Sunday, October 13, 2013

အမေရိကန်အစိုးရ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် DAI ရုံးခွဲ ဖွင့်ခွင့်ရရှိ

 Created on Saturday, 13 October 2013


DAI မှ ပြုလုပ်နေသော အလှူရှင်များ အစည်းအဝေးအား တွေ့ရစဉ် (Photo:DAI Global)

အမေရိကန်အစိုးရ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် DAI (Development Alternatives Inc.) သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရုံးခွဲ ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၀ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

DAI သည် ၎င်း၏ လုပ်ငန်းများကို မြောက်အမေရိက၊ အမေရိက အလယ်ပိုင်း၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသများတွင် ဆောင်ရွက်လျှက်ရှိပြီး ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၁၆၀ ခန့်တွင် လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ကော်ပိုရေးရှင်းများ၏ ကူညီထောက်ပံ့ငွေများ၊ လှူဒါန်းငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော DAI သည် ရေအရင်းအမြစ်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု၊ စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှု၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး စသည့် ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် HIV/AIDS ဆိုင်ရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်လျှက်ရှိသည်။

DAI သည် United States Agency for International Development၊ European Commission၊ U.K. Department for International Development၊ European Bank for Reconstruction and Devel- opment၊ United States Department of Defense၊ United States Department of State၊ Millennium Challenge Corporation၊ Australian Agency for International Development (AusAid)၊ World Bank၊ International Finance Corporation၊ Bill & Melinda Gates Foundation၊ World Food Programme? Asian Development Bank စသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ စီးပွားရေး ကော်ပိုရေးရှင်းများ၏ ကူညီထောက်ပံ့ငွေများ၊ လှူဒါန်းငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

DAI သည် မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်ကတည်းက ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက် လုပ်ဆောင်ခဲ့ဖူးပြီး ယခု မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခြင်းဖြစ်ကာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ၊ ၀န်ထမ်းများကိုလည်း ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...