Thursday, September 5, 2013

သာဝတ္ထိ မောင်းတံဂိတ်ကို တိုက်ပြေးသည့် MARK II ကား နေပြည်တော်၌ ဆိုင်ကယ်ကို ထပ်မံ တိုက်ပြီး စွန့်ပစ်ထား



နေပြည်တော် စက်တင်ဘာ ၎
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေး မီးပွိုင့်၌ ယနေ့ ညနေ ၄ နာရီခွဲခန့်က ပျဉ်းမနား- တောင်ညိုကားလမ်း အတိုင်း သပြေကုန်း ဘက်မှမောင်းနှင် လာသော ယာဉ်အမှတ် ၁ဃ/……… MARK II အဖြူရောင်အား မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်မှ မော်တော်ယာဉ်ကို ရပ်တန့်စေ၍ ခရာမှုတ် တားမြစ်စဉ် မရပ်တန့်ဘဲ ဆက်လက် မောင်းပြေးရာ Kenbo-125 ဆိုင်ကယ် အမှတ် ၃၃ယ/………. အား ဝင်တိုက်၍ မောင်းပြေးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဦးပဉ္ဇင်း တစ်ပါး (စိစစ်ဆဲ) နှင့် အမျိုးသမီး တစ်ဦး(စိစစ်ဆဲ) တို့မောင်းနှင်လာသော အဆိုပါ ကားသည် သာဝတ္ထိ မောင်းတံဂိတ်ကို တိုက်ပြီး မောင်းပြေးကြောင်း အဆင့်ဆင့် အကြောင်းကြားချက်အရ လယ်ဝေးစုပေါင်း ဂိတ်၌ ထပ်မံရပ်တန့်ရန် တားမြစ်ရာ မရပ်တန့်ဘဲ မောင်းနှင် ထွက်ပြေးလာပြီး မြို့မဈေး မီးပွိုင့်သို့ ရောက်ရှိလာကြောင်း၊ တာဝန်ကျ ယာဉ်ထိန်း တပ်ဖွဲ့ဝင်က ရပ်တန့်ရန် တားမြစ်စဉ် ဆက်လက် မောင်းပြေးရာ ဆိုင်ကယ်အမှတ် ၃၃ယ/……… စီးနင်းလာသူ ဥတ္တရ သီရိမြို့နယ်၊ ဂွေးပင်ရိုး ကျေးရွာနေ ဦးအောင်ငွေ (ဘ) ဦးအောင်သိန်းနှင့် နောက်တွင် စီးနင်းသူ ဂွေးပင်ရိုးကျေးရွာနေ ဦးအောင်ငွေ (ဘ) ဦးအောင်သန်းတို့အား တိုက်မိခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားသော ကားသည် ပညာသိဒ္ဓိရပ်ကွက်၊ (ခရေအိမ်ရာ)၊ သီတဂူလမ်း၊ တိုက်(၁၂၉)အနီး ကားပါကင်၌ ရပ်ထား စွန့်ခွာ၍ ယာဉ်ပေါ်ပါသူများ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ဇမ္ဗူသီရိ မြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ် လှကျော်ဦး နှင့်အဖွဲ့က စွန့်ပစ် ရပ်ထား ခဲ့သော ၁ဃ/……… MARK II အဖြူရောင် အား လုပ်ထုံး လုပ်နည်းနှင့်အညီ သိမ်းဆည်းပြီး ယာဉ်ပိုင်ရှင် အား အရေးယူရန် ဆက်လက်စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဆိုင်ကယ်အား တိုက်မိမှုတွင် ဆိုင်ကယ် အနောက်မှ စီးနင်းလိုက်ပါသူ ဦးမင်းသိန်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဝဲတံတောင် ပွန်းပဲ့ဒဏ်ရာများ ရရှိသဖြင့် နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေ ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...