Wednesday, September 4, 2013

ကင်ဂျုံအွန် ရှေ့တန်း ကျွန်းစခန်းများသို့ အလည်အပတ် ခရီးသွားရောက်


ကင်ဂျုံအွန် ရှေ့တန်း ကျွန်းစခန်းများသို့ အလည်အပတ် ခရီးသွားရောက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့် အငြင်းပွားရာ ပင်လယ်ပြင် နယ်နိမိတ်ရှိ ရှေ့တန်းအကျဆုံး ကျွန်းစခန်းများဖြစ်သော Jangjae ကျွန်းနှင့် Mu ကျွန်းများ သို့
ယခုနှစ်အတွင်း တတိယအကြိမ်မြောက် အလည်အပတ်ခရီး အဖြစ် စက် တင်ဘာ ၂ ရက်က သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။
ကင်ဂျုံအွန်၏ ယခုအကြိမ် အလည်အပတ် ခရီးစဉ်သည် စစ်ရေးတင်းမာမှုများ မြင့်မား နေခဲ့သည့် လွန်ခဲ့သောမတ်လက သွားရောက်ခဲ့သော အလည်အပတ် ခရီးစဉ်ထက် သိသာ ထင်ရှားမှုနည်းပါး ခဲ့သည်။ ကင်ဂျုံအွန်သည် ၎င်းအချိန်က တောင်ကိုရီးယားနိုင်ငံ၏ Baengnyeong ကျွန်းအား တိုက်ခိုက်ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက်ထားသော အချိန် ဖြစ်သည်။
ကင်ဂျုံအွန်သည် ယခုအကြိမ်အလည် အပတ်ခရီးစဉ်တွင် အသစ် တည်ဆောက်ထားသော စစ်တန်းလျားများ၊ စစ်ဘက် နေရာချထားမှုများ၊ စစ်သည် နေအိမ်များနှင့် မိသားစုဝင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် ကင်ဂျုံအွန်သည်  နယ်စပ်ဒေသတစ်လျှောက် တောင်ကိုရီးယား ကျွန်းများပေါ်တွင် ခံစစ်ပြင်ဆင် ထားသည့် ပစ်မှတ်များ နှင့်တောင်ကိုရီးယား စစ်ဘက် အခြေအနေများနှင့် ပတ်သက်သော အသေးစိတ် အစီရင်ခံစာ တစ်စောင်ကိုလည်း လက်ခံရရှိ ခဲ့ကြောင်း သိရသည်။  

အယ်လ်ဂျီးရီးယားက တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ကို တူနီးရှား နယ်စပ်တွင် တပ်ဖြန့်ချထား


အယ်လ်ဂျီးရီးယားက တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ကို တူနီးရှား နယ်စပ်တွင် တပ်ဖြန့်ချထား

အယ်လ်ဂျီးရီးယား နိုင်ငံသည် တူနီးရှားနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်မျဉ်း အားထိန်းချုပ်နိုင်ရေး အတွက် ၎င်း၏တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ခန့်ကို တပ်ဖြန့်ချထားခဲ့ကြောင်း စက်တင်ဘာ ၂ ရက်
အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
တူနီးရှားနိုင်ငံသည် အဆိုပါနယ်စပ်မျဉ်းတွင် အကြမ်းဖက် သမားများကို နှိမ်နင်းရန်အတွက် စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းပေါင်း ၆ဝ ခန့်တည်ဆောက် ခဲ့သည့်အတွက် အယ်လ်ဂျီးရီးယား နိုင်ငံက လည်း လွန်ခဲ့သည့် လေးလခန့်မှစ၍ ၎င်းနယ်စပ် မျဉ်းတစ်လျှောက်ရှိ တပ်ဖွဲ့ အင်အားကို တိုးမြှင့်တပ်ဖြန့် ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အယ်လ်ဂျီးရီးယား နယ်စပ်အနီး Chaambi တောင်ရှိ အကြမ်းဖက်သမားများက တူနီးရှား သောင်းကျန်းသူ တန်ပြန် တိုက်ဖျက်ရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ရှစ်ဦးကို ဇူလိုင် ၂၉ ရက်က   သတ်ဖြတ်ခဲ့ပြီး အချိန်မှစ၍ တူနီးရှားနိုင်ငံသည် အဆိုပါ အကြမ်းဖက် သမားများအား တိုက်ခိုက်နှိမ်နင်းရေး အတွက် အကြီးစား စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 အယ်လ်ဂျီးရီးယားနှင့် တူနီးရှားနိုင်ငံ တို့အနေဖြင့် နှစ်နိုင်ငံအကြား လုံခြုံရေး ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးကို အပြန်အလှန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး အကြမ်းဖက်သမားများ ကို နှိမ်နင်းရေးအတွက် တူနီးရှား နိုင်ငံကို အကူအညီပေးရန် အယ်လ်ဂျီးရီးယား နိုင်ငံက ကတိပြုခဲ့ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Mourad Medelci က သြဂုတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါ အကြမ်းဖက် သမားများကို နှိမ်နင်းရေးအတွက် အယ်လ်ဂျီးရီးယား-တူနီးရှား ပူးပေါင်း တပ်ဖွဲ့များကို   နှစ်နိုင်ငံနယ်စပ်တွင် တပ်ဖြန့် ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ အယ်လ်ဂျီးရီးယား တပ်ဖွဲ့များသည် အဆိုပါ နယ်စပ်မျဉ်း တစ်လျှောက်ရှိ  ကြမ်းတမ်းသော ဒေသများ၊  အထူး သဖြင့် Tebessa ၊ Souk Ahras နှင့် hf El Qued ပြည်နယ်တို့ရှိ အရှေ့ဖျား ဒေသများတွင်   တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။         

ဂျပန်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၆၃ ဦး ဒဏ်ရာရ



ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးရှိ  မြို့နှစ်မြို့တွင် စက်တင်ဘာ ၂ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံ ၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆောက်အအုံ များနှင့် ယာဉ်များ ပျက်စီးခဲ့ရကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ အများစုမှာ လေဆင်နှာမောင်းဒဏ်ကို ပြင်းထန်စွာ ခံရသော ဆိုင်တာမာ စီရင်စုနယ် ကိုရှီ ဂါယာမှ ဒေသခံ များဖြစ်ကြောင်း အဆာဟိ သတင်းစာက ဖော်ပြခဲ့သည်။
အင်အား ပြင်းထန်လှသည့် အဆိုပါ လေဆင်နှာမောင်းသည် ကိုရှီဂါယာမြို့အား မွန်းလွဲ ၂နာရီ ဝန်းကျင်တွင် တိုက် ခတ်ခဲ့ ပြီးနောက် ချီဘာ စီရင်စုနယ်ရှိ နိုဒါမြို့ အနီးသို့ မိနစ် ၂ဝကြာ ဆက်လက် တိုက်ခတ်ခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
နိုဒါမြို့တွင်လည်း အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေ အိမ်များ၏ အမိုးများ ပျက်စီးခဲ့ပြီး ဂိုဒေါင် တစ်လုံး ပျက်စီးခဲ့ကြောင်း သို့သော် ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မျှ မရှိဟု သိရသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တိုင်းတာ တွက်ချက်ရန် အတွက် ဂျပန် မိုးလေဝသ ဌာနမှ တာဝန် ရှိသူများအား လေဆင်နှာ မောင်း တိုက်ခတ်သည့် ဒေသသို့ အာဏာပိုင်များက စေလွှတ်ခဲ့ကြောင်း သိရသည်။

ရုရှားတွင် ရေလွှမ်းမိုးမှု ဒဏ်သင့် ပြည်သူများကို ကယ်ဆယ်မှု ပြုလုပ်ရန် ထပ်မံ လိုအပ်နေ


ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် ရေလွှမ်းမိုးမှုမှာ ဆက်လက် မြင့်တက်လျက် ရှိသောကြောင့် အဆိုပါ ဒေသရှိ ရေလွှမ်းမိုးမှု ဒဏ်သင့် ပြည်သူ ၃၆ဝဝဝအား ကယ်ဆယ်မှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ရုရှားလက်ထောက် ဝန်ကြီးချုပ် ယူရီထရတ်နဗ်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ အာမာ မြစ်ရေကြီးမှုကြောင့် အဆိုပါ ဒေသတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ၉၈၈ဝဝမှာ ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရကာ ၄င်းတို့အနက် ပြည်သူ ၁၆ဝဝဝအား ကယ်ဆယ်ပေးပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒဗ်နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ထရတ် နဗ်က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ရေလွှမ်းမိုးမှုသည် နိုင်ငံ၏ သမိုင်းဝင် ရေလွှမ်းမိုးမှု တစ်ခုလည်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ယခုလက်ရှိတွင် အာမာ မြစ်ပေါ်ရှိ ကွမ်ဆို မောလ်စ်က်မြို့သည် ၄င်းမြို့၏ စိုးရိမ် ရေမှတ်ဖြစ်သည့် ၈၂ဝစင်တီမီတာ ကို ကျော်လွန်လျက် ရှိကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်နက်သိမ်း ဆည်း ပြီး အကျယ်ချုပ်ချထား


Wednesday, September 4, 2013

KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ်လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်းဆည်းကာ နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက်ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်းပြောကြားခဲ့သည်။

“ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေ ပေးထားတယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက်သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံးကို ပြန်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ်ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။

၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIA ခေါင်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ်ရှိရာသို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အနေဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချပေးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲမှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အနည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

ဓာတ်ပုံ ဧရာဝတီ
Planet

စစ်တပ်နှင့်ရဲ လူငယ်တွေ ဘယ်လောက်ဝင်ချင်သလဲ


Wednesday, September 4, 2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ‘နိုင်ငံရေးအကျဉ်းသား’ ဟူသည့် ဝေါဟာရကို အစိုးရတာဝန်ရှိသူများကပင်လျှင် လက်ခံပြောဆို လာကြပြီး၊ ‘အသက် ၁၈နှစ် မပြည့်သေးပါက တပ်မတော်မှလက်မခံ ပါ’ဆိုသည့် ပိုစတာကြီးများ၊ ‘၁၈ နှစ် မပြည့်သေးသောကလေးအတွက် ဘာရွေးချယ်ပေးမှာလဲ’၊ ‘ကျောင်းစာ သင်ပေးမှာ လား၊ စစ်တိုက်ထွက် ခိုင်းမှာလား’ အစရှိသည့် စာသားများပါရှိသော ပိုစတာကြီးများကိုလည်း အများသူငါ မြင်သာသည့်နေရာများတွင် စိုက်ထူ လာကြလေပြီ။ အပြောင်း အလဲတွေ စတင်နေသည်ကတော့ သေချာ၏။

သို့သော် မြန်မာလူငယ်များအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့ အစရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပေါ်တွင် မည်မျှစိတ်ဝင်စား ကြလေသနည်း။ ယင်းအဖွဲ့အစည်း များသို့ ဝင်ရောက်လိုစိတ် မည်မျှရှိကြလေသနည်း။ စိတ်ဝင်စားဖွယ်ရာမေးခွန်းများပင် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမေးခွန်းများနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်၊ နယ်မြို့အချို့မှ လူငယ်အချို့၏ အမြင်များကို Popular News ကလက်လှမ်းမီသလောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အသေးစိတ်စစ် တမ်းကောက်ယူခဲ့ခြင်း မဟုတ်ေ သ်ာငြား တစ်ဖက်တစ်လမ်းကတော့ အထောက်အကူဖြစ်လိမ့်မည်ဟု ယူဆမိပါ၏။

မောင်ထင်ပေါ်ဦး (ဆေးတက္ကသိုလ် -၁)
စမ်းချောင်းမြို့နယ်၊ ရန်ကုန်

ဆယ်တန်းအောင်ကတည်းက ဆေး တက္ကသိုလ်ကိုရွေးဖြစ်တယ်။ အခုတတိယ နှစ်ရောက်နေပါပြီ။ အစကတော့ ရေ ကြောင်းသိပ္ပံကို ပထမရွေးဖြစ်တာပါ။ကိုယ့်ဝါသနာနဲ့မကိုက်ညီတာကြောင့်ပါ။ ကျွန်တော့်အမှတ်က စစ်/ဆေးကိုလည်း ကျော်ပါတယ်။ စစ်တပ်နဲ့ပတ်သက်တာ တော့ အရင်ကတည်းကဦးစားပေးဆိုပြီး မစဉ်းစားခဲ့ဘူး။ ဆရာဝန်လိုင်းကိုတော့ ရည်ရွယ်ချက်ရှိလို့ ရွေးချယ်ခဲ့တာပါ။ အခု တလော ဆရာဝန်အလုပ်တွေ အများကြီး ခေါ်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ အခုက ကိုယ်ဝါ သနာပါတဲ့ ဆရာဝန် အလုပ်ကို ရွေးပြီးလုပ်တာဆိုတော့ ကိုယ့် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ကူ ညီရာလည်း ရောက်တယ်လို့ ထင်ပါတယ်။ နောင်မှာ စစ်ပညာတွေဘာတွေ မသင် မနေရသင်ရမယ်ဆိုရင်တော့ တိုင်းပြည် အတွက်မို့ လူငယ်တိုင်းမှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ တောင်ကိုရီးယား မှာဆိုရင် လူငယ်တွေ စစ်မှုမထမ်းမနေ ရဆိုတော့ စစ်မှုထမ်းကြတာကို တွေ့နေရ တာပဲ။ မိတ်ဆွေ သူငယ်ချင်းထဲမှာတော့ DSA တက်နေတာရှိပါတယ်။ စစ်ပညာ သင်တဲ့ သုံးနှစ်အတွင်းမှာ အတော်လေး ပြောင်းလဲသွားတာတွေ့ရတယ်။ ကျန်တဲ့ သူငယ်ချင်းတွေလည်း အပြင် လောကထဲ ရောက်နေကြပါပြီ။

မောင်သန်းဆွေဦး (ဆိုင်အကူ)
မြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး

ကျွန်တော်က အသက် ၁၆ နှစ် ကျော်သွားပြီ။ ဆယ်တန်းကို တစ်နှစ်ဖြေ ပြီးရှုံးခဲ့တာ။ ဖြစ်နိုင်ရင် စစ်တပ်ထဲဝင်ချင် တာ။ လာမယ့်နှစ်ကို ဆယ်တန်းပြန်ဖြေ မယ်။ စစ်တိုက်ချင်တယ်။ ကျောင်းပြန် တက်ဦးမယ်။ ဒုရဲအုပ်တို့ ရဲတို့နဲ့ ကျန်တဲ့ လိုင်းတွေထဲလည်း ဝင်ချင်တဲ့ ဆန္ဒရှိပါ တယ်။ ငယ်ငယ်ကတည်းက စိတ်ဝင်စား တာပါ။ ပခုက္ကူမှာ နေတုန်းကတည်းက စစ်သားတွေကို မြင်ဖူးတယ်၊ တွေ့ခဲ့ဖူး တယ်လေ။ တကယ်လို့ စစ်ထဲမဝင်ဖြစ် ဘူးဆိုရင် ကိုယ်ပိုင် စီးပွားရေးတစ်ခု လုပ် ချင်တယ်။ ဆိုင်ပိုင်ရှင်ဖြစ်အောင် လုပ်ချင် တယ်။ ကျောင်းဆရာတွေဘာတွေတော့ မလုပ်ချင်ပါဘူး။ မိဘတွေက လယ်လုပ် ကြတယ်ဆိုပေမယ့် ကျွန်တော်က စစ်ထဲ ဝင် စစ်တိုက်။ စစ်ဗိုလ်ရရင်လည်း ရပေါ့။ ဆယ်တန်းအောင်ရင် စစ်ထဲဝင်မယ်လို့ တော့ အဖေ့ကို ပြောပြဖူးတယ်။ စစ်ဗိုလ် လုပ်မယ်လို့။ တိုက်ပွဲတွေဘာတွေ ဝင်ရ မယ်ဆိုလည်း မကြောက်ပါဘူး။ စစ်တပ် ထဲဝင်ရမှာ မကြောက်ပါဘူး။ အခုက ရန်ကုန်မှာ ဦးလေးရဲ့ လက်ဖက်ရည်ဆိုင် မှာ ဆိုင်အကူအဖြစ် လာပြီးလုပ်နေတာပါ။

မောင်စည်သူကျော် (ညောင်တုန်း)
ကျောင်းပြီးရင် ဘာလုပ်ဖို့စိတ်ကူး

ထားတယ်လို့တော့မရှိသေးပါဘူး။ကျောင်းက second year ပဲ ရှိသေးတယ်။ ဆယ် လပိုင်းမှာ မအူပင်တက္ကသိုလ်ကို အဝေး သင် သွားရမှာ။ ဖြစ်ချင်တာက စိတ်ကူးထဲ တွေးထားဖူးတာက သီချင်းဆိုရတာ ဝါသနာပါတယ်။ ပြီးတော့ သိပ်မကြာခင် ပဲ ဆိုဖြစ်မှာပါ။ အောင်မြင်တဲ့အဆိုတော် တစ်ေ ယာက် ဖြစ်ချင်တယ်။ ငယ်ငယ်တုန်း က ဖြစ်ချင်ခဲ့တာတော့စစ်ဗိုလ်ပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ရပါ ဘူး။ ဘယ်လိုပြောရမလဲဆိုတော့ ဆယ်တန်းေ အာင်တော့ အဲဒီနှစ်က ကျွန်တော် က ၁၈ နှစ်မပြည့်သေး ဘူး။ ပြည့်ဖို့ ၃ လလို သေးတယ်။ ဖောင်မထုတ်ပေးခဲ့ဘူး။လျှောက်လို့မ ရဘူးလို့ တပ်ကြပ်ကြီး တစ် ယောက် က ပြောခဲ့ပါတယ်။ ခု အသက် ၂ဝ။ နိုင်ငံအတွက် ကာကွယ်ရေးအတွက် စစ်သားဘဝကိုလည်း အရမ်းကြိုက်လို့ ပါ။ လေးစား တယ်။ နိုင့်ငံအတွက်လည်း အကျိုးပြုနိုင် တဲ့သူဖြစ်ချင်ခဲ့တာပါ။ စစ် ဗိုလ်တွေကို အားကျတယ်။ ခုလည်းကျန် တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ကနေ နိုင်ငံ့ဝန် ကို ဖြစ်နိုင်ရင်ထမ်းဆောင်ချင် ပါတယ်။ အခွင့်ရှိခဲ့ မယ်ဆိုရင်ပေါ့။ နိုင်ငံ အဖွဲ့အစည်းတစ်ခုထဲက ဝန်ထမ်းပေါ့။ပထမနှစ်တက်ပြီး ပြန်လာတော့နေပြည် တော်မှာ စသုံးလုံးဖြေဖို့ လုပ်သေးတယ်။ အမေကစိတ်မချလို့ မလွှတ်ခဲ့ပါဘူး။အဲလို ကိုယ်လုပ်ချင်တဲ့ စစစတို့၊ စစ်ဗိုလ်တို့ကို မလုပ်ရတော့ စိတ်ထဲ အရမ်းဝမ်းနည်းခဲ့ရ တယ်။ ကိုယ်ဘာကြောင့် မဖြစ်ခဲ့လဲဆိုပြီး အမြဲကိုယ့်ကိုယ် ကိုယ် ပြန်မေးမိပါတယ်။ ခုတော့ သီချင်းဆိုဖြစ်အောင် ကြိုးစား ခဲ့တယ်။ ကျောင်းပဲဆက်တက်ခဲ့တယ်။ ခု သီချင်းဆိုဖို့ကတော့ လုပ်နေခဲ့တာကြာ ပါပြီ။ အာမခံချက်ရှိဖို့ လည်း မျှော်လင့် ထားပါတယ်။ ပရိသတ်လက်ခံတဲ့ အဆို တော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားမှာပါ။ အချိန်တစ်ခုမှာ နိုင်ငံက စစ်ရေးအတွက် လိုအပ်တာမျိုးရှိရင် တာဝန် ထမ်းဆောင်ဖို့ တိုက်ဆိုင်လာရင်လည်း ဖြစ်နိုင်တဲ့ဘက်ကနေပေးဆပ်ဖို့အသင့်ပါပဲ။ စစ်ပညာ သင်ရမယ်ဆိုတာမျိုး ဖြစ်လာရင်လည်း လုပ်သင့်ပါတယ်။ အရေးအကြောင်း ဆို စစ်ပညာတတ်ထားတော့ ကောင်းတာ ပေါ့။ နိုင်ငံရေးပါ တီတွေထဲကနေ နိုင်ငံ့ တာဝန်ထမ်းဆောင်ချင်တာတော့ မဟုတ် ဘူး။ ပါတီဆိုရင် အားမပေးဘူး။

မသိန်းသိန်း
(Economics, second year )
ကျောက်ဆည်အဝေးသင် တက္ကသိုလ်

ဒေါ်မြခင်ဖိနပ်ဆိုင်၊ အရောင်းစာရေး၊ ပျဉ်းမနားမြို့၊ ငကောင်းကန်ကျေးရွာ၊ အလျှင်လို ကျေးရွာအုပ်စု
အားကစားဆိုရင်တော့ ပြေးတာကို ဝါသနာပါပါတယ်။ သီချင်းဆိုရတာလည်း ဝါသနာပါတယ်။ ရုပ်ရှင်ဆိုရင် တရုတ် ကားတွေ ကြိုက်တယ်။ ဂျက်လီတို့၊ ဂျက် ကီချန်းတို့ကို ကြိုက်တယ်။ ပြည်သူတွေ ကို ကာကွယ်တဲ့ စောင့်ရှောက် တဲ့ သူရဲ ကောင်း ဇာတ်လမ်းတွေကိုလည်း ကြိုက် တယ်။ တပ်မတော်တို့ ရဲတပ်ဖွဲ့တို့ထဲ ဝင်ပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့ ကျတော့ အဲလိုမျိုးမကြိုက်ဘူး။ အပြင် ကနေ ပြည်သူတွေကို လိုက်ကာကွယ် ပေး တာပဲ ကြိုက်တယ်။ တပ်မတော်တို့ ရဲတပ်ဖွဲ့တို့မှာ ကျွန်မအနေနဲ့ တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိဘူး။ အစ်ကို ဝမ်းကွဲတစ်ယောက်တော့ DSA ဆင်းပြီး တပ်ကုန်းမှာ တာဝန်ထမ်းဆောင်နေတာ တော့ ရှိတယ်။ သူက တပ်မတော်မှာ တာ ဝန်ထမ်းဆောင်နေရတဲ့ အကြောင်းတွေ ကို သိပ်ပြီးမပြောဘူး။ ရွာကို တစ်ခါတ လေ အလည်လာမှပဲ တွေ့ရတယ်။ ညီမ လေးအနေနဲ့ အစိုးရဝန်ထမ်းတော့ မလုပ် ချင်ဘူး။ ပရဟိတလုပ်ငန်းတွေပဲ လုပ်ချင် တယ်။

နာရေးကူညီမှုလုပ်ငန်းတွေမှာ ပေါ့။ ဆွေးမျိုးထဲမှာ စစ်တပ်တို့ ရဲတပ်ဖွဲ့ တို့က မဟုတ်ဘဲ၊ အစိုးရဝန်ထမ်းလုပ်နေ တာမရှိပါဘူး။ ညီမရဲ့သူငယ်ချင်း ယောက်ျား လေးနှစ်ယောက်ကတော့ DSA တက် နေတယ်။ မိန်းကလေး တစ်ယောက်က တော့ သူနာပြုတက်နေတယ်။ အစိုးရလုပ် ငန်းဆိုတာ ကတော့ ပုံသေပေါ့နော်။ ပုဂ္ဂလိကလုပ်ငန်းကတော့ ခဏပေါ့နော်။

ပုံသေမရှိဘူးပေါ့။ ပျက်ချင်လည်း ပျက် သွားနိုင်တာပေါ့။ ကိုယ့်အနာဂတ်ရည် မှန်းချက်အတွက်လည်း မရှိနိုင်ဘူးပေါ့ နော်။ အစိုးရဝန်ထမ်းက ကောင်း ပါတယ်။ ရေရှည် အတွက်လည်း ကောင်းပါတယ်။ကိုယ်ရဲ့အနာဂတ်ပေါ့။ လုပ်ငန်းတစ်ခုကို လည်း တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နေနိုင်ပါ တယ်။ ညီမလေးအနေနဲ့အခု စီးပွားရေး တက်လို့ဘွဲ့ ရပြီးရင်တော့ ကျောင်းဆရာမ (TTC) ထပ်ပြီးတော့ တက်ချင်ပါတယ်။

မမီမီကျော် (မန္တလေး)
ကျောင်းကတော့ GTC တက်နေ ပါတယ်။ B.Tech တန်းပါ။ ဘီအီးထိ ပါရင် ဘီအီးထိတက်မယ်၊ အမ်အီးပါရင် အန်မ်အီးထိ တက်မယ်။ ရည်ရွယ်ထား တာတော့ ဒီပညာနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုမယ်လို့ ရည်ရွယ် ထားတာပဲ။ ပြည်ပတွေ ဘာတွေလည်း ထွက်ဖို့မရှိပါ ဘူး။ ဒီမှာ ပဲ အေးအေးဆေးဆေး လွတ် လပ်လပ်ပဲနေမယ်။ ပြီးမှ ပြောင်းလဲလာ တဲ့အပေါ်မှာမူတည်ပြီး ပြောင်းချင်လည်း ပြောင်းသွားမှာပေါ့။ အစိုးရလုပ်ငန်း လည်း အခြေအနေပေးရင် လုပ်ဖြစ်မှာ ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်တိုင် လုပ်ချင် တာ ရည်ရွယ်ထားတာတော့ ရှိတယ်။ ဖျော်ရည်လုပ်ငန်းတွေလည်း လုပ်ချင် တယ်။ စိတ်ကူးထားတာပေါ့။

ရဲမေတို့ စုံ စမ်းထောက်လှမ်းရတဲ့ လုပ်ငန်းတွေလည်း စိတ်ဝင်စားပါ တယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံတော် အတွက် တစ်ထောင့်တစ်နေရာကပဲ ဖြစ် ဖြစ်ပေါ့။ လုပ်ချင်ပါတယ်။ ကာကွယ်ရေး ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း အစိုးရဝန် ထမ်းပဲ ဖြစ်ဖြစ်ပေါ့။
အဆင်ပြေတဲ့နေရာ ကနေ ပါဝင်ရမယ်ဆိုလည်း ပါဝင်ချင်ပါ တယ်။ တတ်နိုင်သလောက်ပေါ့။ ပတ်ဝန်း ကျင်မှာဆို အရမ်းကောင်းပြီး လေးစား အား ကျရတဲ့ ဝန် ထမ်းတွေရှိသလို အနိုင် ကျင့်ပြီး လာဘ်စားနေတဲ့ ဝန်ထမ်းတွေ လည်း တွေ့ဖူးတယ်လေ။ အရမ်းအားကျ ရတဲ့ ဝန်ထမ်းဆိုရင် ဥပမာ မေမေပေါ့။ ကိုယ့်အမေမို့ ကိုယ်ပြော တာတော့မဟုတ် ဘူး။ ဝန်ထမ်းကောင်းပီသတယ်လို့ ထင် တယ်။ အမေက ကျောင်းဆရာမပါ။ စာ သင်ရင် စေတနာပါပါနဲ့ သင်တယ်။ ကလေးအပေါ်မှာလည်း ဂရုတစိုက်ရှိ တယ်။ လာဘ်ပေးလာဘ်ယူတာတွေ ဘာမှမရှိဘူးလေ။ ဝန်ထမ်းကောင်း ပီသ တယ်။ မေ့မေ့ကိုအားကျတယ်။ လာဘ် စားတဲ့ဝန်ထမ်းဆိုရင်လည်း သိသာ တယ်။ အငယ်တွေတော့ သိပ်မတွေ့ဖူးဘူး။ များ သောအားဖြင့် အကြီးပိုင်းတွေပေါ့။ အများကြီးတော့ အပြစ်မပြောလိုပါဘူး။

များသောအားဖြင့် ကျွန်မတို့ က ကျောင်း သူဆိုေ တာ့ ကျောင်းတွေမှာ အများဆုံး တွေ့ရတယ်။ ကျွန်မ ရဲပဲဖြစ်ဖြစ် အစိုးရ ဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ခုပဲလုပ်လုပ် လာဘ်ပေးလာဘ်ယူတာတွေ ဘာမှ မလုပ်ဘူး။ ကိုယ်ပိုင် မှန်မှန်ကန် ကန်နဲ့ လုပ်ငန်းတိုးတက်အောင် လုပ် မယ်။ လုပ်ငန်းတွေ အဆင်ပြေတိုးတက် အောင်လုပ်မယ်။

မဖြူဖွေးသန့် (ပထမနှစ်၊ ဥပဒေ)
အသက်က ၁၈ နှစ်ထဲမှာပါ။ တကယ်တမ်းတက်ချင်တာကတော့ GTC တက်ချင်တာပေါ့။ ဒါပေမဲ့လည်း ကိုယ်မီတဲ့အမှတ်နဲ့ပဲ တက်ဖြစ်တာပါ။ ပြီးတော့ ကျောင်းပြီးတာနဲ့ အလုပ်ရလွယ်တယ်လို့ သိထားတယ်။ နောက်ပြီး လေ့လာထား သလောက်က ကမ္ဘာ့အဆင့်ခြောက်မှာရှိ တယ်လို့ သိထားတယ်။ အဲ့ဒါကြောင့် Law ကို တက်မယ်ဆိုပြီး ရွေးချယ်ဖြစ် တာပါ။ စိတ်လည်း စိတ်ဝင်စားတယ်။ ကျောင်းပြီးသွားရင်တော့ အခြေအနေအရ ပဲ။ ဘာဖြစ်လာမယ်တော့ မသိဘူး။ တ ကယ်လို့ နိုင်ငံတော် ကာကွယ်ရေးပဲဖြစ် ဖြစ် အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့။

တစ် ထောင့်တစ်နေရာကနေ ပါပါဆိုရင်လည်း ပါဖို့အသင့်ပါ။ ဘာဖြစ်ဖြစ်လုပ်မှာပါ။ စုံ စမ်းထောက်လှမ်းရ တာကိုလည်း စိတ် ဝင်စားပါတယ်။ နိုင်ငံတာဝန်ကိုတစ် ထောင့်တစ်နေရာကနေ ထမ်းဆောင်ချင် ပါတယ်။ နိုင်ငံ့ ဝန်ထမ်းကောင်းတစ် ယောက်ဖြစ်အောင် ကြိုးစားချင် ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာဆို လာဘ်စား တဲ့ ဝန်ထမ်းတွေလည်းတွေ့နေရတာပဲ။အ အမြဲတမ်းမဟုတ်တောင် တစ်ခါတလေ တော့ တွေ့နေရ တာပဲ။ တွေ့နေေ ပမယ့် လည်း အပြစ်တော့မပြောလိုပါဘူး။ သူတို့ အကြောင်းနဲ့ သူတို့တော့ ရှိမှာပဲလေ။ ကိုယ့်အလှည့်တော့ အကောင်း ဆုံးဖြစ် အောင်ကြိုးစားမယ်။ တကယ်တမ်း လေး စားအားကျရတဲ့ ဝန်ထမ်းမျိုးဖြစ်ချင်ပါ တယ်။ ဝန်ထမ်းတွေထဲမှာဆို အနီးစပ်ဆုံး အဖေ့ကို အားကျတယ်။ လာဘ်ပေး လာဘ် ယူမှုလည်း မရှိဘူး။ အေးအေးဆေးပဲ ဘဝကို ဖြစ်သန်းတယ်။ ကိုယ့်အလုပ်လို သဘောထားတယ်။ သူများအကျိုးကို ရှေ့ တန်းတင်ပြီး လုပ်ပေးတာများ တယ်လေ။ကျွန်မ ကိုယ်တိုင်လည်း အဲ့လိုဝန် ထမ်းမျိုး ဖြစ်အောင် ကြိုးစားမယ်။ တော်တော် များများကို လေ့လာနေပါ တယ်။ အခု ကျွန်မတက်နေတဲ့ ဘာသာဆိုလည်း အ များကြီးလေ့လာ ထားပါတယ်။ အစိုးရ ဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းပဲ ဖြစ်ဖြစ် အဆင်ပြေတာကို လုပ်သွား မှာပါ။ တကယ်တမ်း ဖြစ်ချင်ခဲ့တာက အဆိုတော်တစ်ယောက်ပါ။ ဒါပေမဲ့ လည်း ပေးလာ တဲ့အခြေနေပေါ်မှာ မူ တည်ပြီး လုပ်ရတာပေါ့။ စုံစမ်းထောက် လှမ်းရတဲ့လုပ်ငန်းတွေလည်း စိတ်ဝင်စား တယ်လေ။ ဘဝမှာတော့ အေးအေးချမ်း ချမ်းနဲ့ ပျော်ပျော်
ရွှ င်နေရရင် ကျေနပ်ပါပြီ။

မောင်အောင်ခန့် ကျော် (ပုသိမ်မြို့)

ကျွန်တော်က Phone Service လုပ်ငန်းလုပ်ချင်တာကြောင့် ပထမနှစ်တက်နေတဲ့ကြားက ကျောင်းကထွက်လိုက် တယ်။ ရန်ကုန်မှာ Phone နဲ့ ပတ်သက် တဲ့ သင်တန်းေ တွတက်ပြီး အခု အလုပ် ဝင်နေတယ်။ တပ်မတော်နဲ့ ရဲဝန်ထမ်း လိုမျိုး အစိုးရအလုပ်ကိုတော့ မလုပ်ချင် ပါဘူး။ အစိုးရဝန်ထမ်းက တိုးတက်မှု နည်းတယ် လို့ထင် တယ်။ကိုယ်လုပ်သ လောက်ကိုယ်ပင်ပန်းသလေက် ငွေကြေး မရဘူး။ အပြင်လုပ်ငန်းက ကိုယ်ကြိုး စားရင် ကြိုးစားသလောက်ရတယ်။ အလုပ်လုပ် တတ်ရင် သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်မြင်တာက တပ်မ တော်တို့ ရဲတပ်ဖွဲ့တို့က ၈၈ ခုနှစ် နောက်ပိုင်း လူတွေ အမြင်မကြည်ကြ သလိုတွေးမိ တယ်။ အဲဒီအတွက်လည်း အစိုးရ တပ်တွေနဲ့ ရဲဝန်ထမ်းအလုပ်ကို လုပ်ချင်စိတ်မရှိပါဘူး။ အဲဒီအုပ်ချုပ်ရေး၊ ကာကွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ မြင်ဖူး သလောက်လည်း လေးစားလောက်သော သူကို ကျွန်တော် မတွေ့ဖူးပါ။ အဖေနှင့် အမေအစိုးရဝန်ထမ်းဖြစ်သလို အမျိုးတွေ ထဲတွင်လည်း ဝန်ထမ်းအများကြီးရှိခဲ့ တယ်။ ဒါပေမဲ့ ရတဲ့လစာနဲ့လည်း ကိုယ် ပိုင်မြေတို့ အိမ်လေးတစ်လုံးပိုင်ဖို့ဝေးတယ်။ ကျွန်တော်တို့ ငယ်ငယ်တည်းက စားရေး သောက်ရေးတောင် လုံလောက်ခဲ့တာ မဟုတ်ဘူး။

အဖေဆုံးပြီးနောက်ပိုင်းမှာပို ဆိုးလာတယ်။ အမေက စာရေးဝန်ထမ်းဆို တော့လည်း သူရတဲ့လစာကို မျှတသုံး နေရတော့ ကျောင်းပညာကို ဆက်သင်ဖို့ အများကြီးအခက်အခဲတွေ့ လာရပါတယ်။ ညီတစ်ယောက်က ဒီနှစ် ဆယ်တန်းတက် နေပြီ။ ဒီအတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီရဖို့အတွက် ကျွန်တော် အလုပ် ကြိုးစားရတယ်။ ဝန်ထမ်းလုပ်ဖို့အတွက် မစဉ်းစားတတ်တော့ ဘူး။

အောင်ထက် (NYK)
Popular Myanmar News Journal

ကျောက်ပန်းတောင်းမှ ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုး အတွက် တောင်းဆိုကြပြီ

·         ကျောက်ပန်းတောင်းမြို့နယ်ကျန်မာရေးဦးစီးဌာနမှူး
ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုးနှင့်တွေ့ဆုံမေးမြန်းခြင်း

·         “ဆရာ..၂၀.၇.၂၀၁၃ ရက်နေ့ကသေဆုံးသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုချောင်းဖျား ကျေးရွာနေ ဦးအောင်လှိုင်ဝင်း၊ဒေါ်ဖြူဖြူစန်းတို့ရဲ့သမီး အသက်(၄)နှစ်ခွဲအရွယ်ရှိ မကျော့မွန်အေးနဲ့ ပတ် သက်ပြီး သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားတာ တွေ့လိုက်ရပါတယ်။ အဲလိုဖော်ပြ သွားတဲ့ အပေါ် ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ ဆရာ”

“ဟုတ်ကဲ့ ကလေးသေဆုံးရတဲ့ အကြောင်းရှင်းမပြခင် ကျွန်တော် တာဝန်ယူရတဲ့ ကျောက်ပန်း တောင်းမြို့နယ်ပြည်သူ့ ဆေးရုံအကြောင်း အရင်ပြောပြချင်ပါတယ်။ ကျွန်တော့ ဆေးရုံက ကုတင် (၅၀) ဆေးရုံပါ။ ကုတင်(၅၀)ဆေးရုံဖြစ်ပေမယ့် လက်ထောက်ဆရာဝန် (၅)ဦးရှိရမယ့်အစား (၂)ဦး က ပြောင်း ရွှေ့သွားတဲ့အတွက်(၃)ဦးနဲ့ အရိုးအထူးကု ဆရာဝန်တစ်ဦး၊ ကျွန် တော်အပါအ၀င် ဆရာဝန် (၅)ဦးပဲရှိပါ တယ်။ ၀န်ထမ်း အင်အားဟာလည်း အထူးသဖြင့် ဆရာမများ အင်အားက ကုတင်(၅၀)ဆေးရုံ စံကိုက် ခွင့်ပြုအင်အား ရရှိထားတာ မဟုတ်တဲ့ အတွက် လုပ်ငန်းဆောင်တာ များပြားပြီးဝန်နဲ့အား မမျှဘူးလို့ပြောရမှာပါ”
“မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး တစ်ယောက်အနေ နဲ့ မြို့နယ်ရဲ့ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းတွေ၊ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ၊ ဆေးရုံရဲ့ ကုသရေး ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက် ရ တဲ့အပြင် အထူးကု ဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ သားဖွားမီးယပ် ဆရာဝန်တွေ မရှိတာကြောင့် အဲဒီကုသရေး တွေကိုပါ ကျွန်တော် တစ်ဦးတည်းက ဆောင်ရွက်ရပါတယ်”
“ဟုတ်ကဲ့ပါဆရာ၊ ဆရာ့ဆေးရုံမှာ နေ့စဉ်လူနာ ဘယ်နှစ်ယောက်လောက် ဆေးကုသမှုပေးနေရ တယ်ဆိုတာလဲ သိပါရစေ ဆရာ”
“ကုတင်(၅၀)ဆေးရုံဆိုပေမယ့် နေ့စဉ်လူနာ (၉၀)ကနေ (၁၂၀)လောက် အထိရှိပြီး တစ်ချို့နေ့တွေ ဆို (၁၄၀)အထိရှိတတ်ပါတယ်။ နေ့စဉ်အရေးပေါ် ခွဲစိတ်လူနာ (၅)ဦး လောက်ရှိပြီး တစ်ပါတ်ကို ခွဲစိတ်ခန်းနေ့ တနလာင်္နဲ့၊ ကြာသပတေး(၂)ရက် သတ်မှတ်ထားပါတယ်။ တစ်ရက်ကို ခွဲစိတ်လူနာ (၁၀)ဦးမှ (၁၅)ဦးအထိရှိပြီး တစ်လကို ခွဲစိတ်လူနာ(၁၅၀) မှ(၂၀၀) အထိရှိတတ်ပါတယ်”
“သေဆုံးသွားတဲ့ လူနာ ဆေးရုံကို ရောက်လာတဲ့ ဇူလိုင်(၂၀) ရက်နေ့က ဆရာဆေးရုံမှာ ရှိမနေ ဘူးလို့သိရပါတယ်။ ဆရာ့အနေနဲ့ အရေးကြီးတဲ့ လူနာကိုထားခဲ့ပြီး သွားရတဲ့ အကြောင်းရင်းလေး ကိုသိပါရစေဆရာ”
“အမှန်က အဲဒီကလေးကို ဇူလိုင်(၁၈)ရက်နေ့က လာပြတော့ ကလေးက မှိန်းလွန်းနေတဲ့အတွက်
ဆေးရုံတက် ဖို့ပြောပါတယ်။ ကလေးမိခင်က ၀ါဆိုပန်းခူး ရောင်းရဦးမှာမို့ မတက်နိုင်ကြောင်း ပြောပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှာ ဘိုက်အောင့်တယ်ဆိုပြီး လာပြလို့ မဖြစ်မနေ ဆေးရုံတက်ဖို့ ပြောတော့လည်း မလိုက်နာဘဲ ပြန်သွားခဲ့ပါတယ်”
“အဲဒီနေ့ နေ့လယ်ပိုင်းမှာ ထပ်ပြီးလာပြတော့ ကလေးကမှိန်းလွန်းနေပြီး ဓာတ်ဆားမ၀င်လို့ စိုးရိမ် ရတယ်။ ဆေးရုံမတက်ဘူး ဆိုရင်တော့ အသက်အန္တရာယ် ရှိတယ်လို့ ပြောတာတောင် မတက်ဘဲ တိတ်တဆိတ် ပြန်သွားကြပါတယ်။ ဇူလိုင်(၂၀)ရက်နေ့ မနက်(၉)နာရီခွဲလောက် မှာ ကလေးဟာ တစ်ညလုံး လူးလွန့်နေတယ်ဆိုပြီး ရောက်လာလို့ သွေးပေါင်ချိန် တိုင်းကြည့်တော့ တိုင်းလို့ မရအောင် (၀)ကို ရောက်နေတဲ့အတွက် ဆေးရုံကို တင်ပို့ခဲ့ပါတယ်”
“ဆေးရုံရောက်တော့ သက်ဆိုင်ရာဆေးရုံ အရေးပေါ်တာဝန်ကျ ဆရာဝန်ကလည်း သီးသန့်ကုသ မှုပေးပြီး ကျွန်တော့ရဲ့ ဆေးကုသမှု ညွှန်ကြားချက်အတိုင်း ဆက်လက် ကုသခဲ့ကြပါတယ်။ အဲဒီနေ့က ကျွန်တော်ဟာ ဖျားနေတဲ့ကြားထဲက အင်္ဂလန်နိုင်ငံက ပါလီမန်အမတ်တွေ ပါဝင်တဲ့ ကျန်းမာရေး လုပ်ငန်းများ လေ့လာရေးအဖွဲ့ ပုဂံနဲ့ပုပ္ပါးကို ရောက်လာတာကြောင့် သွားရောက်ခဲ့ရပါတယ်” 
“အဲဒီခရီးစဉ် သွားရောက်နေတုန်းမှာ ပဲနာရီဝက် တစ်ခါလောက်ကလေးရဲ့ သွေးပေါင်ချိန် တိုးတက်မှု အချေအနေကို ဖုန်းနဲ့မေးမြန်းပြီး အရေးပေါ်တာဝန်ကျ ဆရာဝန်နဲ့ ဆရာမတွေကို သေချာ စောင့်ကြပ် ကြည့်ရှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ညနေ(၅)နာရီလောက်မှာ ပြန်ရောက်ပေမယ့် ဖျားပြီးချောင်းတွေ ဆိုးနေ တာကြောင့် အိမ်မှာ အနားယူပြီး ည(၉)နာရီ ကျော်လောက်မှာတော့ လူနာအချေအနေ မကောင်းကြောင်း သိရလို့ဆေးရုံကို သွားခဲ့ပါတယ်”
“ကျွန်တော်ရောက် သွားတော့ ကျွန်တော့ကို ၀ိုင်းဝန်းဆဲဆို ကြိမ်းမောင်း အော်ဟစ်ကြ တာနဲ့ ကလေး အချေအနေကို ကြည့်လိုက်တော့ ကလေးက ဆုံးနေပါပြီ။ ကျွန်တော်ကလေးကို လစ်လျူမရှုခဲ့ ပါဘူး။ ကျွန်တော့စကား နားထောင်ပြီး ဆေးရုံကို အချိန်မီ တင်နိုင်ခဲ့ရင် ဒီလို အဖြစ်ဆိုး နဲ့ကြုံရမှာ မဟုတ်ပါဘူး”
“ပထမကြည့်ခဲ့တဲ့ နှစ်ရက်လောက်က လူနာဟာ သွေးပေါင်ချိန်ကောင်း နေပါတယ်။ BP90/60 ရှိပါ တယ်။ ဓာတ်ဆားရည် တိုက်ဖို့ ညွှန်ကြားခဲ့ပေမယ့် မတိုက်နိုင် ခဲ့ကြပါဘူး။ ကလေး အထွန့်သလူး ဖြစ်တဲ့အခါမှာလည်း ဆေးရုံကို မနက်စောစော ရောက်အောင်လာနိုင်တဲ့ အချေအနေ ရှိပါရဲ့နဲ့ (၉) နာရီခွဲလောက်မှ ရောက်လာကြပါတယ်”
“လူနာကို ICU လို့ခေါ်တဲ့ အထူးကြပ်မတ် ကုသခန်းမှာ ထားတာကြောင့် တာဝန်ကျ ဆရာဝန် အခန်းနဲ့(၁၀)ပေလောက်၊ ဆရာမများ အခန်းနဲ့က (၅)ပေလောက်ပဲ ကွာဝေးလို့ ကျွန်တော့ရဲ့ အဝေးရောက် ညွှန်ကြားမှုနဲ့ အနည်းဆုံးနာရီဝက် တစ်ခါစမ်းသပ် ကြည့်ရှု ဆောင်ရွက် ပေးခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဘက်ကတော့ လစ်ဟင်းမှု၊ ပေါ့လျော့မှုမရှိခဲ့ပါဘူး။ ဆေးကုသမှု အပိုင်းမှာလည်း မှားယွင်းမှု မရှိခဲ့ပါဘူး”
“ကျွန်တော်ဟာ (၁၂.၄.၂၀၁၂)ရက်နေ့က စတင်ပြီး ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံမှာ တာဝန် ထမ်းဆောင်ခဲ့ တာပါ။ အဲလိုစတင် တာဝန်ယူကတည်းက ဆေးရုံကုသရေး လုပ်ငန်းများမှာ အခမဲ့ ဆောင်ရွက်ခဲ့ပြီး ဆေးရုံကို အဖက်ဖက်က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော် ကုသခွဲစိတ်ပေး ခဲ့တဲ့လူနာ မှတ်ပုံတင် စာရင်းစာအုပ်က လူနာတွေကို ခေါ်ယူမေးမြန်းနိုင်ပါတယ်”
“ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”


မင်းကျော်ဇော မြို့နယ်စာရေးဆရာအသင်း မကွေးမြို့။ PH 0943053905

သစ်ထူးလွင် website ဇူလိုင်လ 29 တွင်ဖော်ပြခဲ့သောသတင်းမှာမှားယွင်းနေသောကြောင့် ဆရာဝန်ကြီးမှာ သိက္ခာကျဆင်းစေပါ သည်။ မြို့နယ်ဆရာဝန်ကြီးမှာ ပြည်သူများအပေါ်တွင်ငွေရေးကြေးရေး အဓိက မထားပဲ စေတနာ ရှေ့ထားပြီး ကုသပေးနေသည်မှာ ကျောက်ပန်းတောင်းတမြို့လုံးသိပါသည်။ထိုကဲ့သို့ စေတနာဆရာဝန်မှာ ရှားပါးပါသည်။ဆရာဝန်ကြီးပြောင်းသွားလျှင်သော် လည်းကောင်း အလုတ် ထွက်သွားခဲ့လျှင်သော်လည်ကောင်း မြို့ခံလူထုအတွက် အရမ်းနစ်နာစေပါသည်။ထို့ကြောင့် သတင်းမှန်ဖြစ်စေရန်နှင့် ဆရာကြီး အပေါ် လူထုအမြင်ရှင်းစေရန် အတွက် သွားရောက်မေးမြန်းရေးသားလိုက် ရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် လူကြီးမင်းတို့ website တွင်သတင်းဖော်ပြပေးပါရန် မေတ္တာရပ် ခံ ပေးပို့အပ်ပါသည်။

သဘာဝ အသီးအနှံ များသည် အသက်ရှည်ဆေး ဖြစ်ကြောင်း အသက် ၁၂၃ နှစ်အရွယ်ရှိ ဘိုလီဗီးယား လယ်သမားကြီး ပြောကြား


ဘိုလီဗီးယား နိုင်ငံမှ အသက် ၁၂၃ နှစ်ရှိ ကမ္ဘာ့ အသက်ရှည်ဆုံး ပုဂ္ဂိုလ် ဖြစ်နိုင်ဖွယ် ရှိသည့်  လယ်သမားကြီး တစ်ဦးသည် ၎င်း၏ အသက်ရှည်မှုနှင့် ပတ်သက်သည့် စားသောက် နေထိုင်ပုံ လျှို့ဝှက်ချက် များကို ထုတ်ဖော်ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်  ဖော်ပြထားသည်။
အင်တာနက် သတင်းပါ ဖော်ပြချက် အရ ကာမီလို ဖလောရက်စ် အမည်ရှိ အဆိုပါ လယ်သမားကြီးသည် ယနေ့ခေတ်သုံး ဗီတာမင် ဖြည့်စွက်စာ များကို မှီဝဲ စားသုံးခြင်း မရှိခဲ့ သကဲ့သို့ ယနေ့ခေတ်တွင် ရေပန်းစား လှသည့် အားကစားရုံ များသို့လည်း သွားရောက်ကစား ခဲ့ဖူးခြင်း မရှိဟု သိရသည်။
အသက် ၁၂၃ နှစ်တိုင်အောင် မိမိသည် သဘာဝ ကောက်ပဲသီးနှံများ၊ မြစ်ကမ်းပါးတွင် ပေါက်ရောက်နေသော မှိုများနှင့် ကိုကာရွက်များ ကိုသာ စားသုံးခဲ့ကြောင်း၊ သဘာဝ ကောက်ပဲ သီးနှံများတွင် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဗီတာမင် စုံလင်စွာ ပါရှိကြောင်း ဘိုလီဗီးယား နိုင်ငံ Frasquia ဒေသတွင်းရှိ အန်ဒန်တစ်ခု အတွင်း၌ သက်ရှိထင်ရှား နေထိုင်လျက် ရှိသည့် ကာမီလိုက ၎င်းထံလာရောက် မေးမြန်းသူ များကို ၎င်းစားသောက် နေထိုင်မှုနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖူကူရှီးမား စက်ရုံ၏ ရေဒီယို သတ်္တိကြွ ယိုစိမ့်မှု ထိန်းချုပ်ရန် ဒေါ်လာ ၄၀၂ သန်းကျော် အသုံးပြုမည်


ဂျပန် အစိုးရသည် ဖူကူရှီးမား ဒိုင်အိချီ နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ်္တိကြွ အရည်များ ယိုစိမ့်မှုကို ထိန်းချုပ်ရန် အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ  ၄၀၂ ဒသမ ၆၀ သန်းခန့် အသုံးပြုသွားရန် စီစဉ်ထားကြောင်း အစိုးရ၏ ထုတ်ဖော် ပြောကြားချက်ကို ကိုးကား၍ Nikkei သတင်းစာက ဖော်ပြခဲ့သည်။
နျူကလီးယား ဓာတ်ပေါင်းဖိုမှ ယိုစိမ့်သော ရေဒီယို သတ်္တိကြွ ပစ္စည်းနှင့် မြေအောက်ရေတို့  ရောစပ်မှု မရှိစေရန် အတွက် ဓာတ်ပေါင်းဖို ၀န်းကျင်ရှိ မြေဆီလွှာကို အေးခဲစေရန် လုပ်ဆောင်ရာတွင် ကုန်ကျမည့် စရိတ်အားလုံးကို လုံလုံလောက်လောက် အသုံးပြုသွား မည်ဟု အစိုးရက ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များကို လုပ်ဆောင်ရန် အတွက် စုစုပေါင်း ကုန်ကျစရိတ်၏ ထက်ဝက်ကို ဂျပန်နိုင်ငံ၏ ခန့်မှန်းခြေရသုံး ငွေစာရင်း၏ အရေးပေါ် ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲရန် မျှော်လင့် ထားပြီး ၎င်းအစီအစဉ်ကို ယခု ဘဏ္ဍာရေး နှစ်တွင် စတင်သွားမည် ဖြစ်သည်။
အလားတူ ဂျပန် အစိုးရသည် ၂၀၁၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီး သွားခဲ့သည့် တိုကျိုလျှပ်စစ် ဓာတ်အားပေး စက်ရုံ ကိစ္စရပ် ကိုလည်း ကိုင်တွယ်ဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရသည်။



တရုတ် နိုင်ငံတွင် မျက်စိ တစ်လုံးသာ ပါပြီး နှာခေါင်း မပါသော ကြောင်ငယ်လေး မွေးဖွား


တရုတ်နိုင်ငံ စီချွမ်ပြည်နယ် နေကျန်းမြို့တွင် နဖူး အလယ်၌ မျက်စိ တစ်လုံးသာ ပါပြီး နှာခေါင်း မပါရှိသော ကြောင်ငယ်လေး တစ်ကောင် မွေးဖွားခဲ့ကြောင်း Nuaxi Metropolitan သတင်းစာ တွင် ရေးသား ဖော်ပြခဲ့သည်။
ထူးဆန်းလှသည့် အဆိုပါ ကြောင်ငယ်လေးကို သြဂုတ် ၃၀ ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး မွေးဖွားပြီး နာရီ အနည်းငယ် အကြာတွင် သေဆုံးခဲ့သည်ဟု သိရသည်။

အမေရိကန်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း

အမေရိကန်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း

အမေရိကန် ပြည်ထောင်စုမှ ဒိုင်ယာနာနက်စ် အမည်ရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သမိုင်းတွင် မှတ်တမ်း တင်နိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာစေရန် အတွက် ကျူးဘား နိုင်ငံမှ ဖလော်ရီဒါ ပြည်နယ်သို့ မိုင် ၁၀၀ ခရီးကို သုံးရက်ကြာ ရေကူးခတ် ပြခဲ့ရာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ အမျိုးသမီးသည် ကျူးဘားနိုင်ငံ ဟာဗားနား မြို့ရှိ လှေလှော်ရွက်တိုက် အဖွဲ့မှ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာ ခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ် ကီးဝတ်စ် ကမ်းခြေသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ သူမသည်  ၎င်းခရီးစဉ်ကို ၁၂ နာရီ ၅၄ မိနစ် (၁၈ ဒသမ ၆ စက္ကန့်) ဖြင့် ကူးခတ်ပြနိုင် ခဲ့ကြောင်း သူမ၏  ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။
၎င်းအမျိုးသမီးသည် အဆိုပါ ကြိုးပမ်းမှုကို ယခင်က လေးကြိမ်လုပ်ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုနှင့် ငါးများ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်းနှင့် ယခု တစ်ကြိမ်မှသာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။

ဆီးရီးယား အီလက်ထရွန်နစ် တပ်ဖွဲ့(SEA)က အမေရိကန် မရိန်းတပ်ဖွဲ့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့


ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယား အီလက်ထ ရွန်နစ်တပ်ဖွဲ့ (SEA)သည် အမေရိကန် မရိန်းတပ်ဖွဲ့၏ အင်တာနက်ဝက်ဘ် ဆိုက်တစ်ခုကို  စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက
ဆိုက်ဘာတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်ဒါ အကြမ်း ဖက်အုပ်စုများကို အကူအညီ အထောက်အပံ့များ ပေးနေမည့်အစား ဆီးရီးယား အစိုးရ တပ်ဖွဲ့များနှင့်အတူ ယှဉ်တွဲ၍ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် အမေရိကန် စစ်သားများကို ကြိုဆိုပါကြောင်း ရေးသားထားသည့် မက်ဆေ့ခ်ျတစ်စောင်ကို  ၎င်းဝက်ဘ်ဆိုက်တွင် တင်ထားခဲ့သည်ဟု စက်တင်ဘာ ၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့အပြင် ၎င်းစာထဲတွင် အမေရိကန် စစ်ဘက်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ''ဆီးရီးယားရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများအတွက် တိုက်မည်မဟုတ်'' ဆိုသည့်စာကို ကိုင်၍ ၎င်းတို့၏ မျက်နှာများကို   ဖုံးကွယ်ထားသည့် ဓာတ်ပုံငါးပုံကို ဖော်ပြထားကြောင်း သိရသည်။    

တပ်မတော် အတွင်း စစ်သည် မိသားစုများ ပညာရေး မြင့်မားအောင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ရအောင် ဆောင်ရွက်ခြင်းဖြစ်


တပ်မတော်၏ တာဝန် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာ၌ အမြဲတိုက်ပွဲဝင် အသင့် ဖြစ်စေရေး အတွက် တပ်များတွင် စွမ်းရည်ရှိရန် လိုသလို စွမ်းရည်ရှိရန် အတွက်လည်း အမြဲ လေ့ကျင့်နေရန် လိုကြောင်း၊ တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြင့် တပ်များအား တည်ဆောက်ရာတွင် ထိရောက်သော လုပ်ဆောင်မှု မျိုးဖြင့် တည်ဆောက် သွားရန် လိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး စွမ်းအားအတွက် ယုံကြည် စိတ်ချရသော တပ်များဖြစ် အောင် ကြိုးစား သွားကြစေ လိုကြောင်း၊ သာမန်ချိန်တွင် စားချိန်၊ နားချိန်၊ အလုပ်လုပ် ချိန်အား ခွဲခြား တတ်စေရေး ကွပ်ကဲ အုပ်ချုပ်သူများမှ ကြပ်မတ် ဆောင်ရွက် ပေးသွားကြရန် လိုကြောင်း၊
အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ထဲသို့  ဝင်ရောက်လာပြီး ပညာရေး အားနည်းသော စစ်သည်များအား ပညာ ရည် မြင့်မားအောင် ဆောင်ရွက် ပေးလျက်ရှိသဖြင့် ပညာရေးကို  ဥာဏ်ရည် ရှိသလောက် ဆုံးခန်းတိုင်အောင် သင်ကြားသွားကြစေ လိုကြောင်း၊  တပ်မတော်အတွင်း စစ်သည်၊ မိသားစုဝင်များ ပညာရည် မြင့်မားအောင် ဆောင်ရွက် ပေးခြင်းသည် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ ရအောင် ဆောင်ရွက် ပေးခြင်းဖြစ်သဖြင့် ကြိုးစား အားထုတ်ကြ စေလိုကြောင်း၊ ကိုယ်နေထိုင်သည့် တပ်နှင့် ပတ်ဝန်း ကျင်အား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆောင်ရွက် သွားကြရန်နှင့် မြို့သန့်ရှင်း သာယာလှ ပရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအား ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် တပ်နှင့် ပြည်သူ တစ်သားတည်း ရှိလာမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ အားထားရသော တပ်များဖြစ်အောင် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ကြိုးစားဆောင် ရွက် သွားကြစေလိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ရက်၊ နံနက်ပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ ဆုံစဉ် အမှာစကား ပြောကြားသည်။
ပုသိမ်မြို့တွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိကြပြီး ပမ္မဝတီ ဧည့်ရိပ်သာ၌ ဌာနချုပ် မှူးမှ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်အား ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတည် ဆောက်ရေး လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပမ္မဝတီ ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံ သြဝါဒ စကား ပြောကြားပြီး စားသောက်ဖွယ်ရာ များအား လက်ဆောင် အဖြစ် ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှမှ တပ်နယ် အတွက် မိခင်နှင့် ကလေး ရန်ပုံငွေများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
၎င်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှ ကျောင်းသုံး ဗလာ စာအုပ်များအား လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှ အားကစား ပစ္စည်းများအား လည်းကောင်း အသီးသီး ပေး အပ်ကြရာ တာဝန် ရှိသူများက လက်ခံရ ယူကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင် များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သည် ဟိုင်းကြီးကျွန်းမြို့နယ် ခွဲရှိ မဟာ ကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်သို့ ရောက်ရှိကြပြီး စေတီတော် အား လက်ယာရစ် လှည့်လည် ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များက စေတီတော် အတွက် အလှူငွေများပေး အပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များမှ လက်ခံရယူကြပြီး  စေတီတော် ပုံတူ ဓာတ်ပုံ များအား ဓမ္မလက်ဆောင် အဖြစ် ပြန်လည် ပေး အပ်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ဝင်း အတွင်းရှိ သာသနာ့ သိင်္ဂီ ကျောင်း တိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ စစ်မြေပြင်ဆေး တပ်ရင်းသို့ ရောက်ရှိကြပြီး ခွဲစိတ် ကုသဆောင်နှင့် ဖျားနာကုသ ဆောင်တို့တွင် ဆေးရုံတက်ရောက် ကုသလျက် ရှိသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော အဖွဲ့ဝင်များသည် အမျိုးသမီး ကုသဆောင်တွင် ဆေးရုံ တက်ရောက် ကုသလျက်ရှိသော လူနာများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက် ဖွယ်ရာများအား လက်ဆောင်အဖြစ် ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က စစ်မြေပြင် ဆေးတပ်ရင်း အတွက် လေအေးပေးစက်နှင့် မွေးလူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် ပုသိမ်မြို့ရှိ တပ်မတော် ပညာရေး ကျောင်းနှင့်  တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းတို့သို့ သွားရောက်၍ တပ်မတော် ပညာရေး ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ကွန်ပျူတာ အခြေခံ သင်တန်း၊ တိုင်းရင်းသား ဘာသာစကား သင်တန်းနှင့် ပညာရေး သင်တန်းများတွင် သင်ခန်းစာ ပို့ချနေမှု များအား လည်းကောင်း၊ တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်း တွင် ဖွင့်လှစ်ထားရှိသော တိုက်ပွဲဝင် စည်းရုံးရေး အရာရှိနှင့် အကြပ်/တပ်သား သင်တန်းတို့တွင် သင်ခန်းစာ ပို့ချနေမှု များအားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကား ပြောကြားကာ တပ်မှူးများ၏ လိုက်လံရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည် များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။  

တရုတ်နိုင်ငံသည် မြန် မာ နိုင်ငံ ၏ အကြီးဆုံး ရင်းနှီး မြှုပ်နှံသော နိုင်ငံဖြစ်


(၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်- အာဆီယံ  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (CABIS) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နန်နင်း မြို့ရှိ Nanning International Convention & Exhibition Centre ၌ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်း၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်း သမာဗောင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ် ရှင်နာဝပ်၊ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် H.E. Mr.Teo Choe Hean ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိ ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အပါအဝင် တရုတ် ပြည် သူ့ သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ သတင်း ဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် ကွန်မြူနစ် ပါတီ ကွမ်ရှီးကော်မတီ အတွင်းရေးမှူး Mr. Peng Qinghua၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Mr. Zhong Shan နှင့် တရုတ် နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ် မှု မြှင့်တင်ရေး ကောင် စီ ဥက္ကဋ္ဌ Mr.Wan Ji Fei တို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။
ယင်းနောက် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအို ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အာဆီယံ အတွင်းရေးမှူး ချုပ်တို့က  မိန့်ခွန်း ပြောကြား ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာတွင် ယခုနှစ် ဆိုလျှင် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ကျင်းပခြင်း (၁ဝ) နှစ်ပြည့်မြောက် သည့်နှစ် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ်သည် အာဆီယံ- တရုတ် မဟာဗျူ ဟာမြောက် ဆက်ဆံရေး ထူထောင်ခြင်း (၁ဝ)နှစ် ပြည့်မြောက် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည့် အတွက် အာဆီယံ- တရုတ် ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရာ၌ အလွန် အရေးပါသည့် နှစ်ဖြစ်ပါကြောင်း။
ရွေးချယ်ထားသည့် ဆောင်ပုဒ်ဖြစ်သော '' အတိတ်၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ် တီထွင် ဖန်တီးရေး ''သည် ယခုလက်ရှိ အခြေအနေနှင့် အလွန်ကိုက်ညီမှု ရှိသည်ဟု ပြောကြား လိုပါကြောင်း၊ မိမိတို့ ဒေသသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ ဗဟိုချက် ဖြစ်လာသည့်အပြင် ကမ္ဘာ့ စီးပွားရေး၌ အရေးပါသော ဒေသဖြစ်လာ ပါကြောင်း။
အာဆီယံနှင့် တရုတ်နိုင်ငံ တို့၏ စီးပွားရေး တည်ငြိမ်မှုသည် ကမ္ဘာ့စီးပွားရေး အတွက် အလွန် အရေးပါလာ ပါကြောင်း၊ ဆယ်စုနှစ် နှစ်ခုအတွင်း အာဆီယံနှင့် တရုတ် ဆက်ဆံရေးသည် အောင်မြင်မှု များစွာ ရရှိခဲ့သည်ကို တွေ့မြင်ကြရ ပါကြောင်း၊ ချစ်ကြည် ရင်းနှီးပြီး အပြန်အလှန် ယုံကြည်မှုရှိသည့် အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံရေးမှ အစပြုပြီး မဟာဗျူဟာ ဆက်ဆံရေး အဆင့်ကို တိုးမြှင့်နိုင်ခဲ့ ပါကြောင်း၊ မိမိတို့ အနေဖြင့် နောင်အနာဂတ် မျိုးဆက်သစ်များ အတွက်  လက်ရှိ အာဆီယံ- တရုတ် ဆက်ဆံရေး အခြေအနေကို ပိုမိုခိုင်မြဲ လာအောင် ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါကြောင်း။
တရုတ်နိုင်ငံသည် ယခုအခါ အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံ သည်လည်း တရုတ် နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံ ဒေသကို တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု ပမာဏသည် သိသိသာသာ တိုးတက်လာပါကြောင်း၊ ထိုသို့ မြင့်တက်လာခြင်းသည် ကောင်းမွန်သည့် လက္ခဏာ ဖြစ်ပြီး ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ ၂ဝ၁ဝပြည့်နှစ်၌ အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေကို စတင် ထူထောင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ လူဦးရေ အများဆုံးနှင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး တတိယ အကြီးဆုံးရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာ ခဲ့ပါကြောင်း။
အာဆီယံ ပေါင်းစည်းရေးနှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်မှု၌ တရုတ်နိုင်ငံ၏ အားပေး ထောက်ခံမှုကို များစွာ ကြိုဆိုပါကြောင်း၊ ၂ဝ၁၅ခုနှစ်၌ အကောင်အထည် ပေါ်လာမည့် အာဆီယံ အသိုက်အဝန်းသည် အာဆီယံနှင့် တရုတ်ပြည်သူ များကို ပိုမိုရင်းနှီး စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ- တရုတ်ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အေးချမ်း သာယာရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ပါကြောင်း။
မိမိတို့ အနေဖြင့် ပြည်သူများအကြား ပိုမိုရင်းနှီးမှု ရှိစေရေးအတွက် ပါလီမန် အမတ်များ၊ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် အခြားသက်ဆိုင်သူများ အကြား ပူးပေါင်း ဖလှယ်မှု တိုးမြှင့်သွားရန် လိုအပ်သည်ကို လည်း ပြောကြား လိုပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြောရမည်ဆိုလျှင် မိမိအနေဖြင့် ရှိရင်းစွဲ ''ဆွေမျိုး ပေါက်ဖော်'' ဆက်ဆံရေး တိုးတက်မှုအပေါ် ကျေနပ်အားရ သည်ကို ပြောကြား လိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံ ထားပါကြောင်း၊ ၂ဝ၁၂ ခုနှစ်၌   မြန်မာ- တရုတ် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရှိသော်လည်း အာဆီယံ- တရုတ် ကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏ ပါဝင်မှု အချိုးအစားသည် ၁ရာခိုင်နှုန်း ကျော်သာ ရှိသည့် အတွက် ကုန်သွယ်ရေး မြှင့်တင်ရန် ဆက်လက်ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း။
၂ဝ၁၃ ခုနှစ် ဇူလိုင်လ၌ မြန်မာ- တရုတ် နှစ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် မြန်မာနှင့် တရုတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ ထူးခြား အောင်မြင်မှု တစ်ရပ် ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် ကုန်စည် ပြပွဲသည် လယ်ယာ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများ အစရှိသည့် ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်ပေး နေပါကြောင်း၊ တရုတ် နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်နှင့် အညီ အစဉ်အလာ အရ တည်ရှိသည့် ခင်မင် ရင်းနှီးမှုကိုလည်း မိမိတို့ တန်ဖိုး ထားပါကြောင်း။
လာမည့် ၂ဝ၁၄ ခုနှစ်၌ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို စတင် ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ ပေါ်ထွက်လာမည့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ၂ဝ၁၄ ခုနှစ်သည် ကြိုတင်ပြင်ဆင်သည့် နောက်ဆုံးနှစ် ဖြစ်သည့်အတွက် အလွန် အရေးကြီးသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူချိန်၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြားရှိ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမို ခိုင်မာစေရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား ယဉ်ကျေးမှု ဖလှယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း မိမိတို့ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူချိန်၌ ပိုမို တိုးမြှင့်နိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ (၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မှတ်တမ်းကို ဗီဒီယိုဖြင့် ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အစိုးရအဖွဲ့ အကြီး အကဲများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့သည် စင်မြင့်ပေါ်သို့ တက်ရောက် နေရာ ယူကြပြီး (၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် အာဆီယံ- တရုတ်လူငယ်အသင်း ချစ်ကြည်ရေး ဆိုင်ရာ အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ-တရုတ် သိပံ္ပနှင့် နည်းပညာ ဆိုင်ရာ အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ- တရုတ် ဆိပ်ကမ်းမြို့များ ကွန်ရက် တည်ထောင်မှု အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ- တရုတ်ကုန်သည်ကြီးများ အသင်း ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းတို့ကို သက်ဆိုင် ရာ တာဝန်ရှိသူများက တင်ပြခဲ့ကြသည်။
မွန်းလွဲ (၂)နာရီ (၁၅) မိနစ်တွင် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင်များသည် (၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည် ပြပွဲတွင် ပါဝင်ပြသမည့် မြန်မာကုန်စည် ပြခန်းဆောင် ဖွင့်ပွဲကို တက်ရောက် အားပေးသည်။
မြန်မာကုန်စည် ပြခန်းဆောင်ကို ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ ဦးဝင်းမြင်၊့ သံအမတ်ကြီး ဦးတင်ဦးနှင့် မြန်မာ ကုန်သည်/ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 
ယင်းနောက် နိုင်ငံတော် သမ္မတသည် မြန်မာကုန်စည် ပြခန်းဆောင်အတွင်း ခင်းကျင်းပြသ ထားသည့် မြန်မာ့ ထွက်ကုန် ပစ္စည်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယခုနှစ် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ၏ ကုန်စည်ဆိုင်ရာ ခန်းမဆောင်တွင် အာဆီယံ ကုန်စည် ကဏ္ဍနှင့် တရုတ် ကုန်စည် ကဏ္ဍဟူ၍ ကဏ္ဍ(၂)ခုဖြင့် ခင်းကျင်းပြသ ထားသည်။ အာဆီယံ ကုန်စည်ကဏ္ဍတွင် အာဆီယံ၏ အမှတ် တံဆိပ် ထုတ်ကုန်များ၊ စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များနှင့် စားသောက်ကုန်များ၊ ပရိဘောဂ ပစ္စည်းများ၊ လက်မှု အနုပညာ ပစ္စည်းများနှင့် ကျောက်မျက် ရတနာများ၊ စားသုံးကုန် ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ တရုတ်ကုန်စည် ကဏ္ဍတွင် ရေနှင့် စက်ပစ္စည်းများ၊ လျှပ်စစ် ဓာတ်အားနှင့် စွမ်းအင်ဆိုင်ရာ ပစ္စည်းများ၊ စားသောက် ကုန်ထုတ် စက်ပစ္စည်းများနှင့် ထုပ်ပိုးသည့် စက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်နှင့် လျှပ်စစ် အသုံးပြုပစ္စည်း များကိုလည်းကောင်း ကဏ္ဍအလိုက် ခင်းကျင်း ပြသထားသည်။
မြန်မာ ကုန်စည်ပြခန်း ဆောင်တွင် မြန်မာ့ပုလဲ ထွက်ကုန်များ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာ ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ ပဲ၊ နှမ်း နမူနာများ၊ လက်မှု အနုပညာ ပစ္စည်းများနှင့် ဟိုတယ်နှင့် ခရီး သွားလာရေး ကဏ္ဍတို့ကို  ကုမ္ပဏီ (၅၅)ခုမှ မြန်မာ လုပ်ငန်းရှင် (၁၅၈)ဦးတို့က အခန်းပေါင်း (၈၄)ခန်းဖြင့် ပါဝင်ပြသ ထားပြီး ပြပွဲသို့ မြန်မာ လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း(၂၅ဝ)ကျော် တက်ရောက် ကြကြောင်း သိရသည်။
မြန်မာအမျိုးသား ပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့ (City Of Charm) အဖြစ် ကျောက်ဖြူမြို့ကို ရွေးချယ်ပြသ ထားသည်။ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခွင့်အလမ်းသစ်၊ တွန်းအားသစ်နှင့် အခြေအနေသစ်များ ဟူသော ယခုနှစ် ပြပွဲ၏ နှစ်လိုဖွယ်ရာမြို့ (Theme)နှင့် ကိုက်ညီသဖြင့် ကျောက်ဖြူမြို့ကို ရွေးချယ်ပြသ ရခြင်း ဖြစ်ကြောင်း သိရသည်။



ကျိုက်ထီးရိုး ဘုရား ဖူးများ သွားလာရေး အဆင် ပြေစေရန် ရန်ကုန်- ကျိုက်ထို ခရီးစဉ် အထူး ရထားတွဲ ပြေးဆွဲမည်



ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ သွားလာရေး အဆင်ပြေစေရန် အတွက် စက်တင်ဘာ ၇ရက်မှ စ၍ ရန်ကုန်- ကျိုက်ထို ခရီးစဉ် RBE အထူးရထားတွဲ ပြေးဆွဲ ပေးသွားမည်ဟု မြန်မာ့ မီးရထား ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း က ပြောသည်။
အဆိုပါ ရန်ကုန်- ကျိုက်ထို ခရီးစဉ် ပြေးဆွဲမည့် အထူး ရထားတွဲ အနေဖြင့် စက်ခေါင်းနှင့် အထူးတွဲ ငါးတွဲ ပါဝင်သည့် ဂျပန်နိုင်ငံထုတ် RBE အမျိုးအစား ဖြစ်ပြီး တွဲဆိုင်း တိုင်းတွင် အထူးခုံများနှင့် လေအေးပေးစက်များ တပ်ဆင် ပေးထားသည် ဟုလည်း ၎င်းကဆိုသည်။
ရန်ကုန်- ကျိုက်ထို ခရီးစဉ်တွင် အထူးရထားတွဲ အနေဖြင့် စက်တင်ဘာ ၇ ရက်မှ စတင် ပြေးဆွဲမည် ဖြစ်သော်လည်း လက်ရှိ အချိန်တွင် ရိုးရိုးတွဲ ရထားများ ပြေးဆွဲ ပေးနေပြီး နေ့စဉ် လူဦးရေ ၅၈ဝခန့် လိုက်ပါ စီးနင်းနေသည်ဟု ခရီးသည် ရုံးချုပ် အထွေထွေ မန်နေဂျာ ဦးအောင်မြင့် လှိုင်က ပြောသည်။
ခရီးသည် ရုံးချုပ် အထွေထွေ မန်နေဂျာ ဦးအောင်မြင့်လှိုင်က ''ရိုးရိုးတွဲမှာ နေ့စဉ် လူဦးရေ ၅၈ဝ ခန့် လိုက်တယ် ဆိုတာက ခရီးသွား မနည်းဘူး ဆိုတာကို ပြောချင်တာ၊  ဒီအထူးတွဲမှာလည်း ခုံပြည့် လူရမယ်လို့တော့ မြင်တယ်။ အခု မိုးတွင်းမှာတော့ နည်းနည်း ခက်ခဲပေမယ့် ပွင့်လင်း ရာသီ ဖြစ်လာရင်တော့ ဖြစ်လာမှာပါ၊ နောက်ပြီး ကျိုက်ထီးရိုးကို ဘုရားဖူး ခရီးသွားလာမှုက များတယ်လေ''ဟု ရှင်းပြသည်။
ရန်ကုန်- ကျိုက်ထို ခရီးစဉ် အထူးရထားတွဲ အနေဖြင့် ခရီးသွားလာမှု အများဆုံး ဖြစ်သည့် ပွင့်လင်း ရာသီတွင် ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ အများဆုံး လိုက်ပါ စီးနင်းမည်ဟု မြန်မာ့ မီးရထားဌာနမှ တာဝန်ရှိသူများ အနေဖြင့် မျှော်မှန်း ထားသည်။
အဆိုပါ ရန်ကုန်- ကျိုက်ထို RBE အထူးရထားသည် ရန်ကုန် ဘူတာကြီးမှ စနေနေ့ နံနက်တွင် ထွက်ခွာမည်ဖြစ်ပြီး မွန်းလွဲ ပိုင်းတွင် ကျိုက်ထို ဘူတာသို့ ရောက်ရှိမည် ဖြစ်သည်။ ကျိုက်ထို ဘူတာမှ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ လမ်းတွင် ပဲခူး၊ ဝေါ၊ သိမ်ဇရပ် ဘူတာ များတွင် ရပ်တန့်မည် ဖြစ်သည်။ ကျိုက်ထိုဘူတာမှ ကင်မွန်းစခန်းအထိ ကျိုက်ထို မော်တော်ယာဉ် အသင်းမှ တစ်ဦးလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် ပြေးဆွဲ ပေးမည်ဖြစ်သည်။
စက်တင်ဘာ ၇ရက်တွင် စတင်ပြေးဆွဲမည့်  အထူးရထားတွဲ ခရီးစဉ် အနေဖြင့် ရန်ကုန်- ကျိုက်ထိုအတွက် ရထား လက်မှတ်ခ အထက်တန်း တစ်ခုံလျှင် ငွေကျပ် ၃၅ဝဝ သတ်မှတ် ထားပြီး နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် ထောက်ခံစာဖြင့် လူတစ်ဦးလျှင် လက်မှတ်ငါးစောင်အထိ ဝယ် ယူနိုင်ပြီး အတွဲခုနစ်တွဲလုံးအတွက် လူဦးရေ ၃၃၂ ဦးစီးနင်း နိုင်သည် ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။      
ကွန်းဇော်              

Related Posts Plugin for WordPress, Blogger...