Tuesday, August 20, 2013

စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်


စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်


စပျစ်သီးဟာ အရသာ ခံပြီးစားဖို့ တစ်ခုတည်း အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။
John Hopkins University မှ သုတေသန ပညာရှင်တွေဟာ စပျစ်မှုန့်ကို အဆစ်ရောင် နေတဲ့ ကြွက်တွေမှာ စမ်းသပ် ကြည့်ပါတယ်။ ဒီကြွက်တွေဟာ အာနိသင် မပါတဲ့ဆေး (Placebo) ပေးထားတဲ့ ကြွက်တွေ ထက်စာရင် နာကျင်မှုနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ နည်းနည်းပဲ ပြတော့တာကို တွေ့ရပါတယ်။ လူနာတွေကို အကိုက်အခဲ ပျောက်ဆေး တစ်မျိုးတည်းပဲ ပေးတာ ထက်စာရင် ဆေးကို စပျစ်မှုန့်နဲ့ တွဲပေးတာက လူနာအတွက် ပိုထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ လောလော ဆယ်မှာတော့ ကျန်းမာရေးနဲ့ မသင့်တော်မယ့် အဆင်သင့် အမြန်စာတွေ စားနေမယ့် အစား စပျစ်သီးလေး မြုံ့နေတာက ပိုအကျိုး ရှိပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...