Thursday, September 5, 2013

လူသတ်မှုမကျူးလွန်ရန်၊ ဆက်ကြေးမကောက်ခံရန်၊ လူသစ်မစုဆောင်းရန်၊ တပ်အင်အားမတိုးချဲ့ရန်၊ နယ်မြေများတွင် စခန်းမချရန်၊ အုပ်ချုပ်ရေးကိစ္စများအား ၀င်ရောက်မစွက်ဖက်ရန်နှင့် ပြည်သူ့စစ်များအား မတိုက်ခိုက်ရန် ကို မကျေနပ်ကြောင်း SSA ပြော



အစိုးရနှင့်တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်များအား ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းမှာ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေးအားထိခိုက်စေနိုင်ကြောင်း နောက်
ဆုံးပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအပြီးတွင်တောင်ပိုင်းရှမ်းတပ်မတော်မှ အရာရှိတစ်ဦးကပြောသည်။

တောင်ပိုင်းရှမ်းတပ်မတော်သည် ဩဂုတ်လ၁၇ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အတွင်း
ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် အလွတ်သဘော ၂ကြိမ်တွေ့
ဆုံခဲ့သည်။

"ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တွေကို ပိုပြီးထိန်းချုပ်ချင်လာတဲ့ သဘောမှာရှိပါတယ်။
မူအသစ်တွေထပ်ထွက်လာပါတယ်"ဟု ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တောင်
ပိုင်းရှမ်းတပ်မတော်တို့၏ ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းလိတ်က စက်တင်ဘာလ ၄ ရက်နေ့က
မြန်မာတိုင်း(မ်)ကို ပြောသည်။

အသစ်ထွက်ရှိလာသည့် မူ (၆)ချက်တွင် လူသတ်မှုမကျူးလွန်ရန်၊ ဆက်ကြေးမကောက်ခံရန်၊
လူသစ်မစုဆောင်းရန်၊ တပ်အင်အားမတိုးချဲ့ရန်၊ သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်
စခန်းမချရန်၊ အုပ်ချုပ်ရေးကိစ္စများအား ၀င်ရောက်မစွက်ဖက်ရန်နှင့်တပ်မတော်လက်အောက်ခံ
ပြည်သူ့စစ်များအား မတိုက်ခိုက်ရန်စသည့်အချက်များ ပါဝင်ကြောင်း ၎င်းကပြောသည်။

"လူသတ်တယ်ဆိုတာ ရာဇ၀တ်မှုကျူးလွန်တာပဲ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်။ ကျွန်တော်တို့လည်း
အဲဒါကိုလက်ခံတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရေးယူတယ်။ ဒါပေမယ့် ကျန်တဲ့အချက်
တွေကိုတော့ ဆက်လက်ဆွေးနွေးဖို့လိုတဲ့ သဘောမှာရှိတယ်"ဟု၎င်းကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များမှ ၎င်းအချက်များအား ကျူးလွန်ပါက တပ်မတော်မှ ရှင်းလင်း တိုက်ခိုက်မည်ဟု ပြောဆိုခဲ့မှုမှာလည်း တွေ့ဆုံဆွေးနွေးမှုရည်ရွယ်ချက်အား သွေဖီစေကြောင်း
လည်းပြောသည်။

ယခုနှစ်အောက်တိုဘာလကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အပစ်အခတ်ရပ်စဲရေး
ပြုလုပ်မည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားမှုများရှိနေသော်လည်း ယခုကဲ့သို့ တိုင်းရင်းသား
လက်နက်ကိုင်တို့၏ ဆန္ဒဖြင့်မကိုက်ညီသည့် စည်းကမ်းချက်များ ထိန်းချုပ်မှုများထွက်ပေါ်လာခြင်း
ကြောင့် ဆွေးနွေးမှုများ ပိုမိုပြုလုပ်ရဖွယ်ရှိကြောင်း ဗိုလ်မှူးစိုင်းလိတ်ကပြောသည်။

ထို့အပြင်စက်တင်ဘာလ ၂ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပြည်သူ့
လွတ်တော်ဥက္ကဌဦးသူရရွှေမန်းအပါအ၀င် အခြားအစိုးရတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။

သို့သော်လည်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ယခုမူ (၆)ချက်မှာ အသစ်
ချမှတ်ခြင်းမဟုတ်ပဲ အရင်ဆွေးနွေးမှုများတွင် ပါရှိခဲ့ပြီးဖြစ်ကာ ပြဿနာဖြစ်ပွားစေနိုင်သည့်
အချက်များဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် သဘောတူညီချက်များ
မရရှိသေးသည့်အချက်များသာ ဖြစ်ကြောင်းပြောသည်။ ထို့အပြင်စက်တင်ဘာလ ၂ရက်နေ့
တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပြည်သူ့လွတ်တော်ဥက္ကဌဦးသူရရွှေမန်းအပါအ၀င်
အခြားအစိုးရတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။

ထိုဆွေးနွေးမှုတွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး
အောင်သန်းထွဋ်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ရန်လိုပြီး
ထိုကဲ့သို့မပြူမူပါက တပ်မတော်ကတိုက်ခိုက်ရှင်းလင်းမှုများပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း
လည်း ဗိုလ်မှူးစိုင်းလိတ်ကပြောသည်။

Myanmar Times

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...