Sunday, October 13, 2013

အစိုးရပိုင် မြေနည်းပါးခြင်းကြောင့် မြေနေရာရရှိရေးနှင့် အိမ်ရာ ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေ

 Created on Saturday, 13 October 2013


ရွှေတိဂုံစေတီအနီးရှိ ရန်ကုန်မြို့ တစ်နေရာအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တိုးချဲ့ရန် လိုအပ်နေသည့် မြို့ကြီးများနှင့် အိမ်ရာဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရပိုင်မြေ နည်းပါးလာကြောင်း၊ ယင်းကြောင့် မြေနေရာရရှိရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် လူဦးရေထူထပ်သည့် ရန်ကုန်၊ မန္တလေးအပြင် မြန်မာနိုင်ငံရှိ မြို့ကြီးအများစု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လိုအပ်သည့် အစီအမံများ ရေးဆွဲဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

''အိမ်ရာဖွံ့ဖြိုးမှု ဆောင်ရွက်ရာမှာ တဖြည်းဖြည်းနဲ့ အစိုးရပိုင်မြေက နည်းနည်းလာတဲ့အတွက် ကိုယ့်လက်ထဲရှိတဲ့ မြေအပေါ်မှာသာ လုပ်ရမယ်ဆိုရင် ရှေ့ဆိုရင် တဖြည်းဖြည်း ကျွန်မတို့ လုပ်နိုင်မယ့် အင်အားတွေ နည်းလာမယ်။ ဒါပေမဲ့ တခြားဘာတွေ လုပ်နိုင်လဲဆိုတော့ ရန်ကုန်အပြင် မန္တလေး၊ တောင်ငူ၊ ပြည်စသည့် မြို့ကြီးတွေကို ပြည်သူတွေအနေနဲ့ နေချင်စရာကောင်းတဲ့မြို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းတဲ့မြို့တွေ ဖြစ်လာဖို့အတွက်က Housing Plan လုပ်ရတယ်''ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အိမ်ရာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောကြားသည်။

''ဒါ့အပြင် Resettlement Plan တွေ ပြန်ဆွဲပေးရမယ်။ development တွေ လုပ်ပေးနိုင်ရမယ်။ Redevelopment တွေ ပြန်လုပ်ပေးရမယ်။ မြို့ကို ချဲ့မယ့်အစား ဖော်ထားပြီးသား မြေကွက်တွေပေါ်မှာ တဖြည်းဖြည်းနဲ့ ပိုပြီး ဖွံ့ဖြိုးလာအောင် zoning plan တွေ ကို housing plan နဲ့တွဲပြီး ဆွဲပေးရမယ်''ဟု ဒေါ်မိုးသီတာက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ မြို့ကြီးများ တိုးချဲ့နိုင်ရေး၊ လိုအပ်သည့် အစီအမံများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဥပဒေများ ရေးဆွဲ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

''အခုချိန်မှာ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ထုတ်ဖို့လုပ်နေတယ်။ Building Code၊ Special Plan-ning Law ထုတ်မယ်။ Housing Develo-pment Law တွေထုတ်မယ်။ ဒီဥပဒေတွေ အရ Housing sector ကို ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ Government Agency က အကောင်အထည် ဖော်နိုင်ရင်တောင် တကယ်လုပ်နေတဲ့ Private Sector က ရာခိုင်နှုန်း ၇၀ လောက်ရှိနေတော့ Private Sector ကို regulated လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...