Thursday, December 5, 2013

ယခုနှစ် နိုဝင်ဘာလကုန်အထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းခုနစ်သောင်းကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်



 Thursday, 05 December 2013
ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ပုဂံဒေသသို့ ရှေးဟောင်းကားများဖြင့် လာရောက်သည့် နိုင်ငံခြားသားအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်(ပုဂံ))

ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ ပုဂံဒေသသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းခုနစ်သောင်းကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ ပုဂံဒေသမှာ မြန်မာနိုင်ငံ၏ အဓိက ခရီးသွားနေရာ ဖြစ်နေပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး နေရာတစ်ခုလည်း ဖြစ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ခရီးသွားလာရောက်မှုနှုန်း ထုတ်ပြန်ထားချက်တွင် ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ ၀င်ပေါက်အသီးသီးမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၇၀၃၅၄ ဦးအထိ လာရောက်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူ လာရောက်သည့် အရေအတွက်ထက် ၃၂၃၄၂ ဦးပိုများခဲ့ကာ ရာခိုင်နှုန်းအရ ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ နိုင်ငံခြားသားများ လာရောက်မှုမှာ နှစ်စဉ်တိုးတက်လာသည့်အတွက် ပုဂံဒေသသို့ ၀င်ပေါက်၊ ထွက်ပေါက်များအတွက် အဆင်ပြေရန်နှင့် လုံခြုံရေး ဆောင်ရွက်မှုများတွင်လည်း တိုးမြှင့်လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဆက်လက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာ ခရီးသွားမှုနှုန်းမှာ ၂၀၀၉ ခုနှစ်အထိ ငြိမ်သက်နေရာမှ ၂၀၁၀ နောက်ပိုင်းကာလများတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ၁၀လ အတွင်း၌ပင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁ ဒသမ ၈ သန်းထိ လာရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် နှစ်သန်းထိ ၀င်ရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ မျှော်မှန်းထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...