Friday, December 6, 2013

● ငြိမ်းချမ်းရေး ကားပါမစ် ပြသနာ ရှင်းရှင်းလင်းလင်း သိချင်လိုသူတွေအတွက်●


[ငြိမ်းချမ်းရေးကားပါမစ်ကိစ္စကို အခြေအနေမှန်ကို ဗဟိုပြုပြီး အပြုသဘော ဝေဖန် ရေးသားထားတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ပါ-အချို့ကိုသာ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပြီး အကျယ်ဖတ်လိုပါက အောက်တွင် ဖော်ပြထားသော ကိုစည်သူအောင်မြင့်ဝေါလ်သို့ ဖတ်ရှုနိုင်ပါသည်။]

လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်ပိုင်းအတွက် ချပေးတဲ့ ကားလိုင်စင် အရည်အတွက် တစ်ချို့ကို အစိုးရက လုံးဝ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် အဲဒီ ပါမစ်တွေကိုင်ပြီး တန်ဘိုးအလွန်မြင့်တဲ့ ကားတွေကို လိုင်စင်ဝင်၊ ဈေးကွက်ထဲ ပြန်ရောက်တဲ့အခါ အမြင့်ကားတွေ ဈေး ဇောက်ထိုး ကျကုန်ပါတယ်။ ဒီအခါ တကယ့် အမြင့်ကားကြီးတွေ ဈေးကျအောင် အစိုးရကလုပ်တာဆိုပြီး ကိုယ်ကျိုးစီးပွား ထိခိုက်သွားသူတွေက မီဒီယာ သုံး ထိုးနှက်တာတွေတောင် ရှိလာပါတယ်။

● အရင်ကတည်းက ရှိခဲ့တယ်

တကယ်တော့ ငြိမ်းချမ်းရေးကား ဆိုတာ အရင်ခေတ်ကတည်းက ရှိခဲ့တာပါ။ ဖြစ်ပုံက ဒီလိုပါ။ ၁၉၉၀ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့အခါ စီးပွားရေး အခွင့်အလမ်း မျိုးစုံ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ တပ်ဖွဲ့ပိုင်ကားတွေကို မြို့တွေပေါ်မှာ တရားဝင် အသုံးပြုခွင့်ပေးဖို့ ဆိုတာလည်း ပါပါတယ်။

အချိန်တစ်ချို့မှာဆို ကားတစ်စီး သွင်းခွင့်ပေးလိုက်တာနဲ့ ကျပ်ငွေ သိန်းထောင်နဲ့ချီ လာဘ်ငွေရတဲ့ ကာလ မျိုးတောင် ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက် ပြည်တွင်းမှာ ကားအစီးရေ ပေါများလာမှာကို ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ခဲ့ပါဘူး။ ဒီအတွက် ငြိမ်းအဖွဲ့တွေကို သုံးစားလို့မရတဲ့ မာစဒါဂျစ် အစုတ်လေးတွေ တစ်စီးနှစ်စီးဆီ တရားဝင် ချပေးပါတယ်။ ဒီလောက်ပါပဲ။
ငြိမ်းအဖွဲ့တွေကလည်း နယ်စပ်မှာဝယ်ရင် ကျပ် သိန်း ၁၀၀ မပေးရတဲ့ ကားတွေကို ပြည်တွင်းမှာသုံးဖို့ ကျပ် သိန်းထောင်နဲ့ချီ မသုံးချင်ပါဘူး။ တစ်ချို့အဖွဲ့တွေ အဲလောက် ငွေမရှိပါဘူး။ ဒီအတွက် နောက်ပိုင်း ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ နားလည်မှုယူပြီး နယ်စပ်က သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကို ငြိမ်းအဖွဲ့ ထောက်ခံစာတွေနဲ့ အသုံးပြုပါတယ်။

အကျဉ်းချုပ်ပြောရရင် ထောက်လှမ်းရေးတွေကို နှိပ်ကွပ်ပြီးနောက်ပိုင်း အဲဒီကားတွေကို တရားမ၀င်ဘူး၊ အားလုံးလာအပ်ရမယ်၊ မအပ်ရင် ဖမ်းမယ် ဆီးမယ် ထောင်ချမယ်လုပ်လို့ ပြည်သူပေါင်း သောင်းနဲ့ချီ ကားအသိမ်းခံရ ဆုံးရှုံးခဲ့ကြရဖူးပါတယ်။ ငြိမ်းအဖွဲ့တွေကတော့ သူတို့ပိုင်ကားတွေ သူတို့နယ်ထဲ မောင်းယူသွားပြီး စစ်အစိုးရနဲ့ ဆက်ဆံရေး တင်းမာမှုလည်း အစပြုခဲ့ပါတယ်။

● နောက်တစ်ကြော့

နောက်ပိုင်း အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက နယ်ခြားစောင့်တပ် ပြောင်းတဲ့အဖွဲ့၊ ပြည်သူ့စစ်ပြောင်းတဲ့ အဖွဲ့တွေကို ဆုလာဘ် သဘော ကားပါမစ်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။

ကားဈေးကောင်းတဲ့ အဲဒီအချိန်က ခေါင်းဆောင်တစ်ချို့ဟာ လိုင်စင်ဝင်ပြီးကား ပြန်ရောင်းရုံနဲ့တင် ကျပ်ငွေ သိန်း ၁၀၀၀ လောက်ရတဲ့သူလည်း ရသွားကြပါတယ်။

● လက်ရှိ အခြေအနေ

အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၄ ဖွဲ့ ရှိနေပါတယ်။ အဲဒီ အဖွဲ့တွေဟာ အရင်လိုပဲ ငြိမ်းချမ်းရေးလုပ်ထားစဉ်ကာလ မြို့ထဲသွားလာဖို့ သူတို့ကားတွေ လိုင်စင်လုပ်ပေးပါလို့ တောင်းဆိုမှုတွေ ရှိတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတစ်ကြိမ်တော့ အစိုးရဘက်က လိုက်လျောခဲ့ပါတယ်။ အရင်တစ်ချိန်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သုံးသပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ထောက်ခံစာနဲ့ လိုင်စင်မဲ့ကားတွေ မြို့ပေါ်ရောက်မလာစေဖို့ ရည်ရွယ်ပုံရပါတယ်။

ဒီလိုနဲ့ တပ်ဖွဲ့ အကြီးအသေးအလိုက် တစ်ချို့အဖွဲ့ကို လိုင်စင် ၁၂၀၊ တစ်ချို့အဖွဲ့ကို ၈၀၊ တစ်ချို့အဖွဲ့ကို ၆၀ စသဖြင့် ချပေးခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ကား၊ ဘာကားမဆို လာပြီး မှတ်ပုံတင်ရင် တစ်ချို့ကားတွေ လုံးဝ အခွန်ကင်းလွတ်ခွင့်ရမယ်၊ တစ်ချို့ကားတွေကတော့ တစ်ပိုင်းတစ်စ အခွန်ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ နည်းနဲ့ပါ။ ပြောရရင် အရင်ခေတ်တုန်းကလို မြို့တွေပေါ်မှာ လိုင်စင်မဲ့ကားတွေ ရောက်မလာအောင် စည်းကမ်းတကျ လုပ်လိုက်တာဖြစ်ပါတယ်။ တစ်ဆက်တည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခက်အခဲ တစ်ခု ဖြေရှင်းပေးတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့အခြေအနေ တစ်ချို့ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့တပ်ဖွဲ့ကား သူတို့ လိုင်စင်လာဝင်ပေမယ့် တစ်ချို့ကျတော့ ပါမစ်ရောင်းစားတာ လုပ်ပါတယ်။ ဒါလည်း သဘာဝ ကျပါတယ်။ ပါမစ်ရောင်းစားပြီး ရလာတာကို တပ်ဖွဲ့ရံပုံငွေ လုပ်မယ်၊ အဲဒီထဲက ငွေတစ်ချို့သုံးပြီး သင့်တော်တဲ့ ကားပြန်ဝယ်သုံးမယ် ဒီလို လုပ်တာမျိုးတွေလည်း ရှိပါတယ်။ တပ်ဖွဲ့ရံပုံငွေ ဟုတ်မဟုတ်၊ ကိုယ်ကျိုးတွေ သုံးမသုံး တစ်ဖွဲ့ချင်းစီရဲ့ ပြသနာပဲ ဖြစ်ပါတယ်။

● ဈေးကွက်ဂယက်

ဒီအခါ တကယ့် အမြင့်ကားကြီးတွေ ဈေးကျအောင် အစိုးရကလုပ်တာဆိုပြီး ကိုယ်ကျိုးစီးပွား ထိခိုက်သွားသူတွေက မီဒီယာ သုံး ထိုးနှက်တာတွေတောင် ရှိလာပါတယ်။ အဓိက ကတော့ ဒီလို ကားဈေးတွေ ထိုးကျသွားတာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ လုပ်ရပ်လို့ ယူဆပြီး ငြိမ်းချမ်းရေး လုပ်ငန်း ထိခိုက်နိုင်သည်အထိ မမှန်မကန် အချက်အလက်တွေနဲ့ စွတ်စွဲ ဝေဖန်ပုတ်ခတ်ကြပါတော့တယ်။ (တကယ်တော့ လက်နက်ကိုင် အဖွဲ့တွေကို ကားလိုင်စင် လုပ်ပေးတာ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ပါ)။ တကယ်တော့ ဒါကလည်း မဆန်းပါဘူး။ အရင် တစ်ချိန်တုန်းကလည်း ကားဈေးတွေကျအောင် လုပ်တယ်ဆိုပြီး ကားဝယ်ရောင်းသမားတစ်ချို့နဲ့ မီဒီယာတွေ ပေါင်းပြီး ပြည်သူတွေ မျက်နှာမကြည့်ပဲ အစိုးရကို ဆူပွက်ခဲ့ကြပါသေးတယ်။

● 9F /----- ပြဿနာ

သူတို့ တပ်ဖွဲ့နာမည် ခုတုန်းလုပ်ပြီး ကားဘယ်လောက် ရောင်းပြီးပြီ၊ ထောက်ခံစာ ဘယ်လောက် ထုတ်ပေးထားပြီးပြီး မသိနိုင်ဘူး ဆိုပြီး ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတွေက ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရပါတယ်။ အဲဒါဟာ 9F /----- နံပါတ်တပ် ကားတွေရဲ့ ပြဿနာပါ။

● နောက်ဆုံးတော့ ကားတင်သွင်းခွင့်ပေါ်လစီ

ပြဿနာကို အရင်းစစ်လိုက်ရင် အစိုးရကနေ လက်နက်ကိုင်တိုင်းရင်းသားတွေ အတွက် ကား လိုင်စင်တွေ လုပ်ပေးတာ မှန်ကန်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ရံပုံငွေအတွက် ပါမစ်ရောင်းစားပြီး ကားချင်းဖလှယ်တာမျိုးလည်း မမှားပါဘူး။ မှားနေတာက အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ကောင်းကောင်းမချမှတ်နိုင်သေးတာပါ။

ပြည်တွင်းမှာ ကားဈေးတွေ အလွန်ကြီးနေပါသေးတယ်။ ရန်ကုန်မှာ ကားတွေကြပ်နေတဲ့ ပြသနာ ဖြေရှင်းမပေးနိုင်သလို၊ နယ်တွေမှာကျတော့ ပြည်သူတွေ စီးဖို့၊ သုံးဖို့ ကားမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းရင် ဈေးမြင့်လွန်းပြီး မ၀ယ်နိုင်လို့ပါ။ ဒါကြောင့် နိုင်ငံအတွက် သင့်တော်မယ့် ကားတင်သွင်းခွင့် ပေါ်လစီ လိုအပ်နေပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ပါမစ်တွေကိုတော့ အကုန်ရောင်းစား၊ ကိုယ်ကိုယ်တိုင်ကတော့ သေနတ်တွေကိုင်ပြီး လိုင်စင်မဲ့ကားသုံးမယ် ဆိုတဲ့ ခေတ်မျိုး ချန်ထားခဲ့ဖို့ လိုပါပြီ။ ပြည်သူတွေကို ဒုက္ခရောက်စေမယ့် လိုင်စင်မဲ့ကားတွေကို ထောက်ခံစာ ရေးပေးတဲ့ အပြုအမူတွေကိုလည်း ရပ်ဆိုင်းဖို့ ကောင်းပါပြီ။

အမြင့်ကားဈေးတွေ ကျတာနဲ့တင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ထိခိုက်လောက်အောင် စွတ်စွဲပုတ်ခတ်မှုတွေ လုပ်နေသူတွေလည်း ရပ်တန်းက ရပ်သင့်ပါပြီ။

လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြသနာ အဖြေရှာရာမှာ အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပေါ်လစီတွေနဲ့ အများကြီး ဆက်စပ်နေတယ်ဆိုတာ ခုပြသနာက မီးမောင်းထိုးပြနေပါတယ်။ ဒီအတွက် အစိုးရအနေနဲ့ တိုင်းပြည်ကို ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပေါ်လစီတွေချမှတ် အကောင်အထည် ဖော်ခြင်းဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း။

စည်သူအောင်မြင့်၊ မြန်မာတိုင်းမ် ဂျာနယ်

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဟက်ကာ (၅)ဦး



Adenna Cooke

ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မော်ဒယ် ဖြစ်ပြီး ကွန်ပြူတာ ဟက်ကာ တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတယ်။ အိပ်ယာပေါ်မှာ သူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို တစ်ညအတွင်း ဟက်နိုင်ခဲ့ ပါတယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုဒ်တစ်ခုကိုလည်း သက်ဆိုင်ရာက အရေးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။

Anna Chapman

ရုရှား စပိုင်လို့ လူသိများပြီး အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ မှာနေထိုင်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ သူမနဲ့ အတူ အပေါင်းပါ ၉ ဦးကို ရုရှားအတွက် သူလျှို လုပ် သတင်းအချက်အလက် ခိုးယူမှုနဲ့ FBI တို့ ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲ့နောက်ပိုင်း သူမရဲ့ အလှဓာတ်ပုံတွေ၊ ဂုဏ်သတင်း ပြန့်နှံ့ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ဟက်ကာ Edward Snowden ကို လက်လက်လိုကြောင်း တရားဝင် ပြောဆိုပြီးနောက် မီဒီယာနဲ့ ကမ္ဘာက အာရုံစိုက်လာတဲ့ Celebrity တစ်ဦး ဖြစ်လာ ပါတယ်။

Kistina Svechinskya

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံများက ဘဏ်တွေကို ဖောက်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ အကောင့်အတု၊ လျှို့ ဝှက် ကုဒ် အတုနဲ့ ဝင်ရောက်ပြီး စုစုပေါင်း ငွေထုတ်ခဲ့တာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ပါတယ်။ ဘဏ်ပေါင်း ထောင်ချီကို ဟက်ပြီး ရခဲ့တဲ့ငွေ ဖြစ်ပါတယ်။ ယခုတော့ သူမဟာ အမေရိကန်မှာ အဖမ်းဆီး ခံထားရပါတယ်။

Joanna Rutkowska

ပိုလန်နိုင်ငံက Ethical Hacker တစ်ဦး ဖြစ်ပြီး Low level security and stealth malware တီထွင်ဖန်တီးနိုင်မှု နဲ့ လူသိများ အောင်မြင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့  Windows Vista System က လုံခြုံရေး နည်းပညာများကို ဖောက်နိုင်ခဲ့ပြီး ကမ္ဘာက အံ့သြလေးစားတဲ့ ဟက်ကာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုတော့ သူမဟာ ပိုလန်မှာပဲ ကိုယ်ပိုင် အိုင်တီ လုံခြုံရေး ဝန်ဆောင်မှု ကုမ္မဏီ တည်ထောင်ပြီး အောင်မြင်နေကြောင်း သိရ ပါတယ်။

Ying Cracker

တရုတ်မလေး Ying က ဟက်ကာ အခြေခံ ပညာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အထင်မသေးလိုက်ပါနဲ့။ ကမ္ဘာမှာ သူ Crack လို့မရတဲ့ ဆော့ဖ်ဝဲ မရှိဘူးလို့ ပြောစမတ် ပြုကြ ပါတယ်။ ဒါကြောင့်ပဲ သူ့နာမည် နောက်ဆုံးမှာ Cracker ဆိုတာလေး ပါဝင်လာခြင်း ဖြစ် ပါတယ်။ ဆော့ဖ်ဝဲ Crack တဲ့ ပညာနဲ့ အသက်မွေးပြီး ငွေလျှံ၊ ရုပ်လှတဲ့ တရုတ်ဟက်ကာမလေး ဖြစ်ပါတယ်။


ကဲ. စာဖတ်သူတို့ အကြိုက်ဆုံးက ဘယ်တစ်ယောက်လဲ
.
Ref: nuts
အောင်ခမ်း ( smart.com.mm )

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး



မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။

အ၀တ်စားအသစ်များကို ရေမလျှော်ဘဲ လုံးဝ လုံးဝ မ၀တ်နဲ့နော်



6.12.2013

ခုဆိုရင် အထည်ချုပ်တွေတော်တော်များများက တရုတ်ပြည်ဘက်မှာ တော်တော်များများ ရပ်တည်လာကြတာပါတယ်။
ရှန်ဟိုင်းက အမျိုးသမီးငယ်တစ်ဦး ဖက်ရှင်ဆိုင်တစ်ခုမှ ဂျင်းဘောင်းဘီ ၀ယ်လာပြီး ရေမလျှော်ဘဲ ၀တ်ဆင်မိတဲ့အတွက် ၄င်းဂျင်းဘောင်းဘီ ဆိုးဆေးကြောင့်ဖြစ်လာတဲ့ ဓါတ်သဘာဝနဲ့ မတည့်တဲ့အတွက် အလာဂျီလ်တွေ ထလာပြီး အ၀တ်မကပ်နိုင်အောင် ဖြစ်ပြီး ဆေးရုံတောင်တက်ယူလိုက်ရပါတယ်။
ဘာပဲပြောပြော သူ့အရေပြားဟာ Sensitive ဖြစ်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မနုဿ အားလုံးကိုပြောချင်တာက ဘယ်အ၀တ်စားမဆို အထည်ချုပ်ကနေ ထုတ်လိုက်တာနဲ့ တန်းရောင်းလိုက်ရတာမရှိပါဘူး ။ အထည်ချုပ်တော်တော်များများက လည်း ဘောင်းဘီ ၊ အကျီ င်္ ချုပ်ပြီးတာနဲ့ ပြန်လည်ရေလျှော်ကြတာမဟုတ်ပါဘူး။ တန်းပြီး ဈေးကွက်မှာ ချရောင်းလိုက်တာပါပဲ။ ဈေးကွက်ရောက်လာတဲ့ အထည်တွေကလည်း ၀ယ်သူလက်ထဲကို တန်းရောက်တာမဟုတ်ဘဲ အချိန်အတော်ကြာထိ ချိတ်ဆွဲပြသ ထားတာမျိုးလည်းရှိတဲ့အတွက် ဖုန့်မှုန့်တွေ ပိုးမွှားတွေအလွယ်တကူကပ်ညှိနိုင်ပါတယ်။
နောက်ပြီး အ၀တ်ထည်တွေကို မ၀ယ်ဖြစ်ဘဲ စမ်းကြည့်တဲ့သူတွေလည်း ဒီအထည်မထွက်ခင်ချိန်ထိ အမြောက်အမြားရှိနိုင်ပြီး သူ့မှာလည်း အရေပြားရောဂါ မရှိဘူးဆိုတာလည်း ဘယ်သူမှ အသေချာမသိကြပါဘူး။
ဒါကြောင့် မနုဿ အဓိကပေးချင်တဲ့ အသိပညာလေးကတော့ အ၀တ်အစားတွေ ဆိုင်က၀ယ်ပြီးတာနဲ့ တန်းဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့ ။အိမ်ရောက်ပြီး လျှော်ဖွတ် မီးပူထိုးပြီးမှ ၀တ်တာ အကောင်းဆုံးပေါ့။ အထူးသဖြင့် ကလေးအ၀တ်အစားတွေရော ကျားဝတ် မ၀တ် အတွင်းခံတွေက ပို ဂရုတစိုက်ရှိရပါမယ်။
သိသွားသူတွေလည်း မသိသေးတဲ့သူတွေကို လက်ဆင့်ကမ်းဝေမျှရင်း ကျန်းမာရေး အသိတွေ တိုးပွားလာအောင် လုပ်ပေးလိုက်ကြစို့နော်။

( မှတ်ချက်။ ။ ယခုရေးသားလိုက်သော ပို့စ်သည် ကျန်းမာရေးအသိပညာပေးရန်သက်သက်ဖြစ်ပြီး မည်သည့် စီးပွားရေးလုပ်ငန်းကိုမှ ထိခိုက်စေလိုသော ဆန္ဒ အလျဉ်းမရှိပါ။ )

ချစ်တဲ့ . . . မနုဿ

အသက် ၈ နှစ်ရှိ ယီမင်နိုင်ငံသူကလေးတစ်ဦး အသက် ၄၀ ရှိ အမျိုးသားနှင့်လက်ထပ်ပြီး မင်္ဂလာဦးညတွင်သေဆုံး



ယီမင်နိုင်ငံ၌ အသက် ၈ နှစ်ရှိ သတိုးသမီးတစ်ဦးသည် မင်္ဂလာဦးညတွင် လိင်ဆက်ဆံမှုကြောင့် အတွင်းဒဏ်ရာရရှိသွားပြီးနောက် သေဆုံးသွားသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၎င်းအမျိုးသမီးငယ်၏ လင်ယောက်ျားကို ဖမ်းဆီးပေးဖို့တောင်းဆိုလိုက်ပြီး၊ ၎င်းအမျိုးသားသည် သူ့ဘဝတွင် ငါးကြိမ်မြာက်ကျူးလွန်မှုလည်းဖြစ်သည်။


၎င်းသေဆုံးမှုဟာ ဆိုဒီအာရေဗီယား(Saudi Arabia) နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသော ယီမင် (Yemen) နိုင်ငံ၏ အနောက်မြောက်ဒေသရှိ လူမျိုးစုများနေထိုင်သော ဟာ့ဒ် (Hardh) ဒေသတွင်
ဖြစ်ပွားခဲ့ကြောင်း လစ်ဗနွင် (Lebanon) နိုင်ငံမှ အာနဟာ (Al Nahar) က ပို့ပေးထားသည်။ ဒီဖြစ်စဉ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင် (အမျိုးသမီး)ကလေးငယ်များအား အတင်းအဓမ္မလက်ထပ်
ထိမ်းမြားမှုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထုတ်ပြန်ထားပြီးသော ထုတ်ပြန်ချက်အပေါ် ပိုမိုအာရုံစိုက်လာစေသည်။



[United Nations Population Fund (UNFPA)]ကမ္ဘာ့ကုလသမဂ္ဂလူဦးရေ(တိုးပွားမှု)ဆိုင်ရာ ရံပုံငွေအဖွဲ့၏အစီအရင်ခံချက်အရ၊
“၂၀၁၁ ခုနှစ်မှ ၂၀၂၀ အတွင်း အမျိုးသမီးငယ် သန်း ၁၄၀ ကျော်တို့ဟာ ကလေးသတိုး သမီးများဖြစ်လာကြလိမ့်မည်။ ၎င်းအပြင် သန်ပေါင်း ၁၄၀ သောအမျိုးသမီးကလေးငယ်များဟာ
အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်ကြမှာဖြစ်ပြီး၊ သန်း ၅၀ သောအမျိုးသမီးကလေးတို့သည်ကား အသက် ၁၅ နှစ်မပြည့်ပဲလက်ထပ်ထိမ်းမြားသူများဖြစ်ကြလိမ့်မည်။”

၎င်းအစီအရင်ခံချက်အရ လေးပုံတစ်ပုံသော ငယ်ရွယ်သောယီမင်နိုင်ငံသူများဟာ အသက် ၁၅ နှစ်အပြည့်မီ လက်ထပ်ကြကြောင်းထင်ရှားသည်။ သူတို့သည် ကျန်းမာရေးနှင့် ပညာရေးခံစားခွင့်တို့ကို
ဆုံးရှုံးကြရသည်သာမက၊ သူတို့၏ အတင်းအဓမ္မထိမ်းမြားလက်ထပ်မှုအပေါ်တွင် များသေားအားဖြင့် စိတ်ပိုင်းဆိုင်ရာ နှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အနိုင်ကျင့်စော်ကားခံရမှုနှင့်ရင်ဆိုင်ကြရသည်။



ကမ္ဘာအနှံသဘောတူလက္ခံထားသော “ကလေး” ဟူသောဖွင့်ဆိုချက်ဟာ လက်ရှိအခြေအနေတွင် တသမတ်တည်းမရှိဘူးလို့ အဓိကထုတ်ပြန်ချက်ထဲမှ တစ်ခုတွင်ဖော်ပြသည်။ ဒါဟာနိုင်ငံတွေအတွင်းမှာ
မတူကွဲပြားသော ရှင်းလင်းချက်ကို မသိကျိုးကျွံပြုသလိုဖြစ်နေပြီး၊ (အနှိပ်စက်ခံ၊ အဓမ္မပြုကျင့်ခံ၊ အဓမ္မထိမ်းမြားလက်ထပ်ရန် တွန်းအားပေးခံ) ထိခိုက်ခံရသောသူများအတွက် မပြောပလောက်သော
အကာအကွယ်ပေးမှုသာရှိသည်။



အသက်အကန့်အသတ်ထားရှိမှုကိုထူထောင်ခြင်းက HRC ကဲ့သို့သောအဖွဲ့တို့၏ အဓိကဦးစားပေးမှုကြားတွင်ရှိသည်။ ၎င်းသည် စာမျက်နှာ ၅၄ မျက်နှာရှိ “သင်ဟာ ငယ်ရွယ်တဲ့မိန်းကလေးတို့ကို ဘယ်လို
လုပ်ပြီး လက်ထပ်ဖို့ရန် ခွင့်ပြုလာသလဲ” (How Come You Allow Little Girls to Get Married?) ဟူသော အစီအရင်ခံထုတ်ပြန်ချက်တစ်ခုကိုထပြန်ထားသည်။ ၎င်းအစီအရင်ခံထုတ်ပြန်ချက်တွင်
အသက်ငယ်ရွယ်စဉ်တွင် ထိမ်းမြားလက်ထပ်ရန် အတင်းအဓမ္မဖိအားပေးစေခိုင်းခံရသော အမျိုးသမီးငယ်တို့၏ဘဝတစ်သက်တာ ထိခိုက်ပျက်စီးခံရမှုကို အထောက်အထားနှင့်တကွဖော်ပြထားသည်။ သို့သော် ထိမ်းမြားခွင့်အသက်အရွယ်ကန့်သတ်မှုကို ဆန့်ကျင်သော အဖွဲ့အစည်းအများစုတို့သည်ကား အသက် ၁၈ နှစ်အရွယ်ဟာ တရားဝင်ထိမ်းမြားလက်ထပ်သင့်သောအရွယ်ဖြစ်ကြောင်း
သဘောတူလက်ခံထားကြသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ယီမင်နိုင်ငံ၌ အနည်းဆုံး အသက် ၁၇ နှစ်အရွယ်တွင် ထိမ်းမြားလက်နိုင်သော ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့သည်။
စိတ်မကောင်းစရာတစ်ခုကတော့ ရှေးရိုးစွဲဝါဒီ ဥပဒေပြဌာန်းသူအများစုတို့က ၎င်းကို အစ္စလာမ်ဘာသာနှင့်ဖီလာဆန့်ကျင်သည်ဟုပြောပြီးနောက် ၎င်းဥပဒေအားဖျက်သိမ်းခဲ့သည်။


ဒုံချေ (ကျောက်ဖြူ)


ReF: http://www.albawaba.com

အလုပ်မှာ ပျော်စေရန် နည်းလမ်း


ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

3. Identify the impact you want to have on the world

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။

5. Try, and try again

ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း ( work.com.mm )

ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ဆေးရုံတက်



ကျန်းမာရေးဒေါင်ဒေါင်မည်ဟု မိသားစုဆရာဝန်မှ ဝါဒဖြန့်ထားသော်လည်း ဒေါ်အောင် ဆန်းစုကြည်သည် အာရှတော်ဝင် အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ရက် တွင် အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှ ထောက်ပံ့သော အားဆေးပေါင်းစုံ၊ အသားအရေလှပစေးအပါအဝင် ခေတ်မှီ တန်ဖိုးကြီးဆေးဝါးပေါင်းစုံ သုံးစွဲနေသော်လည်း အခြေအနေမကောင်းသဖြင့် ဆေးရုံသို့ သွားရခြင်းဖြစ်ကြောင်း NLD သတင်းရပ်ကွက်မှ သိရသည်။

NLD ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတော့ ထုံးစံအတိုင်း အမှန်တရားကို ဖုံးကွယ်ကာ ကျန်းမာရေး မကောင်းလို့ လုပ်တာမဟုတ်ပါဘူးဟု အခုလိုပြောကြားခဲ့သည်။ ''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်း လို့ လုပ်ရတာ မျိုး မဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ'' ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။

အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျမှ ပြန်လာပြီးနောက်ပိုင်း မည်သူ့ကိုမျှ အတွေ့မခံကြောင်းနှင့် မနေ့က အရေးပေါ် ဆေးရုံပို့လိုက်ရကြောင်းပြောသည်။

ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးကလည်း သာမန်ဆေးစစ်မှုကို အရင်က ပုံမှန်မလုပ်ပဲ အခုမှ ရုတ်တရက် သွားလုပ်တာက သံသယ ဖြစ်စရာရှိတယ်ဟု ဆိုသည်။ လက်တလောမှာ ရန်ကုန်မြို့မှ NLD ပါတီဝင်အများအပြားက ဒေါ်စုအိမ်ရှေ့တွင် စုရုံးကာ နောက်ဆုံးကြိမ် တွေ့ခွင့်တောင်းနေကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဥရောပခရီးစဉ်တစ်ခုတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မူးဝေအော့အန်ခဲ့သဖြင့် ရှင်းလင်းပွဲကို ဖြတ်သိမ်းခဲ့ရသည်။ တနင်္သာရီတိုင်းတွင်း မဲဆွယ်ပွဲခရီးသွားစဉ်ကလည်း ကျန်းမာရေး ဖောက်ပြန်သဖြင့် ရန်ကုန်သို့ အရေးပေါ် ပြန်ခဲ့ရသည်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက် နိုဘယ်ဆုရှင် မန်ဒရဲလား မှာ မနေ့က သေဆုံးခဲ့သည်။
Credit>>Myanmar Express

ဒီမိုကရေစီသို့လား….ရာဇ၀တ်မှုသို့လား



December 6, 2013

မြန်မာဒီမိုကရေစီသက်တမ်းသည်၃နှစ်လွန်မြောက်ခဲ့ပြီဆိုသော်လည်း ကျော်လွှားဖြတ်သန်း ခဲ့ရသည့် အခြေအနေ၊ပြုပြင်ပြောင်းလဲခဲ့ရသည့်ကာလအရ မီးတွင်းမှထွက်ခါစ သွေးနုသားနုအခြေနေဟု ဆိုရပေမည်။

ဤသို့သော အခြေနေအတွင်း မထိတ်သာ၊မလန့်သာ ဖြစ်ရပ်များဖြင့်ကြုံခဲ့ရပြီး ခန္ဓာကိုယ်တွင်း ပဋိဇီဝဖြစ်စဉ် ပြုပြင်ပြောင်းလဲမှုမျိုးနှင့် တိုးခဲ့ရသည်။

ဒီမိုကရေစီဆိုသောစကားလုံးကို လိုရာသုံးကာ တစ်ချို့သော မီဒီယာများမှလည်းကောင်း၊ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှလည်းကောင်း၊တိုင်းရင်းသား အရေခြုံ အဖွဲ့စည်းများကလည်းကောင်း ၊ဗိုလ်ချုပ် ပြောစကားအရ လမ်းပေါ်ဆေးရိုးတက်လှမ်းကြသော မသိဆိုးဝါး လူတစ်စုကလည်းကောင်း၊ ဆန္ဒပြမှ ၀မ်းခါးလှသော ပုဂ္ဂိုလ်မြတ်အပေါင်းကလည်းကောင်းကသောင်းကနင်းအခြေနေမျိုးကို ဇွတ်တိုးဖန်တီးနေသည်ကိုလည်း တွေ့နေရပါ၏။

မိမိအမှန်တကယ် မပိုင်ဆိုင်သော မြေယာများပေါ်တွင် ကျူးကျော်ဝင်ရောက်၍ မိမိတို့ မတရားပြုခံရသယောင် လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ မည်ပါ၏လော။

လွတ်လပ်စွာရေးသားထုတ်ဝေခွင့်၊လွတ်လပ်စွာပြောဆိုစည်းရုံးခွင့် ခေါင်းစဉ်တပ်ကာ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ခြင်း၊အသေရေဖျက်ခြင်း၊သိက္ခာချခြင်းများသည် ဒီမိုကရေစီ မည်ပါ၏လော။

သူတစ်ပါးစိတ်ကသိကအောက်ဖြစ်စေရန်အတင်းအကြပ်စည်းရုံးခြင်း
၊ထောက်ခံပါသည်ဟု ဇွတ်လက်မှတ်ရေးထိုးခိုင်းခြင်း၊အတင်းအဓမ္မ ဆန္ဒကောက်ခံနေခြင်းများသည်ဒီမိုကရေစီ မည်ပါ၏လော။

ဒီမိုကရေစီဆိုသည်မှာ အခြေခံသဘောအားဖြင့်မိမိလွတ်လပ်မှုကြောင့်၊မိမိနေထိုင်ပြုမူပြောဆိုမှုကြောင့် သူတစ်ပါး စိတ်ကသိကအောက်မဖြစ်စေဘဲ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာမှု မရှိစေသော၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေမှုမရှိစေသော ၀ိုင်းဝန်းစောင့်ထိန်းမှုတစ်ရပ်ဖြစ်ပြီး နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့် လွတ်လပ်ခွင့်များကို သိမ်မွေ့ညင်သာစွာ ဖော်ထုတ်ပြုမူဆောင်ရွက်ရမည့် လမ်းစဉ်တစ်ရပ်ပင်ဖြစ်ပါသည်။

သို့ရာတွင် တစ်ချို့ တစ်ချို့သော လူပုဂ္ဂိုလ်အဖွဲ့စည်းများ၏ ငါပြောတာအဟုတ်၊ ငါလုပ်တာအမှန်ဟူသော ဖီလာဆန့်ကျင်မှုများက သွေးနုသားနုဒီမိုကရေစီအပေါ် များစွာဂယက်ရိုက်ခတ်နိုင်သည်ကို သတိပြုမိကြဖို့ကောင်းပေသည်။

ဒီမိုကရေစီကို အမှန်လိုလားသည်ဆိုပါက မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေကြသော အပြုအမူ၊အပြောအဆိုများသည် ဒီမိုကရေစီသို့ ဦးတည်နေသည်လား၊ရာဇ၀တ်မှုများသို့ ဦးတည်နေသည်လား ပြန်လည်စဉ်းစားဖို့ အမှန်ပင်ကောင်းနေပါကြောင်း။


Aung Zay
Credit>>နိုင်ငံရေး စာဖတ်ခန်း


Dell မှ ထုတ်လုပ်လိုက်တဲ့ ရုပ်ထွက်အမြင့်မားဆုံး 4K(Ultra HD) မော်နီတာ




ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး Dell ကတော့ ၃၂ လက်မ၊ ၂၄လက်မ 4K (Ultra HD) ရုပ်ထွက်အမြင့်စား မော်နီတာတွေကို မိတ်ဆက်ပြသ လိုက်ပါတယ်။
4K ဆိုတာက လက်ရှိမှာ ရုပ်ထွက်အမြင့်မားဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။ ရုပ်ပုံတွေကို HD (High Definition) စနစ်နဲ့ တိုးတက်လာပြီးတဲ့နောက် Full HD, Ultra HD စသဖြင့် ပိုမိုအဆင့်မြင့်ကာ ကြည်လင်ပြတ်သားတဲ့ နည်းပညာတွေလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာခဲ့ပါတယ်။

Dell မှ ယခုထုတ်လုပ်ပြသ လိုက်တဲ့ မော်နီတာတွေဟာ Resolution 3840×2160 Pixels ဖြစ်ပြီးတော့ ၃၁.၅ လက်မ၊ ၂၄ လက်မ မော်ဒယ်နှစ်မျိုး ဖြစ်ပါတယ်။ ဈေးတွေကတော့ မသေးလှပါဘူး။ ၃၁.၅ လက်မ 4K မော်နီတာ တစ်လုံးကို ဒေါ်လာ ၃၅၀၀ ဖြစ်ပြီး ၂၄ လက်မ 4K မော်နီတာ တစ်လုံးကိုတော့ ဒေါ်လာ ၁၄၀၀ နဲ့ ဈေးနှုန်းသတ်မှတ် ထားပါတယ်။

ဒေါ်လာ ၃၅၀၀ တန် ၃၁.၅ လက်မ 4K မော်နီတာမှာ ဆိုရင် Adjust လုပ်လို့ရတဲ့ Stand လေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် HDMI Port, mini-Display Port, USB 3.0 Port လေးခုနဲ့ Multifunction Card Reader တွေကိုလည်း ထည့်သွင်း ပေးထားတာပါ။ မော်နီတာ နှစ်မျိုးလုံးအတွက် Dell မှ Warranty ၃ နှစ် ပေးထားပြီး မော်နီတာမှာ ထည့်သွင်းဖန်တီးထားတဲ့ Pixel တွေထဲက Pixel တစ်ခုခု ချွတ်ချော်သွားရင်တောင် ကုမ္ပဏီအနေနဲ့ အစားထိုး ပြန်လည်လဲလှယ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိ 4K မော်နီတာတွေဟာ အရည်အသွေးလည်း ကောင်းသလောက် ဈေးကြီးပေမယ့် မကြာခင်မှာ Dell အနေနဲ့ ဈေးနှုန်းပိုမိုသက်သာတဲ့ Display တွေကို ဆက်လက်ထုတ်လုပ် သွားဖို့ အစီအစဉ်ရှိပါတယ်။ ယခုဖော်ပြခဲ့တဲ့ 4K မော်နီတာတွေကိုတော့ www.dell.com မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

Ref: Techspot

ကျည်ကာအင်္ကျီ ဝတ်သွားဖို့လိုမယ့် အာဖန်ဂန်နစ္စတန်မှ တရားမဝင် Apple အရောင်းဆိုင် အတု






ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။

မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။

Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ခေတဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အသေခံဗုံးခွဲ တိုက်ခိုက်ခြင်း ခံရတာ ၂ ကြိမ် ရှိပါပြီတဲ့။ အဲဒီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်သူများကလည်း သူဌေးတွေနဲ့ နိုင်ငံခြားသားတွေသာ ဖြစ်ပါတယ်တဲ့။

အာဖဂန်မှရရှိတဲ့ သတင်းများအရတော့ အဆိုပါ အရောင်းဆိုင်ရဲ့ ရောင်းအားကတော့ မကောင်းလှဘဲ ပြီးခဲ့သည့်အပတ် စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ iPhone ၆ လုံးနှင့် MacBook အချို့သာ ရောင်းချရသေးကြောင်း သိရှိရသည်။

အရောင်းဆိုင်မှာ တရားဝင်မဟုတ်သော်လည်း ရောင်းချသည့် ပစ္စည်းများမှာမူ Apple ပစ္စည်း အစစ်များဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းအား မူရင်းထက် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိ တင်ထားကာ အမြတ်ရယူနေသည်ဟု သိရှိရသည်။ ကုန်ပစ္စည်းများကို ဒူဘိုင်းမှာ မှာယူတင်သွင်းပြီး 16GB iPhone 5 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၇၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ တရားမဝင် Apple အရောင်းဆိုင်များ ပေါ်ပေါက်လာခြင်းမှာ ယခုမှတင် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံ၌ တရားမဝင် Apple အရောင်းဆိုင် အတု စုစုပေါင်း ၂၂ ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်သိမ်းခဲ့သည်။

ကမ္ဘာတစ်ဝန်းမှာ iPhone 5S အတွက် Consumer တွေ ဘယ်လောက်ပေးရသလဲ






Apple ရဲ့ iPhone ဆိုတာနဲ့ အခြားသော စမတ်ဖုန်းတွေထက် ဈေးပိုများမယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ နိုင်ငံတကာ ဈေးကွက်တွေမှာ iPhone 5S ကို ဘယ်ဈေးတွေနဲ့ ရောင်နေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

Mobile Unlocked အင်တာနက် စာမျက်နှာရဲ့ စစ်တမ်းအရတော့ အချို့သော နိုင်ငံများမှာ iPhone 5S ရဲ့ ဈေးနှုန်းဟာ သိသိသာသာကို ပိုများနေတာကို တွေ့ခဲ့ရပါတယ်။ ယူအက်စ်မှာ ရောင်းတဲ့ဈေးထက် ၂၂ ရာခိုင်နှုန်း ပိုများနေတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။



ဒါတင်မကသေးပါဘူး အိန္ဒိယနိုင်ငံရဲ့ GDP အပေါ် အခြေပြုပြီး တွက်ချက်ထားတဲ့ Purchasing Power Parity (PPP) လို့ ခေါ်တဲ့ သာမန်လူတစ်ဦးရဲ့ ပျမ်းမျှဝင်ငွေနဲ့ ဝယ်နိုင်စွမ်းအားပါ ထည့်သွင်းတွက်ချက် လိုက်မယ်ဆိုရင်တော့ iPhone 5S တစ်လုံးရဲ့ တန်ဖိုးဟာ ခေါင်ခိုက်သွားပါပြီ။

နိုင်ငံတကာ ဈေးကွက်တွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းတာ လုံးရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ အခွန်အကောက်၊ သယ်ယူပို့ဆောင်စရိတ်နဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ အပေါ်မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားတတ်ပါတယ်။



iPhone 5S ဟာ မိခင် အမေရိကန်နိုင်ငံမှာ ဈေးအချိုဆုံးဖြစ်ပြီး မော်ဒယ်အလိုက် ဒေါ်လာ ၆၄၉ ကနေ စပြီး ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဂျော်ဒန်နိုင်ငံမှာ တရားဝင် ရောင်းချနေတဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် ၉၄၀ ကျသင့်ပါတယ်။ ဒါတောင် အခွန်မပါသေးပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ GDP PPP အရ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အိန္ဒိယနိုင်ငံမှ ပြည်သူများအနေနဲ့ iPhone 5S အတွက် ကုန်ကျစရိတ်ဟာ ဝင်ငွေရဲ့ ၂၂.၃ ရာခိုင်နှုန်းအထိ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် GDP မြင့်မားတဲ့ ချမ်းသာတဲ့ နိုင်ငံတွေက ပြည်သူများကတော့ iPhone 5S ရဲ့ တန်ဖိုး မြင့်မားနေစေကာမူ ဝင်ငွေလည်း မြင့်မားတာကြောင့် ကုန်ကျစရိတ်ဟာ မိမိဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရပါတယ်။

First Look: မျက်နှာပြင် ၂ ဖက်ပါတဲ့ ရုရှားထုတ် YotaPhone





ပုံမှာတွေ့ရတာ ကတော့ ‘YotaPhone’ အသစ် ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ဒီနာမည်က စိမ်းနေပါလိမ့်မယ်။ ရုရှားနိုင်ငံမှ စမတ်ဖုန်းထုတ်လုပ်သူ Yota ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်တဲ့ ‘Dual-Screen’ ဖုန်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ သြစတြေးလျ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ စတဲ့ ဥရောပ နိုင်ငံတွေမှာတော့ ဈေးနှုန်း ဒေါ်လာ ၆၀၀-၇၀၀ နဲ့ ယနေ့ကစပြီး ကြိုတင်ဝယ်ယူနိုင်ပါပြီ။

အခြားဒေသတွေမှာလည်း အဆိုပါ ‘Dual-Screen’ ဖုန်းကို မကြာခင် ရောင်းချဖြန့်ချိ သွားမှာပါ။ ဖုန်းမျက်နှာပြင်ဟာ သာမန်စမတ်ဖုန်းတွေလို ၁ ခုတည်းမဟုတ်ဘဲ ပုံမှာတွေ့ရတဲ့အတိုင်း ၂ ခု ဖြစ်ပါတယ်။ ဒါဟာ YotaPhone ရဲ့ ထူးခြားချက် တစ်ခုပါ။

မျက်နှာပြင်အကျယ် ၄.၃ လက်မရှိကာ Android OS အသုံးပြုမောင်းနှင် ထားပါတယ်။ စိတ်တိုင်းမကျတဲ့ အချက်တစ်ခုကတော့ အဆင့်မြင့်စမတ်ဖုန်းတွေ အားလုံး LED Display သုံးနေကြတဲ့အချိန်မှာ ဒီဖုန်းဟာ LCD Display နဲ့ ထွက်ရှိလာပါတယ်။ Resolution ကလည်း 720×1280 ဖြစ်ပါတယ်။ LCD Display ဆိုတော့ အခြား အဆင့်မြင့်ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် Display ပိုင်းမှာ တောက်ပမှု အားနည်းနေတာကို တွေ့ရပါလိမ့်မယ်။

Screen ၂ ခုရှိတဲ့အနက် ပထမတစ်ခုက LCD Display ဖြစ်ပြီး နောက်တစ်ခုကတော့ EPD (Electronic Paper Display) ဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာလေးကတော့ မဆိုးပါဘူး။ Entertainment အတွက် LCD Display ဘက်မှာ သုံးပြီး စာပေတွေ ဖတ်ရှုဖို့ကတော့ EPD Display ဘက်ခြမ်းမှာ သုံးလိုက်ရုံပေါ့။

Yota စမတ်ဖုန်းကုမ္ပဏီရဲ့ CEO က ဒီလိုပြောပါတယ်။ ယနေ့ခေတ်မှာ စမတ်ဖုန်းတစ်လုံးကို ပုံမှန် သုံးစွဲသူ တစ်ယောက်ဟာ တစ်ရက်မှာ ဖုန်းကို ပိတ်လိုက်/ဖွင့်ကြည့်လိုက် အနည်းဆုံး အကြိမ် ၁၅၀ လောက် လုပ်ပါသတဲ့။ ဒါဟာ ဘာကြောင့်ပါလဲ?

ဘာလို့လဲ ဆိုတော့ User တွေဟာ သူတို့အတွက် အရေးကြီးတဲ့ ဘာ Message တွေ၊ ဘာ Noti တွေ ရောက်နေပြီလဲ ဆိုတာနဲ့ စမတ်ဖုန်းရဲ့ Lock ချထားတဲ့ Black Screen နောက်မှာ ဘာတွေ ဖြစ်ပျက်နေပြီလဲ ဆိုတာကို အချိန်နဲ့ တစ်ပြေးညီ သိချင်လို့ပါပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ တကယ်ပဲ ထင်ထင်ရှားရှား ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ရပ်ပါ။

ဒါပေမယ့် စိတ်မပူပါနဲ့တော့။ YotaPhone ရဲ့ EPD Display ဘက်ခြမ်းဟာ ဒီကိစ္စကို ကောင်းစွာ ဖြေရှင်းသွားပါလိမ့်မယ်။ EPD ဟာ စာဖတ်ဖို့ တစ်ခုတည်းသာမက User အတွက် လိုအပ်တဲ့ Information တွေကို (ဖုန်း Screen ပိတ်ထားတဲ့အချိန်မှာတောင်) ဖော်ပြပေးသွားမှာပါ။ မျက်စိထဲ မြင်အောင် ပြောရရင် Nokia N9 မှာ ပါဝင်ခဲ့တဲ့ နည်းပညာနဲ့ ဆင်တူပါတယ်။

ဒီစနစ်ဟာ တကယ်သုံးစွဲတဲ့ သူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်သူ့ဆီက Message ၀င်လာတာ၊ ဘယ်သူက ဖုန်းဆက်ထားတာ စတာတွေကို ဖုန်း Screen ဖွင့်ကြည့်နေစရာ မလိုတော့ဘဲ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ သိနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားနည်းပညာကုမ္ပဏီကြီးက သူတို့ဖုန်းကို “Always-On” ဖုန်းလို့ တင်စားခေါ်ဆိုထား ပါတယ်။

မျက်နှာပြင် ၂ ဖက်ပါတဲ့ ဒီ Dual-Screen ဖုန်းဟာ 1.7 GHz Dual-Core Processor ကို သုံးစွဲထားကာ Android 4.2.2 (Jelly Bean) OS တင်ထားပါတယ်။ RAM 2GB, 13 MP ကင်မရာနဲ့ 1800mAh ဘက္ထရီလည်း တပ်ဆင်ပေးထားပါတယ်။

ရုရှားနိုင်ငံနဲ့ ဥရောပ နိုင်ငံတွေ အတွက်တော့ ဒီဖုန်းကို Online ကနေ ရောင်းချပေးနေပါပြီ။

သင့်အနေနဲ့ရော ဒီလို တီထွင်ဆန်းသစ်ထားတဲ့ ရုရှားထုတ် Yota Phone ကို ဘယ်လို ထင်မြင်ယူဆ မိပါလဲ?

Ref: Android&ME, PCMag

မိကျောင်းကန်သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ သက်ဆိုင်ရာမှ ဖြေရှင်းပေးခြင်း မရှိသေး


 Friday, 06 December 2013


မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြနေသူများကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မိချောင်းကန် သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ အစိုးရမှ တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသေးသည့်အပြင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဆန္ဒပြဧရိယာအနီး လုံခြုံရေး ရယူမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သပိတ်စခန်း အနီးရှိ မြစာရံအေးစေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ကာရံရန် ဘိလပ်မြေအိတ် ၃၀ နှင့် သဲအိတ်များ လာရောက်ချထားခဲ့သည်။ ထို့ပြင်ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်တပ်မှ သပိတ်စခန်း အနောက်ဘက်တွင် လက်နက်အပြည့်အစုံဖြင့် နေရာယူနေ မှုများကြောင့် ဆန္ဒပြမှုများလည်း အရှိန်မြင့်တတ် လာခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူများက ယင်းကဲ့သို့ တံတိုင်းကာရံခြင်း မပြုရန်နှင့် သပိတ်စခန်း အနောက်ဘက်ရှိ ဧရိယာများ အတွင်းတွင်လည်း တပ်မတော်သားများ လုံခြုံရေး ရယူခြင်း မပြုရန် အော်ဟစ်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် တံတိုင်းကာရံမည့် အပေါက်များ၏ ရှေ့တွင်လည်း ကာရံခြင်း မပြုနိုင်ရန် လူများဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ ပြုလုပ်နေစဉ် အတောအတွင်းတွင် ဆန္ဒပြသူများထဲမှ သက်ကြီးရွယ်အို နှစ်ဦးမှာ ကျန်းမာရေး မကောင်း၍ ဆေးရုံသို့ ပို့ခဲ့ရကြောင်းလည်း သိရသည်။



မိကျောင်းကန် သပိတ်စခန်းတွင် ဒီဇင်ဘာ ၅ ရက်က ဆန္ဒပြနေကြစဉ်

ထို့ပြင် သပိတ်စခန်း ဖွင့်လှစ်ရာ နေရာသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည် တို့ကလည်း လာရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဒီရက်ပိုင်း အတွင်းမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ဆန္ဒပြသူတွေဘက်က ကိုယ်စားလှယ်တွေရယ်၊ ကျွန်တော်တို့ရယ် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားပါမယ်။ သူတို့ဘက်က လက်ခံမယ် မခံဘူးတော့ မသိဘူး။ လက်မခံဘူးဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားပါမယ်'' ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ဒီဇင်ဘာနှစ်ရက်က ယင်းကိစ္စမှာ အစိုးရနှင့် သက်ဆိုင်ခြင်း မရှိ၍ တပ်မတော်သို့သာ တင်ပြထားပါသည်ဟု မိကျောင်းကန် ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ The Daily Eleven ၏ မေးမြန်းချက်ကို ဦးခိုင်မောင်ရည်က ''ကျွန်တော်တို့က ဆိုင်တာ မဆိုင်တာကို ပြောတာမဟုတ်ဘူး။ အစိုးရက တာဝန်ရှိတယ်။ အစိုးရအဖြစ် တာဝန်ပေးထားရင် အစိုးရလုပ်ငန်း လုပ်ကိုလုပ်ရမယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး နေလို့မရဘူး။ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ဖြစ်တဲ့ကိစ္စဟာ ရန်ကုန်တိုင်း အစိုးရမှာ တာဝန်ရှိတယ်' ဟု ပြောကြားခဲ့သည်။

EMG

ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်



ဒီနှစ်အတွက်တော့ Ultra Violet light လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကိုပါ ရောပြီးခံရနိုင်တာမို့ ဒီအန္တရာယ်နဲ့ ပါတ်သက်ပြီး သိသင့်တာတွေကို ဒီတပါတ်မှာ ပြောပြပါရစေ။


အမေရိကန်နိုင်ငံက WSI နိုင်ငံတကာ မိုးလေ၀ဿအဖွဲ့ရဲ့ intellicast website စာမျက်နှာမှာ ဒီသင်္ကြန်တွင်း မြန်မာနိုင်ငံမှာ ရှိမယ့် အပူချိန်ကို ကြည့်ရင် နေ့အခါမှာ အပူချိန်၁၀၀ ဒီကရီ ကနေ ၁၀၂ ဒီဂရီ ဖါရင်ဟိုက်အထိ ရှိနေမယ်လို့ ခန့်မှန်းထားတာတွေ့ရပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်တဲ့ အညွှန်းကိန်းကတော့ ၁၁ မှာ ရှိနေတာ တွေ့ရပါတယ်။

ပြင်းထန်တဲ့ အပူဒဏ်ကြောင့် heat stroke လို့ခေါ်တဲ့ အပူရှပ်တဲ့ ဝေဒနာဟာ အသက်ဆုံးတဲ့ အထိ ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း လူကိုဒုက္ခပေးနိုင်ပါတယ်။ နေရောင်ထဲမှာပါတဲ့ infrared IR လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်က နေပူလောင်တာမျိုးကို ဖြစ်စေပေမယ့် ultraviolet UV လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်က မပူပေမယ့် အရေပြားကို ထိခိုက်စေနိုင်သလို gene လို့ခေါ်တဲ့ သက်ရှိ မျိုးဗီဇကို ပျက်စီးစေနိုင်တာပါ။

ဒီလို အန္တရာယ်ပေးတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ လူ့အရေပြားအတွက် photochemical ဓါတုအဆိပ် သင့်နိုင်တာတွေကို ဓါတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပြမှာပါ။

ကမ္ဘာ့အပေါ်ယံဆုံး stratosphere ဆိုတဲ့လေထုထဲမှာ အိုဇုံးအလွှာဆိုတာရှိတယ်။ အဲဒါကမ္ဘာတည်စကတည်းက ရှိနေတာပဲ။ ကမ္ဘာကိုကျရောက်မယ့် ဒီ UV light တွေကို သူက အကာအကွယ်ပေးထားတယ်။ ဒါပေမယ့် ဒီ UV light တွေကိုအကာကွယ်ပြုတဲ့ အိုဇုံးလွှာဟာ CFC လို့ခေါ်တဲ့ ကျွန်တော်တို့ ဒီ လေအေးစက်တွေ၊ air con တွေ၊ ရေခဲသေတ္တာတွေမှာ သုံးတဲ့ကလိုရို ဖလိုရို ကာဗွန်ဒြဗ်ပေါင်းကြောင့် ဒီအိုဇုံးလွှာ စတင်ပျက်စီးတာ။ ဒီCFC က တကယ့်တကယ် လေထုထဲ သူက တမင်ထည့်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က compressor ထဲထည့်ရင်း၊ ဒါမှမဟုတ် compressor ပေါက်တဲ့အခါ ကွဲတဲ့အခါ မသုံးတဲ့အခါတွေမှာ CFC ဟာလေထုထဲ ရောက်သွားတယ်။ ရောက်သွားတော့ အိုဇုံးလွှာတွေ ပါးပါး လိုက်လာတယ်။

ဒါကိုစတွေ့တာ ၁၉၇၀ လောက်မှာ သိပ္ပံပညာရှင်တွေက သိတယ်။ တကယ့်တကယ်က Atlantic စက်ဝိုင်းမှာ ဖြစ်နေတာဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တကမ္ဘာလုံးမှာ အဲဒီ ပြဿနာက တကယ်ကြီးလာတယ်။ ဒီ UV ကရေစိုတဲ့အချိန်မှာလည်း ဖေါက်ဝင်နိုင်တာမို့ စိုးရိမ်ရတာဖြစ်တယ်။ ဒါကြောင့်တော်တော သတိထားရမယ်။

အိုဇုံးလွှာ ပျက်စီးစေတဲ့ ဒြပ်ပေါင်း နဲ့ ပါတ်သက်ပြီး ပြောပြပေးပါ

အိုဇုံးလွှာပျက်စီးစေတဲ့ ဒြပ်ပေါင်းကတော့ ကလိုရို ဖလိုရို ကာဗွန်ပေါ့။ ကလိုရင်း၊ ဖလိုရင်းနဲ့ ကာဗွန် ၃ခုကို ပေါင်းထားတာ၊ ဘာနဲ့ တူသလဲဆိုတော့ မေ့ဆေးမှာ ကလိုရိုဖေါင်းနဲ့ တူတယ်။ ကလိုရိုဖေါင်းမှာ ကာဗွန်ရယ် ဟိုက်ဒရိုဂျင်ရယ် ကလိုရင်းရယ်ပါတယ်။ သူ့မှာကျတော့ ကာဗွန်ရယ်၊ ကလိုရင်းရယ် ဖလိုရင်းရယ် ပါတယ်။ အဲဒါက inert ပေါ့။ တခြား နဲ့ တော်ရုံတန်ရုံကို ဓါတ်မပြုဘူး။ ဓါတ်မပြုတော့ သူ့ကို အများကြီး သုံးလို့ ရတယ်။ သူ့ကို အေးခဲပြီးတော့ မှ အပူပေးတာ။ ဥပမာ သူ့ကို compressor ထဲထည့်ပြီးတော့မှ သူ့ကို အပေါက်ကျဉ်းကျဉ်းနဲ့ ကျယ်ပြန့်လိုက်ရင်၊ ဘေးကရှိတဲ့ အပူ သူအကုန်ယူသွားတယ်။ သူဟာ အအေးပြန်ခံလိုက်ရင် ပြန်ပြီးတော့အရည်ပြန်ဖြစ်လာတယ်။ သူဟာ အင်မတန် သုံးလို့ အသုံးတဲ့တဲ့ ပစ္စည်းဖြစ်တယ်။ ဒါ့ကြောင့် ဆယ်စုနှစ် ၂စု ၃ စုလောက် ဒါကို သုံးတယ်။ သုံးနေရင်းနဲ့ ပြဿနာဖြစ်တာ ပဲလေ။ အဲဒီမှာ အိုဇုံးလွှာ ပျက်တယ်။

အိုဇုံးလွှာ ပျက်တဲ့ ဟာကို chemist တွေက အကုန်လုံး လျှောက်လေ့လာတယ်။ အခု နာဆာက ဒါ ဘာကြောင့် ပျက်သလဲ။ Satellite ကနေ ကမ္ဘာတ၀ှမ်းကို လေ့လာပြီး ပြောမယ်လို့ ပြောတယ်။ ဘယ်လောက်ထိ လုပ်နိုင်မလဲတော့ မသိဘူးပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အစက နဂို ယူဆတာ အတ္တလန်တိတ် သမုဒ္ဒရာက ရေခဲပြင် အပေါ်မှာ ပဲ စက်ဝိုင်းပုံသဏာန် ပေါက်သွားတယ်လို့ သူတို့ထင်တာ။ ဒါပေမယ့် အခုတော့ အာရှတိုက်မှာရော၊ ဥရောပဘက်မှာရော ပေါက်တဲ့နေရာတွေ တွေ့တယ်။ တကယ်က ပေါက်တယ် ဆိုတာက ပါးလွှာနေတာပါ။ အဲဒါကို ပြန်ပြင်ဖို့ ဆိုတာက နှစ်ပေါင်းများစွာ ကြာမှာပါ။ နောင် နှစ်ပေါင်း ၄၀ လောက်မှ ပြန်ကောင်းနိုင်မယ်လို့ လေ့လာ တွေ့ရှိထားတာပါ။

ခရမ်းလွန်ရောင်ခြည်ရဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါ။

ခရမ်းလွန်ရောင်ခြည်က တကယ့်တကယ်မှာ ကောင်းတာတွေ အများကြီးလည်း ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို UV light တို့ ဘာတို့လို အသုံးလို့ အများကြီး ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ဆိုးကျိုးကတော့ သူက genes လို့ခေါ်တဲ့ မျိုးဗီဇတွေကို အများကြီး ဖျက်ဆီးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒီမျိုးရိုးဗီဇတွေ ဖျက်ဆီးခံရရင် တချို့နေရာတွေမှာ ကင်ဆာဖြစ်လာတာ ရှိတယ်။

UV ဟာ အရေပြားပေါ်ကျ ပြီဆိုရင် အဲဒီအရေပြားကစပြီးတော့ ပျက်စီးလာတယ်။ အရေပြား စပြီးပျက်စီးသွားရင် ကျွန်တော်တို့က အဲဒီ အပြင်က ရောဂါတွေကို ကာကွယ်ထားတဲ့ အလွှာ ပျက်စီးရင် ကျန်တဲ့ဟာ ရောဂါတွေ အများကြီး ဝင်လာမယ်။ ခရမ်းလွန်ရောင်ခြည်က ရှိတဲ့ genes တွေကို ပျက်စီးစေတယ် ဆိုတော့ သူက အများကြီးကျလာရင် သူက အပင်တွေကိုပါ ပျက်စီးစေ တာပေါ့နော်။ လူတိရိစ္ဆာန်တွေက အပင်တွေကို မှီတည်နေကြတာ၊ အပင်တွေ မရှိရင် လူတိရိးစ္ဆာန်တွေ မရှိဘူး။ တကယ်လို့ UV သာ အများကြီး ကျရောက်မယ်ဆိုရင် ဒီအပင်တွေလည်း ရှိတော့မှာ မဟုတ်ဖူး။ ဒုက္ခရောက်တော့ မှာပေါ့။

တကယ်တော့ Mars ဆိုတဲ့ အင်္ဂါဂြိုဟ် ကို လေ့လာတဲ့ အခါမှာ ဆီမှာ stratosphere လည်းမရှိဘူး။ လေထု မရှိတဲ့ အတွက်ကြောင့် အပေါ်ကနေ ကျလာတဲ့ ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုမှ ကာကွယ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီလို UV တွေ ဆက်တိုက် ကျနေတဲ့ အတွက်ကြောင့် သစ်ပင်လည်း မရှိဘူး။ သစ်ပင်မရှိရင် အကောင်ပလောင်၊ ဘက်တီးရီးယားတွေလည်း ရှိလို့ မရဘူး။ လူကတော့ပြောမနေနဲ့။ ဒါ့ကြောင့် UV သာ ကမ္ဘာကြီးကို အများကြီးကျမယ် ဆိုရင် ကမ္ဘာကြီးကို ပျက်စီးသွားအောင် လုပ်နိုင်မယ်လို့ ယူဆကြတယ်။

ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ သုံးတဲ့ အရေပြားပေါ်မှာ လိမ်းတဲ့ လိမ်းဆေးတွေရဲ့ အကျိုးအပစ်တွေကို ကြည့်ရအောင်ပါ။

သူကတော့ water base နဲ့ oil base ဆိုပြီးတော့ ၂ မျိုး ရှိတယ်။ ဆီနဲ့လား ရေကို အခြေခံထားတာ သုံးမလားပေါ့။ သူက UV ကို ကာကွယ် နိုင်တဲ့ compound တွေပါတယ်။ အဲဒီကွန်ပေါင်းတွေနဲ့ UV နဲ့ ဓါတ်ပြုပြီးတော့ အသားထဲကို ထပ်ပြီးတော့ မဝင်တော့ဘူး။ ဒါပေမယ့် အဲဒီကောင်က ဓါတ်ပြု ဓါတ်ပြုရင်း ကုန်သွား တတ်တယ်။ အခုလောလော ဆယ်မှာတော့ Skin ပေါ်မှာ ကာကွယ်နိုင်တယ် ဆိုတဲ့ အရာဟာ ခေတ္တ ခဏသာ လုပ်နိုင်တယ် ဆိုတာ သဘောပေါက်လာကြတယ်။ အခုလောလောဆယ်မှာ UV ကာကွယ်နိုင်တယ် ဆိုတဲ့ အနေအထားဟာ ကြော်ငြာ အနေလောက်ပဲရှိပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ သနပ်ခါး ဆိုရင် အတော်လေးကို ကာကွယ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ကာကွယ်မလဲ။ ဘယ်လိုကာကွယ်မလဲ။ ဒါကိုသုတေသန လုပ်ရင် အကျိုးရှိမှာပါ။

အခု UV မြန်မာပြည်ကို ကျတာ Index က ၁၁ လောက်အထိ ရှိတယ်။ တခါတလေ ၁၁ ရှိတယ်။ တကယ့်တကယ် ၁၁ ကျော်သွားရင် အန္တရာယ် စရှိပြီ။ ၁၆ လောက်ဆို အန္တရာယ် ရှိတယ်။ ဒါပေမယ့် ၁၁ တောင်မှ အကြာကြီး နေပူထဲမှာ နေမယ်ဆိုရင် ဒါဟာ အန္တရာယ် ရှိနိုင်နေပြီ။ ခုနလို သူက ဖြေးဖြေး ဖြေးဖြေးနဲ့ ဓါတ်ပြု နေမယ်။ reaction ဖြစ်နေမယ်။ ဒီ photochemical reaction ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဒါဟာ တခါ စဖြစ်ပြီးရင် ဆက်တိုက် ဆက်တိုက် ပဲ ဖြစ်ပွါးနိုင်တဲ့အတွက် အတော်လေးကို သတိထားရမှာပါ။

ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။

တရုတ်ဇုံအသစ် သတ်မှတ်မှု စိုးရိမ်အောင် ဖန်တီးတဲ့ လုပ်ရပ်လို့ ကန် သတ်မှတ်


အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က လေကြောင်းကာကွယ်ရေးဇုံအသစ် ချမှတ်ခဲ့တာဟာ ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ ကြီးမားအောင် ဖန်တီးတာလို့ အမေရိကန် ဒုသမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဒီကိစ္စကို
တဲ့တိုးပဲပြောကြားခဲ့တယ်လို့ ဘေဂျင်းမှာ ကြာသပတေးနေ့ အမေရိကန်စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် မစ္စတာဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

အခုလို တရုတ် အမေရိကန် ၂ နိုင်ငံကြား တခါတရံ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ဆက်ဆံရေး အပြောင်းအလဲမရှိပဲ အပြုသဘော ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ၂၁ ရာစု ကမ္ဘာကြီးမှာ လက်ခံကျင့်သုံးရမယ့် ကိစ္စရပ်တွေ အတွက် အမြင်ချင်းဖလှယ်ခဲ့ကြတယ် လို့ဆိုပါတယ်။

တရုတ်သမ္မတနဲ့ မစ္စတာဘိုင်ဒင်တို့ ၂ ဦးဟာ ဗုဒ္ဓဟူးနေ့မှာ ၅ နာရီလောက်ကြာအောင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လေကြောင်းကာကွယ်ရေး ဇုံအသစ်နဲ့ ပါတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ ခိုင်မာတဲ့ ရပ်တည်မှုနဲ့ မျှော်လင့်ထားချက်တွေကို ပြောကြားခဲ့တယ်လို့ မစ္စတာဘိုင်ဒင်က ပြောပါတယ်။

တရုတ်သမ္မတ ရှီကလည်း ဒီဇုံဟာ နိုင်ငံတကာ ဥပဒေနဲ့အညီချထားတာဖြစ်ပြီး ဒီကိစ္စကို အမေရိကန်အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတနဲ့ ရှုမြင်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိစ္စကို အမေရိကန်ဒုသမ္မတဟာ ကြာသပတေးနေ့ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဆက်ပြီးပြောကြားဖို့ ရှိပါတယ်။
မစ္စတာဘိုင်ဒင်ဟာ ကြာသပတေးနေ့ညနေမှာပဲ တရုတ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုံအသစ်ကို ကန့်ကွက်တဲ့ တောင်ကိုရီးယား နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ဒုသမ္မတရဲ့ အာရှခရီးစဉ်မှာ နောက်ဆုံးသွားရောက်တဲ့ နိုင်ငံဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...