Thursday, September 5, 2013

တရုတ်-မြန်မာရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်ရန် အစီအစဉ် မရှိသေး



တရုတ်-မြန်မာနှစ်နိုင်ငံ၊ ရေတပ်မ တော်များကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသော်လည်း ရေ တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုရန် ယနေ့ အချိန်အထိ အစီအစဉ်မရှိသေးဟု ဧရာ ဝတီ ရေတပ်ဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်က ပြောသည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် တစ်ပတ်ကြာ လာရောက်ခဲ့သော တရုတ်ရေတပ်မတော် ဆေးသင်္ဘော အား ဂုဏ်ပြုနှုတ်ဆက်ပွဲသို့တက်ရောက် လာသော ဧရာဝတီရေတပ်ဌာန၊ ဌာန ချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်က ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုအား ၄င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ် အုပ်စုမှ ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်အောင်မှတစ်ဆင့် ပြောကြားပေးခဲ့ခြင်း ဖြစ်သည်။
”နှစ်နိုင်ငံ ရေတပ်မတော်တွေကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ စစ်ရေးပူးတွဲလေ့ ကျင့်ဖို့ဆိုတာကတော့ အခုထိ အစီအ စဉ်မရှိသေး ပါဘူး”ဟု ဒုတိယဗိုလ်မှူးကြီး မိုးကျော်အောင်က ပြောသည်။
ယခင် စစ်အစိုးရလက်ထက်က တည်းကပင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ တပ်မတော်များကြားနီးကပ်သော ဆက် ဆံရေးရှိခဲ့ပြီး ယခုရွေးကောက်ခံ အစိုးရ လက်ထက် တွင်လည်း နှစ်နိုင်ငံ ရေတပ် မတော်များကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို ပြုလုပ်လာသည်။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက တရုတ်ရေတပ်၏ အကြီးဆုံး ကယ်ဆယ် ရေးသင်္ဘော ဖြစ်သော MV Haixum 01 သည် မြန်မာ့ရေတပ်မတော်၏ ကယ်ဆယ်ရေး သင်္ဘောနှစ်စင်း ဖြစ် သော နတ်မင်း (၁)၊ နတ်မင်း (၂) တို့နှင့် ပူးတွဲကယ်ဆယ်ရေး လေ့ကျင့်မှုပြုလုပ် ခဲ့သည်။ ယခုအခါ တရုတ်ရေ တပ်မ တော်၏ ဆေးသင်္ဘော Peace Ark  သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ စစ်ဘက်အရာရှိအချို့နှင့် အရပ်ဘက် ပြည်သူအချို့တို့အား အခမဲ့ ဆေးကုသမှု ပြုလုပ်ပေးခဲ့သည်။
ထို့အတူ မြန်မာ့ရေတပ်မတော် သည် အိန္ဒိယရေတပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ရေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု- ရေတပ်ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွား ရောက်ခဲ့ကာ အိန္ဒိယရေတပ်ကလည်း မြန်မာအား ကမ်းလွန် ကင်းလှည့်ရေ ယာဉ်များ တည်ဆောက်ရေးအတွက် လိုအပ်သည့် နည်းပညာအထောက်အပံ့ များ ပံ့ပိုးရန် ကတိပြုထားခဲ့သည်။
အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်သည်လည်းသြဂုတ်လ ၃ဝ ရက် နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး အမေရိကန်-မြန်မာ စစ်ရေး ဆက်ဆံမှုကို တိုးမြှင့်လုပ်ဆောင်သွား မည်ဟု ပြောခဲ့သည်။သို့ရာတွင် အမေ ရိကန်က မြန်မာအား  မြောက်ကိုရီးယား နှင့် စစ်ရေးဆက်ဆံမှု မပြုရန် သတိပေး ခဲ့သည်။
ကျော်ရဲလင်း
Popular

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...