Tuesday, December 31, 2013

သံယောဇဉ်ခိုင်မြဲရင် အချစ်တစ်ခု ပြိုကွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ကောင်းခန့်

31 DECEMBER 2013 လူရယ်လို့ ဖြစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...မြင်မြင်ချင်း ချစ်တယ်ဆိုတာ ယုံတာပေါ့မြင်မြင် ချင်းချစ်မိတယ် ဆိုတာ ယုံပါတယ်။...

လမင်းမို့မို့သာ သူ့အကြောင်းကို ဒီလိုပြောတယ်

My Head - ခေါင်းမှာဆိုရင် ဆံပင်က အရေးကြီး ဆုံးပေါ့။ ဆံပင် ကိုအမြဲ ဂရုတစိုက် လုပ်ဖြစ်တယ်။ ပုံ စံမျိုးစုံပြောင်းနေတဲ့ အတွက် အရမ်း ဂရုစိုက် ရတယ်။My Brain - လူတစ်ယောက် အတွက် ရုပ်ပိုင်းဆိုင်ရာကို စိတ်ပိုင်း ဆိုင်ရာနဲ့ ထိန်းချုပ်ပြီး ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ ဦးနှောက်က အရေး ပါဆုံးပါပဲ။ ဖြစ်သင့်၊ မဖြစ်သင့်၊ လုပ် သင့်၊ မလုပ်သင့်ကို ဦးနှောက် အဓိ ကထားပြီး ဆုံးဖြတ်ရတယ်။My Eyes - မျက်လုံးက လူ့ ဘဝအတွက်အရမ်းအရေးကြီးတယ်။ အမြင်အာရုံမရှိရင် လောကကြီးတစ် ခုလုံးမှောင်မည်းပြီးအရာရာအသက်...

လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိ

  Tuesday, 31 December 2013 လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၃၀ ရက် နံနက်က တွေ့ရစဉ် လပွတ္တာမြို့နယ် ကန်ဘဲ့ရွာမ ကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ၃၅၀ ကျော် မီးလောင်ကျွမ်းကာ လူဦးရေ ၁၅၀၀ ကျော် မီးဘေးဒဏ် သင့်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၂ နာရီခန့်တွင် ကန်ဘဲ့ရွာမကျေးရွာ အမှတ် (၄) ရပ်ကွက်ရှိ ဦးဝတုတ် ဆိုသူ၏...

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သင့်သည့် အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု မပါဝင်

 Tuesday, December 31, 2013 အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပသော နေပြည်တော်ရှိ ပါတီဌာနချုပ်အား တွေ့ရစဉ် သုံးရက်ကြာကျင်းပသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် အချက်(၇၃)ချက် ရှိကြောင်း၊ ယင်းတို့အနက်(၂၁)ချက်အား ပယ်ဖျက်သင့်ကြောင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်...

လိင်ဖျော်ဖြေသူအမျိုးသမီးများက အခက်အခဲများကို ပြန်ပြောရန် စိုးရွံ့ ခြင်းကြောင့် ယင်းတို့၏အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ

Tuesday, December 31, 2013 လိင်မှု ဖျော်ဖြေသူအမျိုးသမီးများ သည် မိမိတို့တွေ့ကြုံနေရသည့် အခက် အခဲများကို ပြန် လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏အခွင့် အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေ ကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်မွန်ဖြိုးက ပြောသည်။The Help Myanmar သည် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေသောအဖွဲ့ အစည်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် လိင်တူချစ်သူများ၏အခွင့် အရေးများ၊ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများ၏...

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ

Tuesday, December 31, 2013ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်(၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ်ယင်းက အရွတ်များကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ်သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။(၂)ဗီတာမင်စီသည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စိစစ်လေ့လာကာ ဥပဒေအရ အရေးယူမည်

Tuesday, 31 December 2013 လှိုင်သာယာ ၁၅ ရပ်ကွက်တွင် ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူများကို စိစစ်လေ့လာမှုများနှင့် ဥပဒေအရ အရေးယူမှုများကို အစိုးရအဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကျူးကျော်နေထိုင်မှုမှာ ယခုနောက်ပိုင်း ကာလများတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများအပြား ရှိလာနေပြီး ငွေကြေးတတ်နိုင်မှု မရှိသဖြင့် ကျူးကျော်သူများနှင့် စီးပွားရေးဆန်ဆန် တွက်ခြေကိုက် လုပ်ဆောင်သူများလည်း...

သွားရောက်လည်ပတ်စရာ New Year နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ

 Tuesday, 31 December 2013 ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ညက မိုင်ဒါကွင်းတွင် နှစ်သစ်ကူးညအကြို ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်) New Year နေ့တွင် shopping center များမှာကျင်းပမယ့် ဈေးရောင်းပွဲတော်များ၊ အထူးအစီအစဉ်များ၊ ပန်းခြံများ၊ ခန်းမများတွင်ကျင်းပမည့် ဖျော်ဖြေပွဲနှင့် နှစ်သစ်အတွက် အထူးအစီအစဉ် ပျော်ပွဲရွှင်ပွဲလေးများအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံတကာသတ်မှတ်ထားတဲ့ နှစ်သစ်ကို မြန်မာနိုင်ငံမှာလည်း တွင်ကျယ်စွာနဲ့ ကြိုဆိုပွဲများ...

အခမဲ့ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ အကောင်အထည်ဖော်ရန် စီစဉ်

Tuesday, 31 December 2013 မရမ်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းတစ်ခုမှ ကျောင်းဆင်းလာသည့် ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်) အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ စနစ်မှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်အား တိုးချဲ့ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ယင်းစနစ်အရ ကျောင်းအပ်ရာတွင်...

နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်

Tuesday, 31 December 2013 ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ The Big Myanmar New Year Countdown ပြုလုပ်ခဲ့ရာ ပရိသတ်များနှင့် စည်ကားနေသည်ကို တွေ့ရစဉ် ဒီဇင်ဘာ ၃၁ ရက်၌ ကျရောက်မည့် နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံးကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြောကြားသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူးနေ့ ညပိုင်းတွင်...

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

Tuesday, December 31, 2013 ဒီဇင်ဘာ ၂၅ ရက်က တောင်ကြီးမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းဗုံးကို ကာကွယ်ထားမှုအား တွေ့ရစဉ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့်...

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်

Tuesday, 31 December 2013 လုပ်ငန်းအထောက်အကူပြုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ် အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။အာဆီယံကျွမ်းကျင်မှု...

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရ

Tuesday, December 31, 2013 ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့ အတွင်းသို့ ပစ္စည်းတင်ပို့မှုအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇေယျ) တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ...

အောင်ပွဲနှင့်ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှပြောကြား

 Tuesday, 31 December 2013 မြန်မာနိုင်ငံအားကစားပြိုင်ပွဲများတွင် အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမတ...

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

Tuesday, December 31, 2013 ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း) ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းသတ်မှတ်ချက်များတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု၊...

တပ်မတော်သည် တိုင်းပြည်အတွက်

နိုင်ငံရဲ့လက်ရှိအခြေအနေကို လက်မခံနိုင်ကြတဲ့လူအချို့ဟာ NLD ခေါင်းဆောင် ဒေါ်စုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းလာမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် အဆက်မပြတ် ဝေဖန်ထိုးနှက်တိုက်ခိုက်လာတာကို သတင်း ဂျာနယ်များအပါအ၀င် မီဒီယာများမှာ တွေ့ရှိနေရပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို အဓိကတာဝန်ယူထားတာဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့...

Monday, December 30, 2013

ဖက်ရှင်ဒီဇိုင်း တော်တော်များများနဲ့ လိုက်ဖက်တဲ့ ဦးထုပ်ဒီဇိုင်းကို ရွေးချယ်မယ်ဆိုရင်

Monday, December 30, 2013  ထသွားထလာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ခရီးသွားမယ်ဆိုရင်တောင် ယူဆောင်သွားသင့်တဲ့ ဦးထုပ်ဒီဇိုင်းတွေထဲမှာ ခုလတ်တလော ခေတ်စားနေတဲ့ ဦးထုပ်ဒီဇိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးဆန်ဆန်လေးပဲ ၀တ်ဝတ်၊ ယောင်္ကျားလေးဆန်တဲ့ ဖက်ရှင်နဲ့ပဲ တွဲတွဲ အထာကျတာမို့ ပျိုမေတွေ နှစ်ခြိုက်ကြမှာ သေချာပါတယ်။၁။မိန်းကလေးဆန်ဆန် ဂါဝန်လေးတွေ၊ စကတ်လေးတွေနဲ့ တွဲဝတ်လည်း လိုက်ဖက်မှုရှိနေမှာဖြစ်ပြီး ပုံထဲကလို ဘောင်းဘီအကျပ်၊...

ဂျာမနီနိုင်ငံရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေရဲ့ စွမ်းအင်ထုတ်လွှတ်မှု ကမ္ဘာ့စံချိန်သစ်ထပ်တင်ခဲ့

Monday, December 30, 2013 ဂျာမနီရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကနေ ၂၀၁၃ ခုနှစ်မှာ တစ်နာရီ ၂၄ ဂီဂါဝပ်ထုတ်လွှတ်ပေးနိုင်ခဲ့ပြီး ဒီပမာဏဟာ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ အလုံး ၂၀ ကနေ ထုတ်လွှတ်ပေးတဲ့ ပမာဏနဲ့  ညီမျှပါတယ်။ ဂျာမနီနိုင်ငံဟာ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်သုံးစွဲမှုမှာ ထိပ်သီးခေါင်းဆောင် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ နိုင်ငံတွင်း နျူကလီးယားစွမ်းအင်သုံးစွဲမှုကို လုံးဝပယ်ဖျက်နိုင်မယ်လို့ မျှော်လင့်လျက် ရှိပါတယ်။...

အမေရိကန် DARPA က ချီးမြှင့်မယ့် နောက်ဆုံးပေါ်စက်ရုပ်များ ပြိုင်ပွဲကျင်းပ

  Monday, December 30, 2013 လမ်းလျှောက်နိုင်တဲ့၊ တောင်တက်နိုင်တဲ့၊ ကားမောင်းနိုင်တဲ့ စက်ရုပ်တွေရဲ့ ခေတ်ရောက်နေပါပြီ။ ဒါပေမဲ့ ဒီစက်ရုပ်တွေဟာ ဇီဝိန်ခြွေ စက်ရုပ်တွေနဲ့ ယှဉ်ရင်တော့ ကလေးဆန်ပါသေးတယ်။ ဒီစက်ရုပ်တွေဟာ နှေးတယ်၊ ချော်လဲတယ်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေလဲ ကျိုးသေးတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုင်ယာမီ တောင်ပိုင်းမှာ စက်ရုပ်ပြေးပွဲကို နောက်ဆုံးပေါ်စက်ရုပ်တွေနဲ့ အတူပြသခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ကန်ဒေါ်လာ (၂)သန်း မ’တည် ပေးထားတဲ့ ပြိုင်ပွဲရဲ့...

DARPA ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google မ’တည်ပေးထားတဲ့ စက်ရုပ်ကြီးစိုး

  Monday, December 30, 2013 DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်း အေဂျင်စီ) က ဆုကြေးငွေ ကန်ဒေါ်လာ ၂သန်း ချီးမြှင့်မယ့် ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google က မ’တည်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ကြီးစိုးနေခဲ့ပါတယ်။ အလုပ် ၈မျိုးကို ခိုင်းပြီး ၃၂မှတ်အများဆုံး ပေးတဲ့နေရာမှာ Google မ’တည်ထားတဲ့ စက်ရုပ်က ၂၇ မှတ် ရရှိခဲ့ပါတယ်။ပြိုင်ပွဲအကြောင်းသိရန် Clickဒီ ‘စက်ရုပ် လက်ရည်စမ်းပြိုင်ပွဲ’ ကိုကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်၊ ကပ်...

ပရီမီယာလိဂ်မှာ နည်းပါးနေတဲ့ အင်္ဂလန်ကစားသမားတွေကြောင့် လက်ရွေးစင်အတွက် စိုးရိမ်နေတဲ့ ရီယိုဖာဒီနန်

 Monday, December 30, 2013 အင်္ဂလန်လက်ရွေးစင်ကနေ အနားယူခဲ့တာ သိပ်မကြာသေး သူ ရီယိုဖာဒီနန်က ဆန်းဒေးတိုင်း မ်သတင်းစာနဲ့ တွေ့ဆုံခိုက်မှာ သူ စိတ်ထဲ ဘ၀င်မကျဖြစ်မိနေတဲ့ အကြောင်းအရာများကို ပြောပြ လာခဲ့ပါတယ်။ ဖာဒီနန်ဟာ အင်္ဂ လန်နည်းပြရွိုင်းဟော့ဆန်က သူ့ ကိုရွေးချယ်ချင်ပေမယ့် ဂျွန်တယ် ရီကို ဦးစားပေးကာ သူ့ကိုချန်ခဲ့ ဖူးတာကြောင့် လက်ရွေးစင်ဘ၀ ကနေ အနားယူခဲ့တာပါ။ ““ပရီး မီးယားမှာ အင်္ဂလန်လက်ရွေးစင် တွေနည်းပါးလာနေခြင်းက ကျွန် တော်တို့နိုင်ငံအသင်းကို ထိခိုက်...

ဘယ်အချိန်မှာ အလုပ်က ထွက်သင့်ပြီလဲ

အလုပ်က နေ့ရက်ဆိုးတွေကိ တွန်းလှန်နိုင်စွမ်း မရှိတော့ဘူးလား။ တချို့သော အမျိုးသားတွေဟာ သူတို့ရဲ့ လက်ရှိအလုပ်ကနေ ထွက်ချိန်တန်နေတာကို သတိမမူဘဲ အဆင်ပြေမလားဆိုတဲ့ အတွေးနဲ့ ဆက်လက် ရုန်းကန်နေကြဆဲပါပဲ။ ဒါဟာလည်း တချို့တွေပြောတတ်တဲ့ “တကယ်တော်တဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လက်မြှောက်ထွက်မသွားဘူး”ဆိုတဲ့ စကားမျိုးတွေကြောင့် သင့်ကို မပျော်ရွှင်မှုတွေနဲ့ ဆက်လက် ရှင်သန်နေစေပြန်ပါတယ်။ဆက်လက် ဖက်တွယ်နေဖို့ အကြောင်းပြချက်မရှိတော့ဘူးဆိုပါစို့။ အလုပ်က တကယ်ထွက်ချိန်တန်ပြီ...

နှစ်သစ်အကြိုဝမ်းနည်းစရာသတင်း- ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ ဂန္တ၀င်မြောက်ကစားသမား မိုက်ကယ်ရှူးမေကာ မတော်တဆမှုဖြစ်ပြီး Coma ၀င်ရောက်လျက်ရှိ

Monday, December 30, 2013  နှစ်သစ်ကူးပြောင်းခါနီးမှာ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲ ကြားသိလိုက်ရပါတယ်။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ အရှင်သခင်တစ်ယောက်၊ ဂန္တ၀င်မြောက်ကားမောင်းသမားဖြစ်တဲ့ မိုက်ကယ်ရှူးမေကာဟာ မနေ့ က နှင်းလျှောစီးကစားရင်း ဦးခေါင်းမှာ ဒဏ်ရာရရှိကာ ကိုမာ ၀င်ရောက်သွားခဲ့ပါတယ်။ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်ရရှိသူထားသူ အသက် ၄၄ နှစ်အရွယ် မိုက်ကယ်ရှူးမေကာဟာ ပြင်သစ်တောင်တန်းတွေမှာ နှင်းလျောစီးကစားရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။...

ချစ်သူသက်တမ်းတစ်လျှောက် အမြဲတမ်းပြုမူရမယ့် အချက်(၁၀)ချက်

အချစ်ရေးတစ်ခု အောင်မြင်ဖို့ သော့ချက်တချို့ကတော့ သင်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံတတ်ကြတဲ့ အသေးအဖွဲ့ကိစ္စလေးတွေထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကို တချို့က မေ့လျော့ထားတတ်ကြပါတယ်။ ဘယ်လိုအရာတွေကများ အချစ်မီးတောက်လေး အမြဲတောက်နေအောင် စွမ်းဆောင်နိုင်တာပါလိမ့်။ မေ့လျော့နေတာလေးတွေ တူးဆွကြည့်ရအောင်။ (၁) “I Love You” လို့ပြောတာကို ဘယ်တော့မှ မရပ်တန့်ပစ်ပါနဲ့။ ဒီစကားသုံးလုံးဟာ အမျိုးသမီးတစ်ရောက်ရဲ့ ရင်ထဲ စွဲမြဲနေစေနိုင်တာကို...

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး

မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။(၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။(၂)သကြားက အဓိကအားဖြင့်...

တော်လှန်သောကွန်ပျူတာများ

သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်ဆိုပြီး လူ့သမိုင်းဟာ ခေတ်ပေါင်းစုံကို ကျော်ဖြတ်လာခဲ့ပါတယ်။ တော်လှန်သောဆိုတဲ့နေရာမှာလည်း ခေတ်တစ်ခေတ်ကနေ နောက်တစ်ခေတ်၊ စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုကို ကူးပြောင်းဖို့ လူတွေအသက်၊ သွေး၊ ချွေးပေါင်းများစွာနဲ့ ရင်းနှီးခဲ့ကြရတယ်။ တော်လှန်ရေးမှာလည်း သွေးစွန်းသော တော်လှန်ရေး၊ သွေးမဲ့တော်လှန်ရေးဆိုပြီး အနေအထားတစ်ခုကနေ အခြား အနေအထားတစ်ခုကို ကူးပြောင်းသွားတာတွေလည်းရှိတယ်။လူတွေက...

Related Posts Plugin for WordPress, Blogger...