ ကလပ်မှာ ညဘက်မကဲရ ဖြစ်နေပါဦးမယ်" ဆိုပဲ။

မာဂျေက နားမလည်တော့ "ဘာလဲကွ၊ ချေးထုပ်ဆိုတာ" ဆိုပြီး မောင်ကြွက်နီကို ပြန်မေးရတယ်။
မောင်ကြွက်နီက "ကျွန်တော်တို့လို ဘူဒါးကြီးတွေနဲ့ တွဲတာက စီးပွားရေးအရ။ သူတို့လို အရွယ်တူ
လေးတွေနဲ့ တွဲတာက သူတို့အတွက် ပျော်ရွှင်ဖို့။ သူတို့ ရွယ်တူချင်းဆိုတော့ ဟိုကလေးတွေက
ဘာမှမပေးဘဲ လူကိုပဲယူလို့ သူတို့က ချေးထုပ်လေးတွေလို့ခေါ်တာ" ဆိုပဲ။

ဒါတွေလည်း မြင်လိုက်ရရော မာဂျေလည်း ဘာမှပြန်မပြောနိုင်တော့ဘူး။ အဲဒါကိုကြည့်ပြီး
မောင်ကြွက်နီက-

"ကျွန်တော်က ခင်ဗျားကြီးလို သူတစ်ပါး နစ်နာအောင် ရေးနေတဲ့လူ မဟုတ်ဘူး။ မြန်မာပြည်မှာ
ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားကြီးသိအောင် သတင်းပေးတာ" တဲ့။

"မောင်ကြွက်နီရယ်... နင်ကတော့ ကြံကြံဖန်ဖန်ကို သိနေတော့တာပဲ"လို့ ချီးကျူးလိုက်တော့ -

"လေ့လာတဲ့အကျိုးပေါ့ဗျာ။ ဒီကောင်မလေးနှစ်ယောက်က ဖွဘုတ်မှာ အလွန်တင်ချင်တာ။ သူတို့
တင်တဲ့ နေရာကြည့်လိုက်ရင် ပင်လယ်ကမ်းခြေရယ်၊ ကလပ်ရယ်၊ နေပြည်တော်ရယ်ပဲ။
အဲဒါကလည်း အပတ်စဉ်ဆိုတော့ မပြေးသော် ကန်ရာရှိ၊ ရမ်းပစ်ကြည့်လိုက်တာ၊ တည့်တည့်ကို
မှန်တော့တာပဲ။ ခင်ဗျားသိအောင်ပြောရ ဦးမယ်။ စနေ၊ တနင်္ဂနွေဆိုရင် နတ်သမီး အတော်များများ
က နေပြည်တော်ကို သွားပြီး စီးပွားရှာနေကြတာ။ ဟိုမှာအပတ်စဉ် နတ်သဘင်ရှိတယ် ထင်ပါ့ဗျာ။
နေပြည်တော်မှာ လုပ်ပိုင်ခွင့်ကောင်းတဲ့ အစိုးရအရာရှိတွေကို ပြုစုဖို့ စီးပွားရေးသမားတွေက
ငွေထုပ်ပိုက်ပြီး စောင့်နေကြတာ။ တချို့ကျတော့ ရန်ကုန်ကနေ ယောက်ျားတွေချည်း မသွားချင်လို့
တစ်ခါတည်းခေါ်သွားကြတာ။ အခုဆိုရင် စနေ၊ တနင်္ဂနွေ ရောက်ရင် ရန်ကုန်မှာ နတ်သမီးရှားနေပြီ။
နေပြည်တော်က ဟိုတယ်တွေမှာတော့ စနေ၊ တနင်္ဂနွေဆိုရင် နတ်သမီးတွေနဲ့စည်ကားလို့
သိရဲ့လား" ဆိုပဲ။

သူပြောတာတွေ နားထောင်ပြီး ဘာမှကို ဆက်မပြောနိုင်တော့ဘူး။ ဘယ်သူ့ကို အပြစ်တင်ရမှန်း
တောင် မသိတော့ဘူး။ဒါပေသည့် အပြစ်တင်စရာ မရှိရင် ကြံဖန်ပြီး အပြစ်တင်စရာက ရှိပြီးသား
လေ။

ဒါကြောင့် - "အဲဒါ အစိုးရညံ့လို့ပေါ့ကွ။ လူတွေကို ဆင်းရဲမွဲတေမှု နွံထဲက ဆွဲမထုတ်နိုင်သေးသရွေ့
ဒီလိုအဖြစ်မျိုးတွေ တွေ့နေရာမှာပဲ" ပြောလိုက်မိလို့ သင်းက-

"ခင်ဗျားမလည်း ဟိုနိုင်ငံရေးပါတီကို ထောက်ခံတဲ့သူတွေနဲ့ အတူတူပဲ။ ပြောစရာမရှိရင်
တစ်ခါလာလည်း အစိုးရ၊ တစ်ခါလာလည်း အာဏာရှင်နဲ့ ဒါကလွဲရင် တခြားမပြောတတ်တော့
ဘူးလား" ဆိုပြီး နှက်သွားတာ ခံလိုက်ရတယ်ဗျာ။

မာဂျေ (မြန်မာတိုင်းစ်)

အသုဘချပြီး ၇ ရက် အိမ်မှာကပ်မကပ်





အောင်ခမ်း (ရိုးရာလေး)


အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။ အဘိဓမ္မာကျမ်းကို ကိုးကားလို့ ဒီကစ္စလေးကို သေချာ ရှင်းလင်းပြလိုပါတယ်။

ပုံပြင် သို့မဟုတ် ဇာတ်လမ်း

ပုံပြင်ထဲမှာပေါ့။ မောင်ဘယ်သူ၊ မဘယ်သူက ကွယ်လွန်တော့ သူ့စည်းစိမ်နဲ့ မိသားစုကို သံယောဇဉ်မပျက်ရှာ ဘူး။ ဒါနဲ့ပဲ ဗြိတ္တာလို ဘုံဘဝရောက်ပြီး အိမ်မှာပဲ တစ်ဝဲလည်လည်နေပါတယ်။ ညဘက် အိပ်နေတဲ့ မိသားစုဆီကို လည်း အသံပေးလို့တစ်မျိုး၊ ခြောက်လှန့်လို့တစ်မျိုးနဲ့ တွယ်ကပ်နေရှာတယ်။ ဒီတော့ တစ်ပတ်ပြည့်ချိန်မှာ ဆွမ်းကပ်ပွဲ၊ အလှူပွဲငယ်လေး လုပ်လိုက်တော့ အိမ်မှာ နတ်ကောင်းနတ်မြတ်တွေ လာရောက် စောင့်ရှောင့်ကြပြီး ဘုံပျောက်နေတဲ့ ဗြိတ္တာနဲ့ နာနာဘဝများ အဝေးသို့ သွားရပါတယ်။ ဗြိတ္တာ ဘဝ ကနေ ကုသိုလ်ပြုလုပ်ပြီး စုတိချင်နေတဲ့ ကွယ်လွန်သူ ဘဘယ်သူ အတွက်ပါဆိုပြီး အမျှဝေကုသိုလ်စီးဖြန်းပေး လိုက်တော့ ဟိုကလည်း ဗြိတ္တာ ဘုံဘဝမှာတင် ကုသိုလ်ထူးတွေရသွားတယ်လို့ ဆိုပါတယ်။

နောက်တစ်မျိုးကျပြန်တော့ ကွယ်လွန်သူ မောင်ဘယ်သူ၊ မဘယ်သူ က ပြုထားတဲ့ ကုသိုလ်မလောက်မငှနဲ့မို့ နတ်ဖြစ်သော်လည်း အရောင် အဝါမတင့်ချေဘူးတဲ့။ ဒီလိုနဲ့ တစ်ပတ်ပြည့် ဆွမ်းကပ်အလှူပွဲမှာ တရား လည်း လာနာရော သံဝေဂတရားတွေရပြီး အရောင်အဝါတက်လာတဲ့ နတ်အဆင့်ကိုရောက်သွားရတယ်လို့ ဆိုပါလေရော။

လက်တွေ့ဘဝ ကျင့်သုံးမှု

ဒီတော့ အထက်ပါ ကဲ့သို့ များပြားလှတဲ့ ပုံပြင်များ၊ ဖြစ်ရပ်များကို အစွဲပြုပြီး အတုယူမှတ်သား လိုက်တာက သေပြီး ၇ ရက် အိမ်မှာကပ်မယ်။ အသုဘမှာ ပန်းတစ်ပွင့်နဲ့ သူ့လိပ်ပြာ (အသက်ချောင်း) ကို ခေါ်လာမယ်။ အိမ်မှာ ထားမယ်။ ပြီးတော့ ၇ ရက်ပြည့် ဆွမ်းကပ်အလှူပေးပြီးတဲ့အခါ အမျှဝေမယ်။ လွတ်ကင်းမယ်။ ဒီတော့ အသုဘချပြီး ၇ ရက်တိတိ အိမ်မှာ လည်တယ် ဆိုတဲ့ အယူအဆဟာ စွဲကိုစွဲရပါရော။ မြန်မာပြည်တစ်ဝန်းက ဗုဒ္ဓဘာသာနွယ်ဝင် အများစု ကျင့်သုံးလက်ခံနေတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။

အမှန်တရား

ဇာတိ၊ ဇရာ၊ မရဏ ပြောပါများ၊ ကြားပါများလို့ ရိုးနေကြပါပြီ။ မွေးဖွား၊ အိုနာ၊ သေ သုံးမျိုးနဲ့ သံသရာစက်ဝန်းမှာ လည်ပတ်နေကြပြီး စုတိ (မရဏ) လို့ခေါ်တဲ့ သေဆုံးခြင်း နဲ့ ပဋိသန္ဓေ (ဇာတိ) တို့ဟာ စက္ကန့်မခြား ဖြစ်ပျက် ပါတယ်။ အရှင်းဆုံး နာလည်အောင် ရေးရမယ်ဆိုရင် ခုပဲသေ၊ ခုပဲ ပြန်ဖြစ် ပါတယ်။ ဘာဖြစ်လဲ ဆိုတာတော့ စာရေးသူတို့ သာမန်ဥာဏ်နဲ့မသိနိုင်ပါဘူး။ နိဗ္ဗာန်ပဲ သွားမလား၊ ၃၁ ဘုံမှာပဲ ပြန်ကျင်လည်မလားဆိုတာ ပြုလုပ်တဲ့ အကုသိုလ်၊ ကုသိုလ်အပေါ်မှာ မူတည်သွားပါတယ်။ ဒါက တစ်ကဏ္ဍပါ။ ခု ဆိုလိုချင်တာက ခုပဲသေပြီးရင် နောက်ဘဝ တစ်ခုခုကို စက္ကန့်မခြား ဖြစ် တယ်၊ ရောက်တယ်လို့ မြတ်စွာဘုရားရှင်မှ ဟောကြားထားပါတယ်။ သဘာဝအမှန်တရားပါ။ ရှိရင်းစွဲ အမှန်တရားကို မြတ်စွာဘုရားရှင်က လူတိုင်းသိအောင် ရှင်းလင်းဟောကြားထားတဲ့ တရား ဖြစ် ပါ တယ်။ သေပြီးတာနဲ့ နောက်ထပ် ဘဝတစ်ခုမှာ ချက်ချင်း ပဋိသန္ဓေ တည် ပါတယ်။ အမိဝမ်းတစ်ခု သို့မဟုတ် ဘွားကနဲပေါ်လာသော နတ်သကြား၊ ငရဲသား အစရှိသဖြင့် ၃၁ ဘုံတွင်း မွေးဖွားခြင်းပုံစံအမျိုးမျိုးနဲ့ပေါ်ပါတယ်။ ပုံပြင်တွေထဲကလို ဗြိတ္တာဖြစ်မယ်ဆိုရင်တော့ ဘွားကနဲတန်းပေါ်ပြီး ဖြစ် ပါတယ်။ ဒါတွေ ရှင်းနေရင် ပိုပြီးတော့ ခေါင်းရှုပ်သွားပါ လိ့မ်မယ်။ ဆိုလိုရင်း ကိုပြောပါမယ်။


အယူအဆမှန်ကျင့်သုံးရန်

ဒီတော့ ဘယ်သူသေသေ ပန်းယူလာတာမျိုးတို့အခြားသော မိရိုးဖလာ အယူအဆမျိုးတို့က မယူသင့်တော့ပါဘူး။ ဟိုက စက္ကန့်မခြား ပဲ နောက်ဘဝတစ်ခုကို ရောက်နေပြီ။ အသုဘ ရက်ပိုင်းအတွင်း လုပ်လိုက် တဲ့ မိရိုးဖလာ ရိုးရာအစွဲများက မနည်းလှဘူး။ တကယ် ချစ်လို့၊ လွမ်းဆွတ် လို့ သတိရလို့ အလှူအတန်းလုပ်ပေးတယ်ဆို တကယ် ကုသိုလ်စိတ်စစ်စစ်နဲ့ လုပ်ပေးပါ။ သူသာ လူထက်နိမ့်တဲ့ ဘုံဘဝတစ်ခုခုကို ရရင် ဟိတ်တရား ၆ ပါးမစုံတော့တဲ့အတွက် ဘယ်လောက်ပဲ အမျှပေးပေး ၇ ရက်အမျှဝေပွဲပြီးလို့ တရားလာနာနဲ့ သံဝေဂဥာဏ် မရနိုင်တော့ပါဘူး။ ကုသိုလ် ၊အကုသိုလ်ခွဲခြား လက်ခံပေးနိုင်မယ့် တိဟိတ်တရားတွေ မရှိတော့တဲ့အတွက် အမျှဝေပေးတာက သူ့အတွက် မီးပုံထဲမှာနေတုန်း ရေတစ်စက် လောင်းပေး လိုက်တဲ့ သဘောလေးပါပဲ။ ဒီလိုမဟုတ်ပဲ နတ်ဘဝ၊ သကြားဘဝ ၆ ထပ်က တစ်ထပ်ထပ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားပါပြီ။ တရားပွဲ အမှီလာလို့ တရားစစ်စစ်နာရရင် သူ့အတွက် ဥာဏ်စင် တစ်ခုခုရလို့ အရိယာ ပုရဂ္ဂိုလ်ဖြစ်နိုင်ချေပါသေးတယ်။


အနှစ်ချုပ်

ဒီတော့ တိုက်တွန်းချင်တာက တစ်ပတ်ပြည့် ဆွမ်းကပ်လုပ်ပါ။ တစ်လပြည့် လုပ်ပါ၊ တစ်နှစ်ပြည့်လုပ်ပါ။ ကောင်းမှု ကုသိုလ်မှန်သမျှ ပြုလုပ်နိုင် တာက ပြုပါ။ ငါဒါလေးလုပ်ပေးလို့ သူဒီဘဝက ကျွတ်ချေမှာပေါ့ ဆိုတဲ့ အယူအဆ လေးတော့ ဖယ်စေချင်ပါတယ်။ အသုဘက ပြန်လာပြီး ပန်းယူလာတာမျိုးတို့ က မှန်ကန်သော အယူအဆ မဟုတ်ပါ။ ပန်းတွေမှာ ဗြိတ္တာတို့များ တွယ်ကပ်လေသလားဆိုရင် ကွယ်လွန်သူ ကိုယ့်မိဘ၊သား၊သမီး၊ မိတ်ဆွေကို သေပြီး ဗြိတ္တာဖြစ်တယ်လို့ မှတ်ယူခြင်း သဘော သက်ရောက်ပါတယ်။ ဒီတော့ ပန်းသယ်လာသူများက မိမိဆွေမျိုးများကို ဗြိတ္တာများလို မှတ်ယူခြင်းသဘောပင် သက်ရောက် ပါသေးတယ်။

တယော်ကင်ပွန်းနဲ့ ခြေဆေးခြင်း၊ ခေါင်းဆေးခြင်း၊ လက်ဆေးခြင်းတို့က ကျန်းမာရေးအရ ကြည့်ရင် ကောင်းပါတယ်။ တယော်ကင်ပွန်းမှာပါတဲ့ ဗီတာမင်ဓာတ်များက အရေအပြားကျန်းမာရေးအတွက် တကယ်ကောင်း ပါတယ်။ ချွေးပြန်နေတုန်းတော့ မဆေးပါနဲ့။ အပူအအေး ဓာတ်အပြောင်း အလဲမြန်ဆန်မှုကြာင့် ကျန်းမာရေး ရှော့ဖြစ်နိုင်ပါတယ်။ ရိုးရိုးရေနဲ့ဆေးဆေး၊ တယော်ရည်နဲ့ ဆေးဆေး သင်္ချိုန်းကနေ ဝိဥာဉ်လိပ်ပြာများ တွယ်ကပ် လာသည်ဟု မယူဆပါနဲ့။ မမှတ်ယူပါနဲ့။ ဝိဥာဉ်လိပ်ပြာဆိုတာ မရှိပါ။ လူမှာ ရုပ်နဲ့ နာမ် နှစ်ခုသာ ဖွဲ့စည်းပြီး တစ်ဘဝမှာ ရုပ်လည်းချုပ်၊ နာမ်လည်းချုပ် ပါတယ်။ ဘာမှ ပါမသွားပါဘူး။ နောက်ဘဝ တစ်ခု ရုပ်အသစ်၊ နာမ်အသစ်နဲ့ ရပါတယ်။ ယင်းရုပ်အသစ်၊ နာမ်အသစ်က ဘဝဟောင်းက ရုပ်၊နာမ် ဟောင်း တို့ ပြုသော ကုသိုလ်၊အကုသိုလ်များကို လိုဏ်ဂူတွင်းက အသံပဲ့တင်သံ ကို ပြန်ကြားရသကဲ့သို့ ပြန်လည် သက်ရောက်မှု ရှိပါတယ်။ ဒါကိုလည်း အခြားဆောင်းပါး တစ်ပုဒ်နဲ့ သီးသန့်ရှင်းလင်းပါ့မယ်။

လူသေလျှင် အသက်ဝိဥာဏ်လိပ်ပြာတို့ ၇ ရက်မနေ အကြောင်းတရားကို စာဖတ်သူတို့ သိရှိနားလည် သွားမယ်လို့ မျှော်လင့်ပါတယ်။ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ကား ချောဆီ အကြောင်း သိကောင်းစရာ


-------------------------------
အောင်ခမ်း (ရိုးရာလေး)

စက်ဆီ၊ချောဆီ ဆိုတာမျိုးကလည်း ကားမှာ အရေးကြီးပါတယ်။ သူမပါရင် ကားမောင်းလို့ မရပါဘူး။ မောင်းလို့ ရလည်း နာရီပိုင်းတောင် မကြာပါဘူး။ ကားပျက်ကိုပျက်ပါတယ်။ ဘာကြောင့်ပါလဲ။

ချောဆီ နှင့်ရည်ရွယ်ချက်

- အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်
- စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန်
- သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန်
- စက်ပစ္စည်းများ လည်ပတ်ရန်ထောက်ပံ့ခြင်း

အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်

အဓိက ရည်ရွယ်ချက်ကတော့ အအေးခံဖို့ပါပဲ။ ပူလောင်နေတဲ့ ကားအင်ဂျင်နဲ့ အခြားအစိတ်အပိုင်းများကို အအေးခံဖို့ ကျတော့ ချောဆီကို အသုံးပြုပေးရပါတယ်။ ချောဆီက ပူတော့ မနေပါဘူး။ သာမန် ဆီများထက် အဆင့်ပေါင်းများစွာ သန့်စင်ထားတဲ့ ယင်းဆီဟာ အပူတွေကို သယ်ဆောင်ပေးပါတယ်။ အရှင်းဆုံး ဥပမာ ပေးရမယ်ဆိုရင် ပူနေတဲ့ ဖန်ရေနွေးခွက်ကို ရေအေးထဲ ချလိုက်တဲ့အခါ အပြင်ပိုင်းဟာ ပြန်အေးသွားပါတယ်။ ဒီလိုပါပဲ ပူလောင်နေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အအေးခံဖို့ အတွက် ချောဆီက အပြင်ကနေ အေးသွားစေပါတယ်။ အအေးခံခြင်း မှာ ရေနဲ့အအေးခံတာလည်း ရှိပေမယ့် ယခုက ချောဆီ အကြောင်းဆိုတော့ ချောဆီနဲ့ အအေးခံတာကိုပဲ ရှင်းလင်းပါ့မယ်။


စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန်
--------------------------------------------

စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန် အပေါ်တစ်ချက်က ရှင်းပြီးပြီ။ ဒုတိယတစ်ချက်ကို သိပ်မရှင်းဘူးထင်ပါတယ်။ ကျနော်တို့ လက်စွတ်ကို ချွတ်မရ ဖြစ်တဲ့အခါ ဆီလေးနဲ့ လိမ်းပြီးချွတ်ရင် ကျွတ်သလိုပါပဲ။ အဲ့ဒီမှာ လက်ကလည်း မနာမကျင်၊ မပွန်းမပဲ့၊ လက်စွတ်ကလည်း မပျက်မစီး မပွန်းမပဲ့နဲ့ ကျွတ်သွားပါတယ်။ ဒီတော့ နှစ်ခုစလုံး မပျက်ဆီးပါဘူး။ ဒီလိုပါပဲ အင်ဂျင်နဲ့ လှုပ်ရှားနေတဲ့ ကားအစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု ထိဆက်ပြီး အလုပ်လုပ်နေပါတယ်။ ဒီလိုထိခိုက်ပါများ၊ ပွတ်တိုက်ပါများတဲ့ အပိုင်းတွေကို နှစ်ခုနှစ်ဖက်စလုံး မထိခိုက်စေအောင် ချောဆီက ကြားခံ ကာကွယ်ပေးထားပါတယ်။


သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန်
--------------------------------------------------------------

တတိယ တစ်ချက်ကတော့ အားလုံးသိလောက်ပါမယ်။ ဘယ် သံ အစိတ်အပိုင်းမဆို ဆီသုတ်လိမ်းအား ကောင်းရင် တောရုံ နဲ့ ချေးမတက်ပါဘူး။ မတိုက်စားပါဘူး။ မပျက်ဆီးပါဘူး။ အကြောင်းအရင်းက ဒီလိုပါ။ သံချေး တက်တယ်ဆို တာ လေမှာပါ တဲ့ အောက်ဆီဂျင်နဲ့ သံမှာပါဝင်တဲ့ Iron (Fe) သံဓာတ်တို့ ပေါင်းစပ်မိ သွားပြီး သံအောက်ဆိုဒ် (အိုင်းရွန်းအောက်ဆိုဒ်) ကို ဖြစ်ပေါ်စေ ပါတယ်။ ဆိုးကျိုးကတော့ နဂိုကတည်းက သန်မာနေတဲ့ သံဟာ အောက်ဆီဂျင်နဲ့ ရောစပ်သွားမှုကြောင့် ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ တင်မကပဲ အခြား ဓာတ်ငွေ့ များနဲ့လည်း ဓာတ်ပြုပြီး Corrosion အကြီးစား၊ Rusting အကြီး စားတွေ ဖြစ်ပေါ်စေတယ်။ ယင်းပြဿနာကို ချောဆီမှာပါဝင်တဲ့ ဓာတ်များက ဖြေရှင်းပေးပါတယ်။ ချောဆီမှာ အဲကာလိုင်းတို့လို ဓာတ်ပါပြီး အက်ဆစ်တွေ၊ သံအောက်ဆိုဒ်တွေကို ချေဖြတ်ပေး ပါတယ်။


စက်ပစ္စည်းများ လည်ပတ်ရန် ထောက်ပံ့ခြင်း
-------------------------------------------------

ကားမှန်တွေမှာပါ။ ပါဝါဝင်ဒိုးစနစ် အလုပ်လုပ်နိုင်ဖို့အတွက် ချောဆီ တစ်မျိုး(အမဲဆီ) တစ်မျိုးကို အသုံးပြုပါတယ်။ အပေါ်တက်အောက် ဆင်းဖြစ်အောင် လျှပ်စစ်ခလုပ်က အလုပ်လုပ်တယ် ဆိုပေမယ့် စက်ပိုင်းဆိုင်ရာ အလုပ်လုပ်မှုကိုကျ ယင်းချောဆီ က ထောက်ပံ့ပေး ပါတယ်။ ဥပမာ မြင့်အောင် တင်ပေးလိုက်တာမျိုး၊ ကျအောင် ချပေးလိုက်တာမျိုးက အထဲမှာ Grease က ကောင်းကောင်း အလုပ်လုပ်လို့ ဖြစ်ပါတယ်။ ဟိုက်ဒရောလစ်နဲ့မတူသေးပါဘူး။ ဘရိတ်မှာကျ ဟိုင်းဒရောလစ်ကို သုံးပါတယ်။ ရေမြှုပ်သော် လည်းကောင်၊ လေအိုးသော်လည်းကောင်း အသုံးပြုတာမျိုးက သက်သက် ရှိပါသေးတယ်။ ယခုက ချောဆီရဲ့  အသုံးပြုမှုကိုသာ ခွဲခြားဖော်ပြတာပါ။

အခြားနေရာများတွင် အသုံးပြုခြင်း
-------------------------------------

အခြားနေရာ ဆိုတာ ဒီလိုပါ။ စက်ပစ္စည်းတွေ အဖြုတ်အတပ် ပြုလုပ် တဲ့အခါ ချောဆီကို အသုံးပြု ရပါတယ်။ ဒီမှာတော့ ကိုယ်ဖြုတ်တပ်တဲ့ စက်ပစ္စည်းအပေါ် မူတည်ပြီး ချောဆီ အမျိုးမျိုးကို အသုံးပြု ပါတယ်။ ဈေးအပေါဆုံး အမဲဆီက စလို့ ဈေးအကြီးဆုံး ဆီအမျိုးစုံ ထိအောင်ကို အသုံးပြု ပါတယ်။ ကားဝပ်ရှော့တွေမှာ ဆို ချောဆီအမျိုးမျိုးကို အမြော်ကအများစုဆောင်းသိမ်း ဆည်းထား ရပြီး ကားပြင်ဆင်ခြင်းမှာ အသုံးပြုရပါတယ်။ ရှင်းရှင်း ပြောရ ရင် ရေချိုးပေးတဲ့ သဘောပါပဲ။ ကားမှာပါတဲ့ အစိတ်အပိုင်းတွေကို သန့်ရှင်းဖို့ကျ ရေနဲ့ သွားလောင်းလို့ မရပါဘူး။ ပိုတောင် ပျက်ဆီးသွားစေပါတယ်။ ချောဆီရေနဲ့ လောင်းပေးရပြီး သေချာ သုတ်လိမ်း ပေးခြင်းဖြင့် စိတ်ပစ္စည်းများရဲ့  သက်တမ်းကို ရှည်ကြာစေ ပါတယ်။

အသုံးပြုသည့် နေရာ ဥပမာ

ကားမှာပါတဲ့ ဝက်အူရစ်တွေ၊ ဂွေတွေ၊ အကွင်းအဆက်တွေ၊ ဂီယာတွေကို တပ်ဆင်တာ ဒီတိုင်း ပလိန်းကြီး တပ်ရ၊ ဖြုတ်ရတာ မဟုတ်ပါဘူး။ တပ်ပဲတပ်တပ်၊ ဖြုတ်ပဲ ဖြုတ်ဖြုတ် ချော ဆီလောင်း ထားပေးရပါတယ်။ ကားတစ်စီးရဲ့  အစိတ်အပိုင်းတွေကို ခွဲထုတ်ကြည့်တဲ့အခါမှာ ဆီတွေနဲ့ ပေနေတာကို အလွယ်တကူ မြင်တွေ့ သိရှိနိုင်ပါတယ်။

အင်ဂျင် ပစ်စတင်နဲ့ အင်ဂျင်ဆလင်ဒါ ကြားက ဆက်စပ်မှုကလည်း ဒီတိုင်းပလိန်းကြီးမဟုတ်ပါဘူ။ အပေါ်တက် အောက်ဆင်း အလုပ် လုပ်နေရတဲ့ အင်ဂျင် ပစ်စတင် ဘေးပတ်လည်မှာ ချောဆီများ သွားလာနေပြီး အအေးခံရန် သော်လည်းကောင်း၊ မပျက်ဆီးရန်သော် လည်းကောင်း၊ အလွယ်တကူ မထစ်မငေါ့ပဲ သွားလာလည်ပတ်နိုင် ရန်လည်ကောင်း အသုံးပြုရပါတယ်။ ဒါကြောင့် ကားကြီးတွေမှာ ဆို ချောဆီတိုင်ကီဆိုပြီး သီးသန့်တောင် ရှိလာပါတယ်။ ယင်းတိုင်ကီကနေ ချောဆီက တစ်ကားလုံးက အင်ဂျင်အစိတ်အပိုင်း များဆီ ပို့လွတ်ပေးရေသလိုပဲ ဖြစ်ပါတယ်။

ချောဆီအမျိုးမျိုး

ကားအင်ဂျင်မှာ သုံးတော့ ကားအင်ဂျင်ဆီ၊ ကားမှာသုံးတော့ ကားဆီ၊ ပါဝါဝင်းဒိုးမှာ သုံးတော့ ပါဝါဝင်းဒိုးဆီ၊ ဘရိတ်မှာ သုံးတော့ ဘရိတ်ဆီ၊ ကား အူလည်တိုင်မှာ သုံးတော့ အူလည်တိုင်ဆီ၊ ဘို့နဲ့ နတ်ချောင်းတွေ မှာ အသုံးပြုသော ဘို့နဲ့ နတ်ဆီ အမျိုးအစားအမျိုးမျိုးကွဲပါတယ်။ နတ်ဆိုလို့ မိုးပေါ်က နတ်ကိုဆိုလိုတာ မဟုတ်ပါဘူး။ Nut လို့ခေါ်တဲ့ အစွတ်အတပ်လုပ်ရတဲ့ အချောင်းအတံပစ္စည်းလေး ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးမှာတင် အသုံးပြုတဲ့ ချောဆီက ၁၀ မျိုးမက ကွဲသွားရပါတယ်။ ကွဲရတဲ့အကြောင်းအရင်းက ယင်းအစိတ်အပိုင်း အားလုံးမှာ အသုံးပြုတဲ့ သံအမျိုးအစားများ ကွဲပြားနေ ရခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတောင် ကားပဲ ရှိပါသေးတယ်။ ဆိုင်ကယ်မှာသုံးတဲ့ချောဆီ၊ လေယာဉ်မှာ သုံးတဲ့ ချောဆီ၊ သင်္ဘောမှာ သုံးတဲ့ချောဆီ အစရှိသဖြင့်တို့လည်း ထပ်မဲ ကွဲပြားနေပြန်ပါသေး တယ်။ ထုတ်လုပ်တာကတော့ ရေနံကနေ အဆင့်ဆင့်ကြိုချက်တာပါပဲ။ အဆင့်ဆင့် ကြိုချက်ပြီး ထပ်မံ ပေါင်းထပ်ပေးရတဲ့ ဓာတုဓာတ်ပေါင်းမျးလည်း ရှိပါသေးတယ်။ ဓာတု ဓာတ်ပေါင်းများ ထပ်မံပေါင်းစပ်လို့ နောက်ဆုံးမှာ အဆင့်အမျိုးမျိုးခွဲတဲ့ ချောဆီများ ရရှိပါတော့တယ်။


ကားတစ်စီးမှာ ချောဆီသာ ပါမလာခဲ့ရင်
-------------------------------------------

ကားလို့တောင် မခေါ်ချင်တော့ပါဘူး။ ကားရယ်လို့ ဖြစ်မလာခင် စက်အစိတ် အပိုင်း တစ်ခုချင်းဆီ စတင်ပေါ်ပေါက် ကတည်းက ချော ဆီဆိုတာ အသုံးပြုရတာပါ။ ဥပမာ ဂီယာဘီးတွေ စတင်ပေါ်ကတည်း က ချောဆီကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ ကားအင်ဂျင်နဲ့ ကားအစိတ်အပိုင်းများ စတင်မွေးဖွားလာကတည်းက ချောဆီ က ဘေးကနေ ကန့်လန့်ပါလာပါတယ်။ ကားတစ်စီးမှာ ချောဆီ ၊စက်ဆီတွေသာ ကောင်းကောင်း ထောက်ပံ့ မပေးနိုင် နောက်ဆုံး သွားရမယ့် ခရီးက ပျက်ဆီးခြင်းပါပဲ။

အနှစ်ချုပ်

ဒါကြောင့် ကားတစ်စီးဝယ်တော့မယ်ဆိုရင် အဟောင်းပဲ ဖြစ်ဖြစ်၊ အသစ်ပဲ ဖြစ်ဖြစ် ချောဆီ၊စက်ဆီ ကိစ္စကို ဂရုစိုက်ပေးသင့်ပါတယ်။ သူ့ကိုမှ သေချာဂရုမစိုက်ရင် ကားတစ်စီး အသက်တိုရပြီးမြန်မြန်ပျက် ရပါတယ်။ ပျက်လို့ ဝပ်ရှော့ပို့ပြီးပြင်၊ သနပ်ခါးပြန်လူးပေးတော့ ကောင်းတယ်လို့ အပေါ်ယံက ထင်ရ၊မြင်ရပေမယ့် တကယ်ကျ အဲဒီလိုမဟုတ်ပါဘူး။ အချိန်ကြာလာ တာနဲ့အမျှ ပိုပြီး ပျက်ဆီးရပါတယ်။ ဒီလောက်ဆိုရင် ကားတစ်စီးရဲ့  ချောဆီအကြောင်း အကြမ်းဖျင်း လေ့လာမိပြီလို့ မျော်လင့်ပါတယ်။

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်






“ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက်” ဆိုတဲ့ ရှေးစကား ရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်လိုအပ်ပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% က အရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသို့ ရောက်ရှိလာတဲ့ အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။
(၇) ခန္ဒာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေကို ဆီး/၀မ်း/သွေး/ချွေး/ချွဲသလိပ် အဖြစ်စွန့် ထုတ်ပေးပါတယ်။
(၈) ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။
(၉) အသက်ရှုခြင်းကို အထောက်အပံ့ ဖြစ်စေပါတယ်။
(၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေပါတယ်။
(၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။
(၁၂) သက်လုံကောင်းစေပါတယ်။
(၁၃) ခေါင်းကိုက်သက်သာစေပါတယ်။
(၁၄) ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ၊ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။
(၁၅) ကင်ဆာဖြစ်နိုင်ချေ အလားအလာကို လျော့ပါးသွားစေပါတယ်။
(၁၆) အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခန်းကြာကြာ လုပ်နိုင်လာပါတယ်။
(၁၇) အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါတယ်။
(၁၈) ၀က်ရူးပျံ၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ၀မ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေပါတယ်။
(၁၉) အမြင်အာရုံ တိုးတက်ကောင်းမွန်စေပါတယ်။

- ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။


- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

(ပေါက်ပေါက်… မျှဝေသည်)

(မှီငြမ်း… Daily Health Tips 7th August 2013 at 18:55pm) 26-09-2013 နေ့ထုတ် ပြည်ထောင်စုသတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးလေးပါ။

FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်။
(စေတနာများစွာဖြင့် .. ပေါက်ပေါက်)

သွေးဖိအား ပိုမိုတိကျအောင် တိုင်းတာနိုင်သောပစ္စည်းသစ် သြစတြေးလျသုတေသီတို့တီထွင်




Friday, September 27, 2013

သြစတြေးလျ သုတေသီအချို့တို့သည် သွေးတိုးရောဂါရှင်များအတွက် လက်ရှိတိုင်းတာသည့် ကိရိယာများထက်ပို၍ မှန်ကန်တိကျပြီး အတွင်းပိုင်းသွေးဖိအားကို တိုင်းတာနိုင်သော ပစ္စည်းသစ်တစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က အင်တာနက်သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

တပ်စ်မေးနီးယား ပြည်နယ်မှ မန်ဇီးသုတေသနကျောင်းမှ ဆရာဝန်များက လက်ရှိ အများဆုံးအသုံးပြု လျက်ရှိသည့် လက်မောင်း အထက်ပိုင်းမှ တိုင်းတာသည့်နည်းအစား ဘောပင်ကဲ့သို့ သွေးဖိအားတိုင်းပစ္စည်း သစ်ကိုအသုံးပြုကာ လူနာ ၃ဝဝ ခန့်အား စမ်းသပ်ပြခဲ့သည်။

အဆိုပါ ပစ္စည်းသစ်သည် လူနာ၏ လက်ကောက်ဝတ်နေရာမှတစ်ဆင့် ကိုယ်တွင်းပိုင်းသွေးဖိအားကို ယခင် အသုံးပြုသည့်ပစ္စည်းများထက် ပိုမိုတိကျစွာတိုင်းတာနိုင်သည်။ လက်ကောက်ဝတ်နေရာရှိ သွေးခုန်နှုန်းသည် နှလုံးအပြင်ဘက်ရှိ သွေးခုန်နှုန်းတိုင်းတာရာတွင် လက်မောင်းတွင် တိုင်းတာခြင်းထက်ပို၍ တိကျသော အဖြေထွက်စေနိုင်သည်ဟု ဆိုသည်။

''လူနှစ်ဦးကိုတိုင်းတာရင် ကိုယ်ခန္ဓာရဲ့လက်မောင်းအထက်ပိုင်း သွေးဖိအားချင်းက တူနိုင်သော်လည်း အတွင်းပိုင်းဗဟိုနေရာသွေးဖိအားက မတူနိုင်ပါဘူး''ဟု တီထွင်မှုတွင်ပါဝင်သူ ပါမောက္ခဂျိမ်းရှားမင်းက ပြောကြားထားသည်။

''ဒီလို ကိုယ်တွင်းပိုင်းသွေးဖိအားကို တိတိကျကျသိရင် ဆေးဝါးကုသမှုပေးတဲ့အခါ ပြန်ပြီးချိန်ညှိလို့ရပါမယ်''ဟု ဖြည့်စွက် ပြောကြားထားသည်။

အဆိုပါ ပစ္စည်းသစ်သည် ကုသမှုကို ပိုမိုထိရောက်မှုပေးနိုင်ပြီး မလိုအပ်သော ဆေးဝါးပိုမိုသုံးစွဲခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ၄င်းလေ့လာမှု ပြုနေစဉ် အတွင်းသွေးတိုးရောဂါရှင် ၁၆ ရာခိုင်နှုန်းခန့်ကို ဆေးဝါးများ သုံးစွဲမှုမှ ရပ်ပစ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်းနှင့် သူတို့ ၏အမြင်များ



NLD ပါတီအနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊အသစ်ရေးဆွဲမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင်ပါတီအချို့နှင့် လက်နက်ကိုင်အဖွဲ့ အစည်းအချို့ မှကန့်ကွက်

မှုများ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ "ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြော င်းနှင့် ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း၊စက်တင်ဘာလ၂၄ရက်က ပြုလုပ်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏၂၅နှစ်မြောက်ငွေရတုအခမ်းအနားသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ရေးဆွဲရေးနှင့်ပတ်သတ်ပြီးနိုင်ငံရေးပါတီများကြား
အငြင်းပွားနိုင်စရာများ ဖြစ်ပေါ်နေကြောင်းသိရသည်။သမ္မတကြီး၏မတ်လ၁ရက်နေ့ 
ကပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင်တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုအများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီးမိမိတို့ရဲ့လိုလားချက်တွေရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ခြင်းကိုလည်းအားလုံးသိရှိပြီးဖြစ်ပါသည် ။ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နိုင်ငံရေးပါတီများနှင့်အဖွဲ့ အစည်းအသီးသီးမှလက်ခံကြသော်လည်းအသစ်ပြန်လည်ရေးဆွဲခြင်းမှာမူလွယ်ကူမည်မဟုတ်ပေ။

မြန်မာနိုင်ငံမှအထင်ကရလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သောကရင်အမျိုးသားအစည်းအရုံးKNUမှဗဟိုအလုပ်အမှုဆောင်ဦးမန်းငြိမ်းမောင်ကလည်းဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သတ်၍"ကျနော်တို့ ကပြန်လည်ပြီးတော့ ပြင်ဆင်ဖွဲ့ စည်းတာသာလျှင် နှစ်ဦးနှစ်ဖက်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရာလည်းရောက်တယ်။အဲ့တာအပြုသဘောလည်း

ဆောင်တယ်။တကယ်လို့ ၂၀၀၈ဖွဲ့ စည်းပုံဟာတိုင်းပြည်ရဲ့ အခြေအနေနဲ့ မအပ်စပ်ဘူးဆိုတာကျွန်တော်တို့ အသစ်ရေးဆွဲမယ်ဆိုရင်လက်ရှိအစိုးရကလဲလက်ခံနိုင်မှာမဟုတ်ဘူး။ တပ်မတော်ကလည်းလက်ခံနိုင်မှာမဟုတ်ဘူး။လက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ မဖြစ်နိုင်တဲ့ဟာတစ်ခုကိုအနိမ့် ဆုံးကနေအစပြုတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့ သည်။

ထို့ ပြင်KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ ဖြင့်ဖွဲ့ စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှလည်းဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ရပ်ထွက်ပေါ်လာရေးအတွက်ဥပဒေမူကြမ်းရေးဆွဲနေခြင်းကိုလည်းဦးမန်းငြိမ်းမောင်မှ

"ဒီ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာကကျနော်ပြောပြမယ်။ အစဉ်အဆက်အစိုးရကသူ့ မှာမာနတစ်ခွဲသားနဲ့ ရှိပြီးသားဗျ။အဲ့ဒီလိုဆိုတော့၂၀၀၈ဖွဲ့ စည်းပုံကဘယ်သူမှမကြိုက်ဘူး။ဒါအကုန်လုံးလက်ခံထားကြပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ၂၀၀၈ဖွဲ့ စည်းပုံကအားနည်းချက်တွေရှိတယ်။ကျနော်တို့ ပြင်ဆင်ရမယ်လို့ သူကလည်းလမ်းဖွင့်ထားတယ်"ဟုဦးမန်းငြိမ်းမောင်မှဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲမည့်အပေါ်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်ကာ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေးများဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍နိုင်ငံရေးလေ့လာသူကိုကျော်စွာမင်းမှ"အခုကပြင်မယ်၊အသစ်ဆွဲမယ်နဲ့ လုပ်နေကြတာဗျ။တကယ်တမ်းတော့အသစ်ဆွဲစရာတော့မလိုဘူးထင်တယ်။အရင်ဖွဲ့ စည်းပုံကိုလိုတာလေးတွေ ဖြည့်ပြီးအချို့ ပြင်ဆင်စရာရှိတာ ပြင်လိုက်ရင်အဆင်ပြေပါတယ်၊ဒါပေမယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်အမျိုးသားရေးကိုတော့ဦးစားပေးရမှာပေါ့"ဟု ပြောဆိုခဲ့ သည်။

အချို့ ကမူတပ်မတော်သားများလွှတ်တော်တွင်းရောက်နေသောကြောင့်လည်းကောင်း၊သမ္မတဖြစ်ခွင့်ဥပဒေနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက်အထိအခိုက်ဖြစ်မည်စိုးရိမ်သောကြောင့်လည်းကောင်း ပြင်ဆင်ခြင်း၊အသစ်ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ချင်နေကြသည်ဟုထင်မြင်ယူဆသူများလည်း ရှိနေကြသည်။

မည်သို့ပင်ဆိုစေ ခေါင်းထဲတွင် နိုင်ငံရေးအသိနည်းနည်းပါးပါးလောက်ရှိတယ်ဆိုရင်ပဲယနေ့အချိန်
အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲရေးဟာလိုအပ်လားမလိုအပ်ဘူးလားဆို
တာစဉ်းစားဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

တ-စ-ည-=ကတော့ ပြင်ချင်ရင် ပြင် သမ္မတ ဖြစ်ခွင့်ကို ပြင်ဖို့ မလိုဘူးလို့ဆိုတယ်။

KNU -= ကတော့ ပြင်ချင်ရင် ပြင် ၊ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆိုတာ ကို လက်မခံဘူးလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်-=ကတော့ ပြင်မှ ဒီမိုကရေစီ ပြည့်ဝမယ်ပြောတယ်။

ဦးအေးသာအောင်-=ကတော့အသစ်ရေးဆွဲတာဟာ၂၀၀၈နဲ့ ပြောင်းပြန်ကွာခြားမယ်လို့ပြောတယ်။

ဦးဌေးဦး -=ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ မလိုဘူးပြောတယ်။

ဦးဦးလှစော-=ကတော့သူတို့ လမ်းကြောင်းက ပြင်ရေးလမ်းကြောင်းဖြစ်တယ်။
အသစ်ပြန်ရေးတဲ့လမ်းကြောင်းမဟုတ်ဘူးလို့ ပြောတယ်။

အင်း...နောက်တော့လည်း....ဆူကြပူကြ ဆန္ဒတွေပြ...

မကြာမီ လာမည်မျှော်.....ဟုသာ ဆိုလိုက်ချင်ပါတော့သည်။
From: M Zaw

ကုန်းဘောင်ခေတ် လူမျောက် မိသားစု



ကုန်းဘောင်ခေတ် လူမျောက် အကြောင်း ကို ဖတ်ဖူးခဲ့တာ ကြာပါပြီ။ လူထု ဒေါ်အမာ ရေးတာရော၊ ဒဂုန် ခင်ခင်လေး ရေးတာရော၊ ဦးစိန်မောင်ဦး ရေးတာရော၊ မြကေတု ရေးတာ ရော၊ မောင်သန်းဆွေ (ထားဝယ်) ရေးတာရော မှတ်မိနေ ပါတယ်။

ပထမဆုံး လူမျောက် ဖြစ်တဲ့ ဦးရွှေမောင် ကို ၁၇၉၆ ခုနှစ် မှာ သံလွင်မြစ် ( သို့ ) မုတ္တမြစ် ဘေးက လော နိုင်ငံ မိုင်းရုံးကြီး နယ် မှာ မွေးဖွား ခဲ့တယ်။ ( ပထဝီ အခြေ အနေနဲ့ အခေါ် အဝေါ် အရ အဲဒီ ဒေသ ဟာ အခု ထိုင်း နိုင်ငံ ထဲက Mae Yong ပဲ ဖြစ်ဖို့ များပါတယ် ) အဲဒီ ဒေသ ကို အပိုင်စား တဲ့ စော်ဘွား တစ်ယောက် က ထူးထူး ဆန်းဆန်း အမွေး အမျှင်တွေ နဲ့ ကလေးငယ် ကို မြန်မာ ဘုရင် ထံ အထူး အဆန်း လက်ဆောင် ပဏ္ဏာ အဖြစ်နဲ့ ဆက်သ လိုက်တာ မို့ သူ့ အသက် ငါးနှစ်သား အရွယ် မှာ အင်းဝ ဘုရင်ထံ ကို ရောက်လာ ပါတယ်။ သူ့ တစ်ကိုယ်လုံး မှာ အမွေး နုနုလေး တွေ ရှည်လျားစွာ ပေါက်နေ တယ်။ သူ့ မျက်လုံး အသား အရေ ပုံစံ စတာ တွေ က မြန်မာတွေ နဲ့ မတူဘူး လို့ ဆိုပါတယ်။ ( ဒီ အဖြစ်အပျက် တွေ ကို ၁၈၂၆ မှာ ပထမဆုံး မှတ်တမ်း တင်နိုင် ခဲ့တဲ့ အင်္ဂလိပ် သံအဖွဲ့ က ကရောဖို့ (ဒ်) မှတ်တမ်း ကို လူထု ဒေါ်အမာ ဆောင်းပါး ထဲမှာ ဖတ်နိုင် ပါတယ်)

ရွှေမောင် ဟာ အဲဒီ ကတည်းက နန်းတွင်း မှာ ပျော်တော်ဆက် အဖြစ်နဲ့ ကြီးပြင်း လာခဲ့တယ်။ မျောက်တွေ လို ကပြ ဖျော်ဖြေ ရပါသတဲ့။ သူ့မိဘတွေ မှာရော သူတို့ မျိုး နွယ်စု ထဲမှာပါ သူ့လို အမွေး အမျှင်တွေ မရှိဘူး လို့ သူက ပြောပါတယ်။ လူပျို အဖြစ်ကို အသက်၂၀ အရွယ် မှ ရောက်ပါ တယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင် က ( ဘကြီးတော် ဘုရား ) သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက် နဲ့ လက်ထပ် ပေးပါတယ်။ သူတို့ ကလေး လေးယောက် ရခဲ့တယ်။ အားလုံး က မိန်းခလေး တွေ ချည်းပါပဲ။ နှစ်ယောက် ကတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဆုံးပါး သွားခဲ့ပြီး တတိယ သမီးလေး က မိခင် ဖြစ်သူ နဲ့ အတော် ကို တူပါ သတဲ့။ နောက်ဆုံး ၂ နှစ်အရွယ် ကလေး တစ်ယောက် ကတော့ သူ့ လိုပဲ အမွေး အမျှင် တွေနဲ့ ဖြစ်လာ တယ်။ အဲဒီ အငယ်ဆုံး သမီး က ရွှေမောင်ရဲ့ အမွေ ကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်) ရဲ့ စာအုပ် ထဲမှာ ကိုရွှေမောင် နဲ့ သမီး မဖုံး ရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ ကိုရွှေမောင် ရဲ့ ပုံက ဟုတ်ပေမယ့် မဖုံး ရဲ့ ပုံက မှား နေတယ် လို့ နောက်ပိုင်း မှာ ဟင်နရီနယူး(လ်) က ထောက်ပြ ခဲ့ပါတယ်။



အဲဒီနောက် ၁၈၅၅ မှာ အင်းဝကို ကပ္ပတိန် ဟင်နရီယူး(လ်) ရောက် လာခဲ့ ပါတယ်။ သူတို့ ရောက်လာချိန် မှာတော့ ကိုရွှေမောင့် သမီး မဖုံး ဟာ အသက် ၃၁ အရွယ် ရှိနေ ပါပြီ။ သူ့ကို အီတလီ လူမျိုး တစ်ယောက် က လက်ထပ်ပြီး နိုင်ငံခြား ကို ခေါ်သွားဖို့ ကြိုးစား ပါသေး တယ်။ ဒါပေမယ့် သီပေါမင်း က ခွင့်မပြု ခဲ့ပါဘူး။ နောက်ဆုံး တော့ မဖုံးကို ဘုရင် ကပဲ သာမန် အရပ်သား တစ်ယောက် နဲ့ လက်ထပ် ပေးခဲ့ တာလို့ ဆိုရ ပါမယ်။ ဟင်နရီယူး(လ်) တို့ လာရောက် ချိန်မှာ မဖုံး မှာ သားလေး နှစ်ယောက် တောင် ရနေ ပါပြီ။ ဦးရွှေမောင် ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ် လို့ ကွယ်လွန် ပြီးခဲ့ပြီ လို့ သိရ ပါတယ်။ မဖုံး ဟာ လည်း သူ့ အဖေ ဦးရွှေမောင် လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည် တွေနဲ့ ဖုံးလို့ နေပါတယ်။ မဖုံး ကနေ သားသမီး သုံးယောက် မွေးဖွား ခဲ့ပြီး အဲဒီ အထဲက မောင်ဖိုးဆက် နဲ့ မမိ တို့ဟာ မဖုံး လိုပဲ တစ်ကိုယ်လုံး မှာ အမွေးတွေနဲ့ ဖြစ်ပါတယ်။

သူတို့ မိသားစု ဟာ သူတို့ကို အထူး အဆန်း လာကြည့် တဲ့ နိုင်ငံခြားသား တွေ ဆီကနေ အခကြေးငွေ ကို ကောက်ခံ ပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ ဟာ ကြည့်ရှုသူ တစ်ယောက် ချင်း စီ ကနေ ရူပီးငွေ လေးဆယ် ယူတယ် လို့ သိရ ပါတယ်။

နာမည်ကြီး ဖျော်ဖြေ တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ဘာနမ် ဟာ ၁၈၇၁ ခုနှစ် ကတည်း က သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့ ( Greatest Show On Earth ) ဆိုတဲ့ ဆပ်ကပ်ပွဲ ကြီးမှာ ပြစားဖို့ ကြိုးစား ခဲ့တယ်။ ဒါပေမယ့် ဘုရင် က ခွင့်မပြု ခဲ့ဘူး။ ၁၈၈၅ မှာ တော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေး တွေ ရှုပ်ထွေး နေတဲ့ အချိန် မှာ မဖုံးတို့ မိသားစု ဟာ နေပြည်တော် ကနေ တောတွင်း တစ်နေရာ ကို ထွက်ပြေး ခဲ့ကြတယ်။ မောင်ဖိုးဆက် ဟာ မျက်စိ မကောင်းတော့ တဲ့ မိခင် မဖုံး ကို ကျောမှာ ပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တော ထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ် မှာပဲ သီပေါမင်း ထံမှာ အမှုထမ်း ခဲ့ဖူးတဲ့ အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနို က ( Captain Paperno ) သူတို့ ကို ရှာတွေ့ ပြီး ကယ်တင် ခဲ့တယ်။ ပြီးတော့ သူတို့ ကို ဥပရော ကို ပို့ဖို့ စီစဉ် ခဲ့ပါတယ်။၁၈၈၆ ဇွန်လ ထဲမှာ မမိ ကွယ်လွန် ခဲ့တယ် လို့ ဆိုပါတယ်။ အသက်၂၃ နှစ် အရွယ် လောက် မှာ ဖြစ် ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီ မှာ တော့ သူတို့ကို လန်ဒန်မြို့ ပီကာ ဒလီ လမ်း ပေါ်က Egyptian Hall မှာ ပြန်လည် တွေ့မြင် ရပါတယ်။

၁၈၈၆ ခုနှစ် နွေ ရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက် တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာ မဖုံး အသက် က ၆၂ နှစ် လောက် ရှိနေပြီ ဖြစ်ပြီး မျက်စိ လည်း ကွယ် နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန် ကို လိုက်လာ ပါတယ်။ သူ့ အကြံ က အမေရိကား မှာ စီစဉ် တင်ဆက်နေ တဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံး တို့ သားအမိ နှစ်ယောက် ကို ပြသ ဖို့ပါပဲ။ဒါပေမယ့် သူ့ထက် အရင် လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေ လည်း အဲဒီကို ကြိုရောက် နေတာကို တွေ့ခဲ့ ရတယ်။ နောက်ဆုံး မှာတော့ ဘာနမ် ဟာ အခြား သူတွေပေး တဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစု ကို ၁နှစ် စာချုပ် နဲ့ သူ့ဆီမှာ ပြသ ဖို့ သဘော တူညီချက် ရရှိခဲ့ ပါတယ်။ မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ် နိုင်ငံ က နာမည် ကျော် Folies Bergere ကို လည်း ရောက်သွား ခဲ့ပါသေး တယ်။ အဲဒီနောက် သူတို့ ဟာ ဘာနမ် နဲ့ သဘော တူညီချက် အရ အမေရိကန် က ဘာနမ် ရဲ့ ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါ ဖျော်ဖြေ ခဲ့ကြတယ်။
စာချုပ် သက်တမ်း မကုန်ဆုံး မီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာ တော့ မဖုံး ဟာ အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မှာ ကွယ်လွန် ခဲ့တယ်။ ၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်း က သူမ အသက်က ၃၁နှစ် ဆို ခဲ့တော့ ကွယ်လွန် ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူ ရပါတယ်။သူ့ ဈာပနကို ဝါရှင်တန် ဒီစီ သင်္ချိုင်းမှာပဲ မြန်မာ ထုံးတမ်း စဉ်လာ အတိုင်း သဂြိုဟ် ခဲ့တယ် လို့ သိရပါတယ်။

မဖုံး ကွယ်လွန် သွား ပေမယ့် မောင် ဖိုးဆက် ဟာ သူ့ မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသ ခဲ့တယ် လို့ ယူဆရ ပါတယ်။ သူ့မိန်းမ ဟာ တချိန် က နန်းတွင်း အပျိုတော် တစ်ဦး ဖြစ်ပါ တယ်။ မောင်ဖိုးဆက် ဟာ တစ်ကိုယ် လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေ စပြီး ဒူးအထိ မင်ကြောင် အပြည့် ထိုးထား တယ် နူးညံ့ သိမ်မွေ့ပြီး ဉာဏ်ရည် လည်း မနိမ့်ကျ သလို ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူ ကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင် ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေ ခဲ့တဲ့ World's Columbian Dental Congress, Volume 1 မှာပါ။ အဲဒီ အထဲက ဆရာဝန် တစ်ယောက် ဟာ မောင်ဖိုးဆက် ကို ၁၈၉၁ မှာ တွေ့ဆုံ ခဲ့တယ် လို့ ဆိုပါတယ်။ သူ့ရဲ့ သွားတွေ ကို စစ်ဆေး ကြည့်ဖို့ ကြိုးစား ပေမယ့် ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ သူတို့ ရဲ့ သတင်းတွေ ပျောက်ကွယ် သွားခဲ့တယ်။

မိသားစုစာအုပ်

ကြာပါပြီ ... မသိသေးတဲ့ သူတွေ အတွက် တင်တာပါ ....

ပင်လယ် သမုဒ္ဒရာ အလား ထင်မှား လောက် တဲ့ ရေကူးကန်








ချီလီ နိုင်ငံ က ရေကူးကန် ကြီးတခု ဟာ ကမ္ဘာ့ အကြီးဆုံး နဲ့ အနက်ဆုံး ရေကူးကန် ကြီး အဖြစ် ဂင်းနစ် စံချိန် တင်ခဲ့ ပါတယ်။ ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည် ဆောက် ထား တဲ့ San Alfonso del Mar အမည်ရ ရေကူး ကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဒရာလား ထင်မှတ်မှား နိုင်ပါတယ်။ ရွက်လှေ တွေ၊ မော်တော် ဘုတ် တွေ စီးပြီး အနားယူ အပန်းဖြေ ဖို့ အတွက် တကယ့် ကို ပင်လယ် သမုဒ္ဒရာ လို ခံစား ရနိုင် ပါတယ် တဲ့။

ရေ ဂါလန် ပေါင်း ၆၆ သန်း ဖြည့်သွင်း ရတဲ့ ဒီ ရေကူး ကန်ကြီး ဟာ ပစ္ဆိဖိတ် သမုဒ္ဒရာ ထဲက ရေတွေ ကို သန့်စင် သွင်း ထုတ် ဖို့ ကွန်ပျူတာ စနစ်တွေ သုံးပြီး စီမံ ထားတာ ဖြစ်သလို ဒီ ရေကူး ကန်ကြီး ကို ၅ နှစ်တာ အချိန်ယူ တည်ဆောက် ခဲ့ပြီး ကုန်ကျ စာရိတ် ကတော့ အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံ တောင် ရှိခဲ့ပါတယ်။ ဧက ၂၀ ကျယ်ဝန်း တဲ့ ရေကူး ကန်ကြီး ဟာ အိုလံပစ် ရေကူးကန် ပေါင်း ၂၀ ပေါင်း လိုက်တာ နဲ့ ညီမျှပြီး အနက်ဆုံး နေရာ က ၁၁၅ ပေ ရှိပါတယ်။ တနှစ် ကို ထိမ်းသိမ်း ပြုပြင် စရိတ်က အမေရိကန် ဒေါ်လာ ၂.၇ သန်း လောက် ကုန် ပါတယ် တဲ့။ တကယ့် အံ့ဘွယ် ရေးကူး ကန်ကြီး တခု ဖြစ်ပါတယ်။




The Greenwich Diva

မဒေးကျွန်း ဆန္ဒပြမှုတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

Created on Friday, 27 September 2013


ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံ ရမှုအပေါ် မကျေနပ်သဖြင့် ဒေသခံများ ဆန္ဒပြနေကြစဉ်

မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်း CNPC ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ကျောက်ဖြူ တရားရုံးက စက်တင်ဘာ ၂၆ ရက်တွင် ထောင်ဒဏ် သုံးလစီ စီရင်ချက် ချခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုထွန်းကြည် အပါအ၀င် ခေါင်းဆောင် ၁၀ ဦးမှာ ယခုနှစ် ဧပြီ ၁၈ ရက်က China National Petroleum (CNPC) ကုမ္ပဏီအပေါ် သိမ်းဆည်းလယ်ယာ မြေများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လျော်ကြေးပေးရန်၊ မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ရေလုပ်သားများ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်ပေးရန် အစရှိသည့် တောင်းဆိုချက် ကိုးချက်ကို သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင် ၁၀ ဦးအား ကျောက်ဖြူမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ထောင်ဒဏ်သုံးလ ချမှတ်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းကို ဒေသခံ ၄၀၀ ခန့်က ကန့်ကွက်ခဲ့ကြပြီး ခေါင်းဆောင် ၁၀ ဦးအား ပြန်လွှတ်ပေးရေးနှင့် ပုဒ်မ ၁၈ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် အိမ်ခြံမြေဈေး သတ်မှတ်မှု လမ်းမတန်းများ ပေါက်ဈေးထက် များစွာနည်းပါး


  Created on Friday, 27 September 2013


ဗဟန်းမြို့နယ် အတွင်းရှိ လူနေတိုက်ခန်းများအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ် ထုတ်ပြန်ထားပြီး အဆိုပါ ဈေးများမှာ ကာလပေါက်ဈေးထက် များစွာနည်းပါး လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

ရန်ကုန်မြို့ Down Town ဧရိယာအတွင်း ရှိသော လမ်းမကြီးများ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကုန်သည်လမ်းတို့ ကဲ့သို့သော လမ်းမတန်းကြီးများမှာ ယခုအချိန်တွင် တစ်ပေပတ်လည်မှာ ကျပ် ၁၀ သိန်းနှင့်အထက် ပေါက်ဈေးရှိကြောင်း၊ သို့သော် ယခုသတ်မှတ်ချက်မှာ တစ်ပေပတ်လည် ကျပ် ၂၄၀၀၀၀ ဖြစ်နေ၍ ပေါက်ဈေးထက် များစွာကွာဟ နေကြောင်း သိရသည်။

ဒဂုံမြို့နယ် အတွင်းရှိ ပြည်လမ်းမပေါ် ဆိုလျှင် လက်ရှိအချိန်၌ ပေ ၈၀ ပတ်လည် နှင့် အထက်ကဲ့သို့ မြေကွက်ဆိုပါက တစ်ပေပတ်လည် ပေါက်ဈေးမှာ ကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ ရနိုင်ကြောင်း၊ လက်ရှိတွင်မူ ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ပေါက်ဈေးထက် နှစ်ဆမက လျော့နည်းနေကြောင်း သိရသည်။

ဗဟန်းမြို့နယ် အတွင်းရှိ ကမ္ဘာအေး ဘုရားလမ်းသည် လက်ရှိအချိန်တွင် တစ်ပေပတ်လည် ကျပ်ခြောက်သိန်းမှ ၁၀ သိန်း အထိ ပေါက်ဈေး ရှိသော်လည်း ယခုသတ်မှတ်ထားသည့် ဈေးမှာ တစ်ပေပတ်လည် ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားရာ ပေါက်ဈေးထက် များစွာလျော့နည်း လျက်ရှိကြောင်း၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်၊ ဆရာစံလမ်းတို့ ကဲ့သို့သော လမ်းများမှာလည်း တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက်အထိ ပေါက်ဈေးရှိသော်လည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ မရမ်းကုန်းမြို့နယ် ပြည်လမ်းဆိုလျှင်လည်း တစ်ပေပတ်လည် ကျပ် ၆ သိန်း ၀န်းကျင် ပေါက်ဈေး ရှိနေသည်ကို ယခုအခါ တစ်ပေပတ်လည် ၂၇၅၀၀၀ ကျပ်သာ သတ်မှတ်ထားရာ လမ်းမတန်းများရှိ ဈေးများသည် ပေါက်ဈေးထက် များစွာ နည်းပါးနေသည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံ ရရှိမှုတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ရောင်းဝယ်မှုမှ ကောက်ခံရရှိသည့် အခွန်နှုန်းမှာ ရရှိသင့်သည်ထက် အဆပေါင်းများစွာ လျော့နည်းလျက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခွန်ပေးဆောင် လာစေရန်အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ခေါ်ယူတွေ့ဆုံ...

စမ်းချောင်းမြို့နယ် ပြည်လမ်းဆိုလျှင် တစ်ပေပတ်လည် ကျပ်ရှစ်သိန်းအထိ ပေါက်ဈေးရှိသည်ကို ယခု တစ်ပေပတ်လည် ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားပြီး လှိုင်မြို့နယ် ပြည်လမ်းမရှိ မြေဈေးများကိုလည်း တစ်ပေပတ်လည် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်း ပေါက်ဈေးရှိသည်ကို ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားသည်။

လှိုင်မြို့နယ်အတွင်း ရန်ကုန်-အင်းစိန် လမ်းမဆိုလျှင် အကွက်အကွင်းကောင်းလျှင် တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက် ပေါက်ဈေး ရှိနေချိန်တွင် ယခု တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ တစ်ပေပတ်လည် ကျပ်သုံးသိန်း ၀န်းကျင် ပေါက်ဈေးရှိသည့် တောင်ဥက္ကလာပမြို့နယ် ပါရီလမ်းမကိုလည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၇၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ကွာဟချက်များ ဖြစ်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များမှ တွက်ချက် ပြောကြားခဲ့ကြသည်။

ထိုသို့ ကာလပေါက်ဈေးနှင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ၏ သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ကွာဟသည့် အတွက် အိမ်ခြံမြေ ရောင်းဝယ်မှုများအပေါ် ကောက်ခံသည့် အခွန်နှုန်းထား ရရှိမှုမှာလည်း ရရှိသင့်သည်ထက် များစွာလျော့ကျ သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ ရောင်းဝယ်မှုများ အတွက် ၀င်ငွေခွန် ရာခိုင်နှုန်း ၃၀ နှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံ ရရှိမှုတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ရောင်းဝယ်မှုမှ ကောက်ခံရရှိသည့် အခွန်နှုန်းမှာ ရရှိသင့်သည်ထက် အဆပေါင်းများစွာ လျော့နည်းလျက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခွန်ပေးဆောင် လာစေရန်အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ခေါ်ယူတွေ့ဆုံ ပြောကြားရသည်အထိ ရှိလာသည်။

လဟာပြင်ဈေး၊ သိမ်ဖြူယာဉ်မောင်းကွင်း၊ ဟံသာဝတီ ကားပွဲစားတန်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၄၂၅၀၀၀ အထိသုံးစွဲမည်၊ ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းက လဟာပြင်ဈေး စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၂၀၀၀၀၀ အထိ သုံးရန်စီစဉ်

 Created on Friday, 27 September 2013


လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ရန်ကုန်မြို့၏ အချက်အချာကျ နေရာများဖြစ်သည့် လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်နေရာ၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာနှင့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းများ အတွက် ကျပ် ၄၂၅ ဘီလျံ (ကျပ်သန်းပေါင်း ၄၂၅၀၀၀)အထိ သုံးစွဲရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့လယ်၊ လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို Shwe Taung Junction City Development Co.,Ltd မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ငွေကျပ် သန်းပေါင်း ၂၀၀၀၀၀ (၂၀၀ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီး ပတ်လမ်းရှိ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာကို Asia Myanmar Consortium Development Co.,Ltd က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၂၅၀၀၀ (ကျပ် ၁၂၅ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာတစ်ခုလုံးကို Crown Advanced Construction Co.,Ltd မှ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်း ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၀၀၀၀၀ (ကျပ်ဘီလျံ ၁၀၀) ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ အားလုံးကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး စီမံကိန်း ပြီးဆုံးချိန်အထိ အဆိုပါ ကုမ္ပဏီသုံးခုတည်းမှ မြှုပ်နှံရန် ခန့်မှန်းတွက်ချက်ထားသည့် ပမာဏမှာ ကျပ် သန်းပေါင်း ၄၂၅၀၀၀ အထိ ရှိနေသည်။

ကုမ္ပဏီ သုံးခုတည်းမှ မြှုပ်နှံမည့် ယင်းငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စည်းကြပ် နှစ်အတွက် ပြည်တွင်းအခွန် ဦးစီးဌာနမှ တစ်နှစ်လုံး ကောက်ခံရရှိသည့် ငွေပမာဏ၏ ငါးပုံတစ်ပုံနီးပါးအထိ ရှိသော ငွေပမာဏ ဖြစ်သည်။



ကုမ္ပဏီ သုံးခုတည်းမှ မြှုပ်နှံမည့် ယင်းငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စည်းကြပ် နှစ်အတွက် ပြည်တွင်းအခွန် ဦးစီးဌာနမှ တစ်နှစ်လုံး ကောက်ခံရရှိသည့် ငွေပမာဏ၏ ငါးပုံတစ်ပုံနီးပါးအထိ ရှိသော ငွေပမာဏ ဖြစ်သည်...




လဟာပြင်ဈေး နေရာတွင် ရွှေတောင်ကုမ္ပဏီမှ ၃၂ ထပ် အမြင့်ရှိ Hotel၊ ၂၈ ထပ်အမြင့်ရှိ Office နှင့် ၃၄ ထပ်အမြင့်ရှိ Residential Twin Tower နှစ်လုံးအပြင် Shopping Mall များပါ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ပထမဆင့်ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

အကျိုးအမြတ် အနေဖြင့် လဟာပြင်ဈေးနေရာ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် စည်ပင်မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားကြောင်း၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်းနေရာမှ စီမံကိန်းအတွက် စည်ပင်မှ ၅၂ ရာခိုင်နှုန်းနှင့် Crown Advanced မှ ၄၈ ရာခိုင်နှုန်း၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာမှ ကန်သာယာ Consortium Tower စီမံကိန်းအတွက် စည်ပင်မှ ၅၀ ရာခိုင်နှုန်းနှင့် Asia Myanmar Consortium Development မှ ၅၀ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားသည်ဟု သိရသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၏ အချက်အခြာကျ နေရာတွင်ရှိပြီး ရွှေတိဂုံဘုရား အနီးတွင် တည်ရှိသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းနယ်မြေ(၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှ မြေ ၈ ဒသမ ၈၄၄ ဧကအား ရွှေတောင်ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ကျပ်သန်းပေါင်း တစ်သိန်းကျော်အထိ မြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ထို့အတွက် ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းမှ စီမံကိန်းနှစ်ခု အပြီးသတ် ကာလအထိ ငွေကျပ်သန်းပေါင်း ၃၀၀၀၀၀ ကျော်ကို မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ရွှေတောင် ကုမ္ပဏီအပြင် အခြားသော ကုမ္ပဏီအချို့၏ ဟိုတယ်နှင့် စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်မည့် စီမံကိန်းများ အတွက် အသုံးပြုမည့် ငွေပမာဏမှာလည်း လွန်စွာများပြားသည့် အခြေအနေ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် ဘုတ်အဖွဲ့ တာဝန်ရှိသူများမှလည်း အခွန်ရှောင်တိမ်းမှုများကို ဥပဒေအရ အရေးယူမည်ဟု ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏများမှာ အခွန်ပေးဆောင်ပြီးသည့် ငွေများ ဟုတ်၊ မဟုတ် စိစစ်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည် ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း သုံးသပ်ထားသည်။

EMG

မြေယာနှင့် သဘာဝ သယံဇာတ ပိုင်ဆိုင်ရန် ယှဉ်ပြိုင်မှုများက ငြိမ်းချမ်းရေး ဖော်ဆောင်မှုအား အခက်အခဲ ဖြစ်စေသည်ဟု ကမ္ဘာ့ခေါင်းဆောင် ဟောင်းများအဖွဲ့ ပြောကြား

 Created on Friday, 27 September 2013

The Elders အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြေယာနှင့် သဘာဝ သယံဇာတ ပိုင်ဆိုင်ရန် ယှဉ်ပြိုင်မှုများ၏ ရင်းမြစ်ကို အဓိကထား ဖြေရှင်းပေးမှသာ မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားနိုင်မည်ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ခေါင်းဆောင် ဟောင်းများအဖွဲ့ (The Elders) အဖွဲ့ဝင်များက ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဖင်လန်နိုင်ငံ သမ္မဟောင်း Martti Ahtisaari က ''တင်းမာမှုတွေ ရပ်တန့်မှသာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာပါ။ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အစပါ၊ ပန်းတိုင် မဟုတ်ပါသေးဘူး။ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးကို ခံစားဖို့အတွက် ဒီပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းအရာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသလဲ ဆိုတာအပေါ် မူတည်ပါတယ်။ အထူးသဖြင့် မြေယာနဲ့ အခြားသဘာဝ သယံဇာတတွေ ပိုင်ဆိုင်ဖို့အတွက် ပြိုင်ဆိုင်မှုတွေပေါ့။ ပဋိပက္ခနှစ်ခုဟာ ထပ်တူမကျ နိုင်ပေမယ့် အ ခြေခံအရ ဆင်တူတဲ့ အချက်ရှိပါတယ်။ အတူတူ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အချင်းချင်းပုတ်ခတ် တိုက်ခိုက်မှုတွေကို စွန့်လွှတ်မှသာ ပဋိပက္ခတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်မှာပါ'' ဟု ပြောကြားခဲ့သည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာကလည်း ဆက်လက်၍ မြန်မာနိုင်ငံသည် ယခင်ကထက် ပိုမိုလွတ်လပ် လာသော်လည်း တိုင်းရင်းသား ပဋိပက္ခများအား ယခုထိတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများအား တိုင်းရင်းသားများကြား ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ခြင်းများ မရှိသေးကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးသာမက နိုင်ငံရေး ဆွေးနွေးမှုများ ဖော်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ခိုင်မာတည်တံ့စေရန် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပွဲများတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကဲ့သို့သော နိုင်ငံတကာ လေ့လာသူများအား ဖိတ်ခေါ်၍ အကြံဉာဏ်များ ရယူကာ အစိုးရ အဖွဲ့သာမက ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်ကပါ အသိအမှတ်ပြုသည့် ငြိမ်းချမ်းရေး စာချုပ်များ ပြုလုပ်သင့်သည်ဟု သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပိုမိုနက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်'' ဟု ၎င်းက အကြံပေးခဲ့သည်။

''ကျွန်တော်တို့အဖွဲ့ မြန်မာနိုင်ငံကို လာတဲ့အချိန်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့'' ဘယ်လို ဒီမိုကရေစီ ပုံစံမျိုးကို မျှော်မှန်းသလဲ'' ဆိုတဲ့ မေးခွန်းပါပဲ။ ကျွန်တော်တို့ သမ္မတ ဦးသိန်းစိန်နဲ့တကွ ထိပ်တန်းခေါင်းဆောင် တွေကို တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲမှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်။ အရေးကြီးတဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လောက်အထိ ဆက်ပြီးပြောင်းလဲမှာလဲ ဆိုတာက ပိုပြီးအရေးကြီးပါတယ်'' ဟု ဂျင်မီကာတာက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိစေရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များအား စောင့်ကြည့်ခွင့် ပေးသင့်ကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့အနေဖြင့် ရွေးကောက်ပွဲပေါင်း ၉၄ ခုအား စောင့်ကြည့် လေ့လာခဲ့သဖြင့် ၎င်းတို့မှ စောင့်ကြည့် ပေးနိုင်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့သည် ကမ္ဘာပေါ်ရှိ ထင်ရှားသည့် ခေါင်းဆောင်များအား စုစည်းထားပြီး ၎င်းတို့၏ သြဇာနှင့် အတွေ့အကြုံကို အသုံးချကာ ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေသော လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ ၎င်းအဖွဲ့ကို နယ်ဆင်မန်ဒဲလား က ၂၀၀၇ ခုနှစ်တွင် စုစည်းတည်ထောင် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ကိုယ်စားလှယ် အဖွဲ့အား အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ဦးဆောင် ခဲ့ခြင်းဖြစ်သည်။

EMG

မဒေးကျွန်း ဆန္ဒပြမှုတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

Created on Friday, 27 September 2013


ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံ ရမှုအပေါ် မကျေနပ်သဖြင့် ဒေသခံများ ဆန္ဒပြနေကြစဉ်

မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်း CNPC ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ကျောက်ဖြူ တရားရုံးက စက်တင်ဘာ ၂၆ ရက်တွင် ထောင်ဒဏ် သုံးလစီ စီရင်ချက် ချခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုထွန်းကြည် အပါအ၀င် ခေါင်းဆောင် ၁၀ ဦးမှာ ယခုနှစ် ဧပြီ ၁၈ ရက်က China National Petroleum (CNPC) ကုမ္ပဏီအပေါ် သိမ်းဆည်းလယ်ယာ မြေများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လျော်ကြေးပေးရန်၊ မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ရေလုပ်သားများ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်ပေးရန် အစရှိသည့် တောင်းဆိုချက် ကိုးချက်ကို သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင် ၁၀ ဦးအား ကျောက်ဖြူမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ထောင်ဒဏ်သုံးလ ချမှတ်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းကို ဒေသခံ ၄၀၀ ခန့်က ကန့်ကွက်ခဲ့ကြပြီး ခေါင်းဆောင် ၁၀ ဦးအား ပြန်လွှတ်ပေးရေးနှင့် ပုဒ်မ ၁၈ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

EMG

လိင်တူဆက်ဆံတဲ့ မိန်းမတွေက ယောက်ျားတွေထက် ပိုအတင့်ရဲကြောင်း လေဒီဂါဂါ ပြော


အမေရိကန်ပေါ့(ပ်) အဆိုတော် လေဒီဂါဂါ ဟာ လိင်ဆက်ဆံခဲ့တဲ့မိန်းမတွေနဲ့ တန်းတူစွမ်းအင်ရှိတယ်လို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ ချစ်နိုင်မှာ ဖြစ်ကြောင်း Watch What Happens Live ရုပ်သံအစီအစဉ်မှာ ၁၄-၉-၂၀၁၃ နေ့က ဖွင့်ပြောလိုက်ပါတယ်။ "လိင်တူ ဆက်ဆံတဲ့ မိန်းမတွေဟာ လိင်ကွဲ ဆက်ဆံတဲ့ ယောက်ျားတွေထက် ပိုပြီး အတင့်ရဲကြမှန်း ကျမသိရလို့ သူတို့ကို ပိုပြီးနှစ်သက်ပါတယ်။ ကျမ ချစ်ခဲ့ဖူးတဲ့ လိင်တူဆက်ဆံသူ မိန်းမတစ်ယောက်လောက် သန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ သူ့ကို ကျမချစ်နိုင်မှာပါ" လို့ ပြောပါတယ်။ ယခုအခါ ရုပ်ရှင်မင်းသား တေလာကင်နီနဲ့ ဂါဂါဟာ လိင်နဲ့ ပတ်သက်လို့ အဲဒီစကားပြောကြားတာဟာ တေးချစ်ပရိသတ်တွေ သွေးလန့်စေချင်လို့ မဟုတ်ပဲ မိန်းမတွေကို သူအမှန်တကယ် စိတ်ဝင်စားလို့ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါတယ်။


8 Day

Related Posts Plugin for WordPress, Blogger...