Wednesday, September 11, 2013

ပထမဆုံးကတိ



တစ်ခါတုန်းက မင်္ဂလာဦး ပထမနေ့ကတည်းက ယောက်ျားဖြစ်သူနဲ့မိန်းမဖြစ်သူဟာ ကတိတစ်ခုထားခဲ့ကြတယ် ။ ဘာကတိလည်းဆိုတော့ အဲဒီပထမဆုံးအိမ်ထောင်ဦးနေ့မှာ ဘယ်သူတံခါးလာခေါက်ခေါက် မဖွင့်ပေးကြေးဆိုတဲ့ကတိပါပဲ ။ ပထမဦးဆုံးရက်မှာပဲ ယောက်ျားဖြစ်သူဖက်က မိဘတွေက သူတို့ကို အဆင်ပြေရဲ့လားသိချင်လို့လာကြည့်

ပါတယ် ။ ယောက်ျားရော မိန်းမရော တံခါးနောက်ကွယ်မှာရပ်နေကြတယ် ။ ပြီးတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြတယ် ။ ယောက်ျားဖြစ်သူက သူ့မိဘတွေဖြစ်တဲ့အတွက်တံခါးဖွင့်ပေးချင်ခဲ့တယ် ။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ်တံခါးမဖွင့်ပေးဘူးဆိုတဲ့ ကတိလည်းရှိနေတဲ့အတွက် သူဟာ တံခါးကို လုံးဝသွားမဖွင့်ပေးခဲ့ပါဘူး ။ ယောက်ျားဖြစ်သူရဲ့မိဘတွေနောက်ဆုံးပြန်သွားခဲ့ကြတယ် ။

ုဒီလိုနဲ့အချိန်အနည်းငယ်ကြာတဲ့အခါ မိန်းမဖြစ်သူရဲ့မိဘတွေလည်းရောက်လာကြပါတယ် ။ ယောက်ျားဖြစ်သူနဲ့မိန်းမဖြစ်သူဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ် ။ သူတို့မှာ သဘောတူညီချက်ကတိစကားကလည်းရှိထားခဲ့တာကိုး ။ အဲဒီအချိန်မှာပဲ မိန်းမဖြစ်သူဆီက ရှိုက်သံတွေနဲ့ မျက်ရည်တွေကျလာပါတော့တယ် ။ ပြီးတော့ ယောက်ျားဖြစ်သူကိုပြောတယ် “ ငါ့မိဘတွေကို ငါဒီလိုမျိုးမလုပ်နိုင်ဘူး ” လို့ပြောပြီး မိန်းမဖြစ်သူက မိဘတွေဝင်လာစေဖို့အတွက်တံခါးကို သွားဖွင့်ပေးခဲ့တယ် ။ ယောက်ျားဖြစ်သူက ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးမိန်းမကို ဘာမှမပြောပါဘူး ။

နှစ်တွေကျော်လွန်ပြီးတဲ့အခါ သူတို့မှာ သားသမီး ငါးယောက်ထွန်းကားလာခဲ့တယ် ။ ပထမဆုံးကလေး ၄ ယောက်က ယောက်ျားလေးတွေဖြစ်ပြီး ၅ ယောက်မြောက်ကလေးကတော့ မိန်းကလေးဖြစ်ပါတယ် ။ သမီးမိန်းကလေးမွေးတဲ့နေ့မှာပဲ ဖခင်ဖြစ်သူက တစ်မြို့လုံး တစ်နယ်လုံးကို ဖိတ်ပြီး ပျော်ပွဲရွှင်ပွဲ ကြီးတစ်ခုကျင်းပစေခဲ့တယ် ။ စည်ကားသိုက်မြိုက်စွာကျင်းပတဲ့အတွက်ကြောင့် မိန်းမဖြစ်သူက နားမလည်နိုင်အောင်ဖြစ်သွားခဲ့တယ် ။ ဒီလိုနဲ့ အဲဒီညကျတော့ မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို ဖွင့်မေးတယ် ။

“ အရင်ကလေးတွေကျတော့ ဘာပွဲမှမလုပ်ပေးပဲနဲ့ ဒီ ၅ ယောက်မြောက်မိန်းကလေးကျမှ ဘာလို့ လုပ်ပေးတာလဲ ”

ယောက်ျားဖြစ်သူက ပြုံးပြီးတော့ပြန်ပြောတယ် ။

“ သူဟာ ငါ့အတွက် အိမ်တံခါးဖွင့်ပေးမယ့်သူဖြစ်နေလို့ပါ ”

=============================================

ဒီပုံပြင်လေးကို ဖတ်ပြီး ရှေးလူကြီးတွေစကားပြန်သတိရမိတယ် ။ သမီးမိန်းကလေးမွေးတာ မိဘအတွက် ၊ သားယောက်ျားလေးမွေးတာ မယားအတွက်ဆိုတာမှန်နေမလားပဲ ။ ဒါပေမယ့်လည်း ဆိုတဲ့သားသမီးက ဆိုးပြီး အလိုက်သိတတ်တဲ့သားသမီးကတော့အလိုက်သိတတ်တာပါပဲ ။ မိန်းကလေးတွေကတော့ မိဘတွေကို ပိုချစ်တတ်မယ်ထင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကိုယ်တိုင် သားသမီးတွေကို ၀မ်းနဲ့လွယ်ပြီးမွေးဖွားပေးခွင့်ရတဲ့ မိဘမေတ္တာကို ကိုယ်တိုင်ခံစားသိနိုင်တဲ့ ကံထူးရှင်တွေဖြစ်နေလို့ပေါ့ ။

သက်တန့်ချို

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...