Thursday, December 5, 2013

ကမ္ဘောဒီးယားနိုင်ငံ၏ တတိယအကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ANZ Royal မှ မြန်မာနိုင်ငံတွင် ဘဏ်နှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ဆွေးနွေး




 
Thursday, 05 December 2013
ဗီယက်နမ်နိုင်ငံတွင် အသစ်ထပ်မံ ဖွင့်လှစ်ခဲ့သည့် ANZ ဘဏ်ခွဲအား တွေ့ရစဉ် (ဓာတ်ပုံ-vccinews.com)

ကမ္ဘောဒီးယားနိုင်ငံ၏ တတိယအကြီးဆုံး ပုဂ္ဂလိကပိုင် ဘဏ်ဖြစ်သည့် ANZ Royal ဘဏ်မှ မြန်မာနိုင်ငံတွင် ဘဏ်နှင့်ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ANZ Royal ဘဏ်မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် လုပ်ငန်းဆိုင်ရာများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ANZ Royal ဘဏ်မှ မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက် ဆွေးနွေးခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ဇွန် ၃ ရက်တွင်လည်း ပထမအကြိမ် လာရောက် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ANZ Royal ဘဏ်သည် သြစတြေးလျ၊ နယူးဇီလန်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် ဘဏ်တစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံနှင့် New Zealand Banking Group Limited မှ ရှယ်ယာ ၅၅ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ Royal Group of Companies မှ ရှယ်ယာ ၄၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရသည်။

အဆိုပါဘဏ်ကို ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်၊ ဂျာမနီ၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ဘဏ်ခွဲပေါင်း ၁၉ ခု ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျှက်ရှိရာ နိုင်ငံတကာမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍစုံတွင် မြှုပ်နှံလုပ်ကိုင်မှုများ ပြုလုပ်ရန်အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လာရောက် ဆွေးနွေးမေးမြန်းမှုများ များပြားလျှက်ရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...