Monday, September 16, 2013

တောင်နှင့်မြောက်ကိုရီးယား ပူးတွဲစက်မှုဇုန်ပြန်ဖွင့်



တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နယ်စပ်က Kaesong စက်မှုဇုန် ကို ပြန်လည်ဖွင့်လှစ်ရန် သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

၅ လကြာ စက်ရုံလည်ပတ်မှု ရပ်ဆဲထားရာကနေ ပြန်လည် စတင်ရန် နှစ် ဦး နှစ်ဘက် ပြန်လည် သဘောတူညီ လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း စက်မှုဇုန်မှာ တောင်ကိုရီးယား ကုမ္မဏီပေါင်း ၁၃၂ ခုတောင် ရင်းနှီးမြှုပ်နှံပြီး လည်ပတ် နေပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ကော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ရည်ရွယ်လို့ ဖွင့်လှစ်ခဲ့ကြတဲ့ စက်ရုံဖြစ်ပေမယ့် ဆက်ဆံရေးတင်းမာတဲ့အခါတိုင်း ပိတ်နေကြတာ ဖြစ်ပါတယ်။

ဒီတစ်ခါ ဖွင့်လှစ်မှုကလည်း အချိန်ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိရ သေးပါဘူး။ တောင်ကိုရီးယားက မန်နေဂျာ အဆင့်နဲ့ ရိုးရိုး အဆင့် လုပ်သားပေါင်း ၈၂၀ သွားရောက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူုတို့ အတွက် လုံခြုံရေးကို မြောက်ကိုရီးယားမှလည်း အာမခံပေးထား ပါတယ်။ စည်းကမ်း လည်းတင်းကြပ်ပါတယ်။ အင်တာနက် အသုံးပြုခွင့်မရှိ၊ ဆက်သွယ်ရေး ပစ္စည်း အသုံးပြုခွင့်မရှိပါဘူး။ သယ်ဆောင်လို့လည်း မရ ပါဘူး။ ဒီအတွက် လည်း ပြန်လည်ပြင်ဆင်ရန် တိုင်ပင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

၅ လကြာ တင်းမာခဲ့တဲ့ တောင်နဲ့ မြောက် ကိုရီယားဆက်ဆံရေးဟာ အနည်း ငယ်ပြန်လည် ပြေလည်လာတဲ့ အနေအထား တစ်ခုသို့ ရောက်ရှိ လာကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...