Thursday, January 16, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မီဒီယာပိုင်းအတွက် ၀န်ဆောင်မှုများအားနည်း


Thursday, January 16, 2014




ပုဂံတွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သတင်းရယူသော ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ရစဉ်


၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူး လက်ခံရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မီဒီယာပိုင်းအတွက် ၀န်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အားနည်းနေကြောင်း ပြည်တွင်းပြည်ပ မီဒီယာသမားများက ပြောကြားကြသည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပြင် အာဆီယံ အိမ်နီးချင်းနိုင်ငံများမှ မီဒီယာ စုစုပေါင်း ၂၀ ကျော် တက်ရောက်ကြောင်း သိရသည်။


လက်ရှိပေးထားတဲ့ အစီအစဉ်ဇယားအရ သတင်းစာရှင်းလင်းပွဲ တစ်ခုပဲ ပါဝင်ပါတယ်။ ဒီအစည်းအဝေးမှာ အမြဲတမ်းကိုယ်စားလှယ် အစည်းအဝေး၊ အကြီးတန်းအရာရှိများ အစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စုစုပေါင်း သုံးခုကျင်းပမှာပါ။ ဒါကို သတင်းစာရှင်းလင်းပွဲ တစ်ခုပဲ လုပ်ပေးမယ်ဆိုတာတော့ သိပ်အဆင်မပြေပါဘူး။ အစည်းအဝေးတွေပြီးတိုင်း အတိုချုပ် ရှင်းလင်းပွဲတွေ လုပ်ပေးသင့်ပါတယ်

“လက်ရှိမီဒီယာတွေအတွက် ပေးထားတဲ့နေရာက ကျဉ်းတယ်။ မီဒီယာတွေ အလုပ်လုပ်ဖို့အတွက် ပိုပြီးကျယ်ကျယ်ဝန်းဝန်း လုပ်ပေးသင့်ပါတယ်။ မီဒီယာတွေအတွက် အဆင်ပြေအောင် စီစဉ်ပေးသင့်ပါတယ်” ဟု VOA သတင်းထောက် ဦးစည်သူနိုင်က ပြောကြားသည်။

အလားတူ The Yomiuri Shimbun သတင်းစာ၏ ဂျကာတာနှင့် ဆစ်ဒနီဌာနအကြီးအကဲ Ms. Makiko Yanada က “အခုမြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရတဲ့ အခက်အခဲ တစ်ခုကတော့ မီဒီယာနဲ့ထိတွေ့မှု အားနည်းတာပါပဲ။ လက်ရှိပေးထားတဲ့ အစီအစဉ်ဇယားအရ သတင်းစာရှင်းလင်းပွဲ တစ်ခုပဲ ပါဝင်ပါတယ်။ ဒီအစည်းအဝေးမှာ အမြဲတမ်းကိုယ်စားလှယ် အစည်းအဝေး၊ အကြီးတန်းအရာရှိများ အစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စုစုပေါင်း သုံးခုကျင်းပမှာပါ။ ဒါကို သတင်းစာရှင်းလင်းပွဲ တစ်ခုပဲ လုပ်ပေးမယ်ဆိုတာတော့ သိပ်အဆင်မပြေပါဘူး။ အစည်းအဝေးတွေပြီးတိုင်း အတိုချုပ် ရှင်းလင်းပွဲတွေ လုပ်ပေးသင့်ပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့အပြင် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် အတွေ့အကြုံပိုင်း အားနည်းမှုများကြောင့် ထုတ်ပြန်ချိန် နောက်ကျခြင်းများနှင့် သတင်းရယူရန် မှတ်ပုံတင်ထားသည့် သတင်းထောက်အချို့ သတင်းရယူခွင့်ကတ်ပြား မရရှိခြင်းများ ကြုံတွေ့နေရသည်။

ဇန်န၀ါရီ ၁၅ ရက် ညနေ ၆ နာရီအချိန်ထိ မည်သည့်အာဆီယံ ကိုယ်စားလှယ်များ ရောက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း မပြုသကဲ့သို့ မေးမြန်း၍လည်း မရကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...