Tuesday, August 20, 2013

မျှော်စင်ကျွန်းတွင် “First Song Show” ကျင်းပမည်


Tuesday, August 20, 2013

Melody World မှ အဆိုတော်များ၊ Break- In အစီအစဉ်မှ အဆိုတော်များပါဝင်ကြမည့် “First Song Show” ကို စက်တင်ဘာ ၁၄ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်းပွဲ စီစဉ်သူ ဦးပီးပေါ်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းပွဲတွင် ထက်နေကြည်၊ ကောင်းကောင်း၊ မို့မို့လွင်၊ ခင်စုစုနိုင်၊ အိုင်းရင်းဇင်မာမြင့် တို့အပြင် ဆင်ပေါက်၊ ဂျီလတ်၊ ပူစူး၊ အစိုင်းစသော အဆိုတော် ၂၄ ဦး တို့က Plus Three တီးဝိုင်းဖြင့် ဖျော်ဖြေကြမည် ဖြစ်သည်။

ယင်းဖျော်ဖြေပွဲစီစဉ်သူ ဦးပီးပေါ်က “အခုပွဲကတော့ ပရိသတ်အကြားမှာ အောင်မြင်နေတဲ့ အဆိုတော်သစ်တွေရဲ့ တေးသီချင်းတွေကို ဖျော်ဖြေတင်ဆက်မယ့်ပွဲပါ။ ဒီအဆိုတော်တွေက အရင်ကနာမည်ကြီး အဆိုတော်တွေကို သွားကြည့်ကြတဲ့သူတွေကနေ အခုသူတို့က စင်ပေါ်မှာ ဖျော်ဖြေရမယ့်ပွဲပေါ့။ တခြား ထွေထွေထူးထူး မထည့်ထား ဘူး။ သီချင်းတွေကိုပဲ ဦးစားပေးမယ်။ သူတို့အတွက်လည်း အမာခံပရိသတ် ဘယ် လောက်ရှိလဲသိရမှာပေါ့။ ဒီပွဲမှာ ကိုကိုမောင်ဆိုပြီး ကေအေတီ ရေးခဲ့တဲ့ “နိုရာ” သီချင်းကိုလည်း အဖွဲ့လိုက် ပြန်သီဆိုမှာပါ”ဟု ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...