Saturday, December 28, 2013

ကုမ္ပဏီ မှတ်ပုံတင်ပါက ယခင်ပြဋ္ဌာန်းချက်အရ အနည်းဆုံး မ,တည်ရင်းနှီးငွေ ကျပ်ငါးသန်း ရှိရမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ပယ်ဖျက်လိုက်ကြောင်းသိရ

Saturday, 28 December 2013



ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးရှိ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အငယ်ထွေး)

မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်သာကိုင်သာ ရှိလာစေရန် လုပ်ဆောင်သည့် အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ပါက အနည်းဆုံး မတည်ရင်းနှီးငွေ (Minimum Paid up Capital) အတွက် ငွေကျပ်ငါးသန်း ရှိရမည်ဆိုသော ယခင်ပြဋ္ဌာန်းချက်အား ပယ်ဖျက်လိုက်ကြောင်း သတင်းရှိရသည်။

''ကျွန်တော်တို့က တစ်ဖက်က Investment Promote လုပ်သလို တစ်ဖက်ကလည်း နိုင်ငံတကာရဲ့ အကူအညီ လိုပါတယ်။ အားလုံးသိပြီးသား နေမှာပါ World Bank က Report ထုတ်တဲ့အခါမှာ ကျွန်တော်တို့က နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့်က ၁၈၂ မှာ ရောက်နေပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ Investment Environment က မကောင်းသေးပါဘူး။ အားနည်းချက်တွေ ရှိနေပါသေးတယ်။ ဒါကိုကောင်းအောင် လုပ်ဖို့လိုပါတယ်။ အခုလည်း စပြီးဆောင်ရွက် နေပါပြီ။ အဲဒီအတွက် ပြင်သစ်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ OECD နဲ့ပေါင်းပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လက စပြီးတော့ လက်တွဲပြီးတော့ အလုပ်လုပ်နေတယ်။ သူတို့က Investment Policy Review of Myanmar ဆိုပြီးတော့ မြန်မာနိုင်ငံရဲ့ Investment တွေကို ပြန်ပြီး Review လုပ်ပေးနေပါတယ်။ ဒီ Review ကို မကြာခင် ထုတ်ပြန်မှာပါ။၂၀၁၄ မတ်လ ဆန်းလောက်မှာ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက လုပ်ထုံးလုပ်နည်း ကိစ္စပေါ့။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့ကိုင်တဲ့ ဟာတွေအားလုံးက နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်စေဖို့ကို အကူအညီ ပေးနေပါတယ်။ တစ်ဖက်ကလည်း မကြာခင်ကပဲ IFC ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ Investment ၀န်းကျင်ကောင်း တစ်ခုဖြစ်လာဖို့ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်း ဆိုင်ရာတွေ ကူညီပေးဖို့ စာချုပ်ချုပ်ထားပါတယ်။ ဒီပရောဂျက်အတွက် သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေက ဘဏ္ဍာငွေ ထောက်ပံ့ပေးထားတာပါ'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။



World Bank က Report ထုတ်တဲ့အခါမှာ ကျွန်တော်တို့က နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့်က ၁၈၂ မှာ ရောက်နေတယ် ဆိုပေမဲ့ ရှေ့နှစ်ကတော့ သေချာပါတယ်။ ၁၈၂ ရှေ့ကို အများကြီး ရောက်သွားနိုင်ပါတယ်...




''World Bank က Report ထုတ်တဲ့အခါမှာ ကျွန်တော်တို့က နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့်က ၁၈၂ မှာ ရောက်နေတယ် ဆိုပေမဲ့ ရှေ့နှစ်ကတော့ သေချာပါတယ်။ ၁၈၂ ရှေ့ကို အများကြီး ရောက်သွားနိုင်ပါတယ်။ ကိုယ့်ဌာနအလိုက် ပြန်စိစစ်တာတွေ လုပ်တယ်။ ဥပမာ ကျွန်တော်တို့ဌာနမှာ ကုမ္ပဏီမှတ်ပုံတင်လို့ရှိရင် ယာယီက ဒီကိုနေ့ချင်းပြီးပေးတယ်။ သို့သော်လည်း Original Card ရဖို့က ရက်ပေါင်း ၇၀ ကျော်လောက် စောင့်ရတယ်။ ဘာကြောင့် ဖြစ်လည်းဆိုတော့ Procedure ကြောင့်ဖြစ်နေတာပေါ့။ အဆင့်တွေ များနေတာပေါ့။ တစ်အချက်က ကျွန်တော်တို့ဆီမှာ ကုမ္ပဏီ မှတ်ပုံတင်လို့ရှိရင် Minimum Paid up Capital က ငွေကျပ် ငါးသန်းရှိရမယ်။ မရှိရင် ကုမ္ပဏီထောင်လို့ မရဘူး။ သူက ငါးသန်း။ ကုမ္ပဏီ မှတ်ပုံတင်ကြေးက တစ်သန်းဆိုတော့ ခြောက်သန်း၊ ဆိုတော့ သိန်း ၆၀ မှ မရှိရင် ကုမ္ပဏီထောင်လို့ မရဘူး။ တစ်ဖက်က အစိုးရရဲ့ မူဝါဒကလည်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို အားပေးမယ်ဆိုတော့ ဒီပေါ်လစီနှစ်က Consistent မဖြစ်တော့ ဖြေလျော့သင့်တယ် ဆိုပြီးတော့ အခု Minimum Paid up Capital ငါးသန်းက အခုမရှိတော့ဘူး။ အခုဆိုရင် အရင်တုန်းက ရက် ၇၀ ကျော် ကြာတာကနေ အခုသုံးရက်နဲ့ ထုတ်ပေးပါတယ်။ သေချာတာ တစ်ခုကတော့ နောက်နှစ်မှာ ၁၈၂ မဟုတ်နိုင်တော့ပါဘူး။ ရှေ့ရောက်သွားမှာပါ။ ဘယ်လောက်အထိ ရောက်မလဲ ဆိုတာတော့ မသိသေးပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...