Wednesday, September 11, 2013

အင်္ဂါဂြိုဟ် ကိုလိုနီပြုရေးခရီးစဉ် လိုက်ပါလိုသူ ၂၀၀၀၀၀ ကျော်ရှိ


======================
Ref-AFP ၊ စက်တင်ဘာ (၁၀)၊ ၀ါရှင်တန်
======================
ဘယ်တော့မှပြန်မလာဘဲ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် လျှောက်ထားသူအရေအတွက် မှာ နိုင်ငံပေါင်း ၁၄ဝမှ လူနှစ်သိန်း ကျော်ရှိကြောင်း နေထိုင်ကောင်း ပုံမရသည့် ဂြိုဟ်နီကြီးကို ကိုလိုနီ ပြုရေး စွန့်စားသွားလာရန်ရည် မှန်းနေသည့်အဖွဲ့က တနင်္လာနေ့ တွင် ပြောကြားခဲ့သည်။

လိုအပ်သော အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံရှာရပါ က ၂၀၂၂ခုနှစ်တွင် စတင်သွား ရောက်ရန် မျှော်လင့်ထားသည့် မစ်ရှင်တစ် ခုတွင် အင်္ဂါဂြိုဟ်ပေါ်၌ အမြဲတမ်း အခြေစိုက်စခန်း တည်ဆောက် ရန် ဒတ်ခ်ျအင်ဂျင်နီယာ စွန့်ဦး တီထွင်လုပ်ငန်းရှင် ဘတ်စ်ဒေါ့ပ် က စီစဉ်နေသည်။

တစ်လမ်းသွားခရီးအတွက် လျှောက်ထားသူ ၂၀၂၅၈၆ ဦး အနက် လေးပုံတစ်ပုံမှာ အမေရိ ကန်နိုင်ငံသားများဖြစ်သည်ဟု အကျိုးအမြတ်မယူသည့် Mars One အဖွဲ့ကပြောကြားခဲ့သည်။ ၎င်းအဖွဲ့သည် ဧပြီလက အင်္ဂါ ဂြိုဟ်တွင် အခြေစိုက်မည့်သူများ ကို စတင်ရှာဖွေခဲ့သည်။ တခြား နိုင်ငံများအနက် အိန္ဒိယက ရာ ခိုင်နှုန်း ၁၀၊ တရုတ်က ခြောက် ရာခိုင်နှုန်းနှင့် ဘရာဇီးက ငါးရာ ခိုင်နှုန်း လျှောက်ထားခဲ့ကြသည် ဟု ၎င်းအဖွဲ့ကပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်လောက်တွင် အသည်းအသန် သင်တန်းများ ပေးပြီး အဖွဲ့ဝင်လေးဦးပါအဖွဲ့ ၁ဝဖွဲ့ဖွဲ့ရန် Mars One ကမျှော် လင့်ထားသည်။ ၎င်းတို့အထဲမှ ပထမဆုံးအဖွဲ့သည် ခုနစ်လကြာ သွားရမည့် အန္တရာယ်များသည့် ခရီးစဉ်ဖြင့် ၂၀၂၃ခုနှစ်တွင်ရောက် ရှိမည်ဆိုသည်။ အကယ်၍ ၎င်း တို့အနေဖြင့် ခရီးစဉ်တွင် မသေ ခဲ့ပါက ကန္တာရနှင့်တူသောဝန်း ကျင်တွင် အနုတ် ၅၅ဒီဂရီစင်တီ ဂရိတ်အပူချိန်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းဝန်းကျင်တွင် ကာ ဗွန်ဒိုင်အောက်ဆိုက်များရှိနေမည် ဟုဆိုသည်။

ထို့အပြင် ၎င်းတို့သည် ကုန် ကျစရိတ်များကာမိစေရန် လက် တွေ့အဖြစ်အပျက်များကို ရိုက် ကူးပြသသော ရုပ်သံမှ နာမည် ကျော်များကဲ့သို့ မြေကမ္ဘာသို့ လေ့ လာတွေ့ရှိချက်များ အချိန်ပြည့် ပြန်လည်ပေးပို့ရန် သဘောတူ ထားရသည်။ စီမံကိန်းမှာ ၁၉၉၉ ခုနှစ်က ရူပဗေဒအတွက် ပူးတွဲ နိုဘယ်ဆုရရှိခဲ့သူ ဒတ်ခ်ျလူမျိုး Gerard't Hooft ၏ ထောက်ခံ မှု ရရှိထားသည်။
''ရေရှည်ရည်မှန်းချက်က တော့ ကြာရှည်တည်တံ့မယ့် ကို လိုနီတစ်ခုပိုင်ဆိုင်ဖို့ ဖြစ်ပါတယ်'' ဟု Gerard't Hooft က ဧပြီလက နယူး ယောက်တွင် ပြောကြားခဲ့သည်။

''ဒီနယ်ပယ်ချဲ့ထွင်မှုက လွယ်မှာမဟုတ်ပါဘူး။ ဘယ် လောက် မြန်မြန်ပြီးမလဲဆိုတာ လူတိုင်းရဲ့ခန့်မှန်းချက်ပါ''ဟု ၎င်း က ဆက်လက်ပြောခဲ့သည်။
နာဆာအပါအဝင် အာကာ သအေဂျင်စီများကူLand Drop ၏အစီအစဉ်ကို သံသယဝင်နေ ပြီး အင်္ဂါဂြိုဟ်ပေါ်တွင် လူသား ကိုလိုနီ စိုက်ထူနိုင်သည့်နည်းပညာ မရှိဟုဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...