Tuesday, January 7, 2014

တရုတ်ပြည်မှာ ဆင်စွယ်ခြောက်တန်ကျော်ကို ဖျက်ဆီး

Tuesday, January 7, 2014
တရုတ်ပြည်ဂွမ်ဒေါင်းခရိုင်မှာ မဖျက်ဆီးခင်တွေ့ ရတဲ့ ဆင်စွယ်တွေနဲ့ ရုပ်တုတွေ။
တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာဆင်စွယ်မှောင်ခိုကူးသန်းရာအချက်အခြာအဖြစ်နာမည်ကျော်နေတဲ့ သူ့ ရဲ့ ပုံရိပ်ကို ဖျက်ပစ်ဖို့ တရားမ၀င်မှောင်ခိုတင်သွင်းလာ တဲ့ဆင်စွယ်ခြောက်တန် ကိုအများပြည်သူရှေ့ မှာဖျက်ဆီး ပစ်ပါတယ်။ ဒါဟာပထမဆုံးအကြိမ်လူအများရှေ့ မှာ ဖျက်ဆီးပစ်တာဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်တွေရဲ့  ဘ၀ကိုကာကွယ်ဖို့ အတွက်ပြည်သူတွေ ရဲ့ အသိအမြင်ကိုမြှင့်တင်ပေးဖို့ နဲ့ တရုတ်ပြည်ရဲ့ တရားမ၀င်ဆင်စွယ်မှောင်ခိုဈေးကွက် ကိုရပ်တန့် ဖို့ အားထုတ်မှုဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေအဆိုအရ အာဖရိကဆင်စွယ်တွေဟာ ရုပ်ထုတွေထုလုပ်တဲ့တရုတ်နိုင်ငံဆီကိုဦးတည် သွားတယ်လို့ ယုံကြည်ကြပါတယ်။တချို့ အပြောအရ ၇၀ရာနှုန်းဟာတရုတ်ပြည်ကိုရောက်သွားတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဂျူလိုင်လကဆင်စွယ်တစ်ထောင်ကျော်ကိုတရုတ်ပြည်တောင်ပိုင်းမြို့ တစ်မြို့ ဖြစ်တဲ့ဟောင်ကောင် မှာအကောက်ခွန်ဌာနဖမ်းဆီးမိခဲ့ပါတယ်။ဒီဆင်စွယ်တစ်ထောင်ကျော်မှာအများစုက ဆင်ပေါက်လေးတွေ ရဲ့ အစွယ်တွေဖြစ်ပြီး ပြည်မကြီးဆီကိုပို့ ဆောင်ဖို့ ဖြစ်ပါတယ်။

CITES ဆိုတဲ့အဖွဲ့ ကနိုင်ငံတကာဆယ်စွယ်ကုန်ကူးမှုကို ၁၉၈၉ ကနေစပြီးပိတ်ပင်ခဲ့ပေမယ့် ကမ္ဘာ့တောရိုင်း သဘာဝရန်ပုံငွေအဖွဲ့ ရဲ့ ခန့် မှန်းချက်အရ ၂၀၁၂ခုနှစ်မှာပဲ ဆင်ပေါင်းနှစ်သောင်းနှစ်ထောင်လောက် ဟာသူတို့ အစွယ်အတွက်အမဲလိုက်ခြင်းခံခဲ့ရပါတယ်။
နောက်နှစ်မှာ ဒီထက်ပိုတယ်လို့ ဆိုပါတယ်။သူတို့ အဖွဲ့ ကပြောတာက ကမ္ဘာပေါ်မှာဆင်ပေါင်း လေး သိန်းခုနှစ်သောင်းလောက်ပဲကျန်တော့တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာနိုဝင်ဘာလကဆင်စွယ် ခြောက်တန်ဖျက်ဆီးခဲ့ပြီးဖိလစ်ပိုင်ကလည်းဇွန်လမှာ ငါးတန်ဖျက်ဆီးပစ်ခဲ့ပါတယ်။၂၀၁၁ ကကင်ညာနိုင်ငံမှာလည်း ဆင်စွယ်တွေကိုမီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။
mp4U



China destroys six tonnes of illegal ivory in landmark public event
China has crushed more than six tonnes of illegal ivory on Monday, in a landmark event aimed at shedding its image as a global hub for the illegal trade in elephant tusks.In what was described as the first ever public destruction of ivory in China, masked workers fed tusks from a pile surrounded by ivory carvings into crushing machines in the southern city of Dongguan.
The event was "the country's latest effort to discourage illegal ivory trade, protect wildlife and raise public awareness", the official news agency Xinhua said.
Conservationists say surging demand for ivory in Asia is behind an ever-mounting death toll of African elephants, as authorities have failed to rein in international smuggling networks.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...