Friday, January 10, 2014

Miley Cyrus နဲ့အလုပ်တွဲလုပ်ဖို့ငြင်းဆန်လိုက်တဲ့ဓာတ်ပုံဆရာ




Fashion campaign တစ်ခုမှာ Fashinon ဒီဇိုင်နာ Marc Jacobs ရဲ့ဓာတ်ပုံဆရာက Miley Cyrus ကိုဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဇန်န၀ါရီလ ၈ ရက်နေ့မှာ fashion ကုမ္ပဏီတစ်ခုရဲ့ ၂၀၁၄ နွေဦး collection အတွက်မျက်နှာသစ်မော်ဒယ်အဖြစ် Miley Cyrus ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ Twitter စာမျက်မှာပေါ်မှ David Sims ရိုက်ပေးထားတဲ့ခပ်ကြမ်းကြမ်း ဓာတ်ပုံတွေတက်လာပါတယ်။

သူနဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ဓာတ်ပုံဆရာ Juergen Teller ကဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တဲ့အတွက် Sims ကိုတာဝန်ပေးလိုက်ရတာဖြစ်ကြောင်း Jacobs ကပြောပါတယ်။

"ကျွန်တော် Juergen နဲ့နှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်လာတာပါ။ ကျွန်တော် သူ့ကိုအနုပညာသမားတစ်ယောက်အဖြစ်နှစ်သက်ပါတယ်။ သူက Miley ကိုဓာတ်ပုံမရိုက်ချင်လို့ပါ"လို့ Jacobs ကပြောပါတယ်။
သူ့ဓာတ်ပုံဆရာက ငြင်းဆန်ပေမယ့်လဲ Jacobs ကတော့ Miley Cyrus နဲ့အလုပ်လုပ်ရတာကိုနှစ်သက်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့သူမနဲ့သူမနဲ့ပါတ်သတ်တာမှန်သမျှကို ကြိုက်နှစ်သက်ပါတယ်။ သူမရဲ့ပါရမီ၊ ဥာဏ်ပညာနဲ့ အရာအားလုံးကိုပါ။ သူမနဲ့ပါတ်သတ်ပြီးကျွန်တော်မကြိုက်တာဘာမှမရှိပါဘူး။ သူမဟာအရမ်းစစ်မှန်ပြီး သဘာဝကျပါတယ်” လို့ Jacobs ကပြောပါတယ်။

Ref:starpulse

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Friday, January 10, 2014


ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)


လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး” ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

EMG

သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များအား ပြန်လည်ရောင်းချခွင့်ပြုထား

Friday, January 10, 2014
ဝေလင်းအောင်၊ အောင်မျိုးသန့်

လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ဈေးသစ်ကြီးအား ဇန်န၀ါရီ ၉ ရက် ညပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


သီရိမင်္ဂလာဈေးတွင် ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်းတွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များကို ပြန်လည်ရောင်းချခွင့် ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)နှင့် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ ဇန်န၀ါရီ ၉ ရက် နံနက်ပိုင်းတွင် သိရသည်။

သီရိမင်္ဂလာ ဈေးသစ်ကြီး အရှေ့တွင် ပျံကျရောင်းချနေသော ဈေးသည်များကို ဈေးစည်ပင်သာယာ အဖွဲ့နှင့် စည်ပင်ရဲဝန်ထမ်းတို့မှ ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖယ်ရှား ခိုင်းခဲ့ရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဇန်န၀ါရီ ၉ ရက် နံနက် အစောပိုင်းတွင်လည်း ပဋိပက္ခ ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ယင်းပဋိပက္ခ ဖြစ်စဉ်များအတွင်း စည်ပင်ဝန်ထမ်းနှင့် ရဲဝန်ထမ်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ပျံကျဈေးသည်များကို ဈေးရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီး ည ၁၁ နာရီမှ နောက်နေ့ နံနက် ၆ နာရီထိ ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဈေးရှေ့မှာ မရောင်းရဘူးလို့ စည်းကမ်းချက်တွေ ထုတ်ထားတာ သိပေမယ့် ကျွန်မတို့အနေနဲ့ ဒီနေရာလေးပဲ ရောင်းစရာ နေရာရှိလို့ ရောင်းချရတာပါ။ မပြေလည်လို့ ဈေးရောင်းစားတာပါ။ အခုလို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ အဲ့ဒီနေ့ညက ဖြစ်တာတော့ တော်တော်ဆိုးပါတယ်” ဟု ပျံကျဈေးသည် တစ်ဦးက ဆိုသည်။

ယင်းသို့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် စည်ပင်ဝန်ထမ်းများကို နာကျင်အောင် ပြုလုပ်သူ အမည်မသိ လူ ၁၀ ဦးကို ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် (ပ) ၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၃၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

“စခန်းမှာတော့ စည်ပင်ဘက်က အမှုလာဖွင့်ထားလို့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ်။ ပုံမှန်အားဖြင့်တော့ ဈေးထဲက ရဲကင်းမှာ ရဲဝန်ထမ်း လေးဦးလောက်ထိ ထားပါတယ်။ အခုတော့ ပျံကျဈေးသည်တွေကို ပြန်ရောင်းချခွင့် ပေးလိုက်ပြီလို့ ကြားပါတယ်” ဟု ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

EMG

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဆီများကို သက္ကာယ်ကွင်း ရွာသားများက အဓမ္မခပ်ယူသည်ဟု ဆိုကာ အမှုဖွင့်ထားသည့် ဖြစ်စဉ်အား သက္ကာယ်ကွင်း ရွာသားများ ရှင်းလင်း

Friday, January 10, 2014
ဥာဏ်ဝင်းရှိန်

မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ သက္ကာယ်ကွင်း ရွာသားများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ သက္ကာယ်ကွင်းကျေးရွာ ကမ်းစပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများအား ရွာသားများက အတင်းအဓမ္မ ခပ်ယူသည်ဟုဆိုပြီး ဆီတွဲတာဝန်ခံမှ အမှုဖွင့်ထားသည့်အပေါ် ရွာသားများက ဇန်န၀ါရီ ၉ ရက် နံနက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်အမှန်မှာ ဆီတွဲတာဝန်ခံမှ စွပ်စွဲအမှုဖွင့်ထား သကဲ့သို့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်တွဲပေါ်သို့ ရွာသားများက အတင်းအဓမ္မ တက်ရောက်၍ ချိပ်ပိတ်ထားသည့် ဆီပေါက်တွဲများကိုဖွင့်ပြီး ခပ်ယူကြခြင်း မဟုတ်ဘဲ ယင်းဆီတွဲရေယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဦးပိုင်းစိုက်၍ မြုပ်လုမြုပ်ခင် အခြေအနေတွင် သက္ကာယ်ကွင်းကျေးရွာ အရှေ့မြောက်ဘက် ကမ်းစပ်သို့ ဆိုက်ကပ်လာပြီး တွဲရေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှ ရွာသားများထံသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဇန်န၀ါရီ ၉ ရက်က ရှင်းလင်း ပြောကြားသည်။

သက္ကာယ်ကွင်းရွာသား ဦးငွေကြည်က “အမှန်က ဆီတွဲနစ်တော့မှာမို့ သူတို့ဘက်က ရွာသားတွေကို အကူအညီတောင်းပြီး ချိပ်ပိတ်ထားတဲ့ ဆီထည့်ပေါက်တွေကို တွဲရေယာဉ် တာဝန်ခံတွေက ဖွင့်ပေးလို့ ရွာသူ/ရွာသားတွေက ရေပုံးတွေ ဒန်အိုးဒန်ခွက်တွေနဲ့ ခပ်ထုတ်ပေးတာပါ။ အဲဒီလိုနဲ့ ညနေ ၃ နာရီခွဲ လောက်မှာ သီဟကျော်ထွန်း တွန်းသင်္ဘော အပါအ၀င် သင်္ဘောလေးစင်း ရောက်လာတယ်။ နစ်မြုပ်နေတဲ့ ဆီတွဲဦးပိုင်းက ဒီဇယ်ဆီနဲ့ ရေရောနှော နေတာတွေကို ဆီစုပ်စက်တွေနဲ့ မောင်းတင်သွားတယ်။ ရေထဲကျနေတဲ့ ဆီတွေကို ရွာသားတွေက ခပ်တာတော့ရှိတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထို့ပြင် ထိုသို့ကူညီပေးခဲ့သည့် ရွာသူ/ရွာသားများအား ဆီတွဲတာဝန်ခံက ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး လက်ရှိ ရွာသားငါးဦးအား ရမန်ကြီးနှစ်ပတ်ခန့် ချုပ်ထားကြောင်းနှင့် ယင်းကဲ့သို့ ဆီများကို အဓမ္မခပ်ယူသည်ဟု စွပ်စွဲခြင်းမှာ ကျေးရွာပုံရိပ်အား များစွာထိခိုက်သဖြင့် ယခုလို ရှင်းလင်းပွဲ ပြုလုပ်ရကြောင်း သက္ကာယ်ကွင်း ရွာသားများက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရတနာမွန် (၃) လမ်း၊ ၄ ရပ် ကွက်၊ လှိုင်သာယာမြို့နယ်နေ ငွေဗျိုင်းဖြူ ကုမ္ပဏီ၏ စာရေးဖြစ်သူ ဦး......(၃၆) နှစ်သည် သီလ၀ါ အရှေ့ရေလယ်တွင် ကျောက်ချထားသော စင်္ကာပူနိုင်ငံအလံ တင်ထားသည့် MT.OCEAN GURNARD ကုမ္ပဏီပိုင် သင်္ဘောဖြင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဘတ်တွဲဖြင့် ဒီဇယ် ၃၁၀၀၀၀ ဂါလန်ခန့်အား တင်ဆောင်၍ ကုမ္ပဏီဝန်ထမ်း တစ်ဦးအား မောင်းနှင်စေကာ အင်းစိန်ကြို့ကုန်းရှိ ရွှေဗျိုင်းဖြူ ကုမ္ပဏီဆိပ်ကမ်းသို့ပို့ရန် စေလွှတ်လိုက်ကြောင်း သိရသည်။

ထိုသို့စေလွှတ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ခနောင်တိုအရှေ့ ရေပြင်အရောက်၌ ဘတ်တွဲအထဲရှိ ဒီဇယ်ဆီများမှာ ဘတ်တွဲ၏ ဦးပိုင်ဘက်သို့ စုပုံရောက်ရှိသွားပြီး ဘတ်တွဲဦးပိုင်း စိုက်သွားသဖြင့် ပဲ့ပိုင်းသို့ပြန်ရွှေ့ရန် နီးစပ်ရာ ခနောင်တောင် ဘက်ခြမ်းရှိ သက္ကာယ်ကွင်းရွာ ကမ်းစပ်သို့ ဘတ်တွဲအား ကမ်းထိုးရပ်ခဲ့ရာ ကမ်းထိုးမှုကြောင့် ဘတ်တွဲဦးပိုင်း သုံးနေရာမှ ဒီဇယ်များ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပေါက်ထွက်စဉ် အနီးအနားမှ ရွာသူရွာသားများ ရောက်ရှိလာပြီး ဒီဇယ်များအား ခပ်ယူခြင်း ပြုလုပ်ခဲ့ရာ မခပ်ရန် တားမြစ်သော်လည်း မရခဲ့ကြောင်း၊ ဒီဇယ်ဆီများမှာလည်း ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ဒီဇယ်ဂါလန် ၁၅၀၀၀ ခန့် ဆုံးရှုံးသွားသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်ခပ်ယူသည့် ရွာသားများအား ဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ) ၃၄၆/၁၃ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

EMG

အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ အလေးထား စဉ်းစားရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု

Friday, January 10, 2014
Written by:
ဖြိုးဝေ

ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်သော ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်း


နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးတို့ကို မထိပါးစေဘဲ လိုအပ်သကဲ့သို့ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့အား အလေးထား စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက် အစိုးရ သတင်းစာများမှ ဖော်ပြခဲ့သည့် လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ဖြင့် ဖော်ပြထားပြီး နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၅၁/၂၀၁၃ဖြင့် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ချက်ကို ကော်မရှင်အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက် ၁/၂၀၁၃ အား ထုတ်ပြန်ခဲ့မှုကို အသိအမှတ် ပြုပါကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ယောက်မျှမကျန်ရှိစေရန် ကတိပြုထားသည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ထိုသို့ပေးအပ်သည့် ကတိက၀တ်အပေါ် အကောင်အထည် ဖော်ခြင်းနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသင့်ဆိုသည့် အယူအဆနှင့်လည်း ကိုက်ညီကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ နှစ်ကြိမ်ပေးပို့ ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ကျခံနေရသော အကျဉ်းသားများကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့မှုအပေါ် ကြိုဆိုပါကြောင်းနှင့် လွတ်မြောက်လာသူများ အနေဖြင့်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ဥပဒေဘောင်အတွင်းမှ ပါဝင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တည်ဆဲဥပဒေပါ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ ၅(ည) ကဲ့သို့သော ပုဒ်မများနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လယ်ယာမြေ သိမ်းဆည်းခံရမှုအတွက် လှုပ်ရှားသူများကို အရေးယူ အပြစ်ပေးနေသည့် ပုဒ်မများကို ဖျက်သိမ်းပေးပါရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဖြစ်သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် ဦးဆောင်သည့် ခေါင်းဆောင်များက ဇန်န၀ါရီ ၅ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူတွေပါ။ ကျွန်တော်တို့အပေါ်ကန့်သတ်လွှမ်းမိုးထားတဲ့ ဥပဒေတွေ ပုဒ်မတွေကို ပယ်ဖျက်ပေးပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကနေ လက်ရှိအချိန်ထိ ဒီလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေရတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဖိနှိပ်ခံနေရဆဲဆိုတာ မြင်နိုင်ပါတယ်” ဟုအဆိုပါဆန္ဒ ထုတ်ဖော်ပွဲတွင် ဦးမင်းကိုနိုင်က ဆိုသည်။

EMG

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

 Friday, January 10, 2014
မင်းသူဝင်းထွဋ်(မြောင်းမြ)

ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲ အစီအစဉ် အပိုင်းနှစ်အရ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပြီး မီဒီယာများကို ၀င်ရောက်သတင်းရယူခွင့် ပိတ်ပင်ခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက “ပါတီဝင်တွေပဲ တွေ့ဆုံပွဲမို့လို့ တံခါးပိတ်ဆွေးနွေးပြီး မီဒီယာတွေကို အ၀င်မခံတာ လက်ခံပါတယ်။ ဒါပေမဲ့ မြို့နယ်ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ပါတီဝင်တွေပဲလား၊ သူတို့ကို ဘာလို့ ၀င်ခွင့်ပြုတာလဲ၊ ဥပဒေအရ ၀န်ထမ်းတွေက ပါတီဝင် မဟုတ်ရဘူးလို့ ဆိုထားပြီး ဘာလို့ပါတီဝင်တွေပဲ သီးသန့်ဆွေးနွေးတာမှာ ပါရတာလဲ၊ ပြီးတော့ နောင်ရိုးခန်းမဆိုတာ ပါတီတစ်ခုခုအတွက် အသုံးမပြုရလို့ သတ်မှတ်ထားတာလေ၊ ဘာကြောင့် အသုံးပြုခွင့်ရလဲ ဆိုတာကို နားမလည်ဘူး။ ဒီလိုမျိုး ပြုလုပ်နေမှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လိုယုံကြည်ရမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဆိုသည်။

တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက် ဖမ်းဆီးရမိနေပြီး လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ခန့်မှန်းတန်ဖိုး ကျပ်နှစ်ဘီလျံကျော် ဖမ်းဆီးရရှိ

Friday, January 10, 2014
မင်းသီဟဇော်

Mobile Team အဖွဲ့က ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)


မူးယစ်ဆေးဝါး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ၀ိုင်နှင့် ဘီယာများ အပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်ဘီလျံကျော် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေး အကောက်ခွန်ရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ ဖမ်းဆီးရမိမှု ၂၈ ကြိမ်၊ သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှု ခုနစ်ကြိမ်၊ အထွေထွေပစ္စည်း ဖမ်းဆီးမှု ၇၉ ကြိမ်၊ မော်တော်ယာဉ် ၄၄ စီး စုစုပေါင်း ဖမ်းဆီးမှု ၁၆၀ ကြိမ်၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂၄၇၇ ဒသမ ၄၄ သန်း ခန့်အား ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အချို့မှာ ဇန်န၀ါရီ ၄ ရက်က မန္တလေး ၁၆ မိုင် ကျောက်ချောပူးပေါင်း စစ်ဆေးရေး စခန်းတွင် မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ဇန်န၀ါရီ ၅ ရက်တွင် ကျောက်ချော စစ်ဆေးရေးစခန်း၌ပင် တရားမ၀င် အကောက်မဲ့ သယ်ဆောင်လာသော ကားအပိုပစ္စည်းများ၊ တရားမ၀င် အကောက်ခွန်မဲ့ ဘီယာနှင့်ဝိုင်များ၊ ဇန်န၀ါရီ ၆ ရက်တွင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် တရားဝင် စာရွက်စာတန်း မပါရှိဘဲ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ရန်ကုန်လေဆိပ်/ရေဆိပ်များနှင့် နယ်စပ်ဂိတ် အသီးသီးတွင် အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ဧပြီမှ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ဆေးရှာဖွေခဲ့ရာ ရန်ကုန် လေဆိပ်/ရေဆိပ်များမှ ဖမ်းဆီးရရှိမှု ၂၄၁ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၂၁၇၄ ဒသမ ၅၁ သိန်းနှင့် နယ်စပ်ဝင်ပေါက်များမှ ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိမှု ၅၂၄ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၉၇၆၆ ဒသမ ၂၉ သိန်း (ကျပ်သန်း ၃၀၀၀) ခန့်အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေများအရ အရေးယူခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့် အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်း အမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမ၀င်တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့် ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ၊ ခွင့်ပြုချက် မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးအရေးယူနေ သကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ ၂၇၀၀ ကျော် ရှိလာမည်

Friday, January 10, 2014
ဝေယံဖြိုးဦး

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား နိုဝင်ဘာအတွင်းက တွေ့ရစဉ်


လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းအရ လာမည့် ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၂၇၀၀ ကျော် ရှိလာမည် ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နှစ်ဆကျော် ပိုမိုထောက်ပံ့မည်ဟု သိရသည်။

ဇန်န၀ါရီ ၁၃ ရက်တွင် စတင်မည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းများအရ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပြည်ထောင်စု၏ ရငွေများ တိုးလာသကဲ့သို့ သုံးစွဲငွေများလည်း တိုးတက်လာကြောင်း၊ ပြည်ပအကူအညီ ရရှိငွေနှင့် ပြည်ပချေးငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ရရှိလာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ဖြည့်ဆည်း ပေးခြင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘတ်ဂျက်ဥပဒေကြမ်းပါ စိစစ်ပြီး စာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလျံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်၍ လိုငွေကျပ် ၂၇၅၀ ဒသမ ၆၄၅ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ကျပ် ၁၄၂၁ ဒသမ ၇၃၇ ဘီလျံထောက်ပံ့ ပေးမည်ဖြစ်ပြီး ကျပ် ၂၅ ဒသမ ၅၁၇ ဘီလျံကို ချေးငွေအဖြစ် ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ခုနှစ် တစ်မျိုးသားလုံး၏ စုစုပေါင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)သည် ကျပ် ၆၆၁၈၇ ဒသမ ၁၁၉ ဘီလျံဖြစ်သည့် အတွက် လိုငွေနှင့် ဂျီဒီပီအချိုးသည် ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ထောက်ပံ့ပေးငွေသည် ကျပ် ၁၄၂၁ ဒသမ ၇၃၇ ဘီလျံဖြစ်ပြီး ယခင်နှစ်က ထောက်ပံ့ငွေကျပ် ၆၂၆ ဒသမ ၃၃၃ ဘီလျံနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။

ပညာရေး အသုံးစရိတ် အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု နှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်သုံးစွဲရန် ရှိကြောင်း၊ လာမည့်နှစ်တွင် အခြေခံပညာ အလယ်တန်းကိုလည်း အခမဲ့ပညာ သင်ကြားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး အသုံးစရိတ် အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှု အချိုး ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သိရသည်။

လာမည့်ဘဏ္ဍာရေး နှစ်အတွင်း မမျှော်လင့်သော သဘာဝဘေး အန္တရာယ်များ၊ မဖြစ်မနေ သုံးစွဲရန်လိုအပ်သည့် အသုံးစရိတ်များ၊ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်း သုံးစွဲရန် မဖြစ်နိုင်သည့် အသုံးစရိတ်များအတွက် သီးသန့်ရန်ပုံငွေအဖြစ် ကျပ်ဘီလျံ ၁၀၀ ကိုလည်း ယခင်နှစ်အတိုင်း လျာထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က “လာမယ့်နှစ် အစိုးရရဲ့အသုံးစရိတ်က ဒီနှစ်ထက် ပိုများလာမယ်လို့ ခန့်မှန်းပါတယ်။ ဒီနှစ်မှာ အစိုးရရဲ့ ၀င်ငွေလည်း ပိုကောင်းလာတယ်။ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်က ပိုများမယ်။ နောက်တစ်ချက်က ရငွေနဲ့ အခွန်ရငွေလည်း တိုးလာတဲ့အတွက် ဖြစ်ပါတယ်။ ဒီနှစ်မှာ အခွန်ရငွေတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ အခွန်ရငွေ အသေးစိတ်ကတော့ ဘဏ္ဍာရေးက တင်ပြမှ လွှတ်တော်မှာ ဆွေးနွေးမှာပါ” ဟု ပြောကြားသည်။

EMG

Thursday, January 9, 2014

မြန်မာပိုင်နက်အတွင်း အိန္ဒိယ သောင်းကျန်းသူများ၏ စစ်သင်တန်းပေးစခန်းများ ရှိနေဟုဆို





ရန်ကုန်၊ ဇန်နဝါရီ ၉

အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများ၏ စစ်သင်တန်းပေး စခန်းများ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာပိုင်နက်အတွင်း ရှိနေကြောင်း အိန္ဒိယ နယ်စပ် လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက်ကို ကိုးကား၍ The Telegraph သတင်းစာတွင် ဇန်နဝါရီ ၈ နေ့က ရေးသား ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးအတွက် အစိုးရကို ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့တစ်ခု ဖြစ်သည့် Kamtapur Liberation Organization (KLO) မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ အခြားသော အိန္ဒိယ အစိုးရ ဆန့်ကျင်သူများနှင့် ပူးပေါင်းကာ စစ်သင်တန်းများ ဖွင့်လှစ်၍ သင်တန်း ပေးနေကြောင်း အဆိုပါ လုံခြုံရေးတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦး ဆိုသည်။ “နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာတော့ အိန္ဒိယ သူပုန်တွေ ရှိနေတယ်။ ကြာပါပြီ သူတို့က ဟိုဘက်ကူး ဒီဘက်ကူး လုပ်နေတာ။ ဒါပေမဲ့ အင်အား မများပါဘူး” ဟု မြန်မာနိုင်ငံအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ ယင်းသို့ မြန်မာ့နယ်မြေအတွင်း ရောက်ရှိနေခြင်းမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး အားနည်းမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အဆိုပါ နယ်စပ် သောင်းကျန်းသူများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှစ်နိုင်ငံ အစိုးရက ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပြီး မကြာမီ ကာလအတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အစီအစဉ်များကို နှစ်နိုင်ငံအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ အဆိုပါ သောင်းကျန်းသူများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြားအိန္ဒိယသူပုန် အဖွဲ့အစည်းများ ဖြစ်သည့် မိတ်တိုင်နှင့် နာဂ သောင်းကျန်သူများနှင့် ပူးပေါင်းကာ စစ်ရေး လေ့ကျင့်နေပြီး လက်နက်များကိုမူ တရုတ်နိုင်ငံမှ ရယူကြကြောင်း အိန္ဒိယ နယ်စပ်လုံခြုံရေး အရာရှိ များက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ကျယ်ပြန့် စွာ ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တစ်လျှောက်ရှိ အာသံ၊ မဂ္ဂလရာ၊ တရိပူရ၊ အရူနားချလ်ပရဒေရှ်၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလန်း ပြည်နယ်များတို့တွင် လူနေမှု အဆင့်အတန်း ကွာဟခြင်း ဗဟိုအစိုးရ၏ အထောက်အပံ့ အားနည်းခြင်းနှင့် ယင်းဒေသဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရ၏ စိတ်ဝင်စားမှု လျော့နည်းခြင်း တို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန် ၁၉၆၄ ခုနှစ်မှ စတင်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ တောတောင် ထူထပ်မှုနှင့် ခက်ခဲကြမ်းတမ်းသော နယ်မြေ အနေအထား များကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော သောင်းကျန်း သူများ ပြဿနာ ဖြေရှင်းရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရက ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရသည်။ အဆိုပါ အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်းများကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော် အရာရှိများ အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။ အိန္ဒိယ-မြန်မာ နယ်စပ်လျှောက် ၁၉၆၄ ခုနှစ်ကပင် ခြေကုပ်ယူနေသော လက်နက်ကိုင် သောင်းကျန်းသူများကြောင့် ရင်ဆိုင်နေရသော နယ်စပ်လုံခြုံရေး ပြဿနာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဖြေရှင်းသွားမည်ဟု အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ (ရူပီ ကုဋေ ၅၀၀၀) သုံးစွဲမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု



အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန် ဆာ အဖြစ်စေ ခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန် တိုင်းေ ဒသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁နာရီ အချိန် က ဒဂုံမြို့သ စ်မြောက်ပိုင်း ၃၅ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်…က တာမွေရဲစခန်းသို့ ဖုန်းဆက်၍ ၄င်း၏သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ်ရှိ မ….သည် တာမွေ မြို့နယ်၊ ဖိုးစိန်လမ်း ရှိ ……ဟိုတယ်တွင် ရောက်ရှိနေကြောင်း၊


၎င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ေ ခ်ါဆောင်မည်ြ ဖစ် ကြောင်း ပြောကြား ခဲ့သည့် အတွက်တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း


ထိုသို့သွားရောက် စစ်ဆေးရာ၌ မ…အား အဆိုပါဟိုတယ်ရှိ အခန်းအမှတ် ၄ဝ၈တွင်၎င်း၏အဘွားဖြစ်သူဒေါ်…၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဒေါ်…၊ဒဂုံမြောက်တွင်နေထိုင်သူ ဒေါ်…တို့နှင့်အတူတွေ့ရပြီး ၄င်း တို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်း၊


အဘွားဖြစ်သူ၏ ပြောကြားချက် အရ ၄င်းသည်ဒဂုံမြောက်မှ ဒေါ် ….၏ဆက်သွယ်ပေးမှုဖြင့်တာမွေတွင်နေထိုင်သူ ဒေါ်…ထံ မှ ငွေကျပ် ၂၇၅ဝဝဝ ယူကာ အောက်တိုဘာ ၂၇ရက်နေ့ ညပိုင်း တွင်မြေးဖြစ်သူအား…… ဟိုတယ်၊ အခန်းအမှတ်(၄ဝ၈)တွင် တည်းခိုနေသောကို…ထံ ပြည့်တန်ဆာအလို့ငှာပေးအပ်ခဲ့သည်ဟုပြောကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည့်တန်ဆာအဖြစ် စေခိုင်းခံ ရသူက ဆက်ဆံမည့်သူ ကို… အား အသက် ၁၂ နှစ်သာရှိသေး ကြောင်း၊မိဘမသိကြောင်း ပြော ပြခဲ့ရာ ကို….ဆိုသူက အဆိုပါ မိန်းကလေးငယ်အား သနားသဖြင့်ငွေနှစ်သောင်းမုန့်ဖိုးပေး၍ ဘာမှ မလုပ်ဘဲ ဟိုတယ်မှထွက်ခွာသွား ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


အဆိုပါ အမှုနှ င့်ပတ်သက်၍ တာမွေရဲစခန်းမှ အရွယ်မရောက် သေးသူ အား ပြည့်တန်ဆာအလို့ငှာအခကြေးငွေရယူ၍ စေခိုင်းခဲ့သော အမျိုးသမီးသုံးဦးအား (ပ)၁၂၆၉/ ၁၂၊ ပုဒ်မ (၃၇၂)ဖြင့်ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

လျှာတစ်လစ်ထွက်နေသော သက်ရှိကောင်မလေးများ



ဘာရယ်တော့ မဟုတ်။ အားလုံးပျော်ရွှင်စေရန်ပါ အင်တာနက် တွင် နေရင်း ထိုင်၇င်း လျှာတစ်လစ် ထွက်နေသော ကောင်မလေးများကို တွေ့ရာ မှာ မိမိတို့၏ အတွင်း အင်္ဂါကို မရှက်မကြောက် လှစ်ဟ လျှက်ရှိ သော မိန်းကလေးများအား အသည်း ယား သဖြင့် စုစည်း ထားခြင်း ဖြစ်သည်။ ဆက်လက် ထွက်နိုင်ကြပါစေ။

 
 
 

တီဘီပိုးများပါသည့် သလိပ်များအား မျိုချပါက အူတီဘီရောဂါ ဖြစ်ပွားနိုင်



အဆုတ် တီဘီရောဂါ ရှိထားပြီးသောသူများ အနေဖြင့် သလိပ်တွင်ပါဝင်သော တီဘီပိုးများကို မြိုချမိသော ကြိမ်ဖန်များလာပါက နောက်ဆက်တွဲရောဂါအနေဖြင့် အူတီဘီ ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြော သည်။

အူတီဘီအမျိုးအစား အမျိုးမျိုးရှိပြီး အူမှာဖြစ်သည့် တီဘီ၊ အူလမ်းကြောင်းဘေး တွင်ရှိသော အကျိတ်တွင်ဖြစ်သည့် တီဘီ၊ ၀မ်းတွင်းအမြှေးပါး (Peritonium) မှာဖြစ်သည့် တီဘီ၊ အူသိမ် အရင်းပိုင်း (lleum) နှင့် အူမကြီးအစ (Caceum) ဆုံသည့်နေရာ (အူအတက်ရောင်တတ်သည့် နေရာ ၀န်းကျင်)များတွင် ဖြစ်တတ်ကြောင်း သိရ သည်။

“အထူးသဖြင့် သလိပ်မှာ တီဘီပိုးရှိရင် အဲဒီပိုးပါတဲ့ သလိပ်ကို မျိုချမိတဲ့အခါအဆုတ်တီဘီကနေ အူကိုပြန့်ပြီး ဖြစ်တာ များတယ်၊ အူတီဘီရောဂါရဲ့ လက္ခဏာတွေက တိတိကျကျမရှိပါဘူး အူနဲ့ပတ်သက်ရင် ဗိုက်နာတာ၊ ဗိုက်အောင့်တာစတဲ့ ယေဘုယျဆန်တဲ့ လက္ခဏာတွေပဲ ပြတတ်တော့ ရောဂါကို စောစောသိနိုင်ဖို့က မလွယ်ဘူးပေါ့။ အူမှာအနာဖြစ်ရင်တော့ ဗိုက်ကမကြာမကြာ အောင့်တတ်ပါတယ်။ အထူးသဖြင့် ညာဘက်ချက်ဝန်းကျင်က အောင့်တတ်ပါတယ်။ အဲဒီလို ဗိုက်အောင့်ရင် သံသယရှိသင့်ပါတယ်”ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ အောင်ရဲခိုင် က ပြောသည်။

အူတီဘီဖြစ်ရသည့် အကြောင်းရင်း လေးမျိုးရှိပြီး ခန္ဓာကိုယ်တွင်ဖြစ်သည့် တီဘီပိုး (ဥပမာ-အဆုတ်တီဘီ)မှ တစ်ဆင့် အူကိုပြန့်ပြီး ဖြစ်ခြင်း၊ သလိပ်မှ တီဘီပိုးရှိလျှင် အဆိုပါ ပိုးရှိသည့် သလိပ်အား မျိုချ မိသည့်အခါ အူကိုပြန့်ပြီး ဖြစ်ခြင်း၊ သားငန်ရည်အကျိတ် (Lymphatic Node) မှာ တီဘီပိုးရှိလျှင် အူသို့ပြန့်ပြီး ဖြစ်ခြင်း၊ နီးစပ်ရာ ဆီးလမ်းကြောင်း၊ ကျောက်ကပ်များတွင် တီဘီပိုးရှိရာမှတစ်ဆင့် အူတီဘီဖြစ်ခြင်း လေးမျိုးရှိကြောင်း သိရသည်။

အူတီဘီ လေးမျိုးတွင် အဆုတ်တီဘီနှင့် သလိပ်မှတစ်ဆင့် ကူးစက်တတ်သော တီဘီပိုး နှစ်မျိုးမှာ အူတီဘီ အဖြစ်များ ကြောင်း ဆရာဝန်များမှ သုံးသပ်သည်။

“အဆုတ်တီဘီပိုးကို ဆေးသောက် ပြီး ပျောက်ကင်းသွားသူတွေမှာလည်း အူမှာပိုးကပ်ငြိ နေနိုင်ပြီး အဓိကကတော့ ပိုးရှိသူတွေအနေနဲ့ သလိပ်ပါတဲ့ တံတွေးကို မျိုမချ မိအောင် ဂရုစိုက်ရမယ်။ တကယ်တော့ ပျမ်းမျှအားဖြင့် တီဘီပိုးက ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ လူသုံးယောက်အနက် တစ်ယောက်လောက် ရှိနေနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းနေတဲ့ အချိန်မှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ခံအားကျသွားတဲ့အခါ၊ စိတ်ဖိစီးမှု များတဲ့အခါ၊ တခြား ရောဂါပိုးနဲ့ ရောဂါတွေဝင်လာတဲ့ အခါတွေမှာ တီဘီပိုးက ထ ကြွလာနိုင်ပါတယ်”ဟု အထွေထွေရောဂါကု ဒေါက်တာ ကိုဝဏ္ဏက ပြောသည်။

အချို့လူများတွင် အူနံရံထူလာပြီးအူပိတ်တတ်သောကြောင့် ယင်းအချိန်များ တွင် ခွဲစိတ်ကုသရတတ်ပြီး ဗိုက်အောင့်၊ဗိုက်နာခြင်း အစာအိမ်ရောဂါနှင့် အခြား အူလမ်းကြောင်း ရောဂါများကြောင့် မဟုတ်ဘူးဆိုလျင် အူတီဘီဖြစ်သည်ဟု သံသယ ရှိသင့်ကြောင်းနှင့် ဃွှခညေ ရိုက်လျင် ရောဂါနုစဉ်အချိန်တွင် သိရှိနိုင် ခြင်းမရှိဘဲ ရောဂါရင့်သည့် အခါမှသာ သိနိုင်ပြီး အဆုတ်တီဘီကဲ့သို့ တီဘီပိုးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်လျှင် မသိနိုင်ဘဲ ၀မ်းထဲသွေးပါလျှင် ၀မ်းအား စစ်ဆေးမှုပြုလုပ်ပြီးမှသာ သိရှိနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အူတီဘီဖြစ်ပြီး အူပေါက်ခြင်း၊ အူပိတ်ခြင်း ဖြစ်ပေါ်ခဲ့လျှင် ခွဲစိတ်ကုသမှု ခံယူပြီးသည့် အချိန်များတွင် အူတီဘီပိုး ကင်းအောင် တီဘီဆေးသောက်သုံးရန် လို အပ်ကြောင်း သိရသည်။

တီဘီဆေးကို အနည်းဆုံး ကိုးလ-တစ်နှစ် သောက်သုံးရမည်ဖြစ်ပြီး အဆုတ်တီဘီပိုးအား ခြောက်လတာ သောက်ရမည်ဆိုသော်လည်း အူတီဘီဖြစ်လျှင် ပို၍ ကြာကြာ သောက်ရမည်ဖြစ်ပြီး စစ်ဆေးမှုများကိုလည်း အမြဲပြုလုပ်ရမည် ဖြစ်သည်။

“အိပ်ခ်ျအိုင်ဗွီပိုးမရှိဘဲ တီဘီပိုးတစ်မျိုးတည်းသာ ကူးစက်ခံထားရသူများ ရဲ့ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း ကသာ သူတို့ရဲ့ သက်တမ်းတစ်လျှောက် တီဘီရောဂါလက္ခဏာကို ခံစားကြရတယ်။ အိပ်ခ်ျအိုင်ဗွီနဲ့ တီဘီပိုးနှစ်မျိုးလုံး ကူးစက်ခံရသူများမှာ တီဘီရောဂါကို ပိုမိုဖြစ်ပွား တက်ကြတယ်။ တီဘီရောဂါ ဖြစ်ပွားနေသူတစ်ဦးဟာ ဆေးမကုသဘဲ ထားလို့ရှိရင် ပျမ်းမျှ လူ ၁၀ ဦး မှ ၁၅ ဦး ထိ ကူးစက်နိုင်တယ်”ဟု အထွေထွေရောဂါကု ဆရာဝန် ဦးသန့်ဇင်က ပြောသည်။

ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများတွင် ၁၇၀,၀၀၀ ခန့် ကလေးသူငယ်များ နှစ်စဉ် တီဘီပိုးကြောင့် သေဆုံးလျှက်ရှိပြီး မြန်မာ နိုင်ငံတွင် နှစ်စဉ် တီဘီရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်ရှိကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ မှတ်တမ်းများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို ၁၉၆၆-၆၇ ခုနှစ် မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်လျက် တီဘီရောဂါကို တိုက်ရိုက် ကြည့်ရှု အချိန်တိုကုထုံး (DOTS) ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ၍ အခမဲ့ကုသ ပေးလျက် ရှိနေကြောင်း သိရသည်။

ကိုယ်ဝန် ပျက်ကျတော့မည့် လက္ခဏာများကို သိနားလည်စေရန်





ကိုယ်ဝန်ဆောင်မိခင် လေးဦးအနက် တစ်ဦးနှုန်းဟာ ကိုယ်ဝန်ဆောင်ကာလ ၂၀ ပတ်အတွင်း ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျရတဲ့ အကြောင်းတွေကတော့ မိခင် အသက်အရွယ်ကြီးတာ၊ သန္ဓေတည်တဲ့ အနေအထား မမှန်တာ၊ သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှု ပုံမမှန်တာနဲ့ ဟော်မုန်း မမျှတတာစတဲ့ အချက်တွေကြောင့် ဖြစ်တတ်သလို ပြင်ပ ပတ်ဝန်းကျင် အခြေအနေကြောင့်လည်း မတော်တဆ ထိခိုက်ပြီး ကိုယ်ဝန်ပျက်ကျ ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်မပျက်ကျဘဲ အောင်မြင်စွာ ကလေးမွေးဖွားနိုင်ဖို့ ကိုယ်ဝန်ပျက်ကျတော့မယ့် သတိပေး လက္ခဏာတွေကို သိနားလည်ထားဖို့ လိုပါတယ်။

(၁) ထုံးစံ မဟုတ်သော မိန်းမကိုယ် အရည်ဆင်းမှုကို သတိထားပါ။
ဒါက ကိုယ်ဝန် ပျက်ကျချင်တဲ့ သတိပေး လက္ခဏာ တစ်ရပ်ပါ။ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးတိုင်း မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာကို ကြုံတွေ့ရတတ် ပါတယ်။ ကိုယ်ဝန် အစောပိုင်းမှာ ထုံးစံမဟုတ်တဲ့ မိန်းမကိုယ် အရည်ဆင်းတာ၊ သွေးအနည်းငယ် ဆင်းတာတွေ ဖြစ်ရင်တောင် သေချာဂရုစိုက် ကုသမှု ခံယူပါက ကိုယ်ဝန်ဆောင်ကာလ ပြည့်တဲ့အထိ နေနိုင်ပြီး ကလေးကို ကျန်းကျန်းမာမာ မွေးဖွားရတတ်ပါတယ်။
* မိန်းမကိုယ်ကနေ ပန်းရောင်ဖျော့ဖျော့ အချွဲရည် ဆင်းတာ ဒါမှမဟုတ် အရည်များများ ရုတ်တရက် ဆင်းတာဟာ ကိုယ်ဝန်ပျက်ကျချင်တဲ့ လက္ခဏာပါ။
* ဗိုက်အောင့်တာနဲ့ တွဲပြီး ဒါမှမဟုတ် ဗိုက်မအောင့်ဘဲ အနီရောင်နဲ့ အညိုရောင် သွေးစ ဆင်းရင် သတိထားပါ။ ကိုယ်ဝန် ပျက်ကျမှုတိုင်း သွေးမဆင်းပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးများများ ဆင်းတာနဲ့ ဗိုက်အောင့် ဝေဒနာ တွဲဖြစ်ရင် ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာပါ။
* ဆီးသွားရင်း သွေးခဲစ ပါရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
(၂) ခါး သို့မဟုတ် ၀မ်းဗိုက် နာကျင်မှု သိသိသာသာ ခံစားရလျှင် သတိပြုပါ။ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ပျက်ကျခါနီး ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျချိန် အတောအတွင်း ရာသီလာစဉ်ကထက် ပိုဆိုးတဲ့ ခါးနာဝေဒနာ၊ ဗိုက်နာတာတွေ ခံစားရတတ်ပါတယ်။ ၀မ်းဗိုက် အောက်ပိုင်း နာကျင်တဲ့ ခံစားချက်ဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်က သန္ဓေသားကို တွန်းထုတ်နေသလို ထင်ရစေပါတယ်။ တခိျု့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျချင်တဲ့ အခါ ဖြစ်တတ်တဲ့ လက္ခဏာက အသက်ရှူဖို့ ခက်ခဲလောက် အောင်ကို ဗိုက်နာတာပါ။
(၃) နာကျင်မှု ခံစားရချိန်ကို တိုင်းတာပါ။
ကိုယ်ဝန်ပျက်ကျခါနီး အချိန်မှာ ကလေးမွေးခါနီး ခံစားရတဲ့ ၀မ်းဗိုက်ကုံျ့လိုက်၊ ကျဉ်းလိုက် ဖြစ်တဲ့ နာကျင်မှုမျိုး ခံစားရတတ် ပါတယ်။ ၀မ်းဗိုက် ကုံျ့လိုက်၊ကျဉ်းလိုက် ဖြစ်တာက အလွန် နာကျင်ပြီး၅-၂၀ မိနစ်ကြာ နီးပါး ခံစားရတတ်ပါတယ်။ ဒီလောက် အချိန်ကြာ ၀မ်းဗိုက်နာကျင်နေရင် ကိုယ်ဝန်ပျက်ကျချင်တဲ့ နိမိတ်ပုံရိပ် ဖြစ်တာကြောင့် လမစေ့ခင် ကလေးမွေးဖွားမှု မဖြစ်အောင် ဆေးရုံကို အမြန် သွားသင့်ပါတယ်။
(၄) ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် လျော့ကျမှုကို သတိထားပါ။
ကိုယ်ဝန်ပျက်ကျချင်တဲ့ လက္ခဏာတစ်ရပ်ဟာ ကိုယ်အလေးချိန် တိုးမလာဘဲ လျော့ကျလာတာပဲ ဖြစ်ပါတယ်။

Tips!
* အရင် ကိုယ်ဝန်ဆောင်စဉ်က ကိုယ်ဝန်ပျက်ကျဖူးရင် နောက်တစ်ကြိမ် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များတဲ့အတွက် အထူးသတိထားပါ။
* ကိုယ်ဝန်ပျက်ကျမှု မဖြစ်အောင် ကာကွယ်နိုင်ဖို့ မျှတတဲ့ အစားအသောက်ကိုအာဟာရပြည့်ပြည့်၀၀ ရရှိအောင် စားပါ။ ကိုယ်ဝန်ဆောင်စဉ် အတွင်း သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ ပုံမှန်ပြသပါ။ အရင်ကိုယ်ဝန်က ပျက်ကျဖူးတယ် ဆိုရင် ဆရာဝန်ကို ပြောပြထားပါ။
* ၀မ်းနည်းမှု၊ ကြေကွဲမှု စတဲ့ ဖိစီးမှု ဝေဒနာကြောင့် ကိုယ်ဝန် ပျက်ကျနိုင်ခြေ ရှိပါတယ်။ စိတ်ပူပင် သောက များနေရင် စိတ်ကျန်းမာရေး ကောင်းမွန် တိုးတက်လာစေဖို့ အားပေးသူတွေ၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။
* ဖျားတာ၊ အရေပြားကနေ သွေးအဆက်မပြတ် ထွက်တာတွေလို ကူးစက်ပိုးဝင်တာကြောင့် ကိုယ်ဝန် ပျက်ကျနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကူးစက်ပိုးဝင်ရင် ဆရာဝန်နဲ့ ပြသပါ။
* အရက် သောက်တာ၊ ဆေးရွက်ကြီးနဲ့ ဆေးလိပ်သုံးစွဲတာ၊ မူးယစ်ဆေးဝါး သုံးတာတွေလို ဘ၀ နေထိုင်စားသောက်မှု ပုံစံ မမှန်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိပါတယ်။ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့်လည်း ကိုယ်ဝန် ပျက်ကျရတတ် ပါတယ်။
* အရင်က မကြာခဏ ကိုယ်ဝန် ပျက်ကျဖူးတဲ့ အမျိုးသမီးတွေဟာ ဟော်မုန်း မမျှတတာ၊ ရောဂါ ဝေဒနာရှိတာ စတဲ့ အခြေအနေတွေ ရှိနေသလား ဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ အခုတစ်ကြိမ် ကိုယ်ဝန်ပျက်ကျမှု မဖြစ်စေဖို့ မျှတတဲ့ အာဟာရ၊ အန္တရာယ်ကင်းတဲ့ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချရေးနဲ့ ကျန်းမာဘေးကင်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ရှိသင့်ပါတယ်။
* ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် ပျက်ကျတော့မယ့် လက္ခဏာတွေ အရိပ်အယောင် ပြသနေရင် နားနားနေနေ လှဲနေပါ။ ဖြစ်နိုင်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေပေးမယ့် သုတေသန ရလဒ်သစ် တစ်ခုပေါ်ပြီ




သုတေသီ တွေက Radioimmunotherapy (RIT) လို့ခေါ်တဲ့ နည်းပညာ ကိုသုံးပြီး ဆေးသောက်ပြီး လူနာများရဲ့ သွေး ထဲမှာ ရှိနေတဲ့ HIV ပိုး ကူးစက် ခံထားရတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက် ခြင်းဖြင့် HIV ကူးစက် ရောဂါကို ပျောက် ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက် လမ်းစရှိတဲ့ မဟာဗျူဟာ တစ်ခု ဖြည့်ဆည်းပေး လိုက်ပြန်ပါပြီ။ ဒီသုတေသန ရလာဒ်တွေကို မြောက်အမေရိက ဓာတ်ရောင်ခြည် အသင်းကြီး (Radio logi cal Society of North America - RSNA) ရဲ့ နှစ်ပတ်လည် ညီလာခံမှာ တင်ပြ ခဲ့တာ ဖြစ်ပါတယ်။ Highly Active AntiRetroviral Therapy (HAART) လို့ခေါ်တဲ့ စွမ်းအားမြင့် ဆေးတွေ ပေါင်းစပ် ကုသနည်းက ခန္ဓာကိုယ် ထဲမှာ HIV ပိုး မပွားများ နိုင်အောင် နှိမ်နင်းထား နိုင်ပြီး ပိုးကူးစက် ခံထားရသူ တွေအတွက် မျှော်လင့်ချက် အမြင်ကို ပြောင်းလဲ စေခဲ့တာပါ။ HAART ရဲ့အောင်မြင် မှုပာာ HIV ပိုးကောင် ရေကို ထိရောက်စွာ လျှော့ချ နိုင်ပေမယ့် ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေ စုဝေး ကျန်ရှိ ပုန်းအောင်း နေနိုင်သေးတာဟာ ပိုးအရှင်း ပျောက်ကင်း နိုင်ခြေကို ဟန့်တား နေတယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်။

"HAART ကိုသောက်နေတဲ့ လူနာက ပိုးပွား များတာကို နှိမ်နင်းနိုင် ပါတယ်။ ဆိုလိုတာက လူနာရဲ့ သွေးကြောထဲမှာ ပိုးကောင်ရေကို တော်တော်ကြီးကို နည်းသွားအောင် လျှော့ချပေး နိုင်ပါတယ်။ ဒါပေမယ့် HAART က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို မသတ် နိုင်ပါဘူး။ HIV ပိုးကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ နည်းလမ်းတွေမှာ ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို သတ်နိုင်တဲ့ နည်းလမ်းတွေ ပါကို ပါရမှာပါ။" လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ New York ပြည်နယ် Bronx မြို့ Albert Einstein College of Medicine မှ ဓာတ်ရောင် ခြည်၊ အဏုဇီဝနဲ့ ခုခံစွမ်းအား ဗေဒဌာနမှ ပါမောက္ခ Ekaterina Dadachova ကပြောကြား သွားပါတယ်။ Dr. Dadachova နဲ့အဖွဲ့က သူမရဲ့ လေ့ လာမှုမှာ Einstein-Montefiore Center for AIDS Research မှ HAART သောက်သုံးနေတဲ့ HIV လူနာ ၁၅ ယောက်ရဲ့ သွေးနမူနာ တွေကို RIT ကုထုံးနဲ့ တွေ့ထိပေး လိုက်ကြတာ ဖြစ်ပါတယ်။

RIT က ခေတ်အဆက်ဆက်က ကင်ဆာရောဂါ ကုထုံးတစ်ခု ဖြစ်ခဲ့ပြီး monoclonal antibody တွေကို အသုံးပြု ရတာ ဖြစ်ပါတယ်။ Mono clonal antibody ဆိုတာကတော့ သက်ဆိုင်ရာ antigen တွေကို သီးသန့် ရှာဖွေ တိုက်ဖျက်ပေးတဲ့ ခုခံအား စနစ်က ဆဲလ်တွေ (clonal imm une cells) ကနေ ထုတ်ပေးတဲ့ ပဋိပစ္စည်း (antibodies) တွေပဲ ဖြစ်ပါတယ်။ Antigen တွေဆိုတာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေလို (မိမိ ခန္ဓာကိုယ်က ပုံမှန် ဆဲလ်တွေ မဟုတ်တဲ့) တခြား အရာဝတ္ထုတွေ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆွပေး နိုင်တဲ့ ပစ္စည်းတွေပါ။ သက်ဆိုင်ရာ ဆဲလ်ကိုပဲ သွားပေါင်းနိုင်အောင် ဒီဇိုင်း လုပ်ထားတဲ့ ပဋိပစ္စည်း တွေကို ဓာတ်ရောင်ခြည် ထွက်တဲ့ radioactive isotope တွေနဲ့ တွဲစပ် ပေးလိုက်ပါတယ်။ လူနာရဲ့ သွေးကြော ထဲကို ထိုးသွင်းလိုက် တဲ့အခါမှာတော့ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတဲ့ antibody တွေက သက်ဆိုင်ရာ ဆဲလ် (target cell) ဆီကို အရောက်သွားပြီး ဓာတ်ရောင်ခြည် သင့်စေတာ ဖြစ်ပါတယ်။ "RIT ကုထုံးမှာ ပဋိပစ္စည်း တွေက ပိုးကူး စက် ခံထားရတဲ့ ဆဲလ်တွေကို သွားပေါင်းပြီး ဓာတ်ရောင်ခြည်နဲ့ သတ်ပစ် လိုက်တာ ဖြစ်တယ်။ HAART နဲ့ RIT ကို အတူတူ တွဲသုံးလိုက် တဲ့အခါ HAARTက ဗိုင်းရပ်စ်ပိုးကို သတ်နိုင်ပြီး RIT က ပိုးရှိတဲ့ ဆဲလ်ကို သေစေတာပါ။" လို့ Dr. Dadachova က ဆိုပါတယ်။

ဒီလေ့လာမှုအတွက် Dr. Dadachova နဲ့ အဖွဲ့က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က protein တစ်ခုကို သွားပေါင်း နိုင်တဲ့ mAb2556 လို့နာမည် ပေးထားတဲ့ monoclonal antibody ကိုဒီဇိုင်းဖော် ထုတ်လုပ် ခဲ့ကြပြီး ရောင်ခြည် လွှတ်နိုင်တဲ့ Bismuth-213 နဲ့ တွဲစပ် ပေးထားတာ ဖြစ်ပါတယ်။ RIT နဲ့ကုသ ခံထား ရဖူးသူ တွေရဲ့ ခန္ဓာကိုယ်ထဲက ခုခံအား ဆဲလ်တစ်မျိုး ဖြစ်ပြီး HIV ပိုးရှိနေတဲ့ lymphocyte တွေကို သေစေ နိုင်တာကို တွေ့ရှိ ခဲ့ကြပြီး သွေးနမူနာ တွေထဲမှာ ပိုးကောင်ရေကို ရှာမတွေ့နိုင်လောက်တဲ့ အထိကို လျှော့ချ ပေးနိုင်တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ "HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို RIT ကုထုံးနဲ့ ဖယ်ရှင်းနိုင်တဲ့ စွမ်းပကားဟာ တော်တော် သိသာပြီး တိ ကျ သေချာပါတယ်။ ရောင်ခြည် လွှတ်ပေးတဲ့ radionuclide ကလည်း ပိုးရှိတဲ့ ဆဲလ်တွေကိုပဲ ရောင်ခြည် သင့်စေပြီး အနီးနားက ဆဲလ် တွေကို မထိခိုက် စေပါဘူး။" လို့ Dr. Dadachova က ပြောသွား ပါသေးတယ်။

ဒီသုတေ သနရဲ့ အရေးကြီးတဲ့ အပိုင်း တစ်ခုကတော့ ရောင်ခြည် လွှတ်နိုင်တဲ့ ပဋိပစ္စည်းတွေ ဦးနှောက်နဲ့ ဗဟို အာရုံကြော စနစ်မှာရှိတဲ့ HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေဆီကို အရောက် သွားနိုင်တာပဲ ဖြစ်ပါတယ်။ (ဦးနှောက်နဲ့ သွေးကြော ကြားမှာ တော်ရုံ ဓာတု ပစ္စည်းတွေ မ ဝင်နိုင် စေဖို့ blood-brain barrier လို့ခေါ်တဲ့ အကာအရံ လွှာတစ်ခု ရှိပါတယ်။) ဓာတ်ခွဲခန်းမှာ အတု ပြုလုပ်ထားတဲ့ အဲဒီ အကာအရံ ပုံစံ ငယ်နဲ့ စမ်းသပ်ရာ မှာတော့ ရောင်ခြည် လွှတ်နိုင်တဲ့ mAb2556 က ဒီအကာ အရံကို ဖြတ်သွား နိုင်ပြီး HIV ပိုးရှိတဲ့ ဆဲလ်တွေကို သတ်နိုင်ပြီး အ ကာအရံ ကိုတော့ ဘာမှ မထိခိုက် စေဘူး ဆိုတာကို ပြသနိုင် ခဲ့ကြပါတယ်။ "HIV ပိုးကို သတ်တဲ့ ဆေးတွေက ဦးနှောက်နဲ့ သွေးကြော ကြားက အကာအရံကို အနည်းငယ်သာ ဖြတ်သွား နိုင်တာမို့ လူနာရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ HIV ပိုး မရှိတော့ ရင်တောင်မှ virus ပိုးက ဦးနှောက် ထဲမှာ သောင်းကျန်း နေနိုင်ပြီး အသိဉာဏ် ချို့ယွင်းခြင်းနဲ့ စိတ်အားယုတ် လျော့ခြင်းတို့ကို ဖြစ်စေနိုင် ပါသေးတယ်။ RIT ကုထုံးက ခန္ဓာကိုယ် အနှံ့အပြား မှာရော ဗဟို အာရုံကြော စနစ်ထဲမှာပါ HIV ပိုးရှိတဲ့ ဆဲလ်တွေကို သေစေ နိုင်ပါတယ်။" လို့ Dr. Dadachova ကထပ် လောင်း ပြောကြား သွားပါတယ်။ Dr. Dadachova ရဲ့ အဆို အရတော့ RIT ကုထုံး လေ့လာမှုရဲ့ နောက်တစ် ဆင့်ကတော့ HIV ပိုးရှိတဲ့ လူနာ တွေကို စမ်းသပ် ကုသ ကြည့်ရမှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...