Thursday, January 9, 2014

အင်တာနက် ပေါ်တွင် ၀ါဒဖြန့်ထားသည့် မွန်မလေး တစ်ဦးကို တပ်မတော်သား တစ်ဦးက အဓမ္မကျင့်သည့် သတင်း




အင်တာနက်တွင် ၀ါဒဖြန့်ထားသည့် တပ်မတော်သားတစ်ဦးမှ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကျုံညဲကျေး ရွာနေ မွန်တိုင်းရင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ တပ်ရင်း နှင့် ကာယကံရှင်မိဘများထံမှ သိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းမှ အရာရှိတစ်ဦးက ``တပ်သား သန်းဝင်းက မ၀ုကို ကြိုက်နေတာပါ။ ကြိုက်နေတော့ လူငယ်တို့ သဘာဝ ရည်းစးစကားလိုက်ပြောရင်း လက်ကို ဆွဲလိုက်မိ တယ်။ အဲဒါကို မ၀ုက မကျေနပ်လို့ တပ်ရင်းကို လာတိုင်တာပါ´´ ဟု ပြောကြားခဲ့သည်။


``အသက်(၁၃)နှစ်ပဲ ရှိသေးတဲ့သမီးကို ရည်စားစကား လိုက်ပြောတာ ဘယ်မိဘက လက်ခံမှာလဲ၊ ရည်းစား စကာပြောရုံတင် မဟုတ်ဘူး။ လက်ကိုပါဆွဲတော့ မ၀ုက ရှက်ပြီး ငိုယိုပြီးပြန်လာတယ်။ မိဘတွေ က အဲဒီလို လက်ဆွဲတာကို မကျေနပ်လို့ သက်ဆိုင်ရာ တပ်ရင်းကို သွားတိုင်ခဲ့တာပါ´´ ဟု ကျုံညဲရွာမှ လိုက်လံ ဖြေရှင်း ပေးခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးထွန်းကြည်၊ ရပ်မိရပ်ဖ(၂)ဦး၊ ကာယကံရှင် မ၀ုနှင့် မိဘနှစ်ပါးတို့က တပ်ရင်းသို့ လာရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တပ်ရင်းမှ ကာယကံရှင်များ ကျေနပ်သည်အထိ ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ကာယကံ၇ှင် မိန်းကလေး မ၀ုအား တပ်သား သန်းဝင်းမှ လက်ဆွဲပြီး ရည်းစားစကား လိုက်ပြောသည်မှာ မှန်ကန်သဖြင့် အဆိုပါ စစ်သည်အား ကာယကံရှင်များအား ၀န်ချတောင်းပန်စေခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ မှစ၍ တပ်တွင်းအချုပ်(၂၈)ရက် ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ယင်းတပ်ရင်းမှ အရာရှိ တစ်ဦးက ပြောကြား သွားခဲ့သည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သော စစ်သည်အား အရေးယူဆောင်ရွက်ထားပြီး ၀န်ချ တောင်း ပန်ခဲ့မှုအပေါ် ကာယကံရှင်မ၀ုနှင့် မိဘများကိုယ်တိုင် ကျေအေးခဲ့ကြပြီးဖြစ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသော မုဒိန်းမှုဖြစ်ပွားခဲ့သည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း သက်ဆိုင်ရာ အသိုင်းအ၀ိုင်း များထံမှ သိရှိရပါသည်။


နိုင်လထော်
By Ko Aung Moe fb

4 comments:

  1. မြဝတီမှ မွန်‌အမည်‌ကိုတု၍ သတင်း‌ရေးသားခြင်း
    ================??==============
    အထက်‌ပါ ` အင်‌တာနက်‌‌ပေါ်ဝါဒဖြန့်‌ထားသည့်‌ မွန်‌မ‌လေးတစ်‌ဦးကို တပ်‌မ‌တော်‌သားတစ်‌ဦးက အဓမ္မကျင့်‌သည့်‌ သတင်း´ အား‌ရေးသားထား‌သော သတင်း‌ရေးသူ ` နိုင်‌လ‌ထော်‌´ဟူ‌သော အမည်‌သည်‌ မွန်‌အမည်‌ကို ကြားဖူးနားဝရှိပြီး အတုလုပ်‌၍ လိမ်‌လည်‌‌ရေးသားထား‌ကြောင်း ထင်‌ရှား‌နေပါသည်‌။
    ၁။ မွန်‌အမည်‌မှန်‌ပါ မွန်‌ဘာသာဖြင့်‌ အဓိပ္ပါယ်ရှိရမည်‌။ ဤအမည်‌သည်‌ အဓိပ္ပါယ်‌ဖော်‌၍မရပါ။
    ၂။ မွန်‌အမည်‌တွင်‌ လ‌ထော်‌ဟူ၍ ‌ခေတ်‌အဆက်‌မှ ယ္ခုအချိန်‌ထိ သုံးစွဲခဲ့ခြင်းမရှိပါ။ တလ‌ထော= ‌ရွှေတို့၏သခင်‌၊ ကွန်း‌ထော်‌= ‌ရွှေ‌အဆင်းရှိ‌သောသမီး၊ ရတ်‌‌ထော်=‌ ‌ရွှေရတနာ စသည်‌ဖြင့်‌သာ မှည့်‌‌ခေါ်ခြင်းရှိသည်‌။
    ထို့‌ကြောင့်‌ လ‌ထော်‌ဟူ‌သောအမည်‌မှာ အတုလုပ်‌ကာ ‌ရေးသားထား‌ကြောင်း ထင်းရှာလျှက်‌ရှိပါသည်‌။

    ReplyDelete
  2. ကျုပ်တို့တိုင်းရင်းသားတွေ ဗမာလူမျိုးနဲ့ ပတ်သက် ဆက်နွှယ်နေရမည့် ပြည်ထောင်စု ဆိုတာကြီးကို အယုံအကြည်မဲ့ လာတာ၊ ဒီလို အမျိုးယုတ် စစ်ခွေးနွယ်ဖွား မြ၀တီ ဆိုတဲ့ သတင်းဌာနတွေကြောင့်လဲပါတယ်။

    ဖတ်ကြည့်ပါဦး စစ်ခွေးတွေ လက်ချက်။ မွန် သတင်းထောက် နာမည်သုံးပြီး မဟုတ်မဟတ်တွေ လုပ်ကြံထားတာ။ ကချင်တုန်းကလဲ အဲလိုပဲ၊ ကချင် သတင်းထောက်တွေ ရေးတဲ့ သတင်းလိုလို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကချင် နာမည်ယူသုံးနေကြ။

    ReplyDelete
  3. မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအခြေစိုက် ခလရ ၃၁ တပ်ရင်း အစိုးရစစ်သားတစ်ဦးက ကျုံညဲကျေးရွာနေ မွန်တိုင်းရင်းသူတစ်ဦးအား မုဒိန်းပြုကျင့်ခဲ့မှုဖြစ်စဉ်တွင် သက်ဆိုင်ရာတပ်ရင်းမှူးက ငွေ ၅ သိန်းပေး အမှုကြေအေးလက်မှတ်ရေးထိုးစေခဲ့သည်ဟု သိရသည်။

    ခလရ ၃၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်တင်စိုးက ၄င်း၏တပ်သားသိန်းဝင်း မုဒိန်းမှုကျူးလွန်ခြင်း မရှိခဲ့ကြောင်း ကာယကံရှင်မိဘ ၂ ဦးအား ကျုံညဲကျေးရွာ ရပ်မိရပ်ဖသက်သေများရှေ့မှောက်တွင် အမှုကြေအေးလက်မှတ်ရေးထိုးစေခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် ငွေကျပ် ၅ သိန်း ပေးဆောင်ခဲ့သည်ဟု သက်သေအဖြစ် ပါဝင်ဆောင်ရွက်သူတစ်ဦးက ပြောသည်။

    ကျုံညဲရပ်မိရပ်ဖတစ်ဦးက “ ဒီသတင်းပေါ်ပေါက်ခဲ့ရင် ဒီမိန်းခလေးမိဘတွေ မလွယ်တော့ပြီမှတ်၊ ရွာကနေပြောင်းဖို့တောင် ဖိအားပေး ပြောဆိုမှုတွေရှိခဲ့တယ်၊ သဘောတူဖို့ လက်မှတ်ထိုးခိုင်းဆိုတော့ လက်မှတ်ထိုးလိုက်ရတာပေါ့၊ နောက် ငွေ ၅ သိန်းပို့လာတယ်” ဟု ပြောသည်။

    ခေါဇာမြို့နယ်ခွဲ၊ ကျုံညဲကျေးရွာသူ အသက် ၁၃ နှစ်အရွယ်ရှိ မွန်တိုင်းရင်းသူတစ်ဦးအား ညအချိန်(၇ နာရီခန့်) မိဘများမရှိစဉ် နေအိမ်အနီးခေတ္တစခန်းချနေထိုင်လျှက်ရှိသော စစ်သား ၃ ဦး နေအိမ်မှစာသင်ကျောင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး တပ်သားသိန်းဝင်းဆိုသူက အဓ္ဓမမုဒိန်းပြုကျင့်ခဲ့သည်ဟု ကာယကံရှင် မိန်းခလေးတိုင်ကြားမှုအပေါ် ကျုံညဲကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည်က အတည်ပြုပြောကြားသည်။

    နိုင်ထွန်းကြည်က “အခင်းဖြစ်တာသိသိချင်း သက်ဆိုင်သူအားလုံးကို ရပ်မိရပ်ဖတွေရှေ့မှောက်မှာဘဲ ကျနော်ခေါ်စစ်တယ်၊ ဒေါသဖြစ်လွန်းလို့ အဲဒီစစ်သားကိုလည်း ကျနော်လက်သီးနဲ့ထိုးမိသေးတယ်၊ အဲဒါနဲ့ တပ်ရင်းမှူးကိုဆက်သွယ်ပြီး သူတို့တပ်စုကိုလည်း ခေါဇာမြို့ကိုချက်ချင်းပြန်ပို့လိုက်တယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် အဆိုပါမိန်းခလေးမုဒိန်းပြုကျင့်ခံရအပြီး ခေါဇာမြို့ဆေးရုံတွင် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ မုဒိန်းမှုကျူးလွန်ခဲ့သည့်လက္ခဏာများတွေ့ရှိရကြောင်း အမည်မဖေါ်လိုသော ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    ယင်းမုဒိန်းမှုဖြစ်ရပ်သည် ရာဇဝတ်မှုမြောက်သော်လည်း သက်ဆိုင်ရာရဲဌာနက အမှုဖွင့်အရေးယူခြင်းမရှိသေးကြောင်း မွန်ပြည်သစ်ပါတီ၊ ရေးမြို့ဆက်ဆံရေးတာဝန်ခံ နိုင်ဟလယ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီအမှုအခုလို ဟိုးလေးတကျော်ဖြစ်နေတာ အားလုံးအသိ၊ မုဒိန်းမှုအမှန်ဖြစ်ခဲ့တာပဲ၊ အတင်းကြေအေးခိုင်းစေဖို့ အုပ်ထိန်းသူတွေလက်မှတ်ထိုးခဲ့ရတယ်၊ ဒါကို ရဲကအမှုဖွင့်မရဘူးဆိုနေတယ်၊ ရာဇဝတ်မှုပါ၊ တရားမမှု မဟုတ်ပါဘူး ” ဟု ပြောသည်။

    ယင်းစစ်သားမုဒိန်းပြုကျင့်သည့် ကိစ္စရပ်အား ထိရောက်စွာအရေးယူပေးရန် မွန်ပြည်သစ်ပါတီက ဇန်နဝါရီလ ၄ ရက်နေ့စွဲဖြင့် မွန်ပြည်နယ်အစိုးရထံတင်ပြထားသည်ဟု နိုင်ဟလယ်က ဆက်ပြောသည်။

    အစိုးရက လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ ဆောင်ရွက်နေသော်လည်း အစိုးရစစ်တပ်က ဒေသခံအမျိုးသမီးငယ်များအား မုဒိန်းကျင့်သည့်သတင်းမှာ အစဉ်မပြတ်ကြားသိနေရဆဲ ဖြစ်သည်။

    ReplyDelete
  4. ငါတို့မွန်​လူမျိုးမှာနိင်​လ​ထော်​ဆိုတာမရှိဘူးတလ​ထောပဲရှိတယ်​ပြီး​တော့ငါတို့မွ​န်​လူမျိုးမှာအဲလိုအကျင့်​ယုတ်​တာမရှိဘူး​နိင်​လ​ထော်​လို့အမည်​ခံပြီးမဟုတ်​​တာ​ရေး​နေတဲ့​ကောင်​မင်းနှမငါ့ဆီပို့လိုက်​ ဒါမှမင်းလိုချင်တဲ့သတင်းငါ့ဆိီရမှာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...