Friday, September 27, 2013

၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်းနှင့် သူတို့ ၏အမြင်များ



NLD ပါတီအနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊အသစ်ရေးဆွဲမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင်ပါတီအချို့နှင့် လက်နက်ကိုင်အဖွဲ့ အစည်းအချို့ မှကန့်ကွက်

မှုများ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ "ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြော င်းနှင့် ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း၊စက်တင်ဘာလ၂၄ရက်က ပြုလုပ်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏၂၅နှစ်မြောက်ငွေရတုအခမ်းအနားသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ရေးဆွဲရေးနှင့်ပတ်သတ်ပြီးနိုင်ငံရေးပါတီများကြား
အငြင်းပွားနိုင်စရာများ ဖြစ်ပေါ်နေကြောင်းသိရသည်။သမ္မတကြီး၏မတ်လ၁ရက်နေ့ 
ကပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင်တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုအများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီးမိမိတို့ရဲ့လိုလားချက်တွေရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ခြင်းကိုလည်းအားလုံးသိရှိပြီးဖြစ်ပါသည် ။ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နိုင်ငံရေးပါတီများနှင့်အဖွဲ့ အစည်းအသီးသီးမှလက်ခံကြသော်လည်းအသစ်ပြန်လည်ရေးဆွဲခြင်းမှာမူလွယ်ကူမည်မဟုတ်ပေ။

မြန်မာနိုင်ငံမှအထင်ကရလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သောကရင်အမျိုးသားအစည်းအရုံးKNUမှဗဟိုအလုပ်အမှုဆောင်ဦးမန်းငြိမ်းမောင်ကလည်းဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သတ်၍"ကျနော်တို့ ကပြန်လည်ပြီးတော့ ပြင်ဆင်ဖွဲ့ စည်းတာသာလျှင် နှစ်ဦးနှစ်ဖက်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရာလည်းရောက်တယ်။အဲ့တာအပြုသဘောလည်း

ဆောင်တယ်။တကယ်လို့ ၂၀၀၈ဖွဲ့ စည်းပုံဟာတိုင်းပြည်ရဲ့ အခြေအနေနဲ့ မအပ်စပ်ဘူးဆိုတာကျွန်တော်တို့ အသစ်ရေးဆွဲမယ်ဆိုရင်လက်ရှိအစိုးရကလဲလက်ခံနိုင်မှာမဟုတ်ဘူး။ တပ်မတော်ကလည်းလက်ခံနိုင်မှာမဟုတ်ဘူး။လက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ မဖြစ်နိုင်တဲ့ဟာတစ်ခုကိုအနိမ့် ဆုံးကနေအစပြုတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့ သည်။

ထို့ ပြင်KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ ဖြင့်ဖွဲ့ စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှလည်းဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ရပ်ထွက်ပေါ်လာရေးအတွက်ဥပဒေမူကြမ်းရေးဆွဲနေခြင်းကိုလည်းဦးမန်းငြိမ်းမောင်မှ

"ဒီ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာကကျနော်ပြောပြမယ်။ အစဉ်အဆက်အစိုးရကသူ့ မှာမာနတစ်ခွဲသားနဲ့ ရှိပြီးသားဗျ။အဲ့ဒီလိုဆိုတော့၂၀၀၈ဖွဲ့ စည်းပုံကဘယ်သူမှမကြိုက်ဘူး။ဒါအကုန်လုံးလက်ခံထားကြပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ၂၀၀၈ဖွဲ့ စည်းပုံကအားနည်းချက်တွေရှိတယ်။ကျနော်တို့ ပြင်ဆင်ရမယ်လို့ သူကလည်းလမ်းဖွင့်ထားတယ်"ဟုဦးမန်းငြိမ်းမောင်မှဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲမည့်အပေါ်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်ကာ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေးများဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍နိုင်ငံရေးလေ့လာသူကိုကျော်စွာမင်းမှ"အခုကပြင်မယ်၊အသစ်ဆွဲမယ်နဲ့ လုပ်နေကြတာဗျ။တကယ်တမ်းတော့အသစ်ဆွဲစရာတော့မလိုဘူးထင်တယ်။အရင်ဖွဲ့ စည်းပုံကိုလိုတာလေးတွေ ဖြည့်ပြီးအချို့ ပြင်ဆင်စရာရှိတာ ပြင်လိုက်ရင်အဆင်ပြေပါတယ်၊ဒါပေမယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်အမျိုးသားရေးကိုတော့ဦးစားပေးရမှာပေါ့"ဟု ပြောဆိုခဲ့ သည်။

အချို့ ကမူတပ်မတော်သားများလွှတ်တော်တွင်းရောက်နေသောကြောင့်လည်းကောင်း၊သမ္မတဖြစ်ခွင့်ဥပဒေနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက်အထိအခိုက်ဖြစ်မည်စိုးရိမ်သောကြောင့်လည်းကောင်း ပြင်ဆင်ခြင်း၊အသစ်ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ချင်နေကြသည်ဟုထင်မြင်ယူဆသူများလည်း ရှိနေကြသည်။

မည်သို့ပင်ဆိုစေ ခေါင်းထဲတွင် နိုင်ငံရေးအသိနည်းနည်းပါးပါးလောက်ရှိတယ်ဆိုရင်ပဲယနေ့အချိန်
အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲရေးဟာလိုအပ်လားမလိုအပ်ဘူးလားဆို
တာစဉ်းစားဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

တ-စ-ည-=ကတော့ ပြင်ချင်ရင် ပြင် သမ္မတ ဖြစ်ခွင့်ကို ပြင်ဖို့ မလိုဘူးလို့ဆိုတယ်။

KNU -= ကတော့ ပြင်ချင်ရင် ပြင် ၊ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆိုတာ ကို လက်မခံဘူးလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်-=ကတော့ ပြင်မှ ဒီမိုကရေစီ ပြည့်ဝမယ်ပြောတယ်။

ဦးအေးသာအောင်-=ကတော့အသစ်ရေးဆွဲတာဟာ၂၀၀၈နဲ့ ပြောင်းပြန်ကွာခြားမယ်လို့ပြောတယ်။

ဦးဌေးဦး -=ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ မလိုဘူးပြောတယ်။

ဦးဦးလှစော-=ကတော့သူတို့ လမ်းကြောင်းက ပြင်ရေးလမ်းကြောင်းဖြစ်တယ်။
အသစ်ပြန်ရေးတဲ့လမ်းကြောင်းမဟုတ်ဘူးလို့ ပြောတယ်။

အင်း...နောက်တော့လည်း....ဆူကြပူကြ ဆန္ဒတွေပြ...

မကြာမီ လာမည်မျှော်.....ဟုသာ ဆိုလိုက်ချင်ပါတော့သည်။
From: M Zaw

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...