Thursday, September 5, 2013

စမတ်ဖုန်းတို့ တိုက်ပွဲ ဖြစ်သော လ



စက်တင်ဘာလကြီးဟာ စမတ်ဖုန်းတို့ရဲ့ တကယ် တိုက်ပွဲ ဖြစ်သော လ ဖြစ်ပါတယ်။ Samsung Galaxy Note 3 ကြေညာမှုနဲ့အတူ Sony မှလည်း Xperia Z1 ကိုကြေညာပါတယ်။ ယခု ရက်ပိုင်းအတွင်းပဲ Apple မှ iPhone 5S နဲ့ iPhone 5C ကို ထပ်မံကြေညာအုံးမှာပါ။ HTC ကလည်း Upgrade လုပ်ထားတဲ့ HTC ဗားရှင်းအသစ်တွေကို ထပ်ထုတ်နေပါတယ်။ Samsung Galaxy S4 ရောင်းအားကလည်း မြင့်တက်နေ ပါတယ်။ နိုင်ငံတကာမှာဆိုရင် Moto X ကလည်း အရောင်းစတင်နေပါပြီ။

တကယ်ကို စမတ်ဖုန်းတို့ တိုက်ပွဲဖြစ်တဲ့လ ဖြစ်ပါတယ်။ IFA 2013 ကျင်းပမှု က စမတ်ဖုန်း ကုမ္မဏီတို့ စိတ်ကြိုက် ချပြခွင့်ပေးလိုက်တဲ့ ပွဲတစ်ခု လိုပါပဲ။ ဒီရက်ပိုင်းအတွင်းကို ဖုန်းအသစ်တွေ မြင်ရအုံး မှာ ဖြစ်ပါ တယ်။ အဓိက ယှဉ်ပြိုင်ဘက် နှစ်ဦးအဖြစ် Samsung နဲ့ Apple ကပဲ ဆက်ရှိနေအုံးမှာပါ။ HTC, Sony တို့လည်း ပြိုင်ဘက်တွေပဲ ဖြစ်ပါတယ်။ ဒီကြားထဲ LG မှလည်း LG G2 အမည်ရ စမတ်ဖုန်း မိတ်ဆက်ပြသမှုကိုလည်း လပိုင်းအတွင်း ပြု လုပ်ခဲ့ပြီး ဖြစ်ပါတယ။် ပြိုင်ဆိုင်မှုတွေ ထပ်တိုးတော့မှာပါ။ ၂၀၁၄ အတွက် ရွေးချယ်စရာ ဖုန်းက အင်မတန် များနေပါပြီ။

Huawei ကိုလည်း ချန်ထားလို့ မရပါဘူး။ ကမ္ဘာ့အပါးအဆုံး စမတ်ဖုန်းဆိုပြီး Huawei Ascend P6 အပြင် အခြားသော စီးရီးဖုန်းများကိုလည်း ဆက်တိုက် ထုတ်လုပ်ဖြန့်ချိအုံးမှာပါ။ မြန်မာပြည်မှာလည်း ဈေးကွက် တစ်ခု နေရာ ယူထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၃ နှစ်ကုန်ပိုင်းဟာ တကယ်ကို စမတ်ဖုန်းတို့ရဲ့  တိုက်ပွဲဖြစ် ပါတယ်။ ဒီတော့ ဘယ်စမတ်ဖုန်းက အကောင်း ဆုံး ဖြစ်မယ်ဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့သာ သက်ဆိုင် ပါတော့တယ်။
.
Aung Kham (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...