Monday, September 16, 2013

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာထိုင်ခင်းတောင်းဟု ဆရာတော်မိန့်ကြား




ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်းတိုက် ဆရာတော်ထံမှ သိ ရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇန ပလာဇာ ခုနစ်လွှာတွင် စက်တင် ဘာ၈ရက်မှ၁၂ရက်အထိ ပြုလုပ် ခဲ့သည့် ပထမဆုံးအကြိမ် ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နောက် ဆုံး နေ့ တွင် တရားပွဲ အပြီး ကမ္မဝါရွတ် ချိန်၌

ရေစက်ချအမျှဝေမည့် ဈေး သူ၊ ဈေးသားများထဲမှ တရားနာ နေသည့် အမျိုးသမီးတစ်ဦးကို ပရလောကသားက ဝင်ရောက် ပူးကပ်ပြီး ယုဇနပလာဇာတွင် နေ ထိုင်ရန်အတွက် နေရာ တောင်း ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါတရား ပွဲတွင် ကမ္မဝါရွတ်ဖတ်ခဲ့သည့် နတ် မောက်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကုသလထံမှ သိရသည်။

''တရားပွဲလုပ်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦး ဖြတ်သွားဖြတ် လာလုပ်တာ တွေ့နေတယ်။ ဘုန်း ကြီးတို့ တရားပွဲပြီးလို့ ကမ္မဝါမ ဖတ်ခင် အမိန့်ပြန်တမ်းသဘော မျိုး ရေစက်ချအမျှဝေပွဲကိုဖိတ်တဲ့ အချိန်မှာ စပြီးဝင်လာတာပဲ။ ပထမ ဘာဖြစ် မှန်း မသိဘူး။

နောက်မှ သိလို့ခေါ်တော့ ဘုန်းကြီးဆီကို လာတယ်။ လက်အုပ်ချီတယ်။ ဒါ ပေမဲ့ မကန်တော့ဘူး''ဟု ဆရာ တော်ကဖြစ်စဉ်ကို မိန့်ကြားသည်။ မွန်းလွဲ ၁နာရီဝန်းကျင်တွင် တရားလာရောက်နာယူသည့် ဈေးရုံအောက် ဆုံးထပ် အထည် ဆိုင်မှ အမျိုးသမီးတစ်ဦးကို ဝင် ရောက်ပူးကပ် ခဲ့ခြင်းဖြစ်ပြီး

ဆရာ တော်များ ကမ္မဝါဖတ်ချိန်တစ် လျှောက်လုံး ပရလောကသားပူး ဝင်နေသည့်အမျိုးသမီးသည် ငို နေကာ ကမ္မဝါပြီးဆုံးချိန်တွင် သာဓုမခေါ်ဘဲ ကျယ်လောင် သည့် အသံ များ ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဌာန်းရွတပေးသည့် နတ် မောက်ကျောင်းတိုက်မှ ဆရာ တော်အပါအဝင် သံဃာ၁၁ပါး အနက်မှ ဦးပဉ္ဇင်းတစ်ပါးက ''အ သံကြီးက 'ဝူးဝူးဝါးဝါး'နဲ့ ဘယ်လို မှန်းကိုမသိဘူး။ သာမန်လူတွေ ထက် အများကြီးကျယ်တဲ့အသံ နဲ့အော်တာ''ဟု တွေ့ကြုံခဲ့ရမှုကို မိန့်ကြားသည်။

ယင်းဖြစ်ရပ်တွင် ဝင်ရောက် ပူးကပ်ခဲ့သည့် ပရလောကသား က ယင်းသည် ယခုတရားပွဲပြုလုပ် သည့် ခုနစ်လွှာတွင်နေထိုင်ကြောင်း၊ အပေါ်ဆုံးအလွှာ တွင် နောက်ထပ် ငါးဦးရှိကြောင်း၊ ယင်းအနေဖြင့် ယုဇနပလာဇာ တွင် ဆက်လက် နေထိုင်လိုသည့်အတွက် နှင်မထုတ် ရန် ဆရာတော်ကိုတောင်း ဆိုခဲ့ ကြောင်း သိရသည်။

နတ်မောက်ဆရာတော်က ''သူကနေထိုင်ခွင့် ဆက်ပေးဖို့ တောင်း ဆိုချိန်မှာ ဈေးတာဝန်ခံ ကိုမေးပြီး သဘောတူညီမှုရတဲ့အ တွက်ဆက်နေဖို့၊ ဈေးမှာအနှောင့် အယှက်မပြုဖို့၊ နှောင့်ယှက်ရင် ထွက်ခွာရမယ်ဆိုတာတွေ မှာတော့ ခေါင်းညိတ်ပြီးလက်ခံတယ်။

နောက် တော့ တရားပွဲလုပ်တဲ့နေရာက နေ နောက်ပြန်ဖင်တရွတ်တိုက် သွားပြီး သူနေတဲ့နေရာလောက် မှာ အပူးခံရတဲ့အမျိုးသမီးလေး က မူးလဲသွားတယ်။ သတိရလာ တော့ သူ့ကို လူတွေဝိုင်းကြည့်နေ တာကြည့်ပြီး သူလဲကြောင်နေ တာပေါ့။ သူက ဘာမှမသိဘူး''ဟု ဖြစ်ပျက်ပုံကို မိန့်ကြားသည်။

ယခုဖြစ်ရပ်သည် ဆရာတော် အနေဖြင့် ပထမဆုံးကြုံရသည့် မဟုတ်ဘဲ မင်္ဂလာဈေးသစ်တည် ဆောက်ချိန်ကလည်း ပထမဆုံး တရားပွဲ တွင် ကြုံခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ကြမ်းတမ်းသည့်အမူ အရာများကို ထိုအချိန်ကမကြုံခဲ့ ရကြောင်း မိန့်ကြားသည်။

နတ်မောက်ဆရာတော်က ''ဘုန်းကြီးတို့ ရေစက်ချ၊ ကမ္မဝါ ဖတ်ဖို့ အမိန့်ကြေညာချိန်မှာ အ ပေါ်ဆုံးထပ်မှာဆိုရင် တိုက်ပေါ် မှာကလေးတွေ ဘောကန်နေသလို တဝုန်းဝုန်းနဲ့ ပြေးနေတဲ့အသံတွေ လဲကြားခဲ့ရတယ်''ဟု မိန့်ကြား သည်။

အဆိုပါအမျိုးသမီးကို ဝင် ရောက်ပူးကပ်ချိန်တွင် တရားလာ ရောက်နာယူသည့် ပရိသတ်သုံးပုံ နှစ်ပုံလောက်က ကြောက် လန့်ထ ပြေးကြကြောင်း၊ ပရလောကသား ပူးကပ်ခံရသူသည် နာရီဝက်ခန့် ထိုင်ပြီး တရားပွဲကိုနာယူခဲ့ကြောင်း ဈေးထဲမှတရားနာခဲ့သူများထံမှ သိရသည်။

ဆရာတော်က ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း ဈေးသူဈေး သားများအနေဖြင့် ကြောက်ရွံ့မှု မဖြစ်ကြရန်နှင့် နေထိုင်စရာအ ခက်အခဲဖြစ်ပေါ်နေသည့်အတွက် အကူအညီ တောင်း ခံခြင်းဖြစ်ပြီး ဈေးသူ၊ ဈေးသားများကို နှောင့် ယှက်နိုင်ခြင်းမရှိကြောင်း မိန့်ကြား သည်။

''ဒီလိုဖြစ်ရပ်က အခုမှကြုံ ဖူးပေမယ့် ဒီသရဲဆိုတာ တကယ် ရှိတယ်ဆိုတာ ဘာသာရေးအရ အရင်ကတည်းကသိပြီးသားပဲ။ အခုက ဝင်ပူးပြီး နေ စရာတောင်း တာပါ။ ဆရာတော်တွေကလဲ ခုနစ်လွှာမှာ ကောင်းမွန်စွာနေဖို့ မှာပြီးပေးလိုက်ပါတယ်။

ထူးဆန်း ပေမယ့် သရဲဆိုတာတကယ်ရှိနေ တယ်''ဟု ယင်းဖြစ်ရပ်ကို ကိုယ် တိုင်ကြုံတွေ့ခဲ့ရသည့် အဝတ်အ ထည်အရောင်းဆိုင်တစ်ခုမှ ဆိုင် ရှင်ကပြောသည်။ အဆိုပါယုဇနပလာဇာတွင် ညဘက်တာဝန်ကျ လုံခြုံရေးဝန် ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်း များကိုပူးကပ်ပြီး နေရာတောင်း ခြင်း၊ စကားပြောခြင်းဖြစ်ရပ်များ ရှိခဲ့ဖူးပြီး

ယခုကဲ့သို့ အများသူငါ ရှိနေသည့် တရားပွဲတစ်ခုတွင် ဝင် ရောက်ပူး ကပ်ပြီး နေရာတောင်း ခြင်းသည် ပထမဆုံးဖြစ်ရပ်ဖြစ် ကြောင်း ယုဇနပလာဇာမြေညီ ထပ်ရှိ ဆိုင်ခန်းရှင်တခိျု့က ပြော သည်။

ရေစက်ချပွဲကိုတက်ရောက် ခဲ့သည့် မြေညီထပ်ဆိုင်ခန်းတစ်ခု မှ ဈေးဆိုင်ပိုင်ရှင်က ''အမျိုးသမီး ကို ပူးကပ်ပြီးနေရာတောင်း တာ ရေစက်ချပွဲပြုလုပ်ပေးနေတဲ့ ဆရာ တော်က သူတို့ကို ခုနစ်လွှာမှာ နေဖို့ နေရာပေးလိုက်မှထွက်သွား တယ်''ဟု ဖြစ် ရပ်ကိုပြောသည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို သိရှိနိုင်ရန်အတွက် ပဌာန်းပွဲကို တာဝန်ယူဆောင်ရွက် သည့် ဈေးတာဝန် ခံရုံးကို သွား ရောက်စုံစမ်းခဲ့သော်လည်း တာဝန် ကျဈေးတာဝန်ခံများက အသေး စိတ်ဖြေကြားလိုခြင်းမရှိဘဲ ဈေး တာဝန်ခံရုံး၏ ပြောကြားနိုင်မည့် ပုဂ္ဂိုလ် ရုံးပြန်တက်မည့်နောက် တစ်ရက်ကိုသာ ပြန်လည်ချိန်းဆို ခဲ့သည်။

ယုဇနပလာဇာဒုတိယထပ် ရှိဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူ တစ်ဦးက ''သရဲခြောက်လို့ ပရိတ် ရွတ်တာမဟုတ်ပါဘူး။ ပထမဆုံး ဆိုပေမယ့် ပုံမှန်အတိုင်းပဌာန်း ပွဲကျင်းပတာပါ။

သရဲပူးကပ်မှုဖြစ် စဉ်တွေက အမှန်ဖြစ်ခဲ့ပေမယ့် အ သေးစိတ် ကို ပြောခွင့် မရှိတဲ့အ တွက် နောက်ရက်ဈေးတာဝန်ခံ လာမှ လာခဲ့ပါ''ဟု ပြောသည်။

ကျော်ဇေယျ ၊ ငယ်ထွေး
Yangon Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...