Tuesday, August 20, 2013

အမေရိကန်ပြီးတော့ အင်္ဂလန်လျို့ ဝှက်ချက် ထုတ်ဖော်မည်




Edward Joseph Snowden လို့အမည် အပြည့်အစုံခေါ်တဲ့ ကွန်ပြူတာ ပရိုဂမ်မာ တစ်ဦး ဖြစ်ပါတယ်။ အမေရိကန် CIA နဲ့ NSA မှာလုပ်ကိုင်ခဲ့ပြီး အမေရိကန်ရဲ့  ကမ္ဘာ့အရေးကြီးဆုံး သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းထုတ်ဖော်မှုတွေကို The Guardian သတင်းစာမှာ Gleen Grenwald အမည်ရ စာရေးဆရာက ပြန်လည် ရေးသား တင်ဆက်ပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းက စောင့်ကြည့်ခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် Snowden ကို ဝရမ်းထုတ်ပြီး ဖမ်းနေပါတယ။် ဒါကြောင့်လည်း Snowden ဟာ ဟောင်ကောင်၊ ရုရှား၊ အင်္ဂလန် အပြင် အခြားသော နိုင်ငံများသို့ တစ်နိုင်ငံပြီးတစ်နိုင်ငံထွက်ပြေးလျက် ရှိပါတယ်။ လက်ရှိ လန်ဒန်မှ ထွက်ဖို့ခက်နေတဲ့ Snowden ကို အင်္ဂလန်လုံခြုံရေးတို့ ပိတ်ပင်နေမှုကြောင့် ဗြိတိန်နိုင်ငံရဲ့  လျှို့ ဝှက်သတင်းများကိုပါ ထုတ်ဖော် ရေးသားပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။ ပုံမှာ Snowden ရဲ့  ပါတနာ ဂျာနယ်လစ် Gleen Greenland ဖြစ်ပါတယ်။

Gleen Greenwald မှာရော၊ Snowden မှာရော သတင်းအချက်အလက်က ရှိနေပါပြီ။ အမေရိကန် တင်မက ဗြိတိန်နိုင်ငံရဲ့  အတွင်းသတင်း အများစုပါ ရရှိထားမှုကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါတယ်။ ယင်းအတွက် ဗြိတိန်အစိုးရတို့ စိုးရိမ်လျက် ရှိပြီး ဘယ်လို တုန့်ပြန်ရမယ်ဆိုတာ ဆွေးနွေးတိုင်ပင်လျက်ပဲ ရှိပါ သေးတယ်။ ဒါကြောင့် များမကြာမီ ရက်အတွင်းမှာ အမေရိကန် လုံခြုံရေး သတင်းအချက် အလက်တင် မကပဲ ဗြိတိန်ရဲ့  စစ်ရေး၊ လုံခြုံရေး၊ သူလျှို သတင်းအချက် အလက်များပါ ပြန့်နှံ့လာဖွယ် ရှိကြောင်း သိရပါတယ်။
.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...