Tuesday, January 7, 2014

တရုတ်မယားအဖြစ် ရောင်းချခံရသူ ဟင်္သာတမှ အမျိုးသမီးငယ်နှစ်ဦးအား (၁)နှစ်ကျော်သည်အထိ မကယ်တင်နိုင်သေး

Tuesday, January 7, 2014
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့တွင်နေထိုင်သည့်အမျိုးသမီးငယ်နှစ်ဦးသည် တရုတ်နိုင်ငံသို့ တရုတ်မယားအ ဖြစ်ရောင်းချခံခဲ့ရ သည် မှာ တစ်နှစ် ကျော်ပြီဖြစ်သော်လည်း ၄င်းတို့ကိုယခု ချိန်ထိပြန်လည်မကယ် တင်နိုင်သေး ကြောင်းသိရသည်။

လွန်ခဲ့သည့်၂၀၁၂ခုနှစ်နိုဝင်ဘာလကလူကုန်ကူးပွဲစားများ၏သွေးဆောင်ဖြားယောင်းမှုကြောင့်တရုတ်နိုင်ငံသို့လိုက်ပါသွားခဲ့သောဟင်္သာတမြို့မှအမျိုးသမီးငယ်နှစ်ဦးမှာကျပ်သိန်း(၅၀)ဖြင့်တရုတ်မယားအဖြစ်ရောင်းချခံခဲ့ရသည်ကို မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့မှသိရှိပြီး တရားရုံး တွင် လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားသော် လည်းရောင်း ချခံငွေကြေး အခက် အခဲကြောင့်ထိုအမျိုးသမီးနှစ်ဦးကိုယခုအ ချိန်ထိ တရုတ်နိုင် ငံမှမ ကယ် တင်နိုင် သေးကြောင်း နေပြည်တော် လူကုန်မှု တား ဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့ထံမှသိရှိရသည်။

“သူတို့ကိုရောင်းချခံခဲ့ရတဲ့နှစ်ယောက်ပေါင်းငွေကျပ်သိန်း(၅၀)ကိုပြန်ပေးနိုင်မှပြန်လည်ကယ်တင်နိုင်မှာပါ၊အခုက တော့ဟင်္သာတမြို့မှာနေတဲ့မိန်းကလေးငယ်နှစ်ယောက်ဆိုတာကိုပဲ သိထားတယ်။ တရုတ်နိုင်ငံ ရဲ့ဘယ်နေရာ မှာ ရောက်နေတာလဲလည်းမသိရသေးပါဘူး၊ တရုတ်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ရှာဖွေနေတုန်းပါ၊တရားခံလည်း မမိ။တရားလို လည်းမရှိသေး တဲ့အခြေ အနေမျိုးပါ”ဟုနေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါအမှုအပါအ၀င်ဧရာဝတီတိုင်းဒေသကြီးအတွင်း၌၂၀၁၃ခုနှစ်တွင်လူကုန်ကူးမှုငါးမှုအားတရားစွဲဆိုနိုင်ခဲ့ပြီး အမျိုးသားလေးဦး အမျိုးသမီး(၄)ဦး အားကယ်တင်နိုင်ခဲ့ကြောင်း၊ယခုအမျိုးသမီးနှစ်ဦး၏အမှုကိုတရားရုံးသို့တ ရားစွဲဆိုတင်ပို့ထားသော်လည်း မကယ် တင်နိုင်သေးကြောင်း၊ တရုတ်နိုင်ငံ တွင်ပွဲစားများရောင်းချခဲ့သောငွေကြေး အားပြန်လည်မ ဆပ်နိုင်သေး ၍ တရုတ် အမျိုးသား များနှင့်ပေါင်း သင်းနေရ သူမြန်မာ အမျိုး သမီးများ လည်း ရှိနေကြောင်းနေပြည်တော် လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့မှသိရသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့သည်လူကုန်ကူးခံရမှုအားတိုင်ကြားသည့်အခါတွင် စစ်ဆေးအရေးယူပြီးတရားစွဲ ဆိုနိုင်ရန်ပြည် ထဲရေးဝန်ကြီးဌာနသို့ လူကုန်ကူးမှုမြောက်မမြောက်တင်ပြပြီးမှသာ တရား ရုံးသို့လူ ကုန်ကူးမှုဖြင့်တရား စွဲနိုင်ကြောင်း၊ပြည် ထဲရေ၀န်ကြီးဌာ န မှ ပြန် ကျလာသောအခါမှသာ လူကုန်ကူးမှုဖြင့်တ ရားစွဲဆို၍ ရကြောင်းသိ ရ သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းလူကုန်ကူးမှုမြောက်မမြောက်အငြင်းပွါးဖွယ်ရာဖြစ်နေသောအချို့အမှုများ သည်အောက်ခြေမှ စစ်ဆေးပြီး ပြည် ထဲရေး ၀န်ကြီးဌာနသို့တင်ထားသဖြင့်မသိရှိရသေးကြောင်း၊နေပြည်တော် လူကုန် ကူး မှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“ဟင်္သာတမြို့နယ်ထူးကြီးကျေးရွာကကော့သောင်းရာဘာခြံကိုရောက်ခဲ့တဲ့ကိစ္စတွေဆိုကျွန်တော်တို့ဆီရောက်မလာသေးပါဘူး၊အချို့ကိစ္စတွေကအငြင်းပွားစရာအနေအထားတွေ များနေတယ်၊ အဓိကကတော့ လူကုန်ကူးမှု မှာလုပ် အားကိုခေါင်းပုံဖြတ်ခံရပြီဆိုရင်တော့ လူကုန်ကူးမှုမြောက် ပါပြီ'' ဟု နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၃ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ဖျာပုံ၊ရွှေလောင်း စသည့်မြို့ နယ် ဒေသ များ၌ လူကုန်ကူးခံရမှု များဖြစ်ပွား ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ မတ် တမ်းများအရသိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...