Sunday, December 15, 2013

ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ဟိုင်းလတ်ယာဉ်တစ်စီး ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

 Sunday, 15 December 2013


ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျသွားသည့် ယာဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဦးအောင်ကြည်)

ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်တစ်စီး မင်္ဂလာဒုံမြို့နယ် ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အရှိန်လွန်၍ အောက်သို့ထိုးကျခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုးကျမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မှော်ဘီ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်မှာ နံနက် ၅ နာရီဝန်းကျင်ခန့်က အဆိုပါခုံးကျော်တံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲရှေ့တွင် မောင်းနှင်နေသည့် ယာဉ်တစ်စီးအား နောက်မှပွတ်တိုက်မိပြီး တံတားအောက်သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က "အရှိန်ပြင်းတော့ တံတားပေါ်မှာစလစ်ဖြစ်ပြီး ရှေ့ကကားနောက်ပိုင်းကို ပွတ်တိုက်ခဲ့တယ်။ ဆက်ပြီးတော့ တံတားပေါင်ကိုကျော်ပြီး အောက်ထိုးကျသွားတာပါ။ ခရီးသည်နှစ်ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်ခရီးသည် ၁၁ ဦးကိုတော့ ဆေးရုံကို ပို့ထားပါတယ်" ဟု ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားပေါ်မှ ယာဉ်ပြုတ်ကျမှုကြောင့် သေဆုံးခဲ့သည့် ခရီးသည်နှစ်ဦးမှာ ဦးကျော်သင်း(၅၁)နှစ်နှင့် ဒေါ်မြမြခိုင် အသက် (၅၃)နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ ယာဉ်အားထား၍ ထွက်ပြေးနေကြောင်း သိရသည်။

1 comment:

  1. ဒီကားမောင်းက အပေါ်ကပြုတ်ကျတာတောင် ထွက်ပြေးနိုင်သေးတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...