Monday, September 16, 2013

တရုတ်စစ်သင်္ဘောများ ဂျပန်ရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်



တရုတ် ကင်းလှည့် သင်္ဘော ၄ စီးသည် အရှေ့ တရုတ် ပင်လယ်ပြင်ရှိ ဂျပန် ရေပိုင်နက် အတွင်းသို့ စက်တင်ဘာ ၁၄ရက်က ၄ နာရီကျော် ကြာအောင် ကျူးကျော် ဝင်ရောက်ခဲ့ သည်ဟု ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောဆိုခဲ့ကြောင်း NHK သတင်း တစ်ရပ်အရ သိရသည်။


ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အဆိုအရ တရုတ် ကင်းလှည့် သင်္ဘော များသည် ဆန်ကာကူကျွန်း များထဲမှ တစ်ကျွန်းဖြစ်သော ကူဘကျွန်း အနီး ရေပြင်အတွင်းသို့ စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခန့်တွင် အရှေ့မြောက် ဘက်မှ ဝင်ရောက် လာခဲ့ပြီး ၄င်းရေပြင် တစ်ဝိုက်တွင် ရပ်နား ထားခဲ့ကြောင်း ၊ ထို့နောက် ညနေ ၃ နာရီ ခန့်တွင် ဂျပန် ရေပိုင်နက် ၏ပြင်ပ ၂၅ ကီလိုမီတာ ( ရေမိုင် ၁၅ ဒသမ ၅ မိုင် ) ခန့်ကွာဝေးသော နေရာသို့ ဆက်လက် ခုတ်မောင်း သွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောများမှ တရုတ် စစ်သင်္ဘောများကို ဂျပန် ရေပိုင်နက်၏ အဝေးသို့ ထွက်သွားရန် အချက်ပြ သတိပေးမှုများ ပြုလုပ်ခဲ့ ကြောင်းနှင့် ၄င်း ကျူးကျော်မှုသည် ယခုနှစ် အတွင်း တရုတ် စစ်သင်္ဘောများ၏ ဂျပန် ရေပိုင်နက် အတွင်းသို့ (၄၄) ကြိမ်မြောက် ကျူးကျော်မှု ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရ အနေဖြင့် ၄င်းတို့ ထိန်းချုပ် ထားသော ဆန်ကာကူကျွန်း များကို ယခင် ကတည်းက ပိုင်ဆိုင်ခဲ့သည့် ကျွန်းများ ဖြစ်သည်ဟု သမိုင်း အထောက်အထား များနှင့် နိုင်ငံ တကာ ဥပဒေများ အရ ပြောဆိုခဲ့ သော်လည်း ထိုင်ဝမ် နှင့် တရုတ်နိုင်ငံ တို့မှ ငြင်းဆို လျက်ရှိ ကြောင်း သိရှိရသည်။
Pyi Chit Thar

1 comment:

  1. သတင်းကိုသမာသမတ်ကျကျရေးပါ၊ အဆိုပါရေပိုင်နက်ဟာ အငြင်းပွားရေပိုင်နက်ဖြစ်ပါသည်၊ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြေရှင်းမပြီးသေးသောတရုတ်ပိုင် Diao Yu ကျွန်းကို အမေရိကန်၏အကူညီဖြင့် ယနေ့တိုင်ဂျပန်နိုင်ငံမှ တရားမဝင်ထိန်းချုပ်ထားခြင်းမျှသာဖြစ်ပါသည်။လက်ရှိအာဏာရလက်ယာအစွန်းရောက်ဂျပန်နိုင်ငံရေးဝါဒီများ၏ ရန်စမှုကိုတုန့်ပြန်ရန်အတွက် ၄င်းရေပိုင်နက်တွင် တရုတ်အစိုးမှ အချုပ်အခြာအာဏာ တည်ရှိကြောင်း ပင်လယ်ရေပိုင်နက် ပုံမှန်ကင်းလှည့်နေခြင်းဖြစ်ပါသည်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...