Tuesday, December 10, 2013

ခင်ပွန်းဟောင်းနှင့် မုန်းမရသည့် ဆက်ဆံရေးကို ဖွင့်ဟခဲ့သည့် မီရန်ဒါကားရ်


သားငယ် ဖလင်းကို ဖွားမြင်ထားသည့် စုံတွဲသည် လမ်းခွဲပြီးသည့်တိုင် အတူတကွ အပြင်ထွက် လည်ပတ်မှုမျိုး ပြုလုပ်ခဲ့ပြီး ကလေးအတွက် တစ်လှည့်စီ ထိန်းကျောင်းအချိန်ပေးနေသည်ကို သတင်းများက ဖော်ပြခဲ့လမ်းခွဲခဲ့ပြီး ဖြစ်သည့်တိုင် မိမိနှင့် အော်လန်ဒို ဘလွမ်းတို့သည် အချင်းချင်း မြတ်နိုး ချစ်ခင်ဆဲဖြစ်ကြောင်း မီရန်ဒါကားရ်က ဖွင့်ဟ ပြောကြားလိုက်သည်။ မီရန်ဒါနှင့် ခင်ပွန်းဟောင်း အော်လန်ဒိုတို့သည် အောက်တိုဘာလတွင် လမ်းခွဲကြောင်း သတင်းကို အတည်ပြု ကြေညာပြီး (၃)နှစ်ကြာ အိမ်ထောင်ရေးကို ဆုံးခန်း တိုင်စေခဲ့သည်။ သားငယ် ဖလင်းကို ဖွားမြင်ထားသည့် စုံတွဲသည် လမ်းခွဲပြီးသည့်တိုင် အတူတကွ အပြင်ထွက် လည်ပတ်မှုမျိုး ပြုလုပ်ခဲ့ပြီး ကလေးအတွက် တစ်လှည့်စီ ထိန်းကျောင်းအချိန်ပေးနေသည်ကို သတင်းများက ဖော်ပြခဲ့သည်။ အစောပိုင်းတွင် အော်လန်ဒိုက မိမိနှင့် မီရန်ဒါသည် မိသားစုများအဖြစ် ထာဝရ စည်းလုံးနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ဩစတြေးလျ စူပါမော်ဒယ်လ် မီရန်ဒါသည် ဩစတြေးလျထုတ် Harper's Bazaar မဂ္ဂဇင်းအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပြီးနောက် သူမ၏ ပျက်သုဉ်းခဲ့သော အိမ်ထောင်ရေးနှင့် စပ်လျဉ်းသည့် မှတ်ချက်စကားများကို ပြောဆိုသွားခဲ့သည်။ Lord of the Ringsစတား မင်းသားနှင့် လမ်းခွဲခြင်းအပေါ် မီရန်ဒါက "ခုလို ခွဲထွက်သွားရတယ် ဆိုတာက လူတိုင်းအတွက် အခကအခဲတွေ ရှိပါလိမ့်မယ်။ လူအများ သုံးသပ်တဲ့ စံညွှန်းတွေနဲ့ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေပေါ့လေ။ ကျွန်မတို့ကတော့ အချင်းချင်း ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။ ပြီးတော့ ဖလင်းကို ချစ်ခင်တဲ့ မိဘတွေအဖြစ် ညှိညှိနှိုင်းနှိုင်း ရှေ့ဆက်နေမှာပါ။ ဒီအတွက် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပဲ ကျွန်မတို့ ကိုင်တွယ်သွားပါမယ်"ဟု ပြောကြားခဲ့သည်။

သူမက "ကျွန်မနဲ့ အော်လန်ဒိုတို့က တစ်ယောက်ကိုတစ်ယောက် လေးစားပါတယ်။ နားလည်မှုလည်း ထားကြပါတယ်။ နားလည်မှုရှိရင် ကျန်တာအားလုံး လိုက်လျောညီထွေ ဖြစ်လာမှာပဲလေ။ ကျွန်မတို့ဟာ တစ်ယောက်ဘဝမှာ တစ်ယောက်က ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက်ဟာ အပြန်အလှန် လေးလေးနက်နက် ချစ်ခင်ရင်းနှီးနေဦးမှာ ဖြစ်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...