Thursday, January 9, 2014

မူဆယ်-မန္တလေး လမ်းကြောင်းမှ တရားမ၀င် ကုန်သွယ်မှု အများဆုံး ဖမ်းမိပြီး ဖမ်းဆီးကုန်ပစ္စည်း တန်ဖိုးစုစုပေါင်း ကျပ် ၃ ဒသမ ၅ ဘီလျံကျော် အထိရှိလာ


Thursday, January 9, 2013

ချမ်းမြေ့သူ

မူဆယ်-မန္တလေး လမ်းကြောင်းတွင် တရားမ၀င် သယ်ဆောင်လာသည့် ပစ္စည်းများအားတွေ့ရစဉ်


မူဆယ်-မန္တလေး လမ်းကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား အများဆုံး ဖမ်းမိပြီး ဖမ်းဆီးထားသည့် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၃ ဒသမ ၅ ဘီလျံ ကျော်အထိ ရှိလာကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသည် နယ်စပ်တစ်လျှောက်ရှိ တရားမ၀င် ကုန်သွယ်နေမှုများအား ဖမ်းဆီးအရေးယူနိုင်ရန် မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ်-မန္တလေး လမ်းကြောင်း၊ မူဆယ်ထုတ်နုတ်အင်အား၊ တမူးထုတ်နုတ်အင်အား၊ တာချီလိတ် ထုတ်နုတ်အင်အားနှင့် ကန်ပိုက်တီး (OSS) အင်အားတို့ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်အထိ အမှုတွဲအရေ အတွက် ၁၉၂၄ တွဲရှိခဲ့ပြီး တန်ဖိုးစုစုပေါင်းမှာ ကျပ် ၇ ဒသမ ၅ ဘီလျံကျော် အထိရှိပြီး မူဆယ်-မန္တလေး လမ်းကြောင်းမှ ဖမ်းဆီးရမိသည့် တန်ဖိုးအများဆုံး ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ တရားဝင် ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန် ဒေါ်လာ ၄ ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း၊ ယခုအခါ တရားမ၀င် အကောက်မဲ့ ကုန်သွယ်နေမှုများအား နယ်စပ်တစ်လျှောက်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများတွင်လည်း စစ်ဆေးအရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း

ယင်းကဲ့သို့ တရားမ၀င် ကုန်သွယ်မှုများအား ပြုလုပ်ရာတွင် တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်ခြင်းမရှိဘဲ ရှောင်ကွင်းလမ်းများ မှတစ်ဆင့် သွားလာခြင်း၊ လိုင်စင်လွဲ ပစ္စည်းများ သယ်ဆောင်လာခြင်းနှင့် ကန့်သတ်ပစ္စည်းများအား တင်သွင်းလာခြင်းတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် တရားဝင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ထားပြီး အဆိုပါ နယ်စပ်မှပင် ကုန်သွယ်မှု အများဆုံးပြုလုပ် လျက်ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏ တရားဝင် ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန် ဒေါ်လာ ၄ ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း၊ ယခုအခါ တရားမ၀င် အကောက်မဲ့ ကုန်သွယ်နေမှုများအား နယ်စပ်တစ်လျှောက်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများတွင်လည်း စစ်ဆေးအရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နိုင်ငံတော်မှ တင်သွင်းခွင့်ပြုထားခြင်း မရှိသည့် ကန့်သတ်ပစ္စည်းနှင့် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများကိုလည်း စစ်ဆေးအရေးယူနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...