Wednesday, December 18, 2013

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်

Wednesday, 18 December 2013



ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အဆင့်မြင့်အရာရှိများ တွေ့ဆုံစဉ်

အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက်တွင် ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်လေ့လာခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကို အာဆီယံ အတွင်းရေးမှူးချုပ်ကိုယ်စား ဒုတိယအတွင်းရေးမှူးချုပ် ဦးဥာဏ်လင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အဆင့်မြင့်အရာရှိများက ကြိုဆိုခဲ့ကြသည်။

သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ်ကာလအတွင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ခေတ္တသွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်လည်ပတ်ရန်အတွက် ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွား . . .


ထို့နောက် ဦးဥာဏ်လင်းက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် ၂၀၁၅ အာဆီယံအသိုက်အမြုံ မျှော်မှန်းချက်များအကြောင်းကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ်ကာလအတွင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ခေတ္တသွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်လည်ပတ်ရန်အတွက် ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း ဖြစ်သည်။ ထိုသို့ သွားရောက်ရာတွင် သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး၊ အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းသန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများအကြား လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ရန် ရှိနေသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...