Sunday, December 15, 2013

မြန်မာနှင့် ဗီယက်နမ် အမျိုးသမီးဘောလုံးပွဲလက်မှတ်ကို ထောင်နှင့်ချီသောပရိသတ်များ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ တိုးဝှေ့ဝယ်ယူနေရ

Sunday, 15 December 2013


ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဗထူးအားကစားကွင်း၌ လက်မှတ်ဝယ်ယူရန် တိုးဝှေ့နေကြသော ဘောလုံးပရိသတ်များအား တွေ့ရစဉ်

(၂၇)ကြိမ်မြောက် ဆီဂိမ်းစ်ပြိုင်ပွဲအဖြစ် မန္တလေးမြို့တွင် ကျင်းပလျက်ရှိသော အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွင်း မြန်မာနှင့် ဗီယက်နမ်ဘောလုံးပွဲလက်မှတ်ကို ထောင်နှင့်ချီသော ပရိသတ်များ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ တိုးဝှေ့ဝယ်ယူရလျက်ရှိကြောင်းသိရသည်။

မြန်မာနှင့် ဗီယက်နမ် ဘောလုံးပွဲ လက်မှတ်များကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊ ဗထူးအားကစားကွင်း နှင့် သဇင်လမ်း၊ ၆၈ လမ်းနှင့် ၇၃လမ်းကြားရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) တို့တွင် စတင်ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူများခဲ့ပြီး ထောင်နှင့်ချီသော လက်မှတ်ဝယ်ယူသူ ပရိသတ်များ အနေဖြင့် နာရီပေါင်းများစွာ တိုးဝှေ့ဝယ်ယူခဲ့ကြသော်လည်း လက်မှတ်မရရှိဘဲ လှည့်ပြန်ခဲ့ရကြာင်း သိရသည်။

" လက်မှတ်ဝယ်ဖို့ မနက် ၆ နာရီ ကတည်းက လာစောင့်နေတာ။ အစပိုင်းတော့ တန်းစီနေရာကနေ တဖြည်းဖြည်း လူအုပ်ကြီးဖြစ်လာပြီး တိုးဝှေ့ကုန်ကြတာ။ တစ်ချို့ အမျိုးသမီးတွေဆို လူအုပ်ထဲတိုးရင်း အသက်ရှူကျပ်ပြီး မူးလဲကျသွားတယ်။ လုံခြုံရေးရဲတွေ ကိုယ်တိုင် လူအုပ်ကိုဝင်ထိန်းပြီး လက်မှတ်ပေါက်ကနေ ၀ယ်ပေးနေရတာ။ လက်မှတ်ပေါက်နဲ့ နီးတဲ့လူကို အဝေးမှာရှိတဲ့သူတွေက ပိုက်ဆံတွေစုပေးပြီးဝယ်ခိုင်းတဲ့ အချိန်လက်မှတ်ကုန်သွားပြီဆိုတော့ ပိုက်ဆံလည်းပြန်မရ လက်မှတ်လည်းမရတဲ့သူ တွေလည်းရှိတယ် " ဟု ဗထူးကွင်း၌ လက်မှတ်ဝယ်ယူသူ လူငယ်တစ်ဦးက ဆိုသည်။

ငွေကျပ်တစ်ထောင်ဖြင့် တိုးဝှေ့ဝယ်ယူရရှိခဲ့သော လက်မှတ်များကို တန်းစီစောင့်ဆိုင်းနေသူများအား ကျပ်တစ်သောင်းဖြင့် ပြန်လည်ရောင်းချမှုများ ရှိကြောင်းသိရသည်။ " အား/ကာသိပ္ပံမှာ မနက် ၃ နာရီ လောက်ကတည်း လက်မှတ်ဝယ်ဖို့စောင့်နေကြတာ။ လက်မှတ်စရောင်းပြီး နာရီဝက်လောက်ကြာတော့ ကုန်သွားပြီပြောလို့ တန်းစီစောင့်နေတဲ့သူတွေ မကျေမနပ်ဖြစ်ပြီး အုတ်တံတိုင်းကျော်ဝင်ကြတာ။ လူမှုရေးဝန်ကြီးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေပါဝင်ရောက် ဖြေရှင်းပေးရတယ် " ဟု မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...