Tuesday, August 20, 2013

ဘာမထီ အာဇာနည်ရဲ့ ချစ်သမီးပါ



ရှေ့တန်းထွက်ဖို့ ကျောပိုးအိတ်ပြင်နေတဲ့ အဖေကို ကြည့်ပီး ဝမ်းနည်းတယ်အဖေ ဒါပေမဲ့ တက်ကြွလန်းဆန်း စိတ်အားထက်သန်နေတဲ့ တိုငိးပြည်သားကောင်း ချစ်ရတဲ့ ဖေဖေ ဂုဏ်ယူလေးစားပါတယ် ဘယ်လောက်ကြာမယ် မသေချာဘဲ ရက်ရှည်လများ ခွဲခွာရမှာမို့ မျက်ရည်ဝဲမိတယ် ငါ့သမီးက စစ်သားသမီးးး စိတ်ဓါတ်မာကျော ရဲ့ဝံတဲ့ အဖေ ချစ်သမီးလေး မျက်ရည်လွယ်လွယ် မကျနဲ့ဆိုတဲ့ အဖေစကားကြောင့် သမီးမငိုဘူးအဖေ စိတ်ချပါ အဖေချစ်သမီး ငယ်နုပေမဲ့ စိတ်ဓါတ်ကြံခိုင် ဘယ်မယိုင်တဲ့ အဖေသွေးတွေ အပြည့်စီးဆင်းနေတဲ့ ဘာမထီ အာဇာနည်ရဲ့ ချစ်သမီးပါ ကတိတစ်ခုတော့ သမီးကိုပေးပါ သမီးတို့ဆီ ဆက်ဆက်ပြန်လာခဲ့ပါ ~~~~~~~~~

အဖေတူသမီး စစ်သားကြီးဘဲလုပ်မယ်လို့ကြွေးကြော်ခဲ့တိုင်း ဒါမှ ငါ့သမီးကွလို့ အဖေအမြဲ ပြုံးပျော်တတ်တယ် ဖြစ်နိုင် မဖြစ်နိင် မသိနိုင်တဲ့ငယ်ဘဝ ငယ်အိမ်မက်က စစ်သည်တော်ဘဝပါဘဲ အဖေ သွေးက သမီးကိုယ်မှာ စီးဆင်းလည်ပတ် ရပ်တန့်ဖို့ ခက်တယ် ဖောက်ထုတ်ဖို့ခက်တယ် အသည်းထိစွဲအောင် နက်ရှိုင်းတယ် အဖေ ~~~~~~~~~

ငယ်စဉ်ထဲက အဖေနှင့်တကွ စစ်သည်တော်များနဲ့
နီးကပ်စွာနေခဲ့ရလို့ အဖေတို့ စိတ်နှလုံးကို ရေလိုမြင်နိုင်တယ်လေ တာဝန်တွေအရ တည်တည်နေရပေမဲ့ သားသမီးနဲ့တွေ့ရင် အပြုံးမျက်နှာ ကြည်သာနေတတ်တာပါ သားသမီးချင်း ကိုယ်ချင်းစာတတ်တဲ့ အဖြူရောင် စိတ်ထား ပိုင်ရှင်တွေပါ ကိုယ်တိုင်ဘဝ ကြမ်းတမ်းလှတော့ လူအများအပေါ် မေတ္တာထားလို့ ကိုယ်လို့ဘဝမကြမ်းဖို့ ဆုတောင်းနေတတ်သူတွေပါ ပြည်သူတွေဘဝအေးချမ်းသာယာဖို့ ဥမကွဲသိုက်မပျက်နေနိုင်ဖို့ အဖေချစ်တဲ့မိသားစုကို ခွဲခွာပီး တောင်တန်းပြာတွေကြားမှာ ဘဝကိုပေးဆပ်ထားရသူတွေပါ သမီးကတော့ စိတ်ဓါတ်ကို မာကြောခံနိုင်ရည်ရှိအောင်လေ့ကျင့်ထားပေမဲ့ အဖေတို့ရဲ့ နူးညံတဲ့ နှလုံးသားကို မဖုံးကွယ်သွားနိုငိဘူးလို့ ထင်တယ်အဖေ~~~~~~~

တောတောင်ထဲမှာ မနားတမ်း တိုငိးပြည်အတွက်ပေးဆပ်ရင်း နောက်တန်းကမိသားစုကို လွမ်းနေမဲ့ဖေဖေကို သနားမိတယ်
အညိုရောင်နယ်မြေမှာ ထားခဲ့ရတဲ့ မိသားစုကို စိုးရိမ်ပူပန်နေမှာလဲ သမီးသိတယ် အဖေ တစ်တောဝင်တစ်တောင်တက်လို့ခက်ခဲစွာချီတက်ရင်း စစ်ကြောင်းနားတိုင်း မိသားစုပုံလေး ထုတ်ကြည့်တတ်တာကိုလဲ မြင်ယောင်မိတယ်အဖေ
စာလေးတွေရောက်လာတိုင်း ကြည်နူးပီတိဖြစ်တတ်တဲ့အဖေအတွက် ရှေ့တန်းက ချစ်ဖေဖေသို့ ပေးစာတွေ အများကြီးရေးဖြစ်တယ်အဖေ
နောက်တန်းပြန်ဝင်လာချိန် စံပါယ်ကုံး သပြေခက်နဲ့ စောင့်ကြိုနေမဲ့ ချစ်ဇနီးနဲ့ သားသမီးတွေအတွက် အားကြိုးမာန်တက် တိုက်ပွဲဝင်ရင်း နောက်တန်းကို လွမ်းနေမှာ သိပါတယ် ဖေဖေရယ်~~~~~~~်

ဖေဖေတို့ရဲ့ စေတနာနဲ့ ပေးဆပ်မှုတွေကို လျစ်လျူရှုစော်ကားနေတဲ့ လူမဆန်တဲ့ အတ္တသမားတွေကို သမီး မုန်းမိတယ် စစ်ခွေးဆိုတဲ့စကားတစ်ခွန်းသူတို့နှုတ်က လွယ်လွယ်ထွက်ရက်ပေမဲ့ ပေးဆပ်သူတို့နှလုံးသား ဘယ်လောက်ကွဲရှသွားမလဲ သူတို့ မစာနာတတ်ဘူးလေ အမုန်းတရားမထားဖို့ အမြဲမှာတဲ့ ချစ်ဖေဖေအတွက် အမုန်းတရားတွေ ဖယ်ရှားပစ်လိုက်ပါပီ
စစ်မှုမထမ်းမနေရစနစ်ရောက်မှ သူတို့ အဖေ ယောက်ျား သားမြေးတွေ စစ်မြေပြင်မှာ မသေဘဲပြန်လာရင် စစ်ခွေးကြီး ပြန်လာပီလို့ ခေါ်နိုင်ပါစေ
သူတို့ ညီမ သမီး တူမအား စစ်ခွေးကတော်ကြီး စစ်ခွေးသမီးလို့ ပြုံးပြုံးပျော်ပျော် ခေါ်နိုင်ပါစေ သံသရာကလည်စမြဲမို့ အလှည့်ကျ မနွဲ့စတမ်း ကပြနိုင်ပါစေလေ~~~~~~~

သမီးချစ်တဲ့ ဖေဖေနှင့်တကွ သားကောင်းဇာနည် စစ်သည်တော်များ ဘေးအန္တရာယ်အပေါင်း ကင်းစင်ညောင်းလို့ နောက်တန်းက မိသားစုထံ အမြန်ပြန်လာနိုင်ပါစေ ရှေ့တန်းအပြန် ကြိုဆိုတဲ့ပွဲမှာ အဖေချစ်မဝ သမီးလှက စံပါယ်ကုံးစွပ်လို့ ချစ်တဲ့ဖေဖေ ဇာနည်နွယ်ဖွားအတွက် ဂုဏ်ယူဝံ့ကြွားနေမှာပါ~~~

Magnolia Virginiana

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...