Monday, September 16, 2013

အကောင့်ငါးခု၁၁ဘီလျံနှင့် မြန်မာမီဒီယာလိုက်ဘရီ မစီစဉ်တဲ့ပွဲ







မရေးတော့ဘူးလို့ဘဲ။ဒါပေမယ့်ရေးရရှင်းရတော့မယ်။ရေးပြန်ရှင်းပြန်ရင်လည်းဘ၀တူသတင်းသမားတွေ ထိခိုက်လာမှာစိုးတယ်။ပထမက ခုအကောင့်ငါးခုနဲ့၁၁ဘီလျံအသံထွက်လာစေတဲ့ပွဲကို ကျနော်တို့ မြန်မာမီဒီယာလိုက်ဘရီက စီစဉ်တာမဟုတ်ပါ။သတင်းသမားတယောက်က ကြားထဲကအကူအညီတောင်းတာနဲ့ မဥမ္မာဆိုတာက ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအကြောင်းသတင်းသမားတွေသိသင့်တဲ့ သတင်းရေးရာမှာသတိပြု စစ်ဆေးရမယ့် အချက်တွေ ဗဟုသုတအဖြစ်ဝေမျှဖို့ သတင်းထောက်တွေအတွက်အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ခြင်ကြောင်း စိတ်ဝင်စားသူအားလုံးတက်နိုင်အောင်( မနက်မအားသူနေ့ခင်းဘက် နေ့ခင်းမအားသူမနက်ဘက်)နှစ်ရက်ခွဲစီစဉ်ခြင်တယ်ဆိုလာတော့ ကျနော်လည်း ဒါအခွင့်ကောင်းဘဲ စီးပွားရေးသတင်းဘဏ်သတင်း ရေးနေတဲ့ကိုယ့်မီဒီယာလောကက လူတွေအတွက် အကျိုးရှိနိုင်တယ်ဆိုပြီး ကောင်းပြီပေါ့ စာကြည့်တိုက်ခန်းမနေရာသုံးပါပေါ့ဆိုပြီးသဘောတူခဲ့တယ်။
အဲဒါနဲ့အစီအစဉ်အီးမေးကပို့ပေးတယ် ဖုန်းခြင်းအဆက်အသွယ်ရတယ်။သူပို့ပေးတဲ့အီးမေးအတိုင်းဘဲ(အင်္ဂလိပ်လို)ကျနော့်ဖေ့စ်ဘွတ်မှာတင်ပြီး ဘဏ်နဲ့ဆိုင်ရာစိတ်ဝင်စားသူသတင်းသမားများတက်ရောက်နိုင်ပါတယ်ကြိုတင်စာရင်းပေးပါဆိုပြီးတင်လိုက်ပါတယ်။ပွဲစမယ့်နေ့ စက်တင်ဘာ၁၀ရက် နေ့ခင်း စာကြည့်တိုက်ကို သူတို့ရောက်လာမှဘဲ မဥမ္မာဆိုတာ မခင်ဥမ္မာဖြစ်နေမှန်းသိလိုက်တယ်။(အရင်ကလူခြင်းမစုံဖူးပါ၊အပြင်ကသတင်းတွေမှာတော့ပါပါနေတာတွေ့နေဖူးတာပါ)ဒီပွဲကို စကိုင်းနက် သတင်းပိုင်းက သတင်းယူဖို့ရိုက်ကူးရေးအဖွဲ့လာတယ်။မခင်ဥမ္မာက သတင်းအနေနဲ့မထုတ်ခြင်ကြောင်းတီဗီမရိုက်ဖို့ပြောပါတယ်။တဆက်ထဲ ပွဲတက်လာသူတွေကိုလည်း ဒီပွဲမှာရှင်းပြမယ့်သူက ဘယ်အဖွဲ့အစည်းကပါ သူ့နာမည်ဘယ်သူ သူကိုယ်တိုင်လည်းဘယ်သူပါ ဘာတွေလုပ်ပါတယ်ဆိုတာမိတ်ဆက်ပြီးခုဦးဆောင်ဆွေးနွေးရှင်းပြမယ့်သူကအင်တာဗျူးတွေလက်ခံဖြေမှာမဟုတ်ကြောင်း သူ့နာမည်ကိုးကားပြုသတင်းမရေးစေလိုကြောင်း သူ့ပုံဓာတ်ပုံလည်းမရိုက်ဖို့ သိချင်တဲ့အချက်တွေမေးနိုင်ကြောင်း သူပြောပြရှင်းပြတာတွေကို အချက်အလက်တခုအနေနဲ့သာယူသုံးစေလိုကြောင်း ကြိုပြောထားပြီးဖြစ်ပါတယ်။အဲဒီနေ့ကပွဲကို အယ်ဒီတာချုပ်တစ်ဦး၊ဥပဒေရေးရာအတိုင်ပင်ခံတစ်ဦး၊အကြီးတန်းအယ်ဒီတာတစ်ဦး၊သတင်းထောက်၁၆ယောက်နဲ့အလွတ်တန်းလေ့လာသူတစ်ဦးပေါင်းလူ၂၀ ညနေပွဲပြီးတဲ့ထိ စိတ်ဝင်စားစွာတက်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။တကယ်လည်းပွဲကစိတ်ဝင်စားစရာကောင်းပါတယ်။လာတက်တဲ့လူတိုင်းသဘောကျကြပါတယ်။ပွဲလာတက်တဲ့အယ်ဒီတာချုပ်မိတ်ဆွေကိုတောင် ကျနော်က အယ်ဒီတာ တွေလာတက်စေချင်တာဗျလို့ပြောပါသေးတယ်။ဒါမှတချို့လက်တွေ့လိုက်နေရတဲ့သတင်းထောက်တွေနဲ့နားလည်မှုမလွဲမှာလို့။သူတို့ဒီအချက်တွေသေချာသိထားရင်ပိုကောင်းမယ်ဆိုပြီးတောင်ပြောဖြစ်လို့ နောက်နေ့ကျနော်ဆီကအယ်ဒီတာတယောက်လွတ်ပါမယ်ဆိုပြီးမိတ်ဆွေအယ်ဒီတာချုပ်ကပြောသွားပြီးနောက်နေ့လည်းသူ့ဆီက အယ်ဒီတာတဦးပွဲပြီးထိလာတက်သွားပါတယ်။နောက်နေ့ပွဲကတော့မနက်အစော ၈နာရီခွဲဆိုတော့လာတဲ့သူနဲသွားပါတယ် ၁၀ဦးဘဲလာတက်ပါတယ်။တကယ်တမ်းစာရင်းပေးထားတာ၁၅ယောက်လောက်ရှိပါတယ်။ပထမနေ့ပွဲမှာလည်းစာရင်းပေးထားပြီးလာမတက်ဖြစ်တဲ့သူတွေအများကြီးပါ။နောက်တနေ့ထွက်စံတော်ချိန်သတင်းစာမှာ သတင်းစပါလာပါတယ်။အဲဒီမှာစပြီးနားလည်မှုနဲနဲလွဲနေပြီဆိုတာသိလိုက်ပါပြီ။မခင်ဥမ္မာကိုအဲသတင်းစာပြလိုက်တဲ့အခါသူကထပ်မမှားစေဖို့အဲဒီနေ့တက်လာသူတွေကိုသေချာထပ်ရှင်းပြပါတယ်။နောက်တနေ့ အလဲဗင်းသတင်းစာမှာဆက်ပါတော့ (ပွဲတက်ပြီး၂ရက်မြောက်)ဒီပွဲကြီးမှုးစီစဉ်တာ မြန်မာမီဒီယာလိုက်ဘရီဆိုပြီးလွဲပါတယ်။ဒီအလွဲက အသေးအဖွဲပါ။ကျနော့်ဖေ့စ်ဘွတ်တင်ကျနော်တာဝန်ခံထိုင်နေရာစာကြည့်တိုက်မှာလုပ်တော့ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီကစီစဉ်တယ်လို့ထင်စရာပေါ့။ဒါလွဲတာက ကိစ္စမရှိသေးဘူး။ဦးဆောင်ဆွေးနွေးရှင်းပြသွားတဲ့သူက ကမ္ဘာ့ဘဏ်ကမဟုတ် ဘယ်အဖွဲ့အစည်း၊သူတို့အဖွဲ့ကဘာတွေလုပ်တယ်၊သူ့ကတ်တွေလည်းပေးပါတယ်။နောက်မခင်ဥမ္မာလည်း ရှင်းရှင်းလင်းလင်းဘာသာပြန်ပြောပေးနေတာပါ။အဲဒီမှာဒီလူကိုကမ္ဘာ့ဘဏ်ကအာရှဒေသဆိုင်ရာတာဝန်ခံဆိုလွဲတော့ အကြီးအကျယ်မှားပါတော့တယ်။နောက်သူပြောတဲ့ဟာတွေကို သတင်းရေးဖို့အချက်အလက်အနေနဲ့ယူဖို့သာပြောထားတာမှာ သူကအထောက်အထားအခိုင်အမာနဲ့ပြောတဲ့ပုံစံမျိုးဖြစ်သွားတော့နားလည်မှုတွေထပ်လွဲကုန်ရတာပါဘဲ။သူပြောခဲ့တာက ကမ္ဘာ့ဘဏ်က မြန်မာပြည်အကြွေးတွေလျှော်ပေးဖို့ငြင်းရတဲ့အချက်က မြန်မာနိုင်ငံတွင်းကနေ အပြင်မှာ ဘဏ်အကောင့်ငါးခုဖွင့်ထားတာရှိနေပြီးအဲဒီအကောင့်တွေစုစုပေါင်းပမာဏက ၁၁ဘီလျံကျော်ရှိနေတော့ မင်းတို့ဆပ်ရမှာ ၈၉၀ကျော်ပေါ့ တစ်ဘီလျံတောင်မပြည့်ဘူး ဒီအကောင့်တွေတောင်ရှိနေတာဘဲမဆပ်နိုင်စရာမရှိဘူးပေါ့ လျှော်ပေးလို့မရဘူးဆိုပြီး ငြင်းလိုက်တယ်လို့သိရကြောင်း(သူအထောက်အထားအခိုင်အမာပြ မပြောခဲ့ပါ)ပြောသွားခဲ့တာပါဘဲ။ကျနော်အဲဒီသတင်းဖတ်ပြီးတဲ့အချိန် နောက်ဆက်တွဲတွေတော့လာတော့မှာဘဲဆိုပြီး မခင်ဥမ္မာကိုဖုန်းဆက် အမရေ ရှင်းဖို့သာပြင်ပေတော့ ပြီးဒီပွဲက ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီက ကြီးမှုးစီစဉ်တာလည်းမဟုတ်ဘူးဆိုတာပါပြောပါဦးလို့ပြောခဲ့ပါသေးတယ်။ညနေပိုင်းလည်းရောက်ရော ပြည်ပရေဒီယိုအသံလွှင့်ဌာနတွေကမိတ်ဆွေများရဲ့ဖုန်းတွေဆက်တိုက်ဝင်လာပါတော့တယ်။အဲပွဲနေ့ကပြောသွားတာတွေပြန်ပြောပေးဖို့၊အသံဖိုင်ပေးဖို့၊၁၁ဘီလျံအကြောင်းပြောသွားတာကြားလိုက်လားမကြားလိုက်လားကော၊အဲလိုပြောသွားတာကြားလိုက်ပါကြောင်းဖြေပေးဖို့အမျိုးမျိုးပြောလာကြတာကို ကျနော်ဘာမှ မှတ်ချက်လဲမပေးခြင်ဖြေလည်းမပေးချင်အသံဖိုင်လည်းမပေးနိုင်ပါကြောင်းငြင်းလွတ်ပါတယ်။အားလုံးကိုတော့ဖြစ်စဉ်အမှန်နဲ့ အလုပ်ရုံဆွေးနွေးပွဲမှာသူပြောတဲ့အချက်တွေက နောက်ဆက်တွဲထပ်လိုက်အဖြေရှာရမယ့်ဟာတွေဖြစ်ကြောင်း သူပြောသွားတာအထောက်အထားတိတိကျကျပြ ပြောသွားတာမဟုတ်ကြောင်းသေချာတော့ရှင်းပြလိုက်ပါတယ်။(ဒါကို နောင်တော်ကြီး ကိုကျော်ကျော်သိန်းတောင် ကျေလည်ပုံမရပါဘူး။)တကယ်တမ်းတော့ကျနော်တို့တွေသင်ယူထားတဲ့သတင်းစာပညာမှာ သတင်းတစ်ပုဒ်ရဲ့ တိကျမှု မျှတမှု ချိန်ခွင်လျှာညီမျှမှုစံတွေရှိပြီးသားပါ။တဖက်အမြင်တဖက်အပြောနဲ့ မရေးဘဲ သက်ဆိုင်ရာသတင်းရင်းမြစ်များအားလုံးကိုမျှတစွာပြောခွင့်ပေးဖို့သင်ထားခဲ့ကြရပြီးသားပါ။တခါတခါဒီလိုအလွဲတွေကြုံရတဲ့အခါ ကိုယ့်မီဒီယာလောကသား သတင်းစာသမားတွေကို လက်ညိုးထိုးအပြောခံရမှာမလိုလားပါဘူး။အခြေအနေအချိန်အခါအရ အရေးတကြီးလုပ်လိုက်ရတဲ့သတင်းတွေမှာ လစ်ဟာချက်တွေကျင့်ဝတ်စံနဲ့လွဲချော်ရတဲ့အားနည်းချက်တွေ ကြုံကောင်းကြုံကြရတာ သတင်းမီဒီယာအားလုံးရင်ဆိုင်ခဲ့ရဖူးပြီးဖြစ်သော်လည်း အမြဲလွဲနေတာမျိုးမဖြစ်အောင်တော့ ပိုပြီးသတိပြုဆင်ခြင်သွားနိုင်ကြပါစေလို့မေတ္တာရည်ကာဆုတောင်းပါတယ်။
(ဘေးထွက်ထိုင်နေခြင်လည်းအခွင့်မသာတဲ့ဘ၀)


From : ..Saw Lynn Aung'

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...