Tuesday, August 20, 2013

စွန့်ပစ်လူနာများ စိတ်ကျန်းမာရေးဆေးရုံတွင် များလာ


Tuesday, August 20, 2013

စိတ်ကျန်း မာရေးဆေးရုံတွင် စွန့်ပစ်လူနာ များပါပိုမိုများပြားလာသဖြင့် ယင်း လူနာများအတွက် ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများလို အပ်လျက်ရှိနေကြောင်း သိရသည်။

''သက်သာပျောက်ကင်း ရင် ပြန်ဆင်းမယ်။ အဲလိုမဟုတ် ဘူး၊ တက်လာပြီး ပြန်ဆင်းတယ် ဆိုတာမရှိတော့ဘူး။ အရင်တုန်း က ထောင်လိုဖြစ်နေပါပြီ။ စိတ် ကျန်းမာရေးဆေးရုံဆိုတာ ပျောက် လာတော့မှာပေါ့။ စွန့်ပစ်လူနာ တွေကလဲများလာတော့ အဲဒီအ တွက် နေရာဆိုတာလို ဖြစ်လာ ပြီ။ စွန့်ပစ်လူနာကို သီးသန့်ဌာန အဆောင်တစ်ခုအနေနဲ့ ပြုလုပ် ပေးစေချင်တယ်။ ဘယ်အဖွဲ့အ စည်းကပဲဖြစ်ဖြစ် ပြုလုပ်ပေးရင် တော့ ကောင်းတာပေါ့''ဟု စိတ် ကျန်းမာရေးဆေးရုံအုပ်ကြီး ဒေါက် တာကျော်စိုးက ပြောသည်။

ဆေးရုံများကို အစိုးရက ဆေးဝါးများ အခမဲ့ချပေးသော် လည်း လုံလောက်မှုမရှိသည့်အ ပြင် ဆေးရုံသုံးပစ္စည်းများပါ လို အပ်လျက်ရှိကြောင်း၊ စိတ်ကျန်းမာ ရေးဆေးရုံအတွက် အစိုးရဘတ် ဂျက် ဆေးဝါးကုသစားရိတ်အဖြစ် ယခင်နှစ်က သိန်း ၄၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင် သိန်း ၁၅၀ဝရရှိသော် လည်း ယခုအချိန်တွင် သိန်း ၁၀၀၀ သာ လက်ခံရရှိသေးကာ သိန်း ၅၀ဝရရှိရန်ကျန်နေသေးကြောင်း သိရသည်။
''ချပေးတဲ့ဆေးက လောက် လားလို့မေးရင် ဘယ်လောက်ပါ့ မလဲ။ ဘယ်ဌာနမှ လုံလောက်တယ် ဆိုတာမရှိပါဘူး။ ဒါပေမဲ့ အရင် နှစ်တွေထက်စာရင် လူနာရှင်တွေ မှာ ကုသခနည်းနည်းလျော့သွား တာပေါ့။ ပြီးရင် လူနာတွေကများ လာ အဆောင်တွေလဲ ထပ်တိုး ချဲ့ဖို့လဲလိုအပ်သလို ဝန်ထမ်းအင် အားတိုးလာမယ်ဆိုရင် ပိုအဆင် ပြေတာပေါ့''ဟု ဆက်လက်ပြော ကြားခဲ့သည်။

စိတ်ကျန်းမာရေးဆေးရုံ တွင် ဆေးရုံတက်ပြီး သက်သာ သော်လည်း ပြန်လည်၍ဆင်းသွား ခြင်းမရှိသော စွန့်ပစ်လူနာများ ပြားလာပြီး ယင်းစွန့်ပစ်လူနာနေ ထိုင်ရန်အတွက် သီးခြားလူနာ ဆောင်အနေဖြင့် ထပ်မံတိုးချဲ့ရန် လိုအပ်လာသည်ဟုသိရသည်။

''မနှစ်ကဒီဇင်ဘာလောက် က အဆောင်သစ်မှာထားမယ့် လူနာခုတင် တောင်းထားတယ်။ တောင်းထားတဲ့ခုတင်က ၂၀၀ လောက်ဆိုပေမယ့် ၉၀၀ လောက် တော့ဆံ့တယ်။ လူနာတွက်ကြည့် ချက်အရဆို ၉၀၀ ထက်များမယ် ထင်တာဘဲ။ ဗဟိုဆေးပေးခန်း မှာတောင် ခုတင်ကမရှိဖြစ်နေ တော့ ဆရာ့အနေနဲ့ တောင်းရ မှာ စကားဘဲဖြစ်သွားမှာ စိုးရိမ် ပါတယ်''ဟု ဆက်လက်၍ ပြော ကြားခဲ့သည်။

အဆိုပါ စိတ်ကျန်းမာရေး ဆေးရုံဝန်းထဲတွင် အဆောင်သစ် တစ်ခုကိုဆောက်လုပ်ပြီးသော် လည်း လူနာတင်ခုတင်အနေဖြင့် မရှိခြင်းကြောင့် ယင်းအဆောင် သစ်ကို အသုံးပြုခြင်းမရှိသေး ကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် အတွင်း လူနာအဖြစ်တက်ရောက်ကုသ နေသူများမှာ ၁၁၇၂ ဦးခန့်ရှိ ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...