Tuesday, August 20, 2013

ဈေးသက်သာ iPhone 5C အသေးစိတ် သတင်း






စက်တင်ဘာလ ၁၀ ရက်နေ့ဆိုရင် iPhone 5S နဲ့ 5C နှစ်မျိုးစလုံးကို ထုတ်ဖော် ပြသမယ်လို့ ဖော်ပြနေကြပါတယ်။ သို့ပေမယ့် iPhone 5C နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ အင်တာနက် စာမျက်နှာတွေမှာ အတော်ပျံ့ နှံ့နေပါပြီ။

HTC One Mini, Samsung Galaxy S4 mini, Google Nexus 4 တို့ အတွက် အဓိက ယှဉ်ပြိုင်ရမယ့် စမတ်ဖုန်း ဖြစ်လာမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။


iPhone 5 နှင့် တူညီမှုများ

အဓိကကတော့ iPhone 5 ကိုပဲ အခြေခံထားတဲ့ Specification အများစုကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား ၄ လက်မ ရှိပြီး Connector လည်း အတူတူပါပဲ။ ပါဝင်မယ့် iOS feature ကတော့ နောက်ဆုံးပေါ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည် အသွေး ကတော့ 1136 x 640 (326ppi) resolution သာရှိမှာ ဖြစ်ပါတယ်။


အလူမီနီယံ ကိုယ်ထည် မဟုတ်

ပလက်စတစ်ကို အသုံးပြုမှာပါ။ ပလက်စတစ်ဆိုလို့ ပြီးစလွယ် ပလက် စတစ် တော့ မဟုတ်ပါဘူး။ ပုံစံလည်း လှသလို၊ အရည်အသွေးပိုင်း ကိုလည်း ထိန်းထားကြောင်း ဂျပန်ဝဘ်ဆိုဒ်တစ်ခုမှ ဖော်ပြ ပါတယ်။


မနိမ့်၊မမြင့် Specification

RAM က 1GB, ကင်မရာက 8 megapixel , Apple A5 Chip တို့ကို အသုံးပြု ထားပါတယ်။ ရှေ့ ကလည်း iPhone 5 အတိုင်း 1.2 Megapixel ကင်မရာ ပါရှိမှာ ဖြစ်ပါတယ်။


ဈေးနှုန်း သိသိသာသာ မသက်သာ

ဈေးနှုန်းသက်သာ ဖုန်းသာ ပြောတာ။ သိသိသာသာ ဈေးသက်သာသွားမယ့် စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၄၀၀ ဝန်းကျင်ပေါက် ဈေး ရှိမယ်လို့ဆိုပါတယ်။ ဒီတော့ ဈေးနှုန်းက မနည်း မများ အနေအထား တစ်ခုမှာပါ။ ဒါကြောင့် အခြား ဈေးသက်သာ အမြင့်စမတ်ဖုန်း များနဲ့ ယှဉ်ရင် ပြောစရာတွေရှိလာပါတယ်။ သို့ပေမယ့် iOS ကို ကောင်းကောင်းသုံးရမှာပါ။ iPhone 5 နဲ့ အရည်အသွေးသိပ်မကွာ ပါဘူး။ ဈေးနှုန်းကလည်း ယင်းထက်နည်းတဲ့အတွက် iPhone 5 ကိုပဲ ပြန် ဝယ်ဖို့စိတ်ကူးတဲ့သူတွေ iPhone 5C ကိုမျက်နှာလှည့် လာ နိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Stuff UK

Aung Kham (Stuff Myammar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...