Thursday, January 9, 2014

ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေဟုဆို


Thursday, January 9, 2013

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာ အထူးကုဌာနအား ဇန်န၀ါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)

ဘုရင့်နောင်လမ်းမကြီး တစ်နေရာအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်


ရန်ကုန်မြို့ အတွင်းရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိလာသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက်ကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည် “(၄၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” ၌ တင်သွင်းပြသခဲ့သည့် “ဖုန်မှုန့်များတွင် ပါဝင် သောဒြပ်စင်များကို လေ့လာခြင်း သုတေသန” စာတမ်းအရ သိရသည်။

ဇာစ်မြစ်အမျိုးမျိုးမှ ထွက်ရှိလာသည့် အစိုင်အခဲ၊ အရည်နှင့် အငွေ့ပစ္စည်းများ၏ တုံ့ပြန်မှုများသည် ဖုန်မှုန့်များ ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်ပြီး ယင်းဖုန်မှုန့်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများနှင့် ၎င်းတို့ပါဝင်မှု ပမာဏသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိမရှိကို ညွှန်ပြနေကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် ရန်ကုန်မြို့အတွင်းရှိ အဓိက လမ်းမကြီးများဖြစ်သည့် ဘုရင့်နောင်၊ အင်းစိန်၊ ကြည့်မြင်တိုင်ကမ်းနား၊ ဦးဝိစာရနှင့် သံသုမာ လမ်းမကြီးများမှ ဖုန်မှုန့်နမူနာ ပစ္စည်း ၇၅ ခုကို စနစ်တကျ စုဆောင်းခဲ့ကြောင်း၊ နမူနာအားလုံးကို လျှို့ဝှက်အမှတ်အသားများ သတ်မှတ်ကာ တိုင်းတာရန်စံချိန် သတ်မှတ်ချက်အတိုင်း ပြင်ဆင်ပြီး AAS နည်းပညာ အသုံးပြု၍ တိုင်းတာခဲ့ကြောင်းနှင့် နမူနာပစ္စည်း တစ်ခုစီအတွင်း ပါဝင်သည့် Pb,Mn,Cd,Cu နှင့် Zn ဒြပ်စင်တို့ကို တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းတာတွေ့ရှိချက်များအရ Pb သည် ဘုရင့်နောင် လမ်းမကြီးတွင် (2' or 805 ± 0' or 537) ppm၊ အင်းစိန်လမ်းမကြီးတွင် (၂ ဒသမ ၅၂၁ ± ၀ ဒသမ ၁၇၁)ppm၊ ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် (၇ ဒသမ ၉၇၃ ± ၀ ဒသမ ၅၉၉) ppm ပါဝင်သည်။

Mn ပါဝင်မှုသည် ဘုရင့်နောင် လမ်းမကြီးတွင် (၃ ဒသမ ၁၀၅ ± ၀ ဒသမ ၂၁၁) ppm၊ သံသုမာ လမ်းမကြီးတွင် (၂ ဒသမ ၂၉၄ ± ၀ ဒသမ ၆၈၄) ppm၊ ဦးဝိစာရ လမ်းမကြီးတွင် (၃ ဒသမ ၅၂၂ ± ၀ ဒသမ ၆၇၀) ppm၊ အင်းစိန်လမ်းမကြီးတွင် (၂ ဒသမ ၆၉၅ ± ၀ ဒသမ ၂၀၇) ppm နှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် (၁ ဒသမ ၅၃၅ ± ၀ ဒသမ ၄၀၉) ppm တို့ပါဝင်နေပြီး ၎င်းတို့ ပါဝင်မှုသည် ဖုန်မှုန့်များတွင် ပါဝင်နိုင်သည့် ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း သိရသည်။

ထို့ပြင် Cd,Cu နှင့် Zn သည် ဘုရင့်နောင် လမ်းမကြီးတွင် (၀ ဒသမ ၂၀၉ ± ၀ ဒသမ ၀၈၃) ppm၊ (၀ ဒသမ ၄၃၂ ± ၀ ဒသမ ၀၈၇) ppm၊ (၅ ဒသမ ၉၆၁ ± ၂ ဒသမ ၅၄၆) ppm၊ သံသုမာ လမ်းမကြီးတွင် (၀ ဒသမ ၁၄၅ ± ၀ ဒသမ ၀၄၇) ppm၊ (၀ ဒသမ ၅၄၁ ± ၀ ဒသမ ၀၉၉) ppm၊ (၄ ဒသမ ၉၆၃ ± ၀ ဒသမ ၈၉၀) ppm၊ ဦးဝိစာရ လမ်းမကြီးတွင် (၀ ဒသမ ၁၃၇±၀ ဒသမ ၀၃၈) ppm၊ (၀ ဒသမ ၈၀၃ ± ၀ ဒသမ ၀၇၇) ppm၊ (၃ ဒသမ ၄၃၁ ± ၀ ဒသမ ၅၀၅) ppm၊ အင်းစိန်လမ်းမကြီးတွင် (၀ ဒသမ ၁၆၁ ± ၀ ဒသမ ၀၀၉) ppm၊ (၁ ဒသမ ၂၆၃ ± ၀ ဒသမ ၂၇၅) ppm၊ (၄ ဒသမ ၀၇၁ ± ၀ ဒသမ ၁၈၁) ppm နှင့် ကြည့်မြင်တိုင် လမ်းမကြီးတွင် (၂ ဒသမ ၄၈၅ ± ၀ ဒသမ ၅၇၈) ppm၊ (၀ ဒသမ ၈၁၁ ± ၀ ဒသမ ၁၂၈) ppm၊ (၃ ဒသမ ၁၃၈ ± ၀ ဒသမ ၂၆၄) ppm တို့ ပါဝင်ကြောင်း သိရသည်။

သုတေသန ပြုလုပ်ချက်များအရ ဒြပ်စင်ပါဝင်မှု ပမာဏများနေခြင်းသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ညွှန်ပြနေကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...