Wednesday, December 18, 2013

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

Wednesday, 18 December 2013


ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်များကို မြန်မာအရာရှိများက ထုတ်ပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း)

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းအခြေစိုက် မဲဆောက်နယ်စပ် အလုပ်သမားများအဖွဲ့မှ ဦးမိုးကြိုးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်သည့် 'ရွှေ့ပြောင်းရေးရာနှင့် လူထုအကျိုးပြုအဖွဲ့များအခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ' ၌ ပြောကြားသည်။

ထိုင်းနိုင်ငံ၌ ဗီဇာသက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့် ထိုင်းနိုင်ငံ၌ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရေး ဆက်စပ်လုပ်ငန်းများ ၊ နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေးမည့် လုပ်ငန်းများအတွက် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှု . . .


ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်း- မြန်မာနယ်စပ်ဒေသများဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) မြို့များတွင် One stop Service Center များကို မကြာမီဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံ၌ ဗီဇာသက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့် ထိုင်းနိုင်ငံ၌ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရေး ဆက်စပ်လုပ်ငန်းများ ၊ နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေးမည့် လုပ်ငန်းများအတွက် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမ၀င်အလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်များ ဖွင့်လှစ်ခဲ့ပြီး အထောက်အထားများ ထုတ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၆ သန်း ကျော်အား အထောက်အထားများ ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...