Tuesday, August 20, 2013

"မကြာမီ လာမည့် Samsung Smart Watch "



သာမန် နာရီတစ်ခုလို အချိန်ကြည့်ရုံ တင်မကဘဲ ဖုန်းဆက်ခြင်း ၊
အီးမေလ်းပို့ ခြင်း ၊ အင်တာနက် ၀ဘ်ဆိုက် အသုံးပြုခြင်း စတာတွေကို လုပ်နိုင်မဲ့ စမတ်နာရီကို Samsung က မကြာခင် ဈေးကွက်ကို ချပြတော့မယ် လို့  ဆိုပါတယ်။

စက်တင်ဘာလ အတွင်း ချပြသွားဖို့  ရှိတယ်လို့ သိရပြီး ယခုတလော နာမည်ကြီးနေတဲ့ Apple ရဲ့  iPhone 5C နဲ့ အပြိုင် ဖြစ်ပါလိမ့်မယ်။

နာရီ ၀တ်ဆင်ရတာ မကြိုက်တဲ့ ဝေဖန်သူ တစ်ချို့ ကတော့ ..
နာရီ Screen မှာ အင်တာနက် သုံးဖို့  မဖြစ်နိုင်ကြောင်း ပြောဆိုထားကြပြီး တကယ့် စမတ်နာရီက Screen မှာ အရွယ်အစား အတိုင်းအတာ ဘယ်လောက်ရှိမည်ကိုတော့ သေချာမသိရသေးတာ ဖြစ်ပါတယ်။

ဒီတော့ လာမဲ့ စက်တင်ဘာလမှာ ချပြတော့မဲ့ Samsung Smart Watch ကို ရင်ခုန်စွာနဲ့  စောင့်မျှော်ကြရမှာ ဖြစ်ပါကြောင်း ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...